ကုတင် နှင့် ဝှီးချဲ ရဟတ်ကလေးများ
အဝိုင်းပုံစံရဟတ်သေးလေးတွေမြင်ဖူးကြလား။ ကလေးတော်တော်များများစီးဖူးကြ
တယ်လေ။ မြင်းရုပ်ကလေးတွေ ဦးချို ပါတဲ့
ယူနီကွန်းတွေ လှည့်ပတ်ပြေးလွှားခုန်ပေါက်
ကြတဲ့အခါ အရုပ်တွေပေါ် ထိုင်ရင်း ပျော်စ
ရာ အတိတ်ကလေးတွေ ရှိခဲ့ကြတယ်။သူ
ငယ်ငယ်တုန်းက ဖဲကြိုးနီ ကျစ်ဆံမြီး ကောင်
မလေးလေးနှင့်အတူ စီးခဲ့ကြဖူးတယ်။ ယူနီကွန်း ပန်းရောင် စီးချင်တဲ့ သူမကို သူဦး
စားပေးလိုက်ပြီး အနက်ရောင်ယူနီကွန်းလေ
ပဲ သူစီးဖြစ်ခဲ့တယ်။အဲ့ဒီနောက်တော့
ဘုရားပွဲဈေးတွေမှာ ကလေးရဟတ်သေး
လေးတွေ တွေ့ရပြန်တယ်။ ရဟတ်တွေ က
အရင်နဲ့ မတူတော့ပဲ ပုံစံပြောင်းသွားခဲ့ပြီ။
မော်တော်ကားလေးတွေ အရုပ်ဆိုင်ကယ်
လေးတွေ အစားထိုးဝင်ရောက်လာခဲ့ကြ
တယ်။ အဲ့ဒီတုန်းက မှတ်မှတ်ရရပဲ
အထူးအဆန်းမို့ သူစီးဖို့ လက်မှတ်ဝယ်ခဲ့
သေးတယ်။ နောက်တော့ မစီးဖြစ်ခဲ့
ဘူးပဲ ထင်ပါတယ်။ ကလေးရဟတ်အတော်
များများ ပုံစံစုံ သူတွေ့ခဲ့ ဖူးတယ်။
အခုသူရှေ့ရောက်နေတဲ့ ရဟတ်ကတော့ ထူးခြားနေသလို ခံစားရတယ်။ ပြီးတော့ အဝိုင်းကပ်ပြားလေးတွေ နဲ့ စီးရမှာလေ။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ မရပ်ပဲ စီးနိုင်ရမယ်ဆိုတာလည်းပဲ ပါတယ်။
ရွာနားက ကလေးတွေ ရဟတ်လာစီး ကြ
တယ်လို့ သတင်းသဲ့သဲ့ ကြားရတယ်။
နေမကောင်း ဖြစ်ကြတဲ့လူတွေ ။တစ်ချို့
တွေက ခြေထောက်ကျိုး ကျတယ်။
ကလေးတွေ ရဲ့ Accident တိုင်းကို ရဟတ်
နဲ့ ပက်သက်တယ် ပဲထင်နေခဲ့ကြတာ။သူ့
သူငယ်ချင်း တွေလည်း တစ်နေ့ကပဲ ဒီ
ရဟတ် စီးတိုင်း အလောင်းအစား လုပ်
ရင်း ပြန်မလာတော့တာလေ။ သူ့အတွက်
တော့အထူးအဆန်း ဖြစ်သလို မုန်းစရာ
လည်းကောင်းတယ် မသိစိတ်ထဲမှာလည်း
နှစ်သက်နေမိပြန်တယ်။သူအဝိုင်း
ကပ်ပြား တစ်ခုကို ယူလိုက်ပြီး စက်ထဲထည့်
လိုက်တယ်။ အဝိုင်းကပ်ပြား ကစက်ထဲ
မှာ အပေါ်အောက်လည်နေတယ်။
ရဟတ်မှာမြင်းတွေ ယူနီကွန်းတွေ မော်တော်ဆိုင်ကယ်တွေ အစား ပထမဆုံး
သူတွေ့ရတာတော့ ဝှီးချဲတစ်ခုပဲ။အနောက်
ဘက်မှာ ကလူနာတင်ကုတင် တစ်ခုကိုတွေ့
ရတယ်။ ဂျိုင်းထောက် ဂီယာတစ်ခုပါတဲ့
ဝှီးချဲ လူနာကုတင်တွေ ရဲ့ အပေါ်ဘက်မှာ
ဆေးအိတ် တွေ ကျောက်ပတီးပုံစံ ဝါဂွမ်းတွေ
တွဲလောင်း ချိတ်ထားတယ်။
သူ လူနာကုတင် တစ်ခုကိုရွေးလိုက်တယ်။
ကုတင်ပေါ် သူလှည်းအိပ်နေလိုက်တယ်။
အချိန်က နာရီဝက်ကျော်ကြာမယ်။အဲ့ဒီ
အချိန်မှာ သူ မထပဲ ဆက်စီးနိုင်ရမယ်။
သတ်မှတ်ထားတဲ့ အစီအစဉ် အတိုင်းစီး
နိုင်ရင် သူလိုချင်တဲ့ ဆုတစ်ခုရမယ်။ အပေး
အယူက ဒါပဲ။ ကုတင်ပေါ် အိပ်နေရင်း
ရှေ့မှာတွေ့ရမယ့် အရာတွေ စိတ်ထဲကတွေး
နေမိတယ်။ ကြောက်စရာ သရဲကြီးတွေ
အရပ်ရှည်ရှည် slendermenပဲ ဖြစ်မလား
သူတွေး ကြည့်နေမိတယ်။ အို..သူအရှေ့
ဘက်ဆီ မှာ မြူ တွေ ဆိုင်းလာပြီ။ အေးလည်း
အေးလာလိုက်တာ မခံစားနိုင်လောက်
အောင်ပဲ။ သူရွေးလိုက်တဲ့ ကုတင်မှာ
စောင်ပါ လို့တော်သေးတယ်။ သူစောင်
ခြုံ နေရင်း မြူ တွေ ကြားကို ဆက်ကြည့်နေမိ
တယ်။ တခြားလူတွေ လည်း ငါ့လို
အားကိုးရာမဲ့ အခြေအနေတစ်ခုကို
ဖြတ်သန်းခဲ့ရသလား။
မြူ တွေ ရပ်သွားတယ်။ သူအခန်းတစ်ခုမှာ.
ပိတ်မိနေသလိုပဲ။ သူ့ရှေ့မှာ အမှောင်ထု
ပဲရှိတယ်။ ပြီးတော့ ကလေးမလေးတစ်
ယောက်နား မှာ အလင်းရောင်အသေးလေး
ဖြာထွက်လို့နေတယ်။ ကလေး မလေးက
နံရံမှာ သူ့လက်သည်းတွေ သူကုတ်ခြစ်လို့
နေတယ်။ နှုတ်ကလည်း တစ်ခုခုကို
ထပ်ခါထပ်ခါ ရွတ်နေတယ်။ သူအဲ့ဒီအသံ
တွေ ကြားဖူးခဲ့တယ်။ ဘယ်မှာကြားမိပါလိမ့်၊
Tomino ရဲ့ ကဗျာ ဟုတ်တယ် သူမဟာ
Tomino ပဲ ဖြစ်လိမ့်မှာ။ သူဘာလုပ်ရမလဲ။
Tomino တွေရဲ့ မိဘတွေ ဖြစ်ဟန်တူတယ်။
သူ့အခန်းထဲကိုလာကြတယ်။ ကလေးကို
ကြိမ်းမောင်း ပြောဆို ရိုက်နှက်ပြီး ပြန်ထွက်
သွားတာပဲ။ သူအသံ တောင်မထွက်ရဲဘူး။
သိပ်ပြီး ကြောက်တာပဲ။ ရူးနှမ်းနေတဲ့လူတွေ
ကလေးရဲ့ မိဘတွေလည်း ဟုတ်ချင်မှ လည်း
ဟုတ်မယ်။ ဒါပေမယ့် သူတို့ဟာ ကလေးကို
အဆုံးစွန် ပစ်တင်နှိမ့်ချနေခဲ့တာ။ Tomino
တစ်ယောက် အခန်းထောင့်မှာ ငိုနေတယ်။
ကောင်မလေးငိုနေတာ ကြည့်ရင်း သူ့လည်း
ဝမ်းနည်းလို့ လာတယ်။ သူ့ကိုယ်သူ ယူ
ကြုံးမရဖြစ်ရ တယ်။ သူဟာ အကြမ်းဖက်မှု
ကို မျက်ကွယ်ပြု ခဲ့သူပါလား။ သူဟာ
စောစောက လူတွေလိုပဲ ဘာမှမထူးခြားတဲ့.
ဝံပုလွေ တစ်ကောင်ပါ ပဲလား။ မျက်ဝန်း
အိမ်မှာ မျက်ရည်တွေပြည့်လာတယ်။ အသက်ရှူ မြန်လာတယ်။ မောဟိုက်လို့လာ
တယ်။ မြူ တွေ လွှမ်းသွားပြန်တယ်၊
Tomino တဖြေးဖြေး ပျောက်ကွယ်သွားတယ်
သူအခု အရှေ့မှာ အနီရောင် တွေမြင်နေ
ရပြန်တယ်။ အနီရောင် အနီရောင်ထဲမှာမှ
အနက်စက်ကလေး အဲ့ဒီအနက်စက်ကလေး
ကသူ့ဆီတဖြေးဖြေးလာနေတယ်။ အနက်စက် ကလေးက ဥရောပဝတ်စုံနဲ့
တူတယ်။ ဥရောပ ဝတ်စုံနဲ့ လူတစ်ယောက်
ဟာ ရှေ့တစ်လှမ်းသွား နောက်နှစ်လှမ်း
ဆုတ်ပြီး သူ့ဆီတဖြေးဖြေး လာလို့နေတယ်။
သူ့ခြေလှမ်းတွေက မနှစ်မြို့စရာပဲ။ ပြဇာတ်
ထဲကလို အလင်းတစ်ပေါက် မလှမ်းမကမ်း
ကလူဆီ လှမ်းထိုးထားတယ်။မီးရောင်ထဲက လူဟာ မျက်လုံးတွေပြူးကျယ်ဝိုင်းစက်လို့ အတော်အတန်ကြီးတဲ့ အပြုံးခပ်ကြီးကြီး တစ်ခုနဲ့ ပြုံးနေတာ။
သူ့အပြုံး ကနားရွက်တက်ချိတ်တော့မယ့်
အပြုံးမျိုးပဲ။ အပြုံးပိုင်ရှင်က သူ့ဆီ တရွေ့ရွေ့
လာနေတယ်။ သူသိပ်ကြောက်တာပဲ။ မျက်လုံးတွေ မှိတ်ထားမိတယ်။ စောင်တွေ
ခြုံထားလျက်နဲ့ သူခံစားမိနေတုန်း စလိုက်မီး
အလင်းရောင်က တဖြေးဖြေး သူ့ဆီရောက်
လာနေပြီ။ သူ့စောင်ကို ဟကြည့်မိတော့
အပြုံးနဲ့လူကြီးကသူ့အနားရောက်လို့နေခဲ့ပြီ။
သူလည်း အပြုံးခပ်ကြီးကြီးတစ်ခု ကြံဖန်ပြုံး
ပြလိုက်ရတယ်။ သူတို့်နှစ်ယောက်တစ်
ယောက်ကို တစ်ယောက်ကြည့်နေကြရင်း
အပြုံးနဲ့ လူကြီးပျောက်သွားတယ်။ ရဟတ်ကလည်း လည်နေတုန်းပဲ။ မလှမ်း
မကမ်းက သစ်ပင်မှာ ပေါက်ဆိန်တစ်ခု
တွေ့ရတယ်။ သူ့ရှေ့မှာ မီးရထားတွေ ဖြတ်
ပြေးနေသလို ခံစားလိုက်ရတယ်။ အရောင်
တွေ ဖြတ်ပြေးပြီးတဲ့နောက် သူ သစ်
ပင်တစ်ပင်အောက်ရောက်နေတယ်။ စတော်ဘယ်ရီ သီး နီနီရဲရဲ တွေ။သူငေး
ကြည့်နေမိတုန်း စတော်ဘယ်ရီသီးတွေ
အရောင်ပြောင်းလို့ လာတယ်။ ခရမ်းရောင်
တွေ ပြောင်းလာတယ်၊ တစ်ချို့ အသီးတွေက
ကြက်သွေးရောင် တစ်ချို့ ကစိမ်းပုပ်ပုပ် အရောင်တွေ။ အသီးတွေ တဖြေးဖြေး ကြီး
လာပြီး ပေါက်ကွဲထွက်ကုန်တယ်။ ခရမ်းရောင် အရည်တွေ ကြက်သွေးရောင်
အရည်တွေက သွေးတွေလိုပဲ စေးထန်းထန်း
ထွက်လာကြတယ်။သူ့ဆီ အရည်တွေ လွင့်
စင်လာတယ်။ သူဟာအပင်အောက်ဘက်ရောက်လိုက် ကုတင်ပေါ်မှာ ပဲရှိနေသလိုနဲ့ အပြောင်းအလဲ နှစ်ခုကို ခံစားနေရတယ်။
အပင်နားက ပေါက်ဆိန်ကိုလှမ်းယူလိုက်ပြီး ကုတင်ပေါ်က ဆင်းလို့ ရဟတ်ရဲ့ အလယ်ပိုင်းကိုသူအားကုန်လွှဲခုတ်လိုက်တယ်။
ရဟတ် ကမရပ်သေးပါဘူး။ သူအားနဲ့ ထပ်
ခုတ်လိုက်တယ်။သွေးတွေ ဖြာခနဲထွက်
လာတယ်။ကလေးငိုသံတွေ ကြားရတယ်
စူးစူးဝါးဝါး အော်ဟစ်ငိုယိုသံတွေ။
နောက်တော့ ရဟတ်ရဲ့ အလယ်
တိုင်တစ်ခုလုံးက ကလေးပုခတ်တွေ
ဖြစ်လာတယ်။ ကလေးတွေ မှာ ပုဆိန်ခုတ်
ရာတွေ နဲ့ ရဟတ်ရပ်သွားတယ်။ သွေးတွေ
တဖြေးဖြေး ထွက်နေသေးတယ်။ သွေးစက်
တွေ ကနေကလေးငယ်လေးတွေ ဖြစ်လာ
ကြတယ်။ သူတို့က သွေးအိုင်ထဲမှာ။ အမြင်
မှားနေတာ။ သူအမြင်မှားနေတာပဲ ဖြစ်မယ်။
သူ ခပ်ဝေးဝေး ဆီပြေးထွက်ခဲ့တယ်။ သူ
ကြောက်လန့် မောဟိုက်လို့နေတယ်။တစ်
နေရာ အရောက်မှာ သူလဲကျသွားတယ်။.
သတိရလာတော့ သူ့နားမှာ သူတို့ရွာ
ကလူတွေ ကိုတွေ့ရတယ်။ ပျောက်သွား
တဲ့ ကလေးတွေ သူ့သူငယ်ချင်းတွေကိုလည်း
တွေ့ရတယ်။
သူသတိထားမိတယ်။ သတိလစ်နေတဲ့သူ
တွေထားတဲ့ကုတင်မျိုးမှာ သူအိပ်ပြီး ချားရ ဟတ် စီးခဲ့တာကို။
သူအခုအားလုံး အဆင်ပြေနေပါတယ်။သူ့
သူငယ်ချင်းတွေလည်း အိမ်ပြန်ရောက်လာ
ခဲ့ပြီ။ သူ့ချစ်တဲ့ ကလေးတွေရော။
တစ်ခုပဲ သူကလေး ငိုသံတွေ မကြားနိုင်
တော့တာ တိတိကျကျ ပြောရရင် ကလေးငို
သံတွေကို သူမခံစားနိုင်တော့ တာတစ်ခုပဲ။
ကလေးတွေရဲ့ ငိုသံ ကြားရရင် သူတောထဲကိုထွက်လာ ခဲ့တယ်။တောထဲမှာ လည်း ကလေး ငိုသံတွေ ကသူ့ကို ခြောက်လှန့်နေတုန်းပဲတဲ့။
ကလေး ငိုသံကြားရတဲ့ အခါတိုင်း
သူငရဲခန်းကို တစ်ခေါက်အလည်သွား ရတယ်
ဖြစ်တည်မှု ကို မနှစ်မြို့တော့တဲ့ အထိပဲ။
ဒိုဒို
တယ်လေ။ မြင်းရုပ်ကလေးတွေ ဦးချို ပါတဲ့
ယူနီကွန်းတွေ လှည့်ပတ်ပြေးလွှားခုန်ပေါက်
ကြတဲ့အခါ အရုပ်တွေပေါ် ထိုင်ရင်း ပျော်စ
ရာ အတိတ်ကလေးတွေ ရှိခဲ့ကြတယ်။သူ
ငယ်ငယ်တုန်းက ဖဲကြိုးနီ ကျစ်ဆံမြီး ကောင်
မလေးလေးနှင့်အတူ စီးခဲ့ကြဖူးတယ်။ ယူနီကွန်း ပန်းရောင် စီးချင်တဲ့ သူမကို သူဦး
စားပေးလိုက်ပြီး အနက်ရောင်ယူနီကွန်းလေ
ပဲ သူစီးဖြစ်ခဲ့တယ်။အဲ့ဒီနောက်တော့
ဘုရားပွဲဈေးတွေမှာ ကလေးရဟတ်သေး
လေးတွေ တွေ့ရပြန်တယ်။ ရဟတ်တွေ က
အရင်နဲ့ မတူတော့ပဲ ပုံစံပြောင်းသွားခဲ့ပြီ။
မော်တော်ကားလေးတွေ အရုပ်ဆိုင်ကယ်
လေးတွေ အစားထိုးဝင်ရောက်လာခဲ့ကြ
တယ်။ အဲ့ဒီတုန်းက မှတ်မှတ်ရရပဲ
အထူးအဆန်းမို့ သူစီးဖို့ လက်မှတ်ဝယ်ခဲ့
သေးတယ်။ နောက်တော့ မစီးဖြစ်ခဲ့
ဘူးပဲ ထင်ပါတယ်။ ကလေးရဟတ်အတော်
များများ ပုံစံစုံ သူတွေ့ခဲ့ ဖူးတယ်။
အခုသူရှေ့ရောက်နေတဲ့ ရဟတ်ကတော့ ထူးခြားနေသလို ခံစားရတယ်။ ပြီးတော့ အဝိုင်းကပ်ပြားလေးတွေ နဲ့ စီးရမှာလေ။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ မရပ်ပဲ စီးနိုင်ရမယ်ဆိုတာလည်းပဲ ပါတယ်။
ရွာနားက ကလေးတွေ ရဟတ်လာစီး ကြ
တယ်လို့ သတင်းသဲ့သဲ့ ကြားရတယ်။
နေမကောင်း ဖြစ်ကြတဲ့လူတွေ ။တစ်ချို့
တွေက ခြေထောက်ကျိုး ကျတယ်။
ကလေးတွေ ရဲ့ Accident တိုင်းကို ရဟတ်
နဲ့ ပက်သက်တယ် ပဲထင်နေခဲ့ကြတာ။သူ့
သူငယ်ချင်း တွေလည်း တစ်နေ့ကပဲ ဒီ
ရဟတ် စီးတိုင်း အလောင်းအစား လုပ်
ရင်း ပြန်မလာတော့တာလေ။ သူ့အတွက်
တော့အထူးအဆန်း ဖြစ်သလို မုန်းစရာ
လည်းကောင်းတယ် မသိစိတ်ထဲမှာလည်း
နှစ်သက်နေမိပြန်တယ်။သူအဝိုင်း
ကပ်ပြား တစ်ခုကို ယူလိုက်ပြီး စက်ထဲထည့်
လိုက်တယ်။ အဝိုင်းကပ်ပြား ကစက်ထဲ
မှာ အပေါ်အောက်လည်နေတယ်။
ရဟတ်မှာမြင်းတွေ ယူနီကွန်းတွေ မော်တော်ဆိုင်ကယ်တွေ အစား ပထမဆုံး
သူတွေ့ရတာတော့ ဝှီးချဲတစ်ခုပဲ။အနောက်
ဘက်မှာ ကလူနာတင်ကုတင် တစ်ခုကိုတွေ့
ရတယ်။ ဂျိုင်းထောက် ဂီယာတစ်ခုပါတဲ့
ဝှီးချဲ လူနာကုတင်တွေ ရဲ့ အပေါ်ဘက်မှာ
ဆေးအိတ် တွေ ကျောက်ပတီးပုံစံ ဝါဂွမ်းတွေ
တွဲလောင်း ချိတ်ထားတယ်။
သူ လူနာကုတင် တစ်ခုကိုရွေးလိုက်တယ်။
ကုတင်ပေါ် သူလှည်းအိပ်နေလိုက်တယ်။
အချိန်က နာရီဝက်ကျော်ကြာမယ်။အဲ့ဒီ
အချိန်မှာ သူ မထပဲ ဆက်စီးနိုင်ရမယ်။
သတ်မှတ်ထားတဲ့ အစီအစဉ် အတိုင်းစီး
နိုင်ရင် သူလိုချင်တဲ့ ဆုတစ်ခုရမယ်။ အပေး
အယူက ဒါပဲ။ ကုတင်ပေါ် အိပ်နေရင်း
ရှေ့မှာတွေ့ရမယ့် အရာတွေ စိတ်ထဲကတွေး
နေမိတယ်။ ကြောက်စရာ သရဲကြီးတွေ
အရပ်ရှည်ရှည် slendermenပဲ ဖြစ်မလား
သူတွေး ကြည့်နေမိတယ်။ အို..သူအရှေ့
ဘက်ဆီ မှာ မြူ တွေ ဆိုင်းလာပြီ။ အေးလည်း
အေးလာလိုက်တာ မခံစားနိုင်လောက်
အောင်ပဲ။ သူရွေးလိုက်တဲ့ ကုတင်မှာ
စောင်ပါ လို့တော်သေးတယ်။ သူစောင်
ခြုံ နေရင်း မြူ တွေ ကြားကို ဆက်ကြည့်နေမိ
တယ်။ တခြားလူတွေ လည်း ငါ့လို
အားကိုးရာမဲ့ အခြေအနေတစ်ခုကို
ဖြတ်သန်းခဲ့ရသလား။
မြူ တွေ ရပ်သွားတယ်။ သူအခန်းတစ်ခုမှာ.
ပိတ်မိနေသလိုပဲ။ သူ့ရှေ့မှာ အမှောင်ထု
ပဲရှိတယ်။ ပြီးတော့ ကလေးမလေးတစ်
ယောက်နား မှာ အလင်းရောင်အသေးလေး
ဖြာထွက်လို့နေတယ်။ ကလေး မလေးက
နံရံမှာ သူ့လက်သည်းတွေ သူကုတ်ခြစ်လို့
နေတယ်။ နှုတ်ကလည်း တစ်ခုခုကို
ထပ်ခါထပ်ခါ ရွတ်နေတယ်။ သူအဲ့ဒီအသံ
တွေ ကြားဖူးခဲ့တယ်။ ဘယ်မှာကြားမိပါလိမ့်၊
Tomino ရဲ့ ကဗျာ ဟုတ်တယ် သူမဟာ
Tomino ပဲ ဖြစ်လိမ့်မှာ။ သူဘာလုပ်ရမလဲ။
Tomino တွေရဲ့ မိဘတွေ ဖြစ်ဟန်တူတယ်။
သူ့အခန်းထဲကိုလာကြတယ်။ ကလေးကို
ကြိမ်းမောင်း ပြောဆို ရိုက်နှက်ပြီး ပြန်ထွက်
သွားတာပဲ။ သူအသံ တောင်မထွက်ရဲဘူး။
သိပ်ပြီး ကြောက်တာပဲ။ ရူးနှမ်းနေတဲ့လူတွေ
ကလေးရဲ့ မိဘတွေလည်း ဟုတ်ချင်မှ လည်း
ဟုတ်မယ်။ ဒါပေမယ့် သူတို့ဟာ ကလေးကို
အဆုံးစွန် ပစ်တင်နှိမ့်ချနေခဲ့တာ။ Tomino
တစ်ယောက် အခန်းထောင့်မှာ ငိုနေတယ်။
ကောင်မလေးငိုနေတာ ကြည့်ရင်း သူ့လည်း
ဝမ်းနည်းလို့ လာတယ်။ သူ့ကိုယ်သူ ယူ
ကြုံးမရဖြစ်ရ တယ်။ သူဟာ အကြမ်းဖက်မှု
ကို မျက်ကွယ်ပြု ခဲ့သူပါလား။ သူဟာ
စောစောက လူတွေလိုပဲ ဘာမှမထူးခြားတဲ့.
ဝံပုလွေ တစ်ကောင်ပါ ပဲလား။ မျက်ဝန်း
အိမ်မှာ မျက်ရည်တွေပြည့်လာတယ်။ အသက်ရှူ မြန်လာတယ်။ မောဟိုက်လို့လာ
တယ်။ မြူ တွေ လွှမ်းသွားပြန်တယ်၊
Tomino တဖြေးဖြေး ပျောက်ကွယ်သွားတယ်
သူအခု အရှေ့မှာ အနီရောင် တွေမြင်နေ
ရပြန်တယ်။ အနီရောင် အနီရောင်ထဲမှာမှ
အနက်စက်ကလေး အဲ့ဒီအနက်စက်ကလေး
ကသူ့ဆီတဖြေးဖြေးလာနေတယ်။ အနက်စက် ကလေးက ဥရောပဝတ်စုံနဲ့
တူတယ်။ ဥရောပ ဝတ်စုံနဲ့ လူတစ်ယောက်
ဟာ ရှေ့တစ်လှမ်းသွား နောက်နှစ်လှမ်း
ဆုတ်ပြီး သူ့ဆီတဖြေးဖြေး လာလို့နေတယ်။
သူ့ခြေလှမ်းတွေက မနှစ်မြို့စရာပဲ။ ပြဇာတ်
ထဲကလို အလင်းတစ်ပေါက် မလှမ်းမကမ်း
ကလူဆီ လှမ်းထိုးထားတယ်။မီးရောင်ထဲက လူဟာ မျက်လုံးတွေပြူးကျယ်ဝိုင်းစက်လို့ အတော်အတန်ကြီးတဲ့ အပြုံးခပ်ကြီးကြီး တစ်ခုနဲ့ ပြုံးနေတာ။
သူ့အပြုံး ကနားရွက်တက်ချိတ်တော့မယ့်
အပြုံးမျိုးပဲ။ အပြုံးပိုင်ရှင်က သူ့ဆီ တရွေ့ရွေ့
လာနေတယ်။ သူသိပ်ကြောက်တာပဲ။ မျက်လုံးတွေ မှိတ်ထားမိတယ်။ စောင်တွေ
ခြုံထားလျက်နဲ့ သူခံစားမိနေတုန်း စလိုက်မီး
အလင်းရောင်က တဖြေးဖြေး သူ့ဆီရောက်
လာနေပြီ။ သူ့စောင်ကို ဟကြည့်မိတော့
အပြုံးနဲ့လူကြီးကသူ့အနားရောက်လို့နေခဲ့ပြီ။
သူလည်း အပြုံးခပ်ကြီးကြီးတစ်ခု ကြံဖန်ပြုံး
ပြလိုက်ရတယ်။ သူတို့်နှစ်ယောက်တစ်
ယောက်ကို တစ်ယောက်ကြည့်နေကြရင်း
အပြုံးနဲ့ လူကြီးပျောက်သွားတယ်။ ရဟတ်ကလည်း လည်နေတုန်းပဲ။ မလှမ်း
မကမ်းက သစ်ပင်မှာ ပေါက်ဆိန်တစ်ခု
တွေ့ရတယ်။ သူ့ရှေ့မှာ မီးရထားတွေ ဖြတ်
ပြေးနေသလို ခံစားလိုက်ရတယ်။ အရောင်
တွေ ဖြတ်ပြေးပြီးတဲ့နောက် သူ သစ်
ပင်တစ်ပင်အောက်ရောက်နေတယ်။ စတော်ဘယ်ရီ သီး နီနီရဲရဲ တွေ။သူငေး
ကြည့်နေမိတုန်း စတော်ဘယ်ရီသီးတွေ
အရောင်ပြောင်းလို့ လာတယ်။ ခရမ်းရောင်
တွေ ပြောင်းလာတယ်၊ တစ်ချို့ အသီးတွေက
ကြက်သွေးရောင် တစ်ချို့ ကစိမ်းပုပ်ပုပ် အရောင်တွေ။ အသီးတွေ တဖြေးဖြေး ကြီး
