စိတ်ကျနေတဲ့ ကမာကောင်တွေ

မိန်းကလေးတစ်ယောက် ရှိတယ်
သူမဟာ ပင်လယ်ကမ်းစပ်တစ်လျှောက် လမ်းလျှောက်သွားရင်းတစ်ချို့ မတိမ်မနက်
ရေအောက်ဘက် အနိမ့်တစ်နေရာမှာ ကမာ
ကောင်လေးတွေ မွေ့းထားတယ်။ကမာကောင်
လေးတွေ ငိုကြွေးရင် ပုလဲလုံးကလေးတွေ
ဖြစ်သတဲ့ ဒါကြောင့် တစ်ချို့ လူတွေဟာ ပုလဲ
လည်ဆွဲ တွေ မဝတ်ကြဘူး။ မိန်းကလေး ဟာ
ကမာ ကောင်လေးတွေရဲ့ အကြောင်းကို
အသေး စိတ်လေ့လာတယ်။ ပင်လယ်ရေစပ်
နားကို သွားရင်း ကမာတွေ ဝမ်းနည်းငိုကြွေး
အားငယ် လာအောင် နေ့စဉ် စိတ်ကျ စရာ
တွေ အမြဲလိုလို ပြောနေတက်တယ်။ကမာ
ကောင်လေးတွေ ဆီက သူပုလဲလေးတွေ ရ
တယ်။ တဖြေးဖြေး ချမ်းသာလာတယ်။သူမ
ဆီက အကောင်းဆုံးပုလဲတွေ ထုတ်လုပ်နိုင်
တယ် ဆိုပြီး လူတွေဟာ သူမကို ချီးမွန်းထော
ပနာ ပြု ကြပါရဲ့။ စိတ်ဓာတ်ကျ သိမ်ငယ်နေ
တဲ့ ကမာကောင်လေးတွေကို တော့စိတ်ကူး
ထဲတောင် မတွေးဖြစ်ခဲ့ ကြဘူးတဲ့။

ဒိုဒို
26.6.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား