လက်နှိပ်စက် နှင့် စာရိုက်သူ

စာရေးဆရာ တစ်ယောက်ဟာ သူ့ရဲ့လက်နှိပ်စက်နဲ့ပဲ နေ့စဉ် အလုပ်ရှုပ်နေ
တာတယ်။ သူ့ ချစ်သူ စုန်းမလေးဟာ သူ့ကို
ကျိန်စာ တိုက်လိုက်တယ်။ မိုးတွေရွာတဲ့ တစ်
ညမှာ စာရေးဆရာဟာ သူမြတ်နိုးလှတဲ့ စာ
ရိုက်စက်ပေါ်ထိုင်လို့ သူကတော့ လက်သန်း
အရွယ် လောက်ပဲ ရှိတော့တယ်။ ဒါပေမယ့်လည်းသူရဲ့ စာရေးချင်စိတ်ကို ထိန်းချုပ်မရခဲ့ဘူး။သူ စာဆက်ရေးဖို့ ပြင်တယ်။ လက်နှိပ်စက်ဟာ သူအတွက် ကြီးလွန်းနေပြီး အက္ခရာတစ်ခုနဲ့ တစ်ခုကြား စာရိုက်ဖို့ တစ်လကြာလမ်းလျှောက် ရသတဲ့။ သူဟာ စိတ်ဓာတ်ကျ လာတယ် ဝမ်းနည်း လာရင်းက သူ့ဝါသနာအရ သူဆက်ကြိုးစား ရင်းစားရေးတယ်အက္ခရာတစ်ခုနဲ့တစ်ခုကြား တစ်လကြာလမ်းလျှောက် ရလို့ သူဟာ စာတစ်လုံးရေးဖို့် တစ်လကြာ စဉ်းစားဖို့ အချိန်ရပါသတဲ့..။
စာရေးဆရာ ရေးခဲ့တဲ့ စာတွေဟာ ဝမ်းနည်း
ဖွယ် သိပ်ကောင်းလို့အစွန်းရောက်အောင် လူတွေကို ဘဝပေါ်မှာ စိတ်ပျက် ငြီးငွေ့လာ
စေတယ်။ သူ့စာဖတ်တဲ့ လူတွေဟာ သူ့လို လောကကို စိတ်ကုန်စိတ်ပျက် စပြု လာကြတယ်။သူ့ဟာ ဝမ်းနည်း မှုတွေ ပြန်မဆုံရခြင်းတွေ ဝေးကွာစွန့်လွှတ်ခဲ့
ရခြင်းတွေ အကြောင်း နှလုံးသွေး ကြေကွဲ
လို့ ဆက်ပြီး ရေးဖွဲ့တယ်။ နဂိုထက်သူက စာ
လုံးတစ်ခုနဲ့ တစ်ခုကြား ခပ်မြန်မြန် သွား
တယ်။ မအိပ်မစားပဲ မျိုးစုံ စိတ်ဖိစီးမှု တွေ
ကြား ကြိုးစားနေထိုင်ရင်း ပြေးလွှားစာ
ရိုက်နေရင်း တစ်နေ့မှာ နှလုံးထိခိုက်
ပြီး သေဆုံးသွားတယ်။ သူရေးခဲ့တဲ့ ကဗျာ
တွေ ပုံပြင်လေးတွေဟာ ဖတ်သူကို စိတ်ပျက်
အားငယ် စေတယ်။ ဒါကြောင့်ခေတ်အဆက်
ဆက် လူကြီးတွေဟာ မြေအောက်စာကြည့်
တိုက်လေးထဲ သူ့စာလေးတွေ ချိတ်ပိတ်သိမ်း
ဆည်း ထားပါသတဲ့....။

ဒိုဒို
26 6 2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား