နှင်းတောထဲက မွေ့ယာတွေ
ငါတို့တွေ နှင်းတောထဲမှာ အိပ်ပျော်နေကြ
တယ် ။ ထောင်သောင်းချီတဲ့ အိပ်ယာခင်းဖြူ
တွေ ကြား ငါ့ခြေရင်းနားက မိန်းမကြီးက သူ
နောက်ဆုံးညစာစားခဲ့တဲ့ ဝက်သားလုံးကြော်
အကြောင်း ထယောင်နေတယ်။အိပ်ယာခင်း
နှစ်ခုကျော်က အမျိုးသမီးက နှုတ်ခမ်းနီ တွေ
အကြောင်း အိပ်မက်မက်နေတယ်။ ငါခေါင်း
ရင်းက အိပိနေတဲ့လူက ယောင်ပြီး ခြေထော
က်ကို ဆန့်ထုတ်လိုက်တာ ငါ့ခေါင်းပေါ်ကြ
တယ်။ငါလည်း အရှိန်နဲ့ ပြန်တွန်းတင်လိုက်
ရင်း တိတ်ဆိတ်တဲ့ ညကိုစောင့်ကြည့်နေမိ
တယ်။ လချမ်းကွေးကွေး မှာ ခွေးအူသံတွေ
မလှမ်းမကမ်း က ဆွဲဆွဲငင်ငင် အူလိုက်တဲ့
ခွေးအူသံက ညကို ဖောက်ထွက်သွားတယိ
ခပ်လှမ်းလှမ်းက ရှည်လျားတဲ့ အရိပ်ကြီးဟာ
ငါတို့ အိပ်ယာတွေပေါ် ချဉ်းကပ်လာနေပြီ
အရိပ်ကြီးဟာ လူတွေရဲ့ ဦးခေါင်းတွေပေါ်
တက်နင်း သွားတယ် ။"ဗြိ"ခနဲ မြည်သံနဲ့
အတူ ပေါက်ထွက်သွားတဲ့ ဦးနှောက်ဟာ ကြည့်
နေတဲ့ ငါ့ကိုခြောက်ခြားစေတယ်။ ငါ့ဘေးနား
က ကောင်တွေက ခုထိမနိုးသေး ငါလည်းပဲ
မလှုပ်ရဲ။ ရှည်လျားလျား အရိပ်ကြီး တိုးလာနေ.ပြီ ငါ့ခေါင်းရင်းက ကောင်ကို
နင်းချေ သံ။ ဦးနှောက်ပေါက်ထွက်သွားသံ။
ပေါက်နေတဲ့ စောင်ကြားက ငါသူတို့ကို ချောင်း
ကြည့်လိုက်တယ်။ အရိပ်ကြီး ပါးစပ်ထဲ ခေါက်
ဆွဲတန်းလို ဦးနှောက်အလိပ်တွေ တဖောက်
ဖောက်ဝင် သွားကြတယ်။ မျက်လုံးတွေက
အရောင်တဝင်းဝင်း မီးခိုးရောင် လဲ့လဲ့။
ငါစဉ်းစားတယ်။
ငါအိပ်မက်မက် နေတယ် ဆိုတဲ့အကြောင်း
အိမ်က အိပ်ယာထဲမှာ ပါလို့
အားပေးနှစ်သိမ့်တယ်။
ငါ့ကိုယ်ငါဆွဲဆိတ် ကြည့်မိတယ်။
ကံဆိုးစွာ ငါဟာ အိမ်က အိပ်ယာထဲ မှာ မဟုတ်ခဲ့။
ဒိုဒို
တယ် ။ ထောင်သောင်းချီတဲ့ အိပ်ယာခင်းဖြူ
တွေ ကြား ငါ့ခြေရင်းနားက မိန်းမကြီးက သူ
နောက်ဆုံးညစာစားခဲ့တဲ့ ဝက်သားလုံးကြော်
အကြောင်း ထယောင်နေတယ်။အိပ်ယာခင်း
နှစ်ခုကျော်က အမျိုးသမီးက နှုတ်ခမ်းနီ တွေ
အကြောင်း အိပ်မက်မက်နေတယ်။ ငါခေါင်း
ရင်းက အိပိနေတဲ့လူက ယောင်ပြီး ခြေထော
က်ကို ဆန့်ထုတ်လိုက်တာ ငါ့ခေါင်းပေါ်ကြ
တယ်။ငါလည်း အရှိန်နဲ့ ပြန်တွန်းတင်လိုက်
ရင်း တိတ်ဆိတ်တဲ့ ညကိုစောင့်ကြည့်နေမိ
တယ်။ လချမ်းကွေးကွေး မှာ ခွေးအူသံတွေ
မလှမ်းမကမ်း က ဆွဲဆွဲငင်ငင် အူလိုက်တဲ့
ခွေးအူသံက ညကို ဖောက်ထွက်သွားတယိ
ခပ်လှမ်းလှမ်းက ရှည်လျားတဲ့ အရိပ်ကြီးဟာ
ငါတို့ အိပ်ယာတွေပေါ် ချဉ်းကပ်လာနေပြီ
အရိပ်ကြီးဟာ လူတွေရဲ့ ဦးခေါင်းတွေပေါ်
တက်နင်း သွားတယ် ။"ဗြိ"ခနဲ မြည်သံနဲ့
အတူ ပေါက်ထွက်သွားတဲ့ ဦးနှောက်ဟာ ကြည့်
နေတဲ့ ငါ့ကိုခြောက်ခြားစေတယ်။ ငါ့ဘေးနား
က ကောင်တွေက ခုထိမနိုးသေး ငါလည်းပဲ
မလှုပ်ရဲ။ ရှည်လျားလျား အရိပ်ကြီး တိုးလာနေ.ပြီ ငါ့ခေါင်းရင်းက ကောင်ကို
နင်းချေ သံ။ ဦးနှောက်ပေါက်ထွက်သွားသံ။
ပေါက်နေတဲ့ စောင်ကြားက ငါသူတို့ကို ချောင်း
ကြည့်လိုက်တယ်။ အရိပ်ကြီး ပါးစပ်ထဲ ခေါက်
ဆွဲတန်းလို ဦးနှောက်အလိပ်တွေ တဖောက်
ဖောက်ဝင် သွားကြတယ်။ မျက်လုံးတွေက
အရောင်တဝင်းဝင်း မီးခိုးရောင် လဲ့လဲ့။
ငါစဉ်းစားတယ်။
ငါအိပ်မက်မက် နေတယ် ဆိုတဲ့အကြောင်း
အိမ်က အိပ်ယာထဲမှာ ပါလို့
အားပေးနှစ်သိမ့်တယ်။
ငါ့ကိုယ်ငါဆွဲဆိတ် ကြည့်မိတယ်။
ကံဆိုးစွာ ငါဟာ အိမ်က အိပ်ယာထဲ မှာ မဟုတ်ခဲ့။
ဒိုဒို
Comments
Post a Comment