အဖေနဲ့အတူရထားစီးခြင်း
မေး :အဖေ
ရုပ်ရှင် ဂီတ ပန်းချီ စာပေ ကာတွန်း အစရှိတဲ့
ခံစားမှုတွေနဲ့ ဝေးကွာတဲ့လူတွေဟာ
ချစ်နိုင်ပါ့မလား
ပြောချင်တာက
ရင်ထဲက နက်နက်နဲနဲ ချစ်တတ်ပါ့မလား?
ဖြေ :အဲ့သည်လိုတော့ မရှိဘူးသမီးရဲ့
လူအားလုံး ဟာ ချစ်နိုင်ပါတယ်
ချစ်တတ်ပါတယ်
နို့ပေမယ့် ပန်းချီ အနုပညာအစရှိသဖြင့်
ခံစားတတ်သူတွေကတော့
ပိုပြီး အထိနာရတာပေါ့လေ
အဖေဟာ တိတ်ဆိတ်သွားပါတယ်(အဲ့ဒီ အ
ချိန်မှာ ဖတ်ဖူးတဲ့စာအုပ်ထဲက "မင်းသားလေး
က ဘာမှပြန်မပြောပေ" ဆိုတဲ့စာသားကို
သတိရမိတယ်)
အဖေဟာ ရထားဘူတာတစ်လျှောက်
နှစ်ကာလတွေကို ငေးမောကြည့်နေခဲ့တယ်
မင်းသားလေးဟာ နေဝင်ဆည်းဆာ ငေးမော
နေသလိုမျိုး စကားတစ်ခွန်းမပြောပဲ
တိတ်ဆိတ်လျက် အားလုံးကို
ငေးမောနေလိုက်ကြတယ်
" အဖေ သမီးလေ ဘဝတစ်ခုလုံးကို
scan ဖတ်ကြည့်ခဲ့တယ်
ကျောင်းတက်တဲ့ဘဝမှာ
ငေးမောချိန်တွေ ကြံဖန်ရှာဖွေခဲ့ကြတယ်
အသက်ကြီးလာလို့ အလုပ်ခွင်ဝင်တဲ့အခါ
ငေးမောချိန်တွေ ရှိနိုင်ပါ့မလား
စိုးရိမ်နေမိတယ်
"မင်းသားလေးလို ဂြိုလ်တစ်ခုပေါ်မှာ
နေနိုင်ခဲ့ရင် နေဝင်ဆည်းဆာပေါင်း ၁၉၈ ခု
အထိ ငေးကြည့်ဖို့ သမီးမှာ ဆန္ဒရှိနေတယ် "
"ဟင် သမီးက ဆိုးဆိုးရွားရွား ကြေကွဲနေလို့
လား? "
ဒိုဒို ဘာမှပြန်မပြောခဲ့
ဒိုဒို
ရုပ်ရှင် ဂီတ ပန်းချီ စာပေ ကာတွန်း အစရှိတဲ့
ခံစားမှုတွေနဲ့ ဝေးကွာတဲ့လူတွေဟာ
ချစ်နိုင်ပါ့မလား
ပြောချင်တာက
ရင်ထဲက နက်နက်နဲနဲ ချစ်တတ်ပါ့မလား?
ဖြေ :အဲ့သည်လိုတော့ မရှိဘူးသမီးရဲ့
လူအားလုံး ဟာ ချစ်နိုင်ပါတယ်
ချစ်တတ်ပါတယ်
နို့ပေမယ့် ပန်းချီ အနုပညာအစရှိသဖြင့်
ခံစားတတ်သူတွေကတော့
ပိုပြီး အထိနာရတာပေါ့လေ
အဖေဟာ တိတ်ဆိတ်သွားပါတယ်(အဲ့ဒီ အ
ချိန်မှာ ဖတ်ဖူးတဲ့စာအုပ်ထဲက "မင်းသားလေး
က ဘာမှပြန်မပြောပေ" ဆိုတဲ့စာသားကို
သတိရမိတယ်)
အဖေဟာ ရထားဘူတာတစ်လျှောက်
နှစ်ကာလတွေကို ငေးမောကြည့်နေခဲ့တယ်
မင်းသားလေးဟာ နေဝင်ဆည်းဆာ ငေးမော
နေသလိုမျိုး စကားတစ်ခွန်းမပြောပဲ
တိတ်ဆိတ်လျက် အားလုံးကို
ငေးမောနေလိုက်ကြတယ်
" အဖေ သမီးလေ ဘဝတစ်ခုလုံးကို
scan ဖတ်ကြည့်ခဲ့တယ်
ကျောင်းတက်တဲ့ဘဝမှာ
ငေးမောချိန်တွေ ကြံဖန်ရှာဖွေခဲ့ကြတယ်
အသက်ကြီးလာလို့ အလုပ်ခွင်ဝင်တဲ့အခါ
ငေးမောချိန်တွေ ရှိနိုင်ပါ့မလား
စိုးရိမ်နေမိတယ်
"မင်းသားလေးလို ဂြိုလ်တစ်ခုပေါ်မှာ
နေနိုင်ခဲ့ရင် နေဝင်ဆည်းဆာပေါင်း ၁၉၈ ခု
အထိ ငေးကြည့်ဖို့ သမီးမှာ ဆန္ဒရှိနေတယ် "
"ဟင် သမီးက ဆိုးဆိုးရွားရွား ကြေကွဲနေလို့
လား? "
ဒိုဒို ဘာမှပြန်မပြောခဲ့
ဒိုဒို
Comments
Post a Comment