လာပြီး ပေါက်ကွဲထွက်ကုန်တယ်။ ခရမ်းရောင် အရည်တွေ ကြက်သွေးရောင်
အရည်တွေက သွေးတွေလိုပဲ စေးထန်းထန်း
ထွက်လာကြတယ်။သူ့ဆီ အရည်တွေ လွင့်
စင်လာတယ်။ သူဟာအပင်အောက်ဘက်ရောက်လိုက် ကုတင်ပေါ်မှာ ပဲရှိနေသလိုနဲ့ အပြောင်းအလဲ နှစ်ခုကို ခံစားနေရတယ်။
အပင်နားက ပေါက်ဆိန်ကိုလှမ်းယူလိုက်ပြီး ကုတင်ပေါ်က ဆင်းလို့ ရဟတ်ရဲ့ အလယ်ပိုင်းကိုသူအားကုန်လွှဲခုတ်လိုက်တယ်။
ရဟတ် ကမရပ်သေးပါဘူး။ သူအားနဲ့ ထပ်
ခုတ်လိုက်တယ်။သွေးတွေ ဖြာခနဲထွက်
လာတယ်။ကလေးငိုသံတွေ ကြားရတယ်
စူးစူးဝါးဝါး အော်ဟစ်ငိုယိုသံတွေ။
နောက်တော့ ရဟတ်ရဲ့ အလယ်
တိုင်တစ်ခုလုံးက ကလေးပုခတ်တွေ
ဖြစ်လာတယ်။ ကလေးတွေ မှာ ပုဆိန်ခုတ်
ရာတွေ နဲ့ ရဟတ်ရပ်သွားတယ်။ သွေးတွေ
တဖြေးဖြေး ထွက်နေသေးတယ်။ သွေးစက်
တွေ ကနေကလေးငယ်လေးတွေ ဖြစ်လာ
ကြတယ်။ သူတို့က သွေးအိုင်ထဲမှာ။ အမြင်
မှားနေတာ။ သူအမြင်မှားနေတာပဲ ဖြစ်မယ်။
သူ ခပ်ဝေးဝေး ဆီပြေးထွက်ခဲ့တယ်။ သူ
ကြောက်လန့် မောဟိုက်လို့နေတယ်။တစ်
နေရာ အရောက်မှာ သူလဲကျသွားတယ်။.
သတိရလာတော့ သူ့နားမှာ သူတို့ရွာ
ကလူတွေ ကိုတွေ့ရတယ်။ ပျောက်သွား
တဲ့ ကလေးတွေ သူ့သူငယ်ချင်းတွေကိုလည်း
တွေ့ရတယ်။
သူသတိထားမိတယ်။ သတိလစ်နေတဲ့သူ
တွေထားတဲ့ကုတင်မျိုးမှာ သူအိပ်ပြီး ချားရ ဟတ် စီးခဲ့တာကို။
သူအခုအားလုံး အဆင်ပြေနေပါတယ်။သူ့
သူငယ်ချင်းတွေလည်း အိမ်ပြန်ရောက်လာ
ခဲ့ပြီ။ သူ့ချစ်တဲ့ ကလေးတွေရော။
တစ်ခုပဲ သူကလေး ငိုသံတွေ မကြားနိုင်
တော့တာ တိတိကျကျ ပြောရရင် ကလေးငို
သံတွေကို သူမခံစားနိုင်တော့ တာတစ်ခုပဲ။
ကလေးတွေရဲ့ ငိုသံ ကြားရရင် သူတောထဲကိုထွက်လာ ခဲ့တယ်။တောထဲမှာ လည်း ကလေး ငိုသံတွေ ကသူ့ကို ခြောက်လှန့်နေတုန်းပဲတဲ့။
ကလေး ငိုသံကြားရတဲ့ အခါတိုင်း
သူငရဲခန်းကို တစ်ခေါက်အလည်သွား ရတယ်
ဖြစ်တည်မှု ကို မနှစ်မြို့တော့တဲ့ အထိပဲ။
ဒိုဒို
Comments
Post a Comment