ကျွန်မတို့ စောင့်ခဲ့ကြတယ်

ကျွန်မတို့ မိန်းမသားတွေ စောင့်ခဲ့ကြတယ်
မေတ္တာမီးအိမ် ကိုင်စွဲလို့
ကျွန်မတို့ဆီ လျှောက်လှမ်းလာမယ့်
လုလင်ပျို တစ်ယောက်ကို

မင်းသမီးလေး ရယ်ပန်ဇယ် လို
အထီးကျန် တစ်နေရာကနေ
လက်လှမ်း ကယ်တင် ပေးမယ့်
အမျိုးသား ငယ်တစ်ယောက်ကို

စည်းဘောင်စည်းကမ်း တွေဆီကလွတ်လပ်ပြီး လူသား ဆန်တဲ့
ချစ်ခင်ကြင်နာ စိတ် ရှိတဲ့
နူးညံ့ တဲ့ ယော်ျား တစ်ယောက်ကို

ကျွန်မတို့ စောင့်ခဲ့ကြပါတယ်

စောင့်ခဲ့ကြတာမှ
ကိုယ်ကိုယ်တိုင်ရဲ့ မီးအိမ်ဖြစ်မှုကို
ကိုယ်တိုင်မေ့လျှော့ နေခဲ့တဲ့ အထိပါပဲ

(တစ်ခုခုနဲ့ တူနေသလို ခံစားမိ😁 သိရင်
ပြောပေး ကြပါ)

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား