စုန်း


စုန်းတစ်ကောင်ဟာ သူ့လည်ပင်းကို မိုင်ပေါင်းများစွာ အရှည်ဆန့်ရင်း
တစ်ဖက်နိုင်ငံက သူ့ချစ်သူကို အိပ်ယာဝင် အနမ်းပေးလိုက်တယ်။
ဘာသာရေးသမား တွေဟာ သူ့လည်ပင်းကို လွှစက်နဲ့ ခုတ် ဖြတ်တယ်။
မြို့ မှာ မသင့်တော် ဘူးတဲ့။
နှုတ်ဆက်အနမ်းတစ်ခုကိုတောင် မသင့်တော်ဘူး လို့မြင်တဲ့
မြို့ကလေးကတော့ နေ့စဉ် ထိမ်းမြားမှုတွေ ပြုလုပ်နေတယ်။
ပြန်ဆက်လို့မရတော့တဲ့ ခေါင်းပြတ်ကြီးဟာ ပြင်းထန်စွာငိုကြွေးတယ်

သူရဲ့ ငိုသံကြောင့် အိပ်မောကျနေတဲ့မြွေနဂါးကြီးနိုးလာတယ်။

အိပ်ရေးပျက် သွားတာကြောင့်ဒေါသထွက်နေတဲ့ မြွေနဂါးကြီးဟာ
လှိုင်းလုံးတွေကိုလှုပ်နိုးစေလိုက်တာ တစ်မြို့လုံး ရေအောက် စုံးစုံး မြုပ်သွား သတဲ့.။

ဒိုဒို
10.7.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား