ပျော်ရွှင်ရခြင်း အကြောင်းအရင်း

ခေါင်မိုးပေါ်မှာ လေစင်္ကြာကလေး
မိုးပျံ ဘူဖောင်းတွေလည်း ချိတ်လို့

ခရမ်းရောင် ခေါင်းလောင်း တွေဟာ
အိမ်လာလည်တိုင်း မြည်ကြမှာ

ငါးထောင့်ကြယ်နဲ့ ကြိုးကြာငှက်တွေ
မင်းသားလေး ဟာ နံရံမှာရှိနေရဲ့

အိမ်ဘေးမှာ တိမ်တစ်ချို့ရှိမယ်

ပုံပြင် တစ်ပိုင်းတစ်စလည်း ရှိမယ်
တိမ်သားကို ဆေးခြယ်

စာတိုက်​ပုံး ကို မိုးပြာရောင် သုတ်မယ်
တိမ်တွေ ကို တံမြက်လှည်းမယ်
ဂီတ လှည်းတစ်ခုဝယ်

နံရံမှာ ပန်းချီ ဆွဲမယ်
မိုးရေထဲ မှာ ခုန်ပေါက်မယ်

သူဘာမှ မသိသည့်တိုင်အောင်
အားလုံးကို နားလည်​ပါတယ်​ လို့ပြောမယ်

စက္ကူ တစ်ရွက် အဖြစ်
လေအလာ မှာ ပျောက်ကွယ်သွားမယ်

သူ့ချစ်ခြင်းတွေ ကျောက်ဖြစ်ရုပ်ကြွင်းကတစ်ဆင့်
ဓာတ်ခဲ တွေ ဖြစ်လာကြပြီး
ရာစုနှစ် ပေါင်းများစွာတိုင်
စွမ်းအား အပြည့်နဲ့ ရှိနေမှာ ဖြစ်တယ်

နောင်ဘဝမှာ
မင့်အနား bipolar ရေဒီယို ကလေးအဖြစ်
ပြန်ဝင်စား လိမ့်မှာပေါ့

ကျေးဇူး ပြု ပြီး ဓာတ်ခဲထည့်ပါ ကလေးရ်
battery မသွင်းပါနဲ့
နောင်ဘဝတိုင် EPCကို ငါ မယုံရဲ လို့ပါ

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား