မီးခိုးရောင်ရထား

တစ်ညမှာ သူထွက်လာခဲ့တယ်။
သူကမီးရထာလမ်းရှိတဲ့လယ်ကွင်းတွေနားနေတာလေ။သူည ညမက်တဲ့ အိမ်မက်တွေဟာလေ သိပ်ပြီးခြောက်ခြားဖို့ ကောင်းတယ်။ တကယ်တော့ သူအမြဲ တမ်း အိမ်မက်ယောင်ရင်းလမ်းထလျှောက်သလို မျိုး ဖြစ်တက်တယ်။
ဒါပေမယ့်တစ်ချို့အရာတွေကျမှတ်မိနေပြန်ရော

ဥပမာ သူ့အိမ်နဲ့ တစ်လမ်းကျော်ဝေးတဲ့ မီးရထားသံလမ်းပေါ်က သန်းခေါင်ယံ အချိန်
တွေဆိုရောက်ရောက်လာတက်တဲ့ မီးခိုးရောင်
ရထားလိုမျိုး။အဲ့ရထားပေါ်တက်သွားကြတဲ့သူတို့မြို့လေးက သူသိတဲ့လူတွေ။သူနဲ့ မျက်နှာစိမ်းတွေ စသည်
ဖြင့်ပေါ့လေအားလုံးဟာရထားပေါ်တက်သွားကြပြီးရင် နောက်နေ့တွေမှာ သူမတွေ့ရတော့ဘူး။ပြောရရင် သူစိတ်အနည်းငယ် ဝေဝါးလို့နေပြီး
မီးရထားသံလမ်းပေါ်ကိုလည့်းသံသယရှိတယ်။ သံလမ်းမှာ အခြားရထားတွေ မဖြတ်ကြတော့ပဲ မီးခိုးရောင်ရထားတစ်စင်းပဲ တစ်နေ့နေ့ပြီး
တစ်နေ့ ရောက်လာသလိုပဲ။
ရထားအကြောင်းကိုလည်းသူအိမ်မက်မက်တယ်။
ရထားပေါ်တက်သွားသူတိုင်းဟာကိုယ်ဆင်းချင်တဲ့ နေရာ မှာဆင်းခွင့်မရှိကြဘူးတဲ့။
တံခါးပေါက် နားက ဝတ်စုံနက်နဲ့တံခါးစောင့်ဟာ စာရွက်တစ်ရွက်ကိုကိုင်လို့ သွားရမယ့်နေရာ ကိုသတ်မှတ်ပေးတယ်။
လူတွေဟာ သူသတ်မှတ်ပေးတဲ့နေရာတွေမှာပဲ ဆင်းကြရတယ်တဲ့။
သင်္ချိုင်း အုပ်ဂူတွေမြို့ပျက်တွေ ငှက်ဆိုးတွေ ရထားရဲ့ ပြတင်းပေါက်မှာသူထိုင်နေသလိုမျိုး မြင်ကွင်းကို သူရှင်းလင်းစွာ ခံစားနေရတယ်။ တစ်ချို့နေရာတွေမှာ လေ မီးခိုးရောင်တွေကြီးပဲ။
ရာထောင်ချီတဲ့ လိပ်ပြာနက်တွေဟာ
ရထားပေါ်မှာ ဟိုဒီပျံသန်းလို့။
တစ်ချို့လူတွေကတော့ အချင်းချင်း
အမဲလိုက်ရမယ့် နေရာတွေမှာ ကျန်ရစ်ရတယ်။ အချို့ကလည်း အစိမ်းရောင် လွင်ပြင်ကြီးထဲ ဂမုန်းပင်တွေ လှုပ်ရှားယိမ်းနွဲ့လို့

သစ်ပင်ကြီးများမှာဆို ကလေးသရဲတစ်ချို့
ပုခက်လွှဲ ပြီး ခိုးခိုးခစ်ခစ်ရယ်မောနေကြတယ်။

သူအခုလို လွင်မျော အိမ်မက်မက်နေတဲ့ အချိန်တိုင်း အဲ့ရထားကြီးကို ရပ်တန့်အောင်
လုပ်ချင်တော့တာပဲ။
ရထားသံလမ်းအပျက်အစီးဖြစ်
ရင် ရထားဟာ လည်းသွားလို့မရနိုင်တော့ဘူး။
အဲ့ဒီ အခါ မီးခိုးရောင် ရထား ရပ်တန့်သွား
လိမ့်မယ်လို့သူတွေးတယ်။
သူ့နောက်တစ်ခါ အိမ်မက်ယောင်ခဲ့ရင်
သံလမ်းကို ဖျက်စီးပစ်မယ် စိတ်ကူးတယ်။
ဒါဟာ အိမ်မက်ဆိုရင် သူအိမ်မက်ဆိုးတွေ
အစပျောက်သွားလိမ့်မှာ။
တကယ်လို့ သူမြို့လေးကလူတွေ ပျောက်နေကြတာ ရထားကြောင့် ဆိုလည်း သူကူညီရာ ရောက်ပါတယ်လေ။

ကြောက်စရာ ရထားတစ်စင်း ကို အဆုံးသတ်ဖို့ သူပုဆိန်ခက်ကြီးကြီး ကိုင်လို့ လာတယ်။ ညသန်းခေါင်ယံ ချိန်ရောက်ပြီ။
 မကြာခင်ဆို ရထားကြီးရောက်လာတော့မယ်။ ဒီအချိန်မှာ သူ့စိတ်ထဲ တစ်ခြားရထားတွေလည်း
ဒီလမ်းကလာတယ်လို့ထင်ပြန်တယ်။
ဒါပေမယ့် သူ့ခံစားမိသလိုပဲ သူဆုံးဖြတ်တယ်။

ဒီနေ့ညမှပဲ မြူ တွေဆိုင်းနေတော့တယ်။ လယ်ကွင်းတွေရိုးပြတ်တွေစာခြောက်ရုပ်တွေလည်း အတော်ဝေးဝေးမှာ တွေ့ရတယ်။စာခြောက်ရုပ်ဦးခေါင်းတွေဟာလှုပ်ရှားနေသလိုပဲ။
မကြာခင်မှာ သူစောင့်နေတဲ့ ရထားကို
ခပ်ဝေးဝေးကတွေ့တယ်။
သူ့ပုဆိန်နဲ့ သံလမ်းတွေကို ခုပ်ပိုင်းတယ်။ သူ့ပုဆိန်ဟာ ဘာကြောင့်မှန်းမသိ သံလမ်းတွေ ခပ်မြန်မြန် အပိုင်းပြတ်သွားတယ်။
ရထားဟာမြင်ကွင်းထဲမယ်တဖြေးဖြေးပေါ်လို့လာတယ်။
သူမှားသွားခဲ့ပြီအခုရောက်လာနေတာဟာသာမန် ရထားတစ်စင်းပါပဲ။
ဆူညံသံတွေ အော်ဟစ်သံတွေ သူ့မြို့လေးက သူချစ်ခင်ရသူတွေ ရဲ့ ငြီးတွားသံတွေ။
သူ
့မြင်ကွင်းကိုမကြည်ရဲ့တော့ အားကုန်မျက်လုံးမှိတ်လို့
သူအိမ်ပြန်ရောက်လာခဲ့တယ်။
သူလေ ယူကြုံးမရ ဖြစ်ရတယ်။
သူကလေ သူချစ်တဲ့ခင်တဲ့လူတွေ ဆုံးရှုံး ရမှာမို့ သူလုပ်ခဲ့တာပါ။
ရထားမောင်းတဲ့ ဦးလေးကို သူသိတာပေါ့။
သူနဲ့ ဒီရက်ပိုင်းတင် လက်​ဖက်​ရည်​ဆိုင် အတူထိုင်ခဲ့ကြတဲ့ ဦးလေး။
ညညဆိုလေသူသူ့မြို့လေးကလူတွေကို
အိမ်မက်ပြန်မက်တယ်။မီးခိုးရောင်ဝတ်စုံတွေနဲ့။
အိမ်မက်တွေ သူ့ကို့ေ့ခြာက်လှန့်လို
့သူဒီနေရာလေးမှာရိုးရိုးသားသား ပြောရရင် မနေရဲတော့ဘူး။
သူတစ်ခြား မြို့ကို သွားမှပဲ ဖြစ်မယ်။
သူဘဝသစ် စမှ ဖြစ်မယ်။
သူ့ကိုအားလုံးခွင့်လွှတ်ကြမှာပါ။
သူရထားရပ်ဖို့ လုပ်ခဲ့တာပါ။

ရက်တွေကြာတဲ့အခါ..
ရထားလမ်း ပြင်ဆင်ပြီးပြီလို့​ရေဒီယိုကနေကြေငြာတယ်။

သူရထားစောင်နေ့တယ်။ တစ်ခြားနေရာကို
ရထားစီး လို့ပေမယ့် သူနောက်ဆုံးအနေနဲ့
ဒီနေ့ရာ ကို ပြန်ရောက်လာခဲ့တယ်။

အနီရောင် ရထားတစ်စင်း မြင်ကွင်းထဲမယ်
တဖြေး ဖြေး ဝင်လို့လာတယ်။
သူခပ်မြန် မြန်ရထားပေါ် တက်လိုက်တယ်။ ရထားလည်းဘူတာက စထွက်ပြီး သူ့ပခုံးပေါ်ကို လိပ်ပြာတစ်ကောင်လာနားတယ်။
အနက်ရောင် လိပ်ပြာလေးပဲ။

ပြတင်းပေါက်ကိုသေချာကြည့်မိတော့အနီရောင်ကနေ မီးခိုးရောင် သန်းလာတာတွေ့ရတယ်။
သူ့စီးနေတဲ့ ရထားကြီးဟာ တဖြေးဖြေး မီးခိုးရောင် ဖြစ်လာပြီး တံခါး​ပေါက်​ မှာ ဝတ်ရုံနတ်နဲ့ရထားစောင့်ကို တွေ့ရတယ်။

သူနဲ့ရထားခေါင်းခန်းဟာအရမ်းနီးကပ်နေသလို
မြင်ကွင်းတွေဟာလည်း
သိပ်နီးကပ်နေသလိုခံစားရတယ်။

လိပ်ပြာအနက်တွေ သူ့ဘေးမယ် များလာတယ်
။ရထားခေါင်းခန်းမှာရှိတဲ့ရထားမောင်းသူရဲ့ခေါင်းဟာ ၃၆၀ဒီဂရီလှည့်လို့ ကျောဘက် လှည့်နေတဲ့ မျက်နှာ အခြမ်းကပြုံးပြတယ်။
အဲ့ဒီမျက်နှာဟာသူနဲ့လက်ဖက်ရည်ဆိုင်အတူထိုင်ကြဖူးတဲ့ ရထားမောင်းတဲ့ ဦးလေးရဲ့ မျက်နှာပဲ။

သူဘေးကို ကြည့်လိုက်မိတော့
ရထားမှောက်တုန်းက ပါသွားတဲ့
သူ့ မြို့လေးက လူတွေ။

သူတို့ကလည်း သူ့ကို ပြုံးပြတယ်။

ဒိုဒို
5.5.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား