ဖယောင်းတိုင်

ကျောင်းကပြန်လာမယ့် သားကို စောင့်နေတဲ့
လင်မယားနှစ်ယောက်ဟာ ပျင်းရိစွာနဲ့ ဓာတ်
ရှင် ကြည့်နေတယ်။

ကလေးတစ်ယောက်ဟာ အိမ်နီကြီး တစ်လုံး
ထဲမှာ အဖမ်းခံထားရတယ်။ကုတ်အကျီင်္ အညို ရောင်နဲ့ သူရူးတစ်ယောက်ဟာ ကလေးကို ကြိုးတုတ်ထားတယ်။ "ငါရဲ့ မုန့်
တွေ မင်းဘာလို့ ယူစားသလဲ ကောင်လေး"
လို့ မေးတယ်။ ကောင်လေးက ခေါင်းခါတယ်
ဒါပေမယ့် ဓာတ်ရှင်ရဲ အစမှာတည်းက ကောင်လေးဟာ လူကြီးရဲ့ မုန့်ကို ခိုးစားခဲ့
ပြီးသား ဆိုတာ သူတို့လင်မယား နှစ်ယောက်
စလုံး သိတယ်။ရုပ်ရှင် နောက်တစ်ခန်းမှာ
ကြိုးတုတ်ထားတဲ့ ကလေးကို အရည်ကြို ပြီး
ဖယောင်းတိုင် လုပ်ပစ်လိုက်တယ်။ လင်
မယား နှစ်ယောက်က ပြောတယ်

"သူများအိမ်က မုန့်ခိုးစားတဲ့ သူခိုးလေး လိမ်လည်းလိမ်တက်သေးတယ်ကောင်းတယ် အခုလိုသေ ရတာ"။

ဖယောင်းတိုင်ဟာအရည်ပျော်စ ပြုနေပြီ။

မယားဖြစ်သူကဖယောင်းရည်ထဲကလက်စွပ်ကလေး တစ်ကွင်း တွေ့တယ်။

မိန်းမဖြစ်သူ-"ဒီဖယောင်းတိုင်ဟာ ကျွန်မတို
့အိမ်က ဖယောင်းတိုင်တွေနဲ့ မတူဘူးနော်"

ယော်ျားဖြစ်သူ-"ဟုတ်တယ်လေ မနက်က
ခေါင်းရင်း ဖယောင်းတိုင်လုပ်တဲ့ အိမ်က
လက်ဆောင် လာပေးသွားတာ"

မိန်းမဖြစ်သူ-"ခေါင်းရင်း အိမ်ဆိုတာ အိမ်နီ
ကြီးလား"

ယော်ျားဖြစ်သူ -"မနက်ကတောင် ကုတ်အ
ကျီင်္ အညိုနဲ့ ဈေးမှာ သူ့ကိုမင်းတွေ့ခဲ့တယ်
မဟုတ်လား။ စောစောကကြည့်တဲ့ဓာတ်
ရှင်အခွေက ဖယောင်းတိုင်နဲ့ အတူသူလာ
ပေးသွား ခဲ့တာ။

မိန်းမဖြစ်သူ-"ဒီလက်စွပ်က ကျွန်မတို့သား လက်စွပ်နဲ့ တူလွန်းမနေဘူးလား"

ခဏအကြာမှာ သူတို့အိမ်ကို ဆရာမတစ်
ယောက် ရောက်လာတယ်။

ဆရာမ-"ရှင်တို့သား ကျောင်းရောက်မလာလို့ ကျွန်မစိတ်ပူလို့ လာခဲ့တာ"

လင်မယားနှစ်ယောက်စလုံး တိတ်ဆိတ်လို့..

ဒိုဒို
13.7.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား