တံထားတွေအစားကိုယ်နှစ်သက်ရာထည့်ကြည့်ခြင်း
ကျွန်မကတော့ စိတ်ကူးယဉ်ရခြင်းတွေ
ကိုနှစ်သက်ပါတယ်။
အိုက်စက်ပူလောင်လှတဲ့
ရန်ကုန်မြို့ရဲ့နေ့လည်ခင်းတွေမှာ
့ဘတ်စ်ကားကျပ်ကျပ်ထဲ
စိတ်ကူးယဉ်ရတာကိုနှစ်သက်ပါတယ်။
မြက်ခင်းစိမ်းစိမ်းမှာ
လေတဖြူးဖြူးတိုက်ခတ်နေစဉ်
့တယောထိုးနေသူအဖြစ်
စိတ်ကူးယဉ်ရတာကိုလည်းနှစ်သက်ပါတယ်။
ရွှေဝါရောင်စပါးခင်းတွေစာခြောက်ရုပ်တွေနား
တေးသီချင်းသံပြိုင်ဆိုနေတဲ့
ကောက်စိုက်သမတစ်ဦးအဖြစ်လည်း
စိတ်ကူးယဉ်ခြင်းမျိုးကိုလည်းနှစ်သက်ပါတယ်၊
ပတ်ဝန်းကျင်မှာ
ရွှေရောင်အလင်းမှုန်တွေမြင်ရတိုင်း
နံဘေးမှာFairiesတွေရှိနေကြောင်း
စိတ်ကူးယဉ်ရတာမျိုးကိုလည်း
နှစ်သက်ပါတယ်။
ဒေါ်ရသီအဖြစ်
မှော်ဆရာအော့ဇ်ရဲ့မြရတနာမြို့တော်ကို
အလည်အပတ်သွားခဲ့တယ်လို့
စိတ်ကူးယဉ်ခြင်းမျိုးကိုလည်း
နှစ်သက်ပါတယ်။
မင်းသားလေးရဲ့မိတ်ဆွေအဖြစ်
သိပ်ပြီးဝမ်းနည်းပူဆွေးနေရတဲ့အခါမျိုးမှာ
စကားတစ်ခွန်းမပြောပဲ
နေဝင်ဆည်းဆာကို
အချိန်ကြာကြာကြည့်နေခဲ့တယ်လို
့စိတ်ကူးယဉ်ရတာမျိုးကိုနှစ်သက်ပါတယ်။
စိတ်ကူးယဉ်သူငယ်ချင်း
Zannaတစ်ယောက်ရှိကြောင်း
စိတ်ကူးယဉ်ရတာမျိုးလည်းနှစ်သက်ပါတယ်၊
ပင်လယ်ကမ်းစပ်တစ်နေရာမှာ
မိုင်ထောင်ချီလမ်းလျှောက်ချင်တဲ့ဆန္ဒရှိခဲ့သူ
Rapenzalအဖြစ်စိတ်ကူးယဉ် ခြင်းမျိုးကိုလည်း
နှစ်သက်ပါတယ်၊
BermudaTriangleထဲ
ပျောက်ဆုံးသွားတဲ့သင်္ဘောထိပ်မှာမတ်တပ်ရပ်
ထူထဲတဲ့တိမ်သားတွေကိုငေးကြည့်
တိတ်တိတ်လေးပျောက်ဆုံးသွားဖို့ရာ
စိတ်ရှည်ရှည်စောင့်ဆိုင်းနေသူအဖြစ်
စိတ်ကူးယဉ်ခြင်းမျိုးကိုလည်းနှစ်သက်ပါတယ်။
Wonderlandမှာတစ်ယောက်ထဲ
လေနှင်ရာလွင့်လျှောက်သွားတာမျိုး
အဲ့သည့်ကမ္ဘာငယ်လေးထဲ
အရူးတွေနဲ့စကားပြောနေတာမျိုး
စိတ်ကူးယဉ်ရတာကလည်းနှစ်သက်စရာပါပဲ။
လူတွေနှစ်မြို့ခြင်းမရှိလှတဲ့
Monsterတစ်ကောင်အဖြစ်
Monster Highကျောင်းမှာကျောင်းတက်ရတယ်လို့
စိတ်ကူးယဉ် ရတာမျိုးကလည်း နှစ်သက်စရာပါပဲ။
Someone like youသီချင်းကို
နားထောင်တိုင်းလည်း
သီချင်းထဲကမိန်းကလေးအဖြစ်
နှလုံးကြေကွဲဝမ်းနည်းပေးရတာမျိုးလည်း
နှစ်သက်ပါတယ်။
အာအိုကီဂါဟာရာသစ်တောကိုရောက်ရှိပြီး
ဝိညာဉ်တွေရဲ့တေးသံကို
ပီပီသသကြားနေရတယ်လို
့စိတ္တဇဆန်ဆန်စိတ်ကူးယဉ်ခြင်းမျိုးကိုလည်း
နှစ်သက်ပါတယ်။
Golden Gateတံထားပေါ်က
လေထုထဲကိုရောက်ရှိသွားတဲ့
လွတ်မြောက်မှုအခိုက်အတန့်ကို
စိတ်ကူးယဉ်ရတာမျိုးကိုလည်းနှစ်သက်ပါတယ်။
ဟုတ်ပါတယ်ကျွန်မဟာစိတ်ကူးယဉ်ခြင်းတွေကိုအမှန်တကယ်နှစ်သက်သူပါပဲ..။
ဒိုဒို
Comments
Post a Comment