ဘိုင်ပိုလာမြူ စတိုရီ
အိမ်မက်မြို့ တော်မှာ "ဘိုင်ပိုလာ "အမည်
နဲ့ ကောင်လေး တစ်ယောက်ရှိခဲ့တယ်။
တကယ်တော့ အိမ်မက်မြို့တော် မှာ သိပ်ပြီး
အိပ်ဖို့ ရာ မဖြစ်နိုင်ဘူး။အိမ်မက်မြို့ တော်
မှာ တစ်ခါအိပ်ပျော်သွားရင် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ် သတ်တမ်းကနေ နှစ်၁၀၀
ကျော်လောက်ထိ ကုန်ဆုံးသွားနိုင်တယ်။
အခု ပြောနေတာ က ကမ္ဘာတစ်ခုက အဖြစ်
အပျက်တွေ ပါ။
အိမ်နီးချင်း ကမ္ဘာတစ်ခုမှာတော့ စတိုရီဆိုတဲ့
ကောင်မလေး တစ်ယောက်ရှိတယ်။
စတိုရီ က နေ့စဉ်သူတို့ မြို့မှာ လုပ်ရှားသွား
လာတယ်။ သူမရဲ့ အလုပ်ကတော့ ကလေး
တွေကို ပုံပြင် ပြောပြပြီး အသက်မွေးဝမ်း
ကျောင်း ပြု ခြင်းပဲ သူမ ရဲ့ စွမ်းရည်က
တစ်ခြား သူတွေနဲ့ မတူတဲ့ ပုံပြင်တွေ ဖန်တီး
ပြောဆို နိုင်ခြင်းပါပဲ။ သူမဟာ သူမတို့.ကမ္ဘာ
မှာ အထူးဆန်းဆုံးသော မိန်းကလေးပါ
ဒီလို ပြောရတာ အကြောင်းရှိပါတယ်
အကြောင်းရင်းကတော့ သူမ နေထိုင်တဲ့
ကမ္ဘာဟာ ပုံပြင်ကမ္ဘာ ဖြစ်လို့ ပါပဲ
ပုံပြင်ကမ္ဘာမှာ ကြောက်စရာ ကျိန်စာဆိုး
တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ သူတို့ကမ္ဘာ
ရဲ့ ပုံပြင်တွေ မပေါက်ကြားအောင် ပုံပြင်
ကမ္ဘာရဲ့ ဘုရင်ကြီးကို တောထဲက စုန်းအဘွားအို ကို အကူအညီတောင်း ခဲ့တာ
ပါ။ ပုံပြင်ပြောသူ မျိုးဆက်တွေဟာ ပုံပြင်
၁၀၀၀ ပြည့်အောင် ပြောဆိုခွင့် မရှိပါဘူး။
ပိတ်ပင်ထားခဲ့ ကြပါတယ်။ ပုံပြင်ကမ္ဘာ
မှာ နေ့ရက်တွေက ရှည်ကြာပါတယ်။
လူတွေနေထိုင်ရာ ကမ္ဘာမှာ စက္ကန့်တံ ၆၀
မှ တစ်မိနစ် ပြည့်ပေမယ့် ပုံပြင်ကမ္ဘာမှာ
၁၂၀ မှ သာ တစ်မိနစ်ပြည့်ပါတယ်။
အိမ်မက် ကမ္ဘာကတော့ အကန့်သတ်နဲ့
မဟုတ်ပါဘူး။ ပိုအိပ်လေလေ လူဟာ
အသက်ကြီး သွားလေလေ ဖြစ်စရာ ရှိတယ်
ယေဘုယျ အားဖြင့်တော့ အိမ်မက်ကမ္ဘာ
မှာ စက္ကန့်၃၀ ကို တစ်မိနစ် ဖြစ်တယ်
သူတို့နှစ်ယောက် ဟာ မိုးညတစ်ညရဲ့
သီချင်း သံစဉ်ကြားမှာ ဆုံကြပါတယ်။
ဘိုင်ပိုလာဟာ သံစဉ်သေတ္တာလေး ပိုက်ရင်း
အိပ်ပျော်နေ ပါတယ်။ စတိုရီက တော့
မျက်နှာကြက် ကို မျက်နှာမူရင်း အိပ်ပျော်နေ
ခဲ့တယ်။ သူတို့နှစ်ယောက် တစ်ပြိုင်တည်း
ဖွင့်ခဲ့ တဲ့သီချင်း နာမည်က မိုးညအိမ်မက်မြူ
လို့ ခေါ်တယ်။ တကယ်တော့ တို့တွေရဲ့
ဘဝ ဖြစ်စဉ် တစ်လျောက်လုံး ဟာ မိုးညတစ်
ညမှာ မြူ တွေ ကြားအိမ်မက်ယောင် လမ်း
လျှောက်ကြ ရတဲ့ လူတွေလိုပဲ မဟုတ်လား။
ညရဲ့ တိတ်ဆိတ်မှုမှာ သီချင်းသံစဉ်တွေဟာ
ဟိုဒီ ပြေးလွှားကခုန် နေတယ်။
တကယ်တော့ ပုံပြင်ကမ္ဘာ နဲ့ အိမ်မက်ကမ္ဘာ
ဟာ အလွှာတစ်ခု ပဲ ခြားပါတယ်
အလွှာနှစ်ခု ရဲ့ ကြားမှာ မြူ တွေ မီးခိုးငွေ့
တွေ ရစ်သိုင်းနေတဲ့ အလွှာပါး တစ်ခုရှိတယ်
မိုးညအိမ်မက်မြူ သီချင်းက မြူ တွေရှိတဲ့.
အလွှာကို ဖြတ်သန်း သွားနိုင်တာ မျိုးပါ။
နံရံရဲ့ တစ်ဖက်ကို ဝင်သွားသလိုပေါ့
အမျိုး အမည် မသိတဲ့ မြူ တွေ လွှမ်းနေတဲ့
ကမ္ဘာတစ်ခုမှာ စတိုရီဟာ သစ်ပင်အောက်
မှာ ထိုင်ငိုနေခဲ့တယ်။
ဘိုင်ပိုလာက ဘာမှ မပြောပဲ ငေးရုံသာ
ငေးကြည့် နေခဲ့ပါတယ်။စတိုရီ ငိုလို့ ဝမှ
တစ်ခုခု လှမ်းပြောတယ်။
"သာမာန် အားဖြင့် ကျွန်တော်က လူတစ်
ယောက်ကို မငိုဖို့ အတင်းကာရော ဖိအား
ပေးလှည့်ပတ် ပြောဆိုနေရတာတွေ သဘော
မကျ လှဘူး။ မျက်ရည်ဟာ အများအားဖြင့်
တော့ စိတ်ထားနူးညံ့သူ တွေ မှာသာ ကျတဲ့
အရာ တစ်ခု ပဲလေ။တန်ဖိုးထား သင့်လှပါ
တယ်"
"ဘိုင်ပိုလာ ဟာ ငို တက်ပါသလား"
"အင်း ကျွန်တော်ဟာ အချိန်အတော်ကြာ
ငိုနေခဲ့ တာပါ။ ဘဝတစ်လျှောက်လုံး နီးပါး
လို့တောင် ပြောလို့ ရနိုင်မယ် ထင်တယ်
ကျွန်တော့်တို့ ကမ္ဘာမှာ သိပ်ပြီး နှစ်သက်
လောက်ရတာ တွေ မရှိဘူးလေ။ များသော
အားဖြင့် က ကျွန်တော့် ဒီဘက်ကမ္ဘာကို
လာတက်တယ်။ ကျွန်တော့်တို့ ကမ္ဘာက
လောကမှာ စိတ်ပျက်ငြီးငွေ့သူတွေ လည်း
သတ်သေ ဖို့ရာ မဖြစ်နိုင်ဘူး။
အိမ်မက်ကမ္ဘာဖြစ်တဲ့ အတွက် ခင်ဗျား
ခေါင်းပြတ်သွားလည်း နိုးလာရင် ပြန်ဆက်
ရင် ဆက်နေနိုင်မှာ ပဲ။"
"ဒါနဲ့ ဒီဘက်ကမ္ဘာမှာ ဘာကြောင့် ရှိနေရတာ
လဲ ။ "
"အမျိုးသမီး တစ်ယောက်ပါ။ သူမက ဒီဘက်
ကမ္ဘာမှာ မူလနေထိုင် သူပေါ့။ကိုယ့် သူကို
စတွေ့ခဲ့တုံးက သူမက ကိုယ့်ထက် အသက်
ထောင်နဲ့ ချီ ကြီးတယ်။ သူမနဲ့ ကိုယ်နဲ့ က
အသက်အရွယ်မမျှတ ဖူးပေါ့။ဒါပေမယ့်
သူမ က လူတွေရဲ့ ကမ္ဘာမှာဆိုရင်ကိုယ့်
ထက်ငါးနှစ်လောက်ပဲကြီးတယ်လို့ထင်ရမှာ
ကိုယ် ဒီဘက်ကမ္ဘာမှာ နေရတာ ပျော်လာ
တယ်။ သူမကို နှစ်သက်တယ်။ သူမက နှစ်လိုဖွယ်ကောင်းတယ် လို့ထင်တယ်။
သူမက ဝမ်းနည်းလွယ်ပေမယ့် ချစ်စဖွယ်
ကောင်းတယ်။ ကြာတော့ ကိုယ်တို့ နီးစပ်
ချင်လာတယ်။ ဒါပေမယ့် ကမ္ဘာနှစ်ခုဟာ
မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ဒီလိုနဲ့ သူမနဲ့ နီးဖို့ကျွန်
တော် အမြဲကြိုးစားခဲ့ တယ်။ ကြိုးစားတယ်ဆိုတာ ဒီဘက်ကမ္ဘာမှာ သူနဲ့
နီးစပ်ဖို့ ကျွန်တော်တို့ အိမ်မက်ကမ္ဘာ အမြဲ
အိပ်နေရတယ်။ ကျွန်တော် အိပ်ဆေးတွေ
သောက်ပြီး ဒီဘက်ကမ္ဘာကို လာတာမျိုးလည်
း ရှိတယ်။ကျွန်တော်တို့ ကမ္ဘာနဲ့ အကြာကြီး
အိပ်လို့ မရဘူး။ အိပ်ရင် တဖြေးဖြေး အသက်တွေ ကြီးလာတယ်။ အရမ်းကြီး
ရုပ်ရည်အိုမင်း သွားတာမျိုး မဟုတ်ပေမယ့်
အတွင်း ခန္ဓာမှာ တဖြေးဖြေး အားနည်းလာ
တယ်။ ကျွန်တော် နှစ်၇၀၀ ကျော်လောက်
ထိ ကျွန်တော့်အသက်ကို အိပ်ရင်း ကုန်ဆုံး
ခဲ့တယ်။"
"ဒါနဲ့ သူမ ကရော"
"သူမက သေသွားခဲ့တယ်။ တကယ်တော့
မြူ တွေ ဖြစ်သွားတာ သူမနာမည်က လည်း
မြူ ဆိုတော့ မြူ တွေ ရှိတဲ့ ကမ္ဘာမှာ မြူ တွေ
ဖြစ်ပြီး သေသွားတာ မျိုး ထင်ပါတယ်။
သူ သေသွားတော့ ကျွန်တော့် မြူ တွေ သိမ်း
ဆည်း ထားခဲ့တယ်။
ဟော့ဒီ ခရမ်းရောင် ဖန်ဘူးလေး ထဲမှာ။
မြူ ကမ္ဘာမှာ သေဆုံးသွားတွေ အသက်ပြန်
ရှင်လာအောင် ပြုလုပ်လို့ရတယ်။ ဒါပေမယ့်
မလွယ်ဘူး။"
"ဘယ်လို မလွယ်တာ မျိုးလဲ"
"သေဆုံးသွားသူရဲ့ အသက်ဝိညာဉ်ဆိုတာ ကျွန်တော့်လက်ထဲက ပုလင်းထဲက မြူတွေ
ကို အသက်ဝိညာဉ် လို့ ပြောကြတယ်။
သူရဲ့ အသက်ဝိညာဉ် ရယ် အိမ်နီးချင်း
ကမ္ဘာသုံးခု ရဲ့စည်းသုံးခု ဖောက်ဖျက် ရမှာ"
"အိမ်နီးချင်း ကမ္ဘာဆိုတာ"
"အိမ်နီးချင်းကမ္ဘာဆိုတာ
အိမ်မက်ကမ္ဘာ ရယ်
မြူ တွေ ရှိတဲ့ ကမ္ဘာနဲ့
ပုံပြင်ကမ္ဘာ"
"ဘယ်လို စည်းဖောက်ရမှာ မျိုးလဲ"
"သစ်ပင်တစ်ပင် စိုက်ရမယ်
တကယ်တော့ အဲ့ဒီ သစ်ပင်ကို "မြူ သစ်ပင်"
လို့ ခေါ်တာ။ မြူ ကမ္ဘာက ဝိညာဉ်တွေ ပြန်
လည် ရှင်သန်ဖို့ ကြားခံနယ် သစ်ပင်"
"သစ်ပင်ကို ဘယ်လို စည်းဖောက်ပြီး စိုက်ရမှာ မျိုးလဲ"
"တကယ်တော့ အိမ်မက်ကမ္ဘာက လူတွေ
ဟာ မြူကမ္ဘာမှာ အချိန်ကြာလေလေ
အသက်ကြီး အင်အားယုတ်လျော့ သွား
ကြမှာ အထူးသဖြင့် ကျွန်တော့်တို့ဟာ
အသက်ထောင်ချီ နေရမှာ မှန်ပေမယ့်
ကျွန်တော့် နှစ်ခုနှစ်ရာ ကျော် အိပ်ရင်းကုန်
ဆုံးခဲ့ပြီးပြီ။ မြူ သစ်ပင် ဖြစ်လာဖို့ အိမ်မက်ကမ္ဘာ က လူတစ်ယောက်ရဲ့
သွေးရယ်၊ ပုံပြင်ကမ္ဘာက လူတစ်ယောက်ရဲ့
မနားတမ်း ပုံပြင်ပြောမှု ရယ်လိုအပ်တယ်။"
"ပုံပြင်က ကိုယ်ပြောချင်တဲ့အကြောင်းအရာ
ကို ပြောခွင့်ရှိတာ မျိုးတော့ မဟုတ်ဘူး။ မြူ သစ်ပင်ပေါက်လာမဲ့ မြေကြီးပေါ် အိမ်မက်က
မ္ဘာက လူ သွေးစက်တွေ ချနေတုံးမှာ မြူ ကမ္ဘာ
အကြောင်း နြဲ့မူ ပါတဲ့ ပုံပြင်တွေ ပြောရမှာ။
ပြောတဲ့အခါမှာ လည်းလုံးဝရပ်လို့ မရဘူး။
အဲ့ဒါကြောင့် ပုံပြင်ပြောတဲ့ သူဟာ ပုံပြင်တစ်ပုဒ်မဆုံးခင်မှာအခြားပုံပြင်တစ်ပုဒ် ပြင်ဆင် ပြီးသား ဖြစ်နေရမယ်။"
"တိုရီ ပြောနိုင်မယ် လို့ ထင်တယ်"
"ဒါပေမယ့် စတိုရီ မင်းက ပုံပြင် ဘယ်နှစ်
ပုဒ် ပြောခဲ့ဖူးတဲ့ အတွေ့အကြုံ ပေါ်မူတည်
တယ်။ နောက်တစ်ခုက မင်းတို့ကမ္ဘာမှာ
ပုံပြင် တစ်ထောင်ပြောခွင့် မရှိဘူး။ မင်း
ဘယ်လောက်ထိ ပြောခဲ့ ပြီးပြီလဲ။
မြူ ကမ္ဘာ ရဲ့ တစ်ရက်က အလွန်ရှည်ကြာ
တယ်။ သစ်ပင်က ခန့်မှန်းရသလောက်
တစ်ရက်အတွင်းမှာ ပေါက်လာဖို့အခွင့်အ
လမ်း သိပ်နည်းတယ်။"
တကယ်တော့ သူမက ပုံပြင် ပေါင်း၈၅၈ ပုဒ်
ထိ ပြောပြီး သွားခဲ့ပြီ။
"အင်း ငါးရာကျော်လောက်ပဲ ထင်ပါတယ်"
"တိုရီ ဘယ်နေ့လောက် စကြမလဲ လော
လောဆယ် တိုရီမြူ ပုံပြင်တွေ စုဆောင်း
ရမယ် သွေးအင်အား များဖို့က တောင်ကြား
လမ်းက စုန်းမကြီး ဆီ သွားပါ ။
သူက အလကားတော့ မကူညီတက်ဘူး။ တစ်ခုခုနဲ့ လဲပြီး ယူရတက်တယိ"
"အင်း ဒါဆို ကိုယ်သွားအုံးမယ်"
ဘိုင်ပိုလာ ဟာ လျှောက်သွားရင်း စုန်းအဘွား
အို ကိုလှမ်းတွေ့ရတယ်။ အဘွားအိုဟာ
ကျောက်ဂူ ထဲမှာ မနေတော့ပဲ တဲအိုလေး
မှာပဲ နေတယ်။
"အဘွား ကျွန်တော်ဝင်ခဲ့လို့ ရနိုင်မလား
ခင်ဗျ"
"အေး ဝင်ခဲ့ "အဘွားအိုက ခေါင်းပေါ်က
အရိုးခေါင်းဆံထိုးကို အသေချာ ပြန်စိုက်
လိုက် ရင်းပြောတယ်။ "
"ကျွန်တော့် ခန္ဓာကိုယ်က သွေးတွေ မူလ
ထက် ပိုများစေမယ့် ဆေးလို ချင်လို့ပါ"
"ဒီတိုင်းတော့ ငါ့ဆီက မရနိုင်ဘူး ဆိုတာ
သိတယ် မဟုတ်လား ကောင်လေး"
"ဟုတ် ကျွန်တော် အနေနဲ့ ဘယ်လိုမျိုး အလဲ
အလှယ် လုပ်ရမှာ မျိုးလဲ"
"ဟောဟိုမှာ တွေ့တယ် မဟုတ်လား
ငါ့ခြံရဲ့ စိုက်ခင်းတွေ မင်းအဲ့ဒီကို သွား
ပြီး ငါ့အတွက်ခြံ စိုက်ပေးရမယ်။"
"ရော့ ပေါက်တူးယူ သွားချေ"
ဘိုင်ပိုလာ စိုက်ခင်းတွေဆီ လျှောက်သွားတဲ့
အခါ မုန်လာဥနီ စိုက်ခင်းတွေ နေရာအနှံ့မှာ
တွေ့ရတယ်။ ဒါနဲ့ သူလည်း မုန်လာဥနီတွေ
တူးစွ ရှင်းသင့်တာရှင်း ပြုလုပ်နေရတယ်။
စိုက်ခင်း စိုက်နေရင်းက
စုန်းအဘွားအိုက အနားရောက်လာတယ်
အဘွားအိုက "ဟော ဟိုမှာ လာနေကြပြီ
မင်းသူတို့တွေ ရဲ့ ခေါင်းကို ဖြတ်ပေးရမယ်
သူတို့က မုန်လာဥစိုက်ခင်း အဖျက်ကောင်
တွေ ပြီးတော့ ငါတို့ကမ္ဘာက လူတွေက
သူတို့ကို အဆောင်အဖြစ် လိုချင်ကြတယ်
ကဲ ဟေ့ အချိန်မရှိဘူး လုပ်စရာရှိတာ လုပ်
တော့"
ဘိုင်ပိုလာ တစ်ယောက် အဘွားလက်ညိုး
ထိုးပြတဲ့ နေရာကို ကြည့်တဲ့အခါ မဲမဲ အရာ
တွေ လှုပ်စိစိ ချီတက်လာကြတယ်။
ဘိုင်ပိုလာ ရေရွတ်လိုက်တယ်
"အို ယုန်မဲတွေ အများကြီးပါ့လား"
"ယုန်မဲတွေ အို အနားကပ်လာကြပြီ"
ဘိုင်ပိုလာ ဟာ စိတ်ထားနူးညံ့လွန်းသူ ဖြစ်
တယ်။ယုန်တွေဟာ အဘွားရဲ့ စိုက်ခင်းတွေ
ကို နင်းတဲ့ ကောင်ကနင်း တစ်ချို့က မုန်လာ
ဥနီ တွေ ကိုက်ချီယုန်သာ မက အပင်တွေပါ
ဆုတ်ဖြဲ သွားကြတယ်။ ဘိုင်ပိုလာက ယုန်
တွေကို မောင်းထုတ်တယ်။ ဒါပေမယ့် ယုန်
တစ်ကောင်က ဘိုင်ပိုလာရဲ့ အနားကိုကပ်
လာပြီး လက်ကို လှမ်းကိုက်တယ်
အဲ့ဒီအချိန်မှာ ကလေးတစ်ယောက်က စိုက်
ခင်းထဲ ဝင်လာခဲ့တယ်။ ယုန်မဲတွေ ရဲ့ ဦးတည်ရာဟာ ပြောင်းလဲသွားပြီး ကလေး
ရှိတဲ့ ဆီ ခြေလှမ်းရောက်သွားတယ်။ ဒါကို
လည်း ဘိုင်ပိုလာက သိတယ်။ ယုန်မဲတွေ
ဟာ ကလေးပေါ်ကို အပြေးအလွှားခုန်တက်
ကြတယ်။ တစ်ချို့က ကလေးရဲ့ လည်ကုတ်
ကို ကုတ်ဆွဲကြတယ်။ ဒီအတိုင်းဆို ကလေး
အသက်ဆုံးရှုံးတော့ မယ် ။ ဘိုင်ပိုလာဟာ
အနီးက ပုဆိန် တစ်ချောင်းကို ယူပြီး ယုန်
မဲတွေကို လှမ်းခုတ်လိုက်တယ်။ ယုန်ခြောက်ကောင် လောက် အသက်ပါသွား
တယ်။ ကျန်တဲ့ယုန်တွေလည်း ကြောက်ပြီး
လာရာ လမ်းကို ပြန်လှည့်သွားကြတယ်။ ကလေးကတော့ ဘိုင်ပိုလာ ကို ကျေးဇူးတင်
နေတယ် ။ အဘွားအို ဟာ သောက်လိုက် ရင်
နဂိုထက် သွေးအင်အားပိုများမယ့် ဆေးပေး
လိုက်တယ်။
"မင်းကို ကျေးဇူးတင်ပါတယ် ကောင်လေး
ခုဆို လူတွေ စိတ်ကျေနပ်သွားကြပြီ ပေါ့
သူတို့လိုချင်တဲ့ အဆောက်လက်ဖွဲ့ ရပြီ
လေ ။ အထူးသဖြင့် ယုန်နက်တွေရဲ့ လက်
ခြေတွေဆို စုန်းမတွေက အစ သဘောကျ
ကြတာ ။ ငါတော့ ရောင်းကောင်းတော့မှာ
ပဲ"
အဘွားအိုဟာ မသတီစရာ တဟီဟီ နဲ့ ရယ်
နေတယ်။
ဘိုင်ပိုလာ တဲထဲက ထွက်လာခဲ့တယ်
"လူတွေ သဘောကျတဲ့
ကံကောင်းစေတဲ့ အဆောင်တဲ့
ကံကောင်းစေဖို့ အဆောင်ပါတဲ့.
ဘယ်လောက်များ ကံဆိုး လိုက်ပါ သလဲ
ယုန်တွေမှာ သူတို့ အတွက်နဲ့
တစ်သက်တာ ကံဆိုး မိုးမှောင်ကျရတာပဲ"
သွေး အလိမ်းလိမ်း ရွှဲနစ်နေတဲ့ အကျီင်္ကို
ကြည့်ရင်း ဘိုင်ပိုလာဟာ မျက်ရည်ဝဲ နေ
တယ်။ သူသည် စိတ်သဘောကောင်းပြီး စိတ်ထားဖြူ သော သူတစ်ပါးအပေါ် နားလည်စိတ်ရှိသော စိတ်ထားနူးညံ့လွန်းသူ တစ်ယောက် သာဖြစ်ပါသည်။
"စတိုရီ ရေ "
"ရလာခဲ့ ပြီလား"
"အင်း ကိုယ် ပြောစရာရှိ"
"ကိုယ်တို့ ဒီကမ္ဘာမှာ တွေ့ခဲ့ကြတာ ကြာပြီ
နော်။ ခင်ခဲ့ကြဖူးတာ စနောက်ခဲ့ ကြတာတွေ
ရောပဲ။ အင်း အကယ်၍ လေ ကိုယ်ဆုံးပါး
သွားခဲ့သည် ရှိသော် မြူ့ ကို စောက်ရှောက်
ဖို့ပါ။ ပြီး အရင်လို တစ်ယောက်ထဲ စိတ်ပျက်
အားငယ်နေတာမျိုး မဖြစ်စေနဲ့ ပေါ့ ကလေး။
ကိစ္စတိုင်းဟာ ကလေးထင်သလို ရိုးရှင်းမနေ
ဘူး။ ပုံပြင်တွေလို တစ်လမ်းတည်းသွားတဲ့
လမ်းတွေ မဟုတ်ဘူး ကလေး။ ပြီးတော့
မင်းအနေနဲ့ ပုံပြင်ထဲကလို လူတိုင်းကို
ကယ်တင်နိုင်စရာ မရှိဘူး။ တစ်ချို့ တွေဟာ
သူ့ဘဝပေးကံအတိုင်း သွားကြရတယ်။
အဲ့ဒါဟာ လောကရဲ့ နိယာမပဲ။ အဆုံးမှာ
တစ်ယောက်ထဲ ရှိလည်း ဝမ်းမနည်းနဲ့ ပေါ့။
ကိုယ်လည်း တစ်ယောက်ထဲပဲ။ တို့တွေ
လျှောက်တဲ့ လမ်းတွေမှာ ထောင့်ချိုးတစ်ခု
တော့ရှိမှာပါ။ အဲ့ဒီမှာ ထပ်ဆုံကြမှာပဲ။ အခု
ကိုယ်နဲ့ တွေ့ရတာကလည်း ထောင့်ချိုးတစ်
နေရာစာ တွေ့ဆုံကြရတာ မျိုးပါ။ တစ်နည်း
နည်းနဲ့ ပျောက်ဆုံးသွားခဲ့ သည်ရှိသော်
ကိုယ့်ကိုကိုယ် တည်ဆောက်ယူပါ ကလေး"
"ဒီနေ့ည စကြမှာလား"
"အင်း"
သူတို့ဟာ မြူ သစ်ပင် စိုက်ဖို့ မြေနေရာ ရှာကြ
တယ်။
"ရှေ့နားလောက်ဆိုရင် ရော အဆင်ပြေ
လောက်မလား"
ဘိုင်ပိုလာဟာ တွင်းကြီးကြီး တစ်ခုတူးတယ်
ခရမ်းရောင် ဖန်ပုလင်းထဲက မြူ တွေလောင်း
ထည့်တယ်။ ပြီးတော့တွင်းကို မြေကြီးတွေနဲ့
ပြန်ဖုံးတယ်။ တုတ်ချောင်းတစ်ချောင်း ယူ
ပြီး မြေနေရာကို အပေါက်ဖောက်လိုက်တယ်
ဓားတစ်ချောင်းကို ယူပြီး ဘိုင်ပိုလာဟာ လက်ကောက်ဝတ်ကို နှစ်ချက်လှီးဖြတ်တယ်
သွေးတွေဟာ မြေကြီးပေါက်ထဲ ကို တစ်စက်
ချင်း ကျနေတယ်။စတိုရီကပုံပြင်စပြောတယ်
"ကျွန်တော့်ရဲ့ သံပတ်ရုပ်မလေး
မမျှော်လင့်ထားတဲ့ ညတစ်ညမှာပေါ့
မြူ မြူ အဲ့ဒီ မြူ တွေကြားမှာ ကျွန်တော် ချစ်ရ
သူဟာ သံပတ်ရုပ်မကလေး ဖြစ်သွားခဲ့........
..............................................................."
"တစ်ညမှာ မီးခိုးရောင် ရထားတစ်စင်းဟာ
ကျွန်တော့်ရဲ့ ရှေ့ မြူ တွေ ကြားပေါ်လာခဲ့..
............................................................"
"မြူ နှင်းဝေ ဆိုတဲ့ ကောင်မလေးတစ်
ယောက် ရှိတယ်။ သူ့ကို မြူ တွေကြားမှာ မွေး
လို့ မြူ နှင်းဝေလို့ အမည်ပေးခဲ့ တာပြောတယ်
သူတို့ အိမ်ပြောင်းလာကတည်းက သူနဲ့
ကျနော် ခင်နေခဲ့တာ ပဲ။ ကျနော်တို့ ဒန်းတူ
တူ စီးနေကြ။ မြူ နှင်းဝေ ဟာ မြူ တွေလို လှ
တယ်။ ဖျော့တော့ပြီး လှတာ။ နှင်းဆီပန်း
တစ်ပွင့် ပန်ထားလိုက်ရင် လေ သူရဲ့ဖျော့
တော့ခြင်း မှာ ရှိရှိသမျှ အရာအားလုံး ပျော်
ဝင်သွား မယ့်အလှမျိုးပဲ ။ ကျနော် သူ့ကို ချစ်
တယ်။ တစ်နေ့ ကျနော့်အမေနဲ့ ကျနော်
သူကို မိတ်ဆက်ပေးတယ်။ အမေက ပြော
တယ်။ "သားနောက်နေတာ လား"တဲ့။
မြူ နှင်းဝေတို့ နေတဲ့ အိမ်ဟာ လူ မနေတာ
နှစ် ၄၀ ကျော်ကြာပြီ တဲ့။ အို မဖြစ်နိုင်တာ
အဲ့ဒါနဲ့ ကျနော်လည်း ................................
.............................................................."
ဒီလိုနဲ့
စတိုရီ ပုံပြင်ဆက်ပြောနေတာ တစ်ရာကျော်
ရှိနေခဲ့ ပြီဖြစ်တယ်။ ဘိုင်ပိုလာဟာ စုန်းမကြီ
း ပေးလိုက်တဲ့ ပုလင်းလေးကို ဖွင့်သောက်
တယ်။ အရှေ့အနောက်တောင် မြောက်မှာ
မြူ တွေ ဆိုင်းလာကြတယ်။ ခွေးအူသံတွေ
ဟာ နေရာအနှံ့ပဲ ။မြေကြီးထဲ ကနေ အငွေ့
တစ်ချို့ ထွက်လာတယ်။
စတိုရီဟာ ပုံပြင် ဆက်ပြောရင်း အခြေနေကို
စောင့်ကြည့်တယ်။
မြေကြီးထဲ ကနေ ခရမ်းရောင် အငွေ့တစ်
ချို့ ထွက်လာတယ်။ ဘိုင်ပိုလာဟာ မြေကြီး
ရှိရာကို လက်လှမ်းထားဖို့ ရာ ဖျော့တော့
လာပြီ ဖြစ်တယ်။
စတိုရီဟာ လည်း ဖျော့တော့ လာနေတယ်
ပုံပြင်က တစ်ထောင်ပြည့်ဖို့ ၃၀ ကျော်သာ
လိုပါတော့တယ်။
ဆောင်းရဲ့ အချမ်းဒဏ်ကို သူတို့နှစ်ယောက်
လုံး ခံစားကြရတယ်။
ဘိုင်ပိုလာ ဟာ အရမ်းပင်ပန်းတဲ့ အတွက်
အိပ်နေရတယ်။ ဒါပေမယ့် သူဟာ ဒီ
ဘက်ကမ္ဘာမှာ အမြဲတမ်း နီးပါး ရှိနေခဲ့တဲ့
အတွက်။ သွေးဟာ ဘယ်သူ့အတွက်
မဆို အင်အားတစ်ခုပဲ။ ဘိုင်ပိုလာ သွေးတွေ
တဖြေးဖြေး လျှော့လာတဲ့ အခါ။ တဖြေးဖြေး
အဖိုးအို တစ်ယောက်ရဲ့ ပုံဖြစ်လာတယ်။
ဒီလိုနဲ့ ပုံပြင် ၁၀၀၀ ပြည့်ဖို့ရာ ၇ ပုဒ်လောက်
ပဲ လိုတော့တယ်။ စတိုရီ ဟာ တဖြေးဖြေး
ပိုပို ပြီး ငယ်လာလိုက်တာ ၇ နှစ်အရွယ်
ကလေးတစ်ယောက် အရွယ်ပဲ ရှိတော့တယ်
သူမဟာ နောက်ပုံပြင် ခုနှစ်ပုဒ် ပြောခဲ့မယ်
ဆိုရင် အသက်တစ်နှစ် မပြည့်ခင် မမွေးဖွား
ရသေးတဲ့ အချိန်ပြန် ရောကိသွားမှာ ဖြစ်
တယ်။ ဒါပေမယ့် ဘုရင်ကြီးက အသက်ရှင်
မယ့် ဆုတောင်းက လွဲလို့ အသက်မသေဆုံး
ခင် ဆုတောင်း တစ်ခု တောင်းခွင့်ရှိတယ်
မြေကြီးထဲမှာ နေချင်သလား။ သို့မဟုတ်
အရာဝထ္ထု တစ်ခု အဖြစ် တည်မြဲ နေချင်
သလား ။ ကိုယ်ကြိုက်ရာ ရွေးချယ်ခွင့် ရှိပါ
တယ်။
စတိုရီ တွေးနေရင်းက
ခရမ်းရောင် အငွေ့တွေ မြေကြီးထဲ ကထွက်
လာတာ မြင်ရတယ်။ ဘိုင်ပိုလာကို လှမ်း
နှိုးလိုက်ရင်း "အကို တစ်ခုခု တော့ ထူးခြား
လာခဲ့ ပြီထင်တယ်"
အငွေ့တွေ အဲ့ဒီအငွေ့တွေ ကို စတိုရီ သိ
တယ်။ အငွေ့တွေ ရစ်သိုင်းသွားတဲ့ အခါအ
မျိုးသမီး တစ်ယောက် ရဲ့ ရုပ်သွင်ဟာ သူမ
မျက်လုံးထဲ မှာပေါ်လာတယ်။ မြူ မြူ ဟာ
သူမနဲ့ အိမ်မက်မက်ရင်း မြူ တွေရှိတဲ့ ကမ္ဘာမှာတွေ့ဆုံ ခဲ့ကြတာ။ အဲ့ဒီတုံးက စတိုရီဟာအရမ်းငယ်သေး တယ်။ အကိုဘိုင်ပိုလာဟာ အဲ့ဒီတုံးက တိုရီ ထက် အသက်နည်းနည်း ပိုကြီးတယ်။မြူ က အားလုံးထဲမှာ အသက်ကြီးဆုံး ပဲ။
စတိုရီနဲ့ ဘိုင်ပိုလာတို့ဟာ သိပ်ငယ်သေး လို့ သာမမှတ်မိကြတာ။ မြူ
မြူ ရယ် စတိုရီ ရယ် ကိုကို ရယ်
သူတို့ဟာ ကြယ်တွေ တူတူ ကြည့်ဖူးတယ်
မြူ တို့်ကမ္ဘာမှာ ကြယ်တွေ ကြည့်ရတာ သိပ်
လှတာပဲ ကြယ်တွေကို မြူ တွေကြားက
ကြည့်ရင်း ကော်ဖီသောက်ရတာ။ မြူ တို့.သုံးယောက် အတူသိုးတွေ မွေးကြတယ်။ ပုံပြင်တွေ သုံးယောက်ဖန်တီး ကြတယ်။ မြူ ကစတိုရီ မသိတဲ့ လခြမ်းပုံ တူရိယာ ကလေး
တီး ပြတက်တယ်။ မြူ က တူရိယာ တီးတဲ့
နေရာမှာ သိပ်တော်တာ။ မြူ့ အသံဟာ
တိမ်ဖုံးတဲ့ ညမှာ လနတ်သမီး တစ်ပါး တိမ်
တွေ ကြား မှာခုန်နေသလိုပဲ။
မြူ
မြူ
စိတ်ထားကောင်းသူ မြူ
စိတ်ထားနူးညံ့ လွန်းသူ မြူ
ဝမ်းနည်းလွယ်သူ မြူ
စတိုရီနဲ့ တူတဲ့ သိမ်ငယ်စိတ် ရှိတဲ့ မြူ
သံစဉ်တွေနဲ့ အတူ ပုံပြင်တွေ ချစ်တဲ့မြူ
စတိုရီ ချစ်တဲ့ မြူ
စတိုရီ ပုံပြင် ဆက်ပြောနေခဲ့တယ်။
ပုံပြင် ၅ပုဒ် စာ ပြောပြီးသွားတဲ့ အခါ
မြေကြီးထဲက သစ်ကိုင်းတစ်ခု ထိုးထွက်
လာတယ်။ အပင်သေးသေး လေးတစ်
ပင် ပေါက်လာတယ်။
ခရမ်းရောင် အလင်းဝိုင်းလေးတွေ ပင်စည်
လုံးပတ်ထဲမှာ ဖြာလင်းနေတယ်။
မြူ ခိုးမြူ ငွေ့တွေ ထွက်လာကြတယ်။
ဘိုင်ပိုလာဟာ အိုမင်းရင့်ရော် လာရင်း လဲ
ကျသွားတယ်။ စတိုရီက ဘိုင်ပိုလာကို
ထိန်းထားရတယ်။ သူတို့နှစ်ယောက်လုံး
သိသွားကြတဲ့ ကိစ္စတစ်ခု ရှိတယ်။
အဲ့ဒါကတော့ မြူ တို့ကမ္ဘာ ကို တစ်ခြားကမ္ဘာ
က ဧည့်သည်တွေ လာခွင့်မရှိဘူး။ အကယ်
၍ ဝင်လာခဲ့ရင်လည်း ခဏတဖြုတ် သာ
နေခွင့်ပြု ထားတာမျိုး။ မြူ ဟာ မြူ တို့ကမ္ဘာ
ရဲ့ စည်းတွေကို ဖောက်ဖျက်ပြီး ဘိုင်ပိုလာ
နဲ့ စတိုရီ ကို ဒီဘက်ကမ္ဘာမှာ နေထိုင် စေ
ခဲ့တာ။ မြူ ဆုံးခါနီးတော့ အရင်က အဖြစ်အ
ပျက်တွေ မေ့မေ့လျော့လျော့ ဖြစ်အောင် မြူ
တို့ကမ္ဘာရဲ့သဘာဝတရားကဖျောက်ဖျက်ပေး
လိုက်တာ။
ဘိုင်ပိုလာဟာ တဖြေးဖြေး အိုမင်းရင့်ရော်
လာလိုက်တာ စတိုရီ ဟာ အငွေ့ပျံပျောက်
လွင့်သွားမှာ စိုးတဲ့ အတွက် အသေအချာ
ဖက်တွယ်ထားရတယ်။
လှပတဲ့ ခြေဖဝါး တစ်ဖက်ကို မြူ တွေကြား
ကသူတို့ နှစ်ဦးလုံး လှမ်းမြင် လိုက်ကြရတယ်
"မြူ
မြူ
စတိုရီ ဝမ်းသာလိုက်တာ
ဒါ
ဒါ ပေမယ့်"
စတိုရီ ဟာ ဘိုင်ကိုလာကို မြူ လက်ထဲ ထည့်
ပေးလိုက်တယ်။ မြူ ရဲ့ ပါးပြင်နှစ်ဖက်လုံး
မှာ မျက်ရည်ဥတွေ တွဲလဲခိုနေတယ်။ မြူ
တွေ ပိုဆိုင်းလာကြပြီ ။ အရိပ်တွေဟာ ပို
ဝေဝါး လာကြတယ်။ မြူ လက်ထဲက
ဘိုင်ပိုလာရဲ့ ဦးခေါင်းဟာ တစ်ဖက်ကို
ငိုက်စိုက်ကျ သွားတယ်။
မြူ တွေကြားမှာ နှစ်နှစ်အရွယ် ကလေးမလေး
တစ်ယောက်နဲ့ မိန်းမပျို တစ်ယောက်ဟာ
တစ်ယောက်ကို တစ်ယောက် ဖက်ရင်း
ငိုကြွေးနေကြတယ်။
"မြူ စတိုရီ လေ ပုံပြင်ပြောပြမယ် သိလား"
"ဟိုရှေးရှေးတုံးက မြူ ပင်တစ်ပင် ရှိတယ်တဲ့
သူဟာ......................................................................................................................"
"ဟိုး တုံးက မြူ ဆိုတဲ့ ကောင်မလေး တစ်
ယောက်ရယ် စတိုရီဆိုတဲ့ ပုံပြင်ကလေး
ငယ် လေးရယ် ဘိုင်ကိုလာ ဆိုတဲ့ အိမ်မက်
ကမ္ဘာက ကောင်လေး တစ်ယောက်ရှိခဲ့
ကြတယ်။ သူတို့ဘာ ဖြစ်သွားလည်း သိလား
မြူ ............................................................................................................................"
စတိုရီဟာ နောက်ဆုံးပုံပြင် ဆုံးချိန်မှာ
နောက်ဆုံး ဆုတောင်းကို
ပုံပြင်ဘုရင်ကြီးဆီမှာ အာရုံပြု ရင်း
ဆုတောင်းလိုက်တယ်။
"စိတ်ထားကောင်းသူ မြူ
စိတ်ထားနူးညံ့ လွန်းသူ မြူ
ဝမ်းနည်းလွယ်သူ မြူ
စတိုရီ ချစ်ရတဲ့ မြူ
မြူ
မြူ ရေ
ချစ်ရတဲ့ မြူ ရေ"
"အသက်ပြန်ရှင်လာတဲ့ ဘိုင်ပိုလာနဲ့ မြူ
တို့ဟာ သက်ထက်ဆုံး ပေါင်းစည်းသွား
နိုင်ကြပါစေ"
"စတိုရီဟာ
ရေဒီယို ကလေး ပြန်ဝင်စား ပါရစေ
ဘဝဆက်တိုင်းမှာ
ဘိုင်ပိုလာ ရေဒီယို ကလေး ဖြစ်ချင်ပါတယ် "
ဆုတောင်းလို့ပြီးပြီးချင်းမှာပဲ
မိုးကြိုးသွားတစ်ခုက လက်ခနဲ
.
စတိုရီ ဆီကို ဦးတည်ပြီး
"အား!!!!!"
ဘိုင်ပိုလာ ဟာ မူလအရွယ်အတိုင်း ရုတ်
တရက်လန့်နိုးလာတယ်။ သူနိုးလာတဲ့ အ
ခါ မြူ့ ကို တွေ့တယ်။ မြူ့ ဘေးနားမှာ ရေဒီ
ယို တစ်လုံး။ သူတို့ဟာ ရေဒီယို ကလေးကို
အမြတ်တနိုး ပွေ့ဖက်ထား လိုက်ကြတယ်။
နှစ်ကာလ ကြာရှည်တဲ့ အခါမှာ
မြို့ တစ်မြို့ရဲ့
စေတနာ့ စာကြည့်တိုက်တစ်ခုမှာ
စာကြည့်တိုက်မှူး ပုံပြင်တွေ ချစ်တဲ့
အဘွားနဲ့ အဘွားအပြင်
နေ့စဉ် သူတို့ တယုတယ ကိုင်တွယ် တက်ပြီး
ပန်းပွင့်ကလေး ပန်ပေးထားတက်တဲ့
ရေဒီယိုကလေး တစ်လုံးကို
တွေ့ကြရမှာ ဖြစ်တယ်။
ခရမ်းရောင် ရေဒီယို လေးဟာ
ရေဒီယို ဖွင့်လိုက်ရင်ပဲ
သူ့ကိုယ်သူ အခုလို မိတ်ဆက် တက်တယ်။
"ဟုတ်ကဲ့ ကျွန်မက တော့
စတိုရီ အမည်ရ
ဘိုင်ပိုလာ ရေဒီယို ကလေးပါ
ဒီနေ့ မြူ နဲ့ ဘိုင်ပိုလာ တို့ အပြင်
တစ်ခြား ကလေးတွေ အတွက်ပါ
ရည်ရွယ်ပြီး မိတ်ဆက်ပေး မယ့်
ပုံပြင်ကလေး နာမည်က
"ဘိုင်ပိုလာ ရေဒီယို "ပါတဲ့
ဒိုဒို
နဲ့ ကောင်လေး တစ်ယောက်ရှိခဲ့တယ်။
တကယ်တော့ အိမ်မက်မြို့တော် မှာ သိပ်ပြီး
အိပ်ဖို့ ရာ မဖြစ်နိုင်ဘူး။အိမ်မက်မြို့ တော်
မှာ တစ်ခါအိပ်ပျော်သွားရင် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ် သတ်တမ်းကနေ နှစ်၁၀၀
ကျော်လောက်ထိ ကုန်ဆုံးသွားနိုင်တယ်။
အခု ပြောနေတာ က ကမ္ဘာတစ်ခုက အဖြစ်
အပျက်တွေ ပါ။
အိမ်နီးချင်း ကမ္ဘာတစ်ခုမှာတော့ စတိုရီဆိုတဲ့
ကောင်မလေး တစ်ယောက်ရှိတယ်။
စတိုရီ က နေ့စဉ်သူတို့ မြို့မှာ လုပ်ရှားသွား
လာတယ်။ သူမရဲ့ အလုပ်ကတော့ ကလေး
တွေကို ပုံပြင် ပြောပြပြီး အသက်မွေးဝမ်း
ကျောင်း ပြု ခြင်းပဲ သူမ ရဲ့ စွမ်းရည်က
တစ်ခြား သူတွေနဲ့ မတူတဲ့ ပုံပြင်တွေ ဖန်တီး
ပြောဆို နိုင်ခြင်းပါပဲ။ သူမဟာ သူမတို့.ကမ္ဘာ
မှာ အထူးဆန်းဆုံးသော မိန်းကလေးပါ
ဒီလို ပြောရတာ အကြောင်းရှိပါတယ်
အကြောင်းရင်းကတော့ သူမ နေထိုင်တဲ့
ကမ္ဘာဟာ ပုံပြင်ကမ္ဘာ ဖြစ်လို့ ပါပဲ
ပုံပြင်ကမ္ဘာမှာ ကြောက်စရာ ကျိန်စာဆိုး
တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ သူတို့ကမ္ဘာ
ရဲ့ ပုံပြင်တွေ မပေါက်ကြားအောင် ပုံပြင်
ကမ္ဘာရဲ့ ဘုရင်ကြီးကို တောထဲက စုန်းအဘွားအို ကို အကူအညီတောင်း ခဲ့တာ
ပါ။ ပုံပြင်ပြောသူ မျိုးဆက်တွေဟာ ပုံပြင်
၁၀၀၀ ပြည့်အောင် ပြောဆိုခွင့် မရှိပါဘူး။
ပိတ်ပင်ထားခဲ့ ကြပါတယ်။ ပုံပြင်ကမ္ဘာ
မှာ နေ့ရက်တွေက ရှည်ကြာပါတယ်။
လူတွေနေထိုင်ရာ ကမ္ဘာမှာ စက္ကန့်တံ ၆၀
မှ တစ်မိနစ် ပြည့်ပေမယ့် ပုံပြင်ကမ္ဘာမှာ
၁၂၀ မှ သာ တစ်မိနစ်ပြည့်ပါတယ်။
အိမ်မက် ကမ္ဘာကတော့ အကန့်သတ်နဲ့
မဟုတ်ပါဘူး။ ပိုအိပ်လေလေ လူဟာ
အသက်ကြီး သွားလေလေ ဖြစ်စရာ ရှိတယ်
ယေဘုယျ အားဖြင့်တော့ အိမ်မက်ကမ္ဘာ
မှာ စက္ကန့်၃၀ ကို တစ်မိနစ် ဖြစ်တယ်
သူတို့နှစ်ယောက် ဟာ မိုးညတစ်ညရဲ့
သီချင်း သံစဉ်ကြားမှာ ဆုံကြပါတယ်။
ဘိုင်ပိုလာဟာ သံစဉ်သေတ္တာလေး ပိုက်ရင်း
အိပ်ပျော်နေ ပါတယ်။ စတိုရီက တော့
မျက်နှာကြက် ကို မျက်နှာမူရင်း အိပ်ပျော်နေ
ခဲ့တယ်။ သူတို့နှစ်ယောက် တစ်ပြိုင်တည်း
ဖွင့်ခဲ့ တဲ့သီချင်း နာမည်က မိုးညအိမ်မက်မြူ
လို့ ခေါ်တယ်။ တကယ်တော့ တို့တွေရဲ့
ဘဝ ဖြစ်စဉ် တစ်လျောက်လုံး ဟာ မိုးညတစ်
ညမှာ မြူ တွေ ကြားအိမ်မက်ယောင် လမ်း
လျှောက်ကြ ရတဲ့ လူတွေလိုပဲ မဟုတ်လား။
ညရဲ့ တိတ်ဆိတ်မှုမှာ သီချင်းသံစဉ်တွေဟာ
ဟိုဒီ ပြေးလွှားကခုန် နေတယ်။
တကယ်တော့ ပုံပြင်ကမ္ဘာ နဲ့ အိမ်မက်ကမ္ဘာ
ဟာ အလွှာတစ်ခု ပဲ ခြားပါတယ်
အလွှာနှစ်ခု ရဲ့ ကြားမှာ မြူ တွေ မီးခိုးငွေ့
တွေ ရစ်သိုင်းနေတဲ့ အလွှာပါး တစ်ခုရှိတယ်
မိုးညအိမ်မက်မြူ သီချင်းက မြူ တွေရှိတဲ့.
အလွှာကို ဖြတ်သန်း သွားနိုင်တာ မျိုးပါ။
နံရံရဲ့ တစ်ဖက်ကို ဝင်သွားသလိုပေါ့
အမျိုး အမည် မသိတဲ့ မြူ တွေ လွှမ်းနေတဲ့
ကမ္ဘာတစ်ခုမှာ စတိုရီဟာ သစ်ပင်အောက်
မှာ ထိုင်ငိုနေခဲ့တယ်။
ဘိုင်ပိုလာက ဘာမှ မပြောပဲ ငေးရုံသာ
ငေးကြည့် နေခဲ့ပါတယ်။စတိုရီ ငိုလို့ ဝမှ
တစ်ခုခု လှမ်းပြောတယ်။
"သာမာန် အားဖြင့် ကျွန်တော်က လူတစ်
ယောက်ကို မငိုဖို့ အတင်းကာရော ဖိအား
ပေးလှည့်ပတ် ပြောဆိုနေရတာတွေ သဘော
မကျ လှဘူး။ မျက်ရည်ဟာ အများအားဖြင့်
တော့ စိတ်ထားနူးညံ့သူ တွေ မှာသာ ကျတဲ့
အရာ တစ်ခု ပဲလေ။တန်ဖိုးထား သင့်လှပါ
တယ်"
"ဘိုင်ပိုလာ ဟာ ငို တက်ပါသလား"
"အင်း ကျွန်တော်ဟာ အချိန်အတော်ကြာ
ငိုနေခဲ့ တာပါ။ ဘဝတစ်လျှောက်လုံး နီးပါး
လို့တောင် ပြောလို့ ရနိုင်မယ် ထင်တယ်
ကျွန်တော့်တို့ ကမ္ဘာမှာ သိပ်ပြီး နှစ်သက်
လောက်ရတာ တွေ မရှိဘူးလေ။ များသော
အားဖြင့် က ကျွန်တော့် ဒီဘက်ကမ္ဘာကို
လာတက်တယ်။ ကျွန်တော့်တို့ ကမ္ဘာက
လောကမှာ စိတ်ပျက်ငြီးငွေ့သူတွေ လည်း
သတ်သေ ဖို့ရာ မဖြစ်နိုင်ဘူး။
အိမ်မက်ကမ္ဘာဖြစ်တဲ့ အတွက် ခင်ဗျား
ခေါင်းပြတ်သွားလည်း နိုးလာရင် ပြန်ဆက်
ရင် ဆက်နေနိုင်မှာ ပဲ။"
"ဒါနဲ့ ဒီဘက်ကမ္ဘာမှာ ဘာကြောင့် ရှိနေရတာ
လဲ ။ "
"အမျိုးသမီး တစ်ယောက်ပါ။ သူမက ဒီဘက်
ကမ္ဘာမှာ မူလနေထိုင် သူပေါ့။ကိုယ့် သူကို
စတွေ့ခဲ့တုံးက သူမက ကိုယ့်ထက် အသက်
ထောင်နဲ့ ချီ ကြီးတယ်။ သူမနဲ့ ကိုယ်နဲ့ က
အသက်အရွယ်မမျှတ ဖူးပေါ့။ဒါပေမယ့်
သူမ က လူတွေရဲ့ ကမ္ဘာမှာဆိုရင်ကိုယ့်
ထက်ငါးနှစ်လောက်ပဲကြီးတယ်လို့ထင်ရမှာ
ကိုယ် ဒီဘက်ကမ္ဘာမှာ နေရတာ ပျော်လာ
တယ်။ သူမကို နှစ်သက်တယ်။ သူမက နှစ်လိုဖွယ်ကောင်းတယ် လို့ထင်တယ်။
သူမက ဝမ်းနည်းလွယ်ပေမယ့် ချစ်စဖွယ်
ကောင်းတယ်။ ကြာတော့ ကိုယ်တို့ နီးစပ်
ချင်လာတယ်။ ဒါပေမယ့် ကမ္ဘာနှစ်ခုဟာ
မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ဒီလိုနဲ့ သူမနဲ့ နီးဖို့ကျွန်
တော် အမြဲကြိုးစားခဲ့ တယ်။ ကြိုးစားတယ်ဆိုတာ ဒီဘက်ကမ္ဘာမှာ သူနဲ့
နီးစပ်ဖို့ ကျွန်တော်တို့ အိမ်မက်ကမ္ဘာ အမြဲ
အိပ်နေရတယ်။ ကျွန်တော် အိပ်ဆေးတွေ
သောက်ပြီး ဒီဘက်ကမ္ဘာကို လာတာမျိုးလည်
း ရှိတယ်။ကျွန်တော်တို့ ကမ္ဘာနဲ့ အကြာကြီး
အိပ်လို့ မရဘူး။ အိပ်ရင် တဖြေးဖြေး အသက်တွေ ကြီးလာတယ်။ အရမ်းကြီး
ရုပ်ရည်အိုမင်း သွားတာမျိုး မဟုတ်ပေမယ့်
အတွင်း ခန္ဓာမှာ တဖြေးဖြေး အားနည်းလာ
တယ်။ ကျွန်တော် နှစ်၇၀၀ ကျော်လောက်
ထိ ကျွန်တော့်အသက်ကို အိပ်ရင်း ကုန်ဆုံး
ခဲ့တယ်။"
"ဒါနဲ့ သူမ ကရော"
"သူမက သေသွားခဲ့တယ်။ တကယ်တော့
မြူ တွေ ဖြစ်သွားတာ သူမနာမည်က လည်း
မြူ ဆိုတော့ မြူ တွေ ရှိတဲ့ ကမ္ဘာမှာ မြူ တွေ
ဖြစ်ပြီး သေသွားတာ မျိုး ထင်ပါတယ်။
သူ သေသွားတော့ ကျွန်တော့် မြူ တွေ သိမ်း
ဆည်း ထားခဲ့တယ်။
ဟော့ဒီ ခရမ်းရောင် ဖန်ဘူးလေး ထဲမှာ။
မြူ ကမ္ဘာမှာ သေဆုံးသွားတွေ အသက်ပြန်
ရှင်လာအောင် ပြုလုပ်လို့ရတယ်။ ဒါပေမယ့်
မလွယ်ဘူး။"
"ဘယ်လို မလွယ်တာ မျိုးလဲ"
"သေဆုံးသွားသူရဲ့ အသက်ဝိညာဉ်ဆိုတာ ကျွန်တော့်လက်ထဲက ပုလင်းထဲက မြူတွေ
ကို အသက်ဝိညာဉ် လို့ ပြောကြတယ်။
သူရဲ့ အသက်ဝိညာဉ် ရယ် အိမ်နီးချင်း
ကမ္ဘာသုံးခု ရဲ့စည်းသုံးခု ဖောက်ဖျက် ရမှာ"
"အိမ်နီးချင်း ကမ္ဘာဆိုတာ"
"အိမ်နီးချင်းကမ္ဘာဆိုတာ
အိမ်မက်ကမ္ဘာ ရယ်
မြူ တွေ ရှိတဲ့ ကမ္ဘာနဲ့
ပုံပြင်ကမ္ဘာ"
"ဘယ်လို စည်းဖောက်ရမှာ မျိုးလဲ"
"သစ်ပင်တစ်ပင် စိုက်ရမယ်
တကယ်တော့ အဲ့ဒီ သစ်ပင်ကို "မြူ သစ်ပင်"
လို့ ခေါ်တာ။ မြူ ကမ္ဘာက ဝိညာဉ်တွေ ပြန်
လည် ရှင်သန်ဖို့ ကြားခံနယ် သစ်ပင်"
"သစ်ပင်ကို ဘယ်လို စည်းဖောက်ပြီး စိုက်ရမှာ မျိုးလဲ"
"တကယ်တော့ အိမ်မက်ကမ္ဘာက လူတွေ
ဟာ မြူကမ္ဘာမှာ အချိန်ကြာလေလေ
အသက်ကြီး အင်အားယုတ်လျော့ သွား
ကြမှာ အထူးသဖြင့် ကျွန်တော့်တို့ဟာ
အသက်ထောင်ချီ နေရမှာ မှန်ပေမယ့်
ကျွန်တော့် နှစ်ခုနှစ်ရာ ကျော် အိပ်ရင်းကုန်
ဆုံးခဲ့ပြီးပြီ။ မြူ သစ်ပင် ဖြစ်လာဖို့ အိမ်မက်ကမ္ဘာ က လူတစ်ယောက်ရဲ့
သွေးရယ်၊ ပုံပြင်ကမ္ဘာက လူတစ်ယောက်ရဲ့
မနားတမ်း ပုံပြင်ပြောမှု ရယ်လိုအပ်တယ်။"
"ပုံပြင်က ကိုယ်ပြောချင်တဲ့အကြောင်းအရာ
ကို ပြောခွင့်ရှိတာ မျိုးတော့ မဟုတ်ဘူး။ မြူ သစ်ပင်ပေါက်လာမဲ့ မြေကြီးပေါ် အိမ်မက်က
မ္ဘာက လူ သွေးစက်တွေ ချနေတုံးမှာ မြူ ကမ္ဘာ
အကြောင်း နြဲ့မူ ပါတဲ့ ပုံပြင်တွေ ပြောရမှာ။
ပြောတဲ့အခါမှာ လည်းလုံးဝရပ်လို့ မရဘူး။
အဲ့ဒါကြောင့် ပုံပြင်ပြောတဲ့ သူဟာ ပုံပြင်တစ်ပုဒ်မဆုံးခင်မှာအခြားပုံပြင်တစ်ပုဒ် ပြင်ဆင် ပြီးသား ဖြစ်နေရမယ်။"
"တိုရီ ပြောနိုင်မယ် လို့ ထင်တယ်"
"ဒါပေမယ့် စတိုရီ မင်းက ပုံပြင် ဘယ်နှစ်
ပုဒ် ပြောခဲ့ဖူးတဲ့ အတွေ့အကြုံ ပေါ်မူတည်
တယ်။ နောက်တစ်ခုက မင်းတို့ကမ္ဘာမှာ
ပုံပြင် တစ်ထောင်ပြောခွင့် မရှိဘူး။ မင်း
ဘယ်လောက်ထိ ပြောခဲ့ ပြီးပြီလဲ။
မြူ ကမ္ဘာ ရဲ့ တစ်ရက်က အလွန်ရှည်ကြာ
တယ်။ သစ်ပင်က ခန့်မှန်းရသလောက်
တစ်ရက်အတွင်းမှာ ပေါက်လာဖို့အခွင့်အ
လမ်း သိပ်နည်းတယ်။"
တကယ်တော့ သူမက ပုံပြင် ပေါင်း၈၅၈ ပုဒ်
ထိ ပြောပြီး သွားခဲ့ပြီ။
"အင်း ငါးရာကျော်လောက်ပဲ ထင်ပါတယ်"
"တိုရီ ဘယ်နေ့လောက် စကြမလဲ လော
လောဆယ် တိုရီမြူ ပုံပြင်တွေ စုဆောင်း
ရမယ် သွေးအင်အား များဖို့က တောင်ကြား
လမ်းက စုန်းမကြီး ဆီ သွားပါ ။
သူက အလကားတော့ မကူညီတက်ဘူး။ တစ်ခုခုနဲ့ လဲပြီး ယူရတက်တယိ"
"အင်း ဒါဆို ကိုယ်သွားအုံးမယ်"
ဘိုင်ပိုလာ ဟာ လျှောက်သွားရင်း စုန်းအဘွား
အို ကိုလှမ်းတွေ့ရတယ်။ အဘွားအိုဟာ
ကျောက်ဂူ ထဲမှာ မနေတော့ပဲ တဲအိုလေး
မှာပဲ နေတယ်။
"အဘွား ကျွန်တော်ဝင်ခဲ့လို့ ရနိုင်မလား
ခင်ဗျ"
"အေး ဝင်ခဲ့ "အဘွားအိုက ခေါင်းပေါ်က
အရိုးခေါင်းဆံထိုးကို အသေချာ ပြန်စိုက်
လိုက် ရင်းပြောတယ်။ "
"ကျွန်တော့် ခန္ဓာကိုယ်က သွေးတွေ မူလ
ထက် ပိုများစေမယ့် ဆေးလို ချင်လို့ပါ"
"ဒီတိုင်းတော့ ငါ့ဆီက မရနိုင်ဘူး ဆိုတာ
သိတယ် မဟုတ်လား ကောင်လေး"
"ဟုတ် ကျွန်တော် အနေနဲ့ ဘယ်လိုမျိုး အလဲ
အလှယ် လုပ်ရမှာ မျိုးလဲ"
"ဟောဟိုမှာ တွေ့တယ် မဟုတ်လား
ငါ့ခြံရဲ့ စိုက်ခင်းတွေ မင်းအဲ့ဒီကို သွား
ပြီး ငါ့အတွက်ခြံ စိုက်ပေးရမယ်။"
"ရော့ ပေါက်တူးယူ သွားချေ"
ဘိုင်ပိုလာ စိုက်ခင်းတွေဆီ လျှောက်သွားတဲ့
အခါ မုန်လာဥနီ စိုက်ခင်းတွေ နေရာအနှံ့မှာ
တွေ့ရတယ်။ ဒါနဲ့ သူလည်း မုန်လာဥနီတွေ
တူးစွ ရှင်းသင့်တာရှင်း ပြုလုပ်နေရတယ်။
စိုက်ခင်း စိုက်နေရင်းက
စုန်းအဘွားအိုက အနားရောက်လာတယ်
အဘွားအိုက "ဟော ဟိုမှာ လာနေကြပြီ
မင်းသူတို့တွေ ရဲ့ ခေါင်းကို ဖြတ်ပေးရမယ်
သူတို့က မုန်လာဥစိုက်ခင်း အဖျက်ကောင်
တွေ ပြီးတော့ ငါတို့ကမ္ဘာက လူတွေက
သူတို့ကို အဆောင်အဖြစ် လိုချင်ကြတယ်
ကဲ ဟေ့ အချိန်မရှိဘူး လုပ်စရာရှိတာ လုပ်
တော့"
ဘိုင်ပိုလာ တစ်ယောက် အဘွားလက်ညိုး
ထိုးပြတဲ့ နေရာကို ကြည့်တဲ့အခါ မဲမဲ အရာ
တွေ လှုပ်စိစိ ချီတက်လာကြတယ်။
ဘိုင်ပိုလာ ရေရွတ်လိုက်တယ်
"အို ယုန်မဲတွေ အများကြီးပါ့လား"
"ယုန်မဲတွေ အို အနားကပ်လာကြပြီ"
ဘိုင်ပိုလာ ဟာ စိတ်ထားနူးညံ့လွန်းသူ ဖြစ်
တယ်။ယုန်တွေဟာ အဘွားရဲ့ စိုက်ခင်းတွေ
ကို နင်းတဲ့ ကောင်ကနင်း တစ်ချို့က မုန်လာ
ဥနီ တွေ ကိုက်ချီယုန်သာ မက အပင်တွေပါ
ဆုတ်ဖြဲ သွားကြတယ်။ ဘိုင်ပိုလာက ယုန်
တွေကို မောင်းထုတ်တယ်။ ဒါပေမယ့် ယုန်
တစ်ကောင်က ဘိုင်ပိုလာရဲ့ အနားကိုကပ်
လာပြီး လက်ကို လှမ်းကိုက်တယ်
အဲ့ဒီအချိန်မှာ ကလေးတစ်ယောက်က စိုက်
ခင်းထဲ ဝင်လာခဲ့တယ်။ ယုန်မဲတွေ ရဲ့ ဦးတည်ရာဟာ ပြောင်းလဲသွားပြီး ကလေး
ရှိတဲ့ ဆီ ခြေလှမ်းရောက်သွားတယ်။ ဒါကို
လည်း ဘိုင်ပိုလာက သိတယ်။ ယုန်မဲတွေ
ဟာ ကလေးပေါ်ကို အပြေးအလွှားခုန်တက်
ကြတယ်။ တစ်ချို့က ကလေးရဲ့ လည်ကုတ်
ကို ကုတ်ဆွဲကြတယ်။ ဒီအတိုင်းဆို ကလေး
အသက်ဆုံးရှုံးတော့ မယ် ။ ဘိုင်ပိုလာဟာ
အနီးက ပုဆိန် တစ်ချောင်းကို ယူပြီး ယုန်
မဲတွေကို လှမ်းခုတ်လိုက်တယ်။ ယုန်ခြောက်ကောင် လောက် အသက်ပါသွား
တယ်။ ကျန်တဲ့ယုန်တွေလည်း ကြောက်ပြီး
လာရာ လမ်းကို ပြန်လှည့်သွားကြတယ်။ ကလေးကတော့ ဘိုင်ပိုလာ ကို ကျေးဇူးတင်
နေတယ် ။ အဘွားအို ဟာ သောက်လိုက် ရင်
နဂိုထက် သွေးအင်အားပိုများမယ့် ဆေးပေး
လိုက်တယ်။
"မင်းကို ကျေးဇူးတင်ပါတယ် ကောင်လေး
ခုဆို လူတွေ စိတ်ကျေနပ်သွားကြပြီ ပေါ့
သူတို့လိုချင်တဲ့ အဆောက်လက်ဖွဲ့ ရပြီ
လေ ။ အထူးသဖြင့် ယုန်နက်တွေရဲ့ လက်
ခြေတွေဆို စုန်းမတွေက အစ သဘောကျ
ကြတာ ။ ငါတော့ ရောင်းကောင်းတော့မှာ
ပဲ"
အဘွားအိုဟာ မသတီစရာ တဟီဟီ နဲ့ ရယ်
နေတယ်။
ဘိုင်ပိုလာ တဲထဲက ထွက်လာခဲ့တယ်
"လူတွေ သဘောကျတဲ့
ကံကောင်းစေတဲ့ အဆောင်တဲ့
ကံကောင်းစေဖို့ အဆောင်ပါတဲ့.
ဘယ်လောက်များ ကံဆိုး လိုက်ပါ သလဲ
ယုန်တွေမှာ သူတို့ အတွက်နဲ့
တစ်သက်တာ ကံဆိုး မိုးမှောင်ကျရတာပဲ"
သွေး အလိမ်းလိမ်း ရွှဲနစ်နေတဲ့ အကျီင်္ကို
ကြည့်ရင်း ဘိုင်ပိုလာဟာ မျက်ရည်ဝဲ နေ
တယ်။ သူသည် စိတ်သဘောကောင်းပြီး စိတ်ထားဖြူ သော သူတစ်ပါးအပေါ် နားလည်စိတ်ရှိသော စိတ်ထားနူးညံ့လွန်းသူ တစ်ယောက် သာဖြစ်ပါသည်။
"စတိုရီ ရေ "
"ရလာခဲ့ ပြီလား"
"အင်း ကိုယ် ပြောစရာရှိ"
"ကိုယ်တို့ ဒီကမ္ဘာမှာ တွေ့ခဲ့ကြတာ ကြာပြီ
နော်။ ခင်ခဲ့ကြဖူးတာ စနောက်ခဲ့ ကြတာတွေ
ရောပဲ။ အင်း အကယ်၍ လေ ကိုယ်ဆုံးပါး
သွားခဲ့သည် ရှိသော် မြူ့ ကို စောက်ရှောက်
ဖို့ပါ။ ပြီး အရင်လို တစ်ယောက်ထဲ စိတ်ပျက်
အားငယ်နေတာမျိုး မဖြစ်စေနဲ့ ပေါ့ ကလေး။
ကိစ္စတိုင်းဟာ ကလေးထင်သလို ရိုးရှင်းမနေ
ဘူး။ ပုံပြင်တွေလို တစ်လမ်းတည်းသွားတဲ့
လမ်းတွေ မဟုတ်ဘူး ကလေး။ ပြီးတော့
မင်းအနေနဲ့ ပုံပြင်ထဲကလို လူတိုင်းကို
ကယ်တင်နိုင်စရာ မရှိဘူး။ တစ်ချို့ တွေဟာ
သူ့ဘဝပေးကံအတိုင်း သွားကြရတယ်။
အဲ့ဒါဟာ လောကရဲ့ နိယာမပဲ။ အဆုံးမှာ
တစ်ယောက်ထဲ ရှိလည်း ဝမ်းမနည်းနဲ့ ပေါ့။
ကိုယ်လည်း တစ်ယောက်ထဲပဲ။ တို့တွေ
လျှောက်တဲ့ လမ်းတွေမှာ ထောင့်ချိုးတစ်ခု
တော့ရှိမှာပါ။ အဲ့ဒီမှာ ထပ်ဆုံကြမှာပဲ။ အခု
ကိုယ်နဲ့ တွေ့ရတာကလည်း ထောင့်ချိုးတစ်
နေရာစာ တွေ့ဆုံကြရတာ မျိုးပါ။ တစ်နည်း
နည်းနဲ့ ပျောက်ဆုံးသွားခဲ့ သည်ရှိသော်
ကိုယ့်ကိုကိုယ် တည်ဆောက်ယူပါ ကလေး"
"ဒီနေ့ည စကြမှာလား"
"အင်း"
သူတို့ဟာ မြူ သစ်ပင် စိုက်ဖို့ မြေနေရာ ရှာကြ
တယ်။
"ရှေ့နားလောက်ဆိုရင် ရော အဆင်ပြေ
လောက်မလား"
ဘိုင်ပိုလာဟာ တွင်းကြီးကြီး တစ်ခုတူးတယ်
ခရမ်းရောင် ဖန်ပုလင်းထဲက မြူ တွေလောင်း
ထည့်တယ်။ ပြီးတော့တွင်းကို မြေကြီးတွေနဲ့
ပြန်ဖုံးတယ်။ တုတ်ချောင်းတစ်ချောင်း ယူ
ပြီး မြေနေရာကို အပေါက်ဖောက်လိုက်တယ်
ဓားတစ်ချောင်းကို ယူပြီး ဘိုင်ပိုလာဟာ လက်ကောက်ဝတ်ကို နှစ်ချက်လှီးဖြတ်တယ်
သွေးတွေဟာ မြေကြီးပေါက်ထဲ ကို တစ်စက်
ချင်း ကျနေတယ်။စတိုရီကပုံပြင်စပြောတယ်
"ကျွန်တော့်ရဲ့ သံပတ်ရုပ်မလေး
မမျှော်လင့်ထားတဲ့ ညတစ်ညမှာပေါ့
မြူ မြူ အဲ့ဒီ မြူ တွေကြားမှာ ကျွန်တော် ချစ်ရ
သူဟာ သံပတ်ရုပ်မကလေး ဖြစ်သွားခဲ့........
..............................................................."
"တစ်ညမှာ မီးခိုးရောင် ရထားတစ်စင်းဟာ
ကျွန်တော့်ရဲ့ ရှေ့ မြူ တွေ ကြားပေါ်လာခဲ့..
............................................................"
"မြူ နှင်းဝေ ဆိုတဲ့ ကောင်မလေးတစ်
ယောက် ရှိတယ်။ သူ့ကို မြူ တွေကြားမှာ မွေး
လို့ မြူ နှင်းဝေလို့ အမည်ပေးခဲ့ တာပြောတယ်
သူတို့ အိမ်ပြောင်းလာကတည်းက သူနဲ့
ကျနော် ခင်နေခဲ့တာ ပဲ။ ကျနော်တို့ ဒန်းတူ
တူ စီးနေကြ။ မြူ နှင်းဝေ ဟာ မြူ တွေလို လှ
တယ်။ ဖျော့တော့ပြီး လှတာ။ နှင်းဆီပန်း
တစ်ပွင့် ပန်ထားလိုက်ရင် လေ သူရဲ့ဖျော့
တော့ခြင်း မှာ ရှိရှိသမျှ အရာအားလုံး ပျော်
ဝင်သွား မယ့်အလှမျိုးပဲ ။ ကျနော် သူ့ကို ချစ်
တယ်။ တစ်နေ့ ကျနော့်အမေနဲ့ ကျနော်
သူကို မိတ်ဆက်ပေးတယ်။ အမေက ပြော
တယ်။ "သားနောက်နေတာ လား"တဲ့။
မြူ နှင်းဝေတို့ နေတဲ့ အိမ်ဟာ လူ မနေတာ
နှစ် ၄၀ ကျော်ကြာပြီ တဲ့။ အို မဖြစ်နိုင်တာ
အဲ့ဒါနဲ့ ကျနော်လည်း ................................
.............................................................."
ဒီလိုနဲ့
စတိုရီ ပုံပြင်ဆက်ပြောနေတာ တစ်ရာကျော်
ရှိနေခဲ့ ပြီဖြစ်တယ်။ ဘိုင်ပိုလာဟာ စုန်းမကြီ
း ပေးလိုက်တဲ့ ပုလင်းလေးကို ဖွင့်သောက်
တယ်။ အရှေ့အနောက်တောင် မြောက်မှာ
မြူ တွေ ဆိုင်းလာကြတယ်။ ခွေးအူသံတွေ
ဟာ နေရာအနှံ့ပဲ ။မြေကြီးထဲ ကနေ အငွေ့
တစ်ချို့ ထွက်လာတယ်။
စတိုရီဟာ ပုံပြင် ဆက်ပြောရင်း အခြေနေကို
စောင့်ကြည့်တယ်။
မြေကြီးထဲ ကနေ ခရမ်းရောင် အငွေ့တစ်
ချို့ ထွက်လာတယ်။ ဘိုင်ပိုလာဟာ မြေကြီး
ရှိရာကို လက်လှမ်းထားဖို့ ရာ ဖျော့တော့
လာပြီ ဖြစ်တယ်။
စတိုရီဟာ လည်း ဖျော့တော့ လာနေတယ်
ပုံပြင်က တစ်ထောင်ပြည့်ဖို့ ၃၀ ကျော်သာ
လိုပါတော့တယ်။
ဆောင်းရဲ့ အချမ်းဒဏ်ကို သူတို့နှစ်ယောက်
လုံး ခံစားကြရတယ်။
ဘိုင်ပိုလာ ဟာ အရမ်းပင်ပန်းတဲ့ အတွက်
အိပ်နေရတယ်။ ဒါပေမယ့် သူဟာ ဒီ
ဘက်ကမ္ဘာမှာ အမြဲတမ်း နီးပါး ရှိနေခဲ့တဲ့
အတွက်။ သွေးဟာ ဘယ်သူ့အတွက်
မဆို အင်အားတစ်ခုပဲ။ ဘိုင်ပိုလာ သွေးတွေ
တဖြေးဖြေး လျှော့လာတဲ့ အခါ။ တဖြေးဖြေး
အဖိုးအို တစ်ယောက်ရဲ့ ပုံဖြစ်လာတယ်။
ဒီလိုနဲ့ ပုံပြင် ၁၀၀၀ ပြည့်ဖို့ရာ ၇ ပုဒ်လောက်
ပဲ လိုတော့တယ်။ စတိုရီ ဟာ တဖြေးဖြေး
ပိုပို ပြီး ငယ်လာလိုက်တာ ၇ နှစ်အရွယ်
ကလေးတစ်ယောက် အရွယ်ပဲ ရှိတော့တယ်
သူမဟာ နောက်ပုံပြင် ခုနှစ်ပုဒ် ပြောခဲ့မယ်
ဆိုရင် အသက်တစ်နှစ် မပြည့်ခင် မမွေးဖွား
ရသေးတဲ့ အချိန်ပြန် ရောကိသွားမှာ ဖြစ်
တယ်။ ဒါပေမယ့် ဘုရင်ကြီးက အသက်ရှင်
မယ့် ဆုတောင်းက လွဲလို့ အသက်မသေဆုံး
ခင် ဆုတောင်း တစ်ခု တောင်းခွင့်ရှိတယ်
မြေကြီးထဲမှာ နေချင်သလား။ သို့မဟုတ်
အရာဝထ္ထု တစ်ခု အဖြစ် တည်မြဲ နေချင်
သလား ။ ကိုယ်ကြိုက်ရာ ရွေးချယ်ခွင့် ရှိပါ
တယ်။
စတိုရီ တွေးနေရင်းက
ခရမ်းရောင် အငွေ့တွေ မြေကြီးထဲ ကထွက်
လာတာ မြင်ရတယ်။ ဘိုင်ပိုလာကို လှမ်း
နှိုးလိုက်ရင်း "အကို တစ်ခုခု တော့ ထူးခြား
လာခဲ့ ပြီထင်တယ်"
အငွေ့တွေ အဲ့ဒီအငွေ့တွေ ကို စတိုရီ သိ
တယ်။ အငွေ့တွေ ရစ်သိုင်းသွားတဲ့ အခါအ
မျိုးသမီး တစ်ယောက် ရဲ့ ရုပ်သွင်ဟာ သူမ
မျက်လုံးထဲ မှာပေါ်လာတယ်။ မြူ မြူ ဟာ
သူမနဲ့ အိမ်မက်မက်ရင်း မြူ တွေရှိတဲ့ ကမ္ဘာမှာတွေ့ဆုံ ခဲ့ကြတာ။ အဲ့ဒီတုံးက စတိုရီဟာအရမ်းငယ်သေး တယ်။ အကိုဘိုင်ပိုလာဟာ အဲ့ဒီတုံးက တိုရီ ထက် အသက်နည်းနည်း ပိုကြီးတယ်။မြူ က အားလုံးထဲမှာ အသက်ကြီးဆုံး ပဲ။
စတိုရီနဲ့ ဘိုင်ပိုလာတို့ဟာ သိပ်ငယ်သေး လို့ သာမမှတ်မိကြတာ။ မြူ
မြူ ရယ် စတိုရီ ရယ် ကိုကို ရယ်
သူတို့ဟာ ကြယ်တွေ တူတူ ကြည့်ဖူးတယ်
မြူ တို့်ကမ္ဘာမှာ ကြယ်တွေ ကြည့်ရတာ သိပ်
လှတာပဲ ကြယ်တွေကို မြူ တွေကြားက
ကြည့်ရင်း ကော်ဖီသောက်ရတာ။ မြူ တို့.သုံးယောက် အတူသိုးတွေ မွေးကြတယ်။ ပုံပြင်တွေ သုံးယောက်ဖန်တီး ကြတယ်။ မြူ ကစတိုရီ မသိတဲ့ လခြမ်းပုံ တူရိယာ ကလေး
တီး ပြတက်တယ်။ မြူ က တူရိယာ တီးတဲ့
နေရာမှာ သိပ်တော်တာ။ မြူ့ အသံဟာ
တိမ်ဖုံးတဲ့ ညမှာ လနတ်သမီး တစ်ပါး တိမ်
တွေ ကြား မှာခုန်နေသလိုပဲ။
မြူ
မြူ
စိတ်ထားကောင်းသူ မြူ
စိတ်ထားနူးညံ့ လွန်းသူ မြူ
ဝမ်းနည်းလွယ်သူ မြူ
စတိုရီနဲ့ တူတဲ့ သိမ်ငယ်စိတ် ရှိတဲ့ မြူ
သံစဉ်တွေနဲ့ အတူ ပုံပြင်တွေ ချစ်တဲ့မြူ
စတိုရီ ချစ်တဲ့ မြူ
စတိုရီ ပုံပြင် ဆက်ပြောနေခဲ့တယ်။
ပုံပြင် ၅ပုဒ် စာ ပြောပြီးသွားတဲ့ အခါ
မြေကြီးထဲက သစ်ကိုင်းတစ်ခု ထိုးထွက်
လာတယ်။ အပင်သေးသေး လေးတစ်
ပင် ပေါက်လာတယ်။
ခရမ်းရောင် အလင်းဝိုင်းလေးတွေ ပင်စည်
လုံးပတ်ထဲမှာ ဖြာလင်းနေတယ်။
မြူ ခိုးမြူ ငွေ့တွေ ထွက်လာကြတယ်။
ဘိုင်ပိုလာဟာ အိုမင်းရင့်ရော် လာရင်း လဲ
ကျသွားတယ်။ စတိုရီက ဘိုင်ပိုလာကို
ထိန်းထားရတယ်။ သူတို့နှစ်ယောက်လုံး
သိသွားကြတဲ့ ကိစ္စတစ်ခု ရှိတယ်။
အဲ့ဒါကတော့ မြူ တို့ကမ္ဘာ ကို တစ်ခြားကမ္ဘာ
က ဧည့်သည်တွေ လာခွင့်မရှိဘူး။ အကယ်
၍ ဝင်လာခဲ့ရင်လည်း ခဏတဖြုတ် သာ
နေခွင့်ပြု ထားတာမျိုး။ မြူ ဟာ မြူ တို့ကမ္ဘာ
ရဲ့ စည်းတွေကို ဖောက်ဖျက်ပြီး ဘိုင်ပိုလာ
နဲ့ စတိုရီ ကို ဒီဘက်ကမ္ဘာမှာ နေထိုင် စေ
ခဲ့တာ။ မြူ ဆုံးခါနီးတော့ အရင်က အဖြစ်အ
ပျက်တွေ မေ့မေ့လျော့လျော့ ဖြစ်အောင် မြူ
တို့ကမ္ဘာရဲ့သဘာဝတရားကဖျောက်ဖျက်ပေး
လိုက်တာ။
ဘိုင်ပိုလာဟာ တဖြေးဖြေး အိုမင်းရင့်ရော်
လာလိုက်တာ စတိုရီ ဟာ အငွေ့ပျံပျောက်
လွင့်သွားမှာ စိုးတဲ့ အတွက် အသေအချာ
ဖက်တွယ်ထားရတယ်။
လှပတဲ့ ခြေဖဝါး တစ်ဖက်ကို မြူ တွေကြား
ကသူတို့ နှစ်ဦးလုံး လှမ်းမြင် လိုက်ကြရတယ်
"မြူ
မြူ
စတိုရီ ဝမ်းသာလိုက်တာ
ဒါ
ဒါ ပေမယ့်"
စတိုရီ ဟာ ဘိုင်ကိုလာကို မြူ လက်ထဲ ထည့်
ပေးလိုက်တယ်။ မြူ ရဲ့ ပါးပြင်နှစ်ဖက်လုံး
မှာ မျက်ရည်ဥတွေ တွဲလဲခိုနေတယ်။ မြူ
တွေ ပိုဆိုင်းလာကြပြီ ။ အရိပ်တွေဟာ ပို
ဝေဝါး လာကြတယ်။ မြူ လက်ထဲက
ဘိုင်ပိုလာရဲ့ ဦးခေါင်းဟာ တစ်ဖက်ကို
ငိုက်စိုက်ကျ သွားတယ်။
မြူ တွေကြားမှာ နှစ်နှစ်အရွယ် ကလေးမလေး
တစ်ယောက်နဲ့ မိန်းမပျို တစ်ယောက်ဟာ
တစ်ယောက်ကို တစ်ယောက် ဖက်ရင်း
ငိုကြွေးနေကြတယ်။
"မြူ စတိုရီ လေ ပုံပြင်ပြောပြမယ် သိလား"
"ဟိုရှေးရှေးတုံးက မြူ ပင်တစ်ပင် ရှိတယ်တဲ့
သူဟာ......................................................................................................................"
"ဟိုး တုံးက မြူ ဆိုတဲ့ ကောင်မလေး တစ်
ယောက်ရယ် စတိုရီဆိုတဲ့ ပုံပြင်ကလေး
ငယ် လေးရယ် ဘိုင်ကိုလာ ဆိုတဲ့ အိမ်မက်
ကမ္ဘာက ကောင်လေး တစ်ယောက်ရှိခဲ့
ကြတယ်။ သူတို့ဘာ ဖြစ်သွားလည်း သိလား
မြူ ............................................................................................................................"
စတိုရီဟာ နောက်ဆုံးပုံပြင် ဆုံးချိန်မှာ
နောက်ဆုံး ဆုတောင်းကို
ပုံပြင်ဘုရင်ကြီးဆီမှာ အာရုံပြု ရင်း
ဆုတောင်းလိုက်တယ်။
"စိတ်ထားကောင်းသူ မြူ
စိတ်ထားနူးညံ့ လွန်းသူ မြူ
ဝမ်းနည်းလွယ်သူ မြူ
စတိုရီ ချစ်ရတဲ့ မြူ
မြူ
မြူ ရေ
ချစ်ရတဲ့ မြူ ရေ"
"အသက်ပြန်ရှင်လာတဲ့ ဘိုင်ပိုလာနဲ့ မြူ
တို့ဟာ သက်ထက်ဆုံး ပေါင်းစည်းသွား
နိုင်ကြပါစေ"
"စတိုရီဟာ
ရေဒီယို ကလေး ပြန်ဝင်စား ပါရစေ
ဘဝဆက်တိုင်းမှာ
ဘိုင်ပိုလာ ရေဒီယို ကလေး ဖြစ်ချင်ပါတယ် "
ဆုတောင်းလို့ပြီးပြီးချင်းမှာပဲ
မိုးကြိုးသွားတစ်ခုက လက်ခနဲ
.
စတိုရီ ဆီကို ဦးတည်ပြီး
"အား!!!!!"
ဘိုင်ပိုလာ ဟာ မူလအရွယ်အတိုင်း ရုတ်
တရက်လန့်နိုးလာတယ်။ သူနိုးလာတဲ့ အ
ခါ မြူ့ ကို တွေ့တယ်။ မြူ့ ဘေးနားမှာ ရေဒီ
ယို တစ်လုံး။ သူတို့ဟာ ရေဒီယို ကလေးကို
အမြတ်တနိုး ပွေ့ဖက်ထား လိုက်ကြတယ်။
နှစ်ကာလ ကြာရှည်တဲ့ အခါမှာ
မြို့ တစ်မြို့ရဲ့
စေတနာ့ စာကြည့်တိုက်တစ်ခုမှာ
စာကြည့်တိုက်မှူး ပုံပြင်တွေ ချစ်တဲ့
အဘွားနဲ့ အဘွားအပြင်
နေ့စဉ် သူတို့ တယုတယ ကိုင်တွယ် တက်ပြီး
ပန်းပွင့်ကလေး ပန်ပေးထားတက်တဲ့
ရေဒီယိုကလေး တစ်လုံးကို
တွေ့ကြရမှာ ဖြစ်တယ်။
ခရမ်းရောင် ရေဒီယို လေးဟာ
ရေဒီယို ဖွင့်လိုက်ရင်ပဲ
သူ့ကိုယ်သူ အခုလို မိတ်ဆက် တက်တယ်။
"ဟုတ်ကဲ့ ကျွန်မက တော့
စတိုရီ အမည်ရ
ဘိုင်ပိုလာ ရေဒီယို ကလေးပါ
ဒီနေ့ မြူ နဲ့ ဘိုင်ပိုလာ တို့ အပြင်
တစ်ခြား ကလေးတွေ အတွက်ပါ
ရည်ရွယ်ပြီး မိတ်ဆက်ပေး မယ့်
ပုံပြင်ကလေး နာမည်က
"ဘိုင်ပိုလာ ရေဒီယို "ပါတဲ့
ဒိုဒို
Comments
Post a Comment