ကက်သရင်း စီးရီး
ကက်သရင်း(၁)
မင်းသားလေးလိုအချစ်မျိုးပဲ လိုချင်တယ်ဆိုလို့
ကိုယ့်မှာ နှစ်ရှည်လများ စောင့်ခဲ့ရ
ယုဇနပင်မှာ ဖဲကြိုးဝါတွေ မချည်ခင်
နှင်းဆီပန်း တစ်ပွင့် ဟာ လည်း
ကိုယ့်ဂြိုလ်လေးပေါ်က ပျောက်ဆုံးခဲ့ရပါတယ်။
.
ကက်သရင်း(၂)
ရုပ်သံလိုင်းက
"ချာလီ နှင့် ချောကလက် စက်ရုံကြီး"
ပြန်လာတယ်..ကတ်သရင်း။
ကိုယ့်မှာ မင်းအတွက်
ရွှေရောင် ကံစမ်းမဲလေး ယူပေးချင်ပါရဲ့
မင်းပြောဖူးတယ်
ခရီးဆောင်အိတ်ထဲ
ချောကလက်တွေ ထည့်လို့
ချောကလက် လှေစီးပြီး
ချောကလက် ပင်လယ်ကြီးထဲ
ချောကလက် ကျွန်းစွယ်တွေဖြတ်လို့
ချောကလက် မြို့တော်ပေါ်က
ချောကလက် နန်းတော်ရဲ့
ချောကလက် စာကြည့်တိုက်ထဲ
ချောကလက် ကော်ဖီတစ်ခွက်နဲ့
ချောကလက် စာအုပ်တွေတူတူဖတ်မယ်
ချောကလက် တံထားပေါ်မှာ
ချောကလက် တယောထိုးပြီး
ချောကလက် အကြောင်းပြောကြ၊
ချောကလက် ဥယာဉ်ထဲမှာလေ
ချောကလက် သတိုးသမီး ဝတ်စုံဝတ်လို့
ချောကလက် အရံတွေနဲ့
ချောကလက် ကိတ်မုန့်တွေခွဲပြီး
ချောကလက် ရေခဲမုန့်ကျွေးလို့
ချောကလက် ပါဆယ်တွေလက်ခံမယ်။
ချောကလက်တွေ
ပြန်ဝေပေးအုံးမယ်လည်း ပြောခဲ့တယ်။
ခုတော့လည်း
ချောကလက်တစ်ယောက် တစ်ချောင်းစီ
ဝယ်စားရင်း ပျော်ပျော်ကြီး
လမ်းခွဲခဲ့ကြ။
.
ကက်သရင်း.(၃)
ပုံပြင်တွေဆို သိပ်သဘောကျတယ်
သူတို့ရဲ့ စိတ်ကူးယဉ်ဆန်ခြင်း ထက်
ကံတူအကျိုးပေး သဘောကို
ကိုယ်ပိုနှစ်သက်မိတယ်..ကက်သရင်း.
အပြင်လောကမှာဆို
ဗီလိန်တွေ အမြဲနိုင်ပြီး
စိတ်ထားကောင်းတဲ့ လူတွေပဲ
အမြဲရှုံးနေကြရတာလေ။
.
ကက်သရင်း.(၄)
ကြယ်တွေဟာ နေ့ဘက်ထွက်ခဲ့လေသလား
ညဘက်မှ ပေါ်ပေါက်လာခြင်း မျိုးလား။
ငါ၏ မသိ ဆိုးရွားနိုင် ခြင်း များ။
တို့တွေဟာ ကြယ်ကလေးတွေပဲကက်သရင်း
ကြယ်တစ်ခုစီ မှာ တေးသီချင်း တစ်ပုဒ်စီ
ရှိသတဲ့။
ကိုယ့်စီ မှာ လည်း ရှိ ခဲ့တယ်
"ကိုယ်ဟာ မင်းကို ချစ်လျက်ပါ
ချစ်လျက်ပါ ချစ်လျက်ပါ"
ကိုယ့် ကြယ် လေးက အဲ့လို ဆိုတယ်။
(ခင်ဝမ်းရဲ့ အချစ်ကိုရင်း၍)
.
ကက်သရင်း.(၅)
အရင်လို စိတ်ညစ်တိုင်း
မိုးရေထဲ လျောက်သွား မနေနဲ့အုံး
နင်မှာလည်း နမိုးနီးယားရောဂါနဲ့
ပြောခဲ့ဖူးတယ်နော်
ဘဝမှာ မြင်းစီးသမား လေးယောက်ကိုမတွေ့ချင်ဘူး လို့လေ။
တော်ကြာ တွေ့နေ့ရမှ ဖြင့်ကွယ်။
.
ကက်သရင်း.(၆)
ပစ္စုန်ပ္ပန် မှာသစ်ပင်တစ်ပင်ရဲ့
ရှင်သန်ခြင်းအကြောင်း မင်း တွေးတောနေတုံး
ကိုယ်က အပင်လေး သေဆုံးဖို့ရက်ကို
အသင့်စောင့်ဆိုင်းနေခဲ့တာ။
ကိစ္စတိုင်းကို မတည်မြဲခြင်း လို့ ပဲ
မှတ်ယူတက် ခဲ့ လို့ ထင်ရဲ့
အရာရာတိုင်း ဟာ မစခင်ကပဲ ဆုံးခဲ့ပါတယ်။
.
ကက်သရင်း(၇)
မင်းသားလေး ပြောသလိုပေါ့
တို့တစ်တွေ ဟာ ဂဏန်းလက္ခဏာ
ပေါင်းဖို့အတွက်ပဲ မွေးဖွား လာခဲ့ကြတာ မှမဟုတ်ပဲ
အပေါင်း အနှုတ် အမြှောက် အစား များတဲ့
ကမ္ဘာကြီးထဲ ပစ်ပစ် လဲ မနေပါနဲ့
တို့်တွေဟာ မှိုပွင့်လေးတွေ မှမဟုတ်ပဲလေ။
.
ကက်သရင်း.(၈)
ကိုယ်လည်း
ပေါ်လီယာနာ ကစားနည်းကို
နာကျင်မှုတွေ ကြားက ဘယ်ကစား ချင်ပါ့မလဲ
မင်းသာ
ယုဇနပင်မှာ ဖဲ ကြိုးဝါ တွေ ချည်နိုင် ခဲ့ရင်
အခုလေ
ဖဲ ကြိုးဝါ လေးတွေ ဝယ်လာတယ်
ယုဇန ပင်မှာ ချည် ပေးနိုင်မလား။
.
ကက်သရင်း(၉)
မင်းပြောသမျှ ကိုယ်ယုံခဲ့တယ်
ကြယ်ကလေး တွေဟာ ဂြိုလ်လေးတွေဆိုတာ
မင်းသားလေးဟာ ကြယ်တစ်လုံးမှာ
ရှိနေမယ်လို့ ကိုယ်ထင်နေခဲ့တာ
နှစ်လိုဖွယ်ကောင်းတဲ့
ကြယ်တစ်လုံး ကို ကိုယ်တွေ့ခဲ့တယ်
မင်းသားလေး ရှိမယ်အထင်နဲ့
ပြုံးပြ လိုက်တာပဲ
တကယ်တမ်း တော့ မင်းသားလေးကို
ကိုယ်မတွေ့ မိပါဘူး
ကိုယ်ဟာလေ အဲ့သည်လို
မင်းပြောသမျှ အရာရာတိုင်းကို
စိတ်နဲ့ လှည့်စားယုံတက်ခဲ့တာ
အခုလည်း ကြယ်ကလေး မှာလေ
မင်းသားလေး ရှိနေတယ်။
.
ကက်သရင်း(၁၀)
ဒဏ္ဍာရီဟောင်းလေး
အသက်ဝင်လာတဲ့အခါ အလွမ်းတွေလည်း နိုးထလာခဲ့တယ်.. ကက်သရင်း...
တစ်ဖက်သတ် ဆိုတဲ့အရာမျိုးက
လူတစ်ဖက်သားကို တော်တော်လေးလည်း
သတ်နိုင်ပါရဲ့
အခုလို မိုးတဖွဲဖွဲကျတဲ့အခါမျိုး
ဆယ်စုနှစ်လောက်က ထီးတစ်ချောင်း နဲ့ကတ္ထီပါ ဖိနပ်အညိုလေးတို့ဟာ
ဒီဘက်ကမ္ဘာကို အမှောင်ကျသွားစေတယ်
မင်းနာမည်ပါတဲ့
WUTHERING HEIGHTS
ဝထ္ထုကို အလွမ်းနဲ့ ဖတ်ကြည့်ပါရဲ့
ကိုယ်ကံဆိုးခဲ့ပါတယ်
ဝထ္ထုလေး ထဲမှာတောင်
ဟိကလစ်နဲ့ ကက်သရင်းဟာ
Happy endingနဲ့ အဆုံး မသတ်ခဲ့ရှာဘူး။
.
ကက်သရင်း(၁၁)
ခိုတွေကို အစာကျွေးနေရင်း
သူတို့ရဲ့ နီးကပ်လာမှု
တဖျက်ဖျက် ခတ်နေတဲ့
အတောင် ပံတွေ
လက်ထဲမှာ
ဘေးမှာ
ခပ်ရဲရဲ သူတို့ ပျံလာကြတဲ့အခါ
ထိတ်လန့် ရွံ့
ကြောက်လို့
အစာခွက်ကို ချ
ထွက်ပြေးမိပြန်တယ်
အစွန်းရောက်တဲ့
စိတ်အခြေအနေကြောင့်
အားလုံး ကို
အားနာရပါရဲ့..ကက်သရင်း ရယ်။
.
ကက်သရင်း(၁၂)
မင်းသားလေး ပြောတဲ့အတိုင်းဆို
မင်းဟာ မှိုပွင့်ကလေးပဲ. .ကက်သရင်း
အပေါင်း အနှုတ် အမြှောက် အစားများတဲ့
ကမ္ဘာကြီးထဲ ပစ်ပစ်လဲ နေတက်တာလေ
ခရမ်းရောင် မှိုတွေက
Game ထဲမှာ ဆိုရင်လေ poisonလို့ခေါ်တယ်။
အဆိပ်ကို အဆိပ်နဲ့မြှားပြီး ပြန်သတ်ရတယ်
ကိုယ့်မှာ အဆိပ်တစ်ပုလင်းရှိခဲ့တယ်။
Game ဆော့ရင်တောင်လေ
အဆိပ်မသုံးခဲ့မိဘူး။
အဲ့ဒီညနေလေးမှာ
ကိုယ့်အသက် ၅သတ်လုံးဆုံးရှုံးခဲ့ရ၊
အပြင်လောကမှာ
အသက်ရှင်နိုင်မဲ့ အခွင့်အရေး ဆိုတာ
၁ခုတည်းပဲရှိတယ်. ...ကက်သရင်း
မင်းမသေရင်.ကိုယ်သေမှာပဲ။
ဒါပေမယ့် ကိုယ် အဆိပ်မလောင်းခဲ့ဘူး။
မှိုပွင့် ကလေးကို စားပြီး
ဂြိုလ်ကလေးပေါ်မှာပဲ
နေဝင်ချိန် ကို တိတ်တဆိတ် ထိုင်ကြည့်နေခဲ့ မိတယ်။
.
ကက်သရင်း(၁၃)
ချစ်ခြင်းမေတ္တာဆိုတာ
မင့်ပခုံးပေါ်မှာ
ဖြတ်ပျံ သွားတဲ့..သစ်ရွက်အညို လေးပဲ
ကက်သရင်း..
အသေအချာ ကတ္ထီပါဘူးလေးထဲ
ကိုယ်ထည့်သိမ်းထား မိတော့
အိမ်အပြန်မှာ.အငယ်ကောင်ဟာ
ဖယောင်း နဲ့ ..မီးရှို့
ချစ်ခြင်းမေတ္တာဟာ မီးပုံထဲမယ် ရှုံ့တွကျန်ရစ်ရ။
.
ကက်သရင်း(၁၄)
ကိုယ်ရဲ့
မင်းသားလေးကို သဘောကျ မိခြင်းဟာ
သူရဲ့သဘောကောင်းမှု
နှစ်လိုဖွယ် ကောင်းမှု တွေ ကြောင့်မဟုတ်ပဲ
အထီးကျန်ဆန် ခြင်းနဲ့
ဆိုးဆိုးဝါးဝါး ခံစား ရရင်
နေဝင်ဆည်းဆာ ငေးကြည့်ခြင်းပဲဖြစ်တဲ့အကြောင်း
သိလာရတဲ့ အချိန်မှာ
ကိုယ် သိမ်ငယ်ရပါတယ်..ကက်သရင်း ။
.
ကက်သရင်း (၁၅)
စကားတစ်ခွန်းမပြောပဲ
အေးအေးဆေးဆေးလေး
ထိုင်နေလို့ ရတဲ့ ကမ္ဘာတွေ
ခုတလော လေ နှစ်သက်ရ။
ပုံပြင်တံခါးကို ဖွင့်
ရှိစုမဲ့စု စိတ်အင်အားလေးနဲ့
တံထားထိုးပြီ ဂြိုလ်တစ်ခု ဆီသွားနိုင်ခဲ့ရင်
မင်းသားလေးနဲ့
အပေးအယူ လုပ်ဖြစ်ကြမယ် ထင်တယ်။
မင်းသားလေးရေ
မင်းနှစ်သက်တဲ့ နှင်းဆီပင်တွေ
တို့ခြံထဲမယ် အများကြီးရယ်
ဂြိုလ်ကလေးဆီက နှင်းဆီပွင့်လေးတွက်
ပန်းအိုး နေရာလွတ်တွေ လည်းရှိ။
မင်းဂြိုလ်ကလေးမှာ နေခွင့်ပေးပါ။
ကုလားထိုင်ပေါ်မှာထိုင်
ရှေ့နောက် လှည့်ပြောင်းထိုင်ရင်း
နေဝင်ဆည်းဆာ ကိုကြည့်ပြီး
မင်းသားလေး လို ရေရွတ်မယ်။
ဂြို်လ်ကလေးဟာ အပိတ်ဂြိုလ်တစ်ခုဆိုရင်
ကိုယ်ရဲ့ အထီးကျန်မှုတွေ ရောင်ပြန်ဟပ်လာကြလိမ့်မယ်။
"လူဟာ ဆိုးဆိုးရွားရွား ခံစားရရင်
နေဝင်ဆည်းဆာ တွေကို သဘောကျ လာကြတော့တာပဲ။"
လေယဉ်မှူး မရှိဘူး
မင်းသားလေး လည်း မရှိဘူး
သိုးတစ်ကောင်တလေ မရှိဘူး။
အဲ့ဒီ ဂြိုလ်လေးမှာ ကိုယ်ပဲ ရှိတယ်။
အဲ့ဒီ ဂြိုလ်လေးမှာလေ
အထီးကျန် သိုးမဲ တစ်ကောင်ပဲ ရှိတယ်။
နာဖျား နေတဲ့ သိုးတစ်ကောင် ပဲရှိတယ်။
သူ စတင်ပြီး ရေရွတ်နေတယ်
လူဟာ ဆိုးဆိုးရွားရွား ခံစားရရင်
လူ ဆိုးဆိုးရွားရွားခံစားရရင်
ဆိုးဆိုးရွားရွားခံစားရရင်
ဆိုးဆိုးရွားရွား
ခံစားရရင်
လေ။
နေဝင်ဆည်းဆာ တွေကို သဘောကျလာကျ
နေဝင်ဆည်းဆာ တွေ သဘောကျလာ
နေဝင်ဆည်းဆာ တွေ သဘောကျ
နေဝင်ဆည်းဆာ သဘောကျ။
ကိုယ်ရဲ့ ရောင်ပြန် အသံတွေပေါ့ 
ကက်သရင်း ရယ်။
ကိုယ် အထီးကျန် နေပါတယ်။
အထီးကျန် နေပါတယ်။
ကိုယ် အထီးကျန်
ကိုယ်လေ အထီးကျန်လွန်း
အထီးကျန် လွန်း
အထီးကျန် လွန်းခဲ့ ပါတယ်။
(မင်းသားလေး ဝထ္ထုပါ အကြောင်းအရာ ဖြစ်ပါသည်။😁)
.
ကက်သရင်း (၁၆)
အနည်းဆုံးတော့
ကိုယ်တို့နောက်မှာ
ယုန် ဖြူ ဖြူ တွေ
မြက်ခင်းစိမ်းစိမ်းတွေ
ကျန်နေသေးတယ်ဆိုတဲ့ စိတ်နဲ့
ကျေနပ်ရ ပါတယ်..ကက်သရင်း
ဘဝဟာ ပုံပြင်လေးတွေ ထဲ
အသက်ရှူ ချောင် နိုင်ပါသေးတယ်။
.
ကက်သရင်း(၁၇)
ဟိုးအရင်က
တစ်ယောက်ထဲ နေတဲ့သူတွေ
အုပ်စုဖွဲ့ အနိုင်ကျင့်ခံရတာမြင်ရင်
hero ဝင် လုပ်တဲ့သူဟာ
ကိုယ်ဆိုတာတောင် မယုံနိုင်တော့
ခုတော့
psycho ဝင်နေတဲ့ ယုန်တစ်ကောင်လို
အရာအားလုံး ဆီက ထွက်ပြေးလို့
ကိုယ်ကြောက်တယ် ကက်သရင်း
လူတွေ ကို
အားလုံးကို အရာရာတိုင်းကို
ကော်ဖီတွေကို စိတ်ကျရောဂါတွေ
ပြန်မလာတော့တဲ့ လခြမ်းတွေ
ထုတ်ချင်တိုင်း ထုတ်ပြန်နေကြတဲ့
စည်းမျဉ်း စည်းကမ်းတွေ
အရေပြား ဆန်မှုတွေ
ငါကိုယ်တိုင်ရဲ့ စိတ်ဗလာဖြစ်မှုတွေ
စိတ္တဇတွေ ပုလင်းထဲထည့်ပြီး
မျောပစ်လိုက်တာပဲ။
ကိုယ်စီပဲ ပြန်ရောက်ရောက်လာတယ်။
ခုလေ ကိုယ့်မှာ
ဖြေးညင်းစွာ ပခုံးပုတ် အားပေးမယ့်
လက်ဖဝါး တစ်ဖက်လိုတယ်။
အဲ့ဒီ လက်ဖဝါးတွေ လည်း
ကိုယ်ပဲ ပစ်ပယ်ခဲ့တာပဲ
သူတို့ဟာ အနည်းဆုံးတော့
ပျော်ရွှင်မှုနဲ့ ထိုက်တန်တယ်လို့ ထင်ပါရဲ့။
ကိုယ်သည် လိုပဲတွေးပါတယ်
ဒိုဒို
မင်းသားလေးလိုအချစ်မျိုးပဲ လိုချင်တယ်ဆိုလို့
ကိုယ့်မှာ နှစ်ရှည်လများ စောင့်ခဲ့ရ
ယုဇနပင်မှာ ဖဲကြိုးဝါတွေ မချည်ခင်
နှင်းဆီပန်း တစ်ပွင့် ဟာ လည်း
ကိုယ့်ဂြိုလ်လေးပေါ်က ပျောက်ဆုံးခဲ့ရပါတယ်။
.
ကက်သရင်း(၂)
ရုပ်သံလိုင်းက
"ချာလီ နှင့် ချောကလက် စက်ရုံကြီး"
ပြန်လာတယ်..ကတ်သရင်း။
ကိုယ့်မှာ မင်းအတွက်
ရွှေရောင် ကံစမ်းမဲလေး ယူပေးချင်ပါရဲ့
မင်းပြောဖူးတယ်
ခရီးဆောင်အိတ်ထဲ
ချောကလက်တွေ ထည့်လို့
ချောကလက် လှေစီးပြီး
ချောကလက် ပင်လယ်ကြီးထဲ
ချောကလက် ကျွန်းစွယ်တွေဖြတ်လို့
ချောကလက် မြို့တော်ပေါ်က
ချောကလက် နန်းတော်ရဲ့
ချောကလက် စာကြည့်တိုက်ထဲ
ချောကလက် ကော်ဖီတစ်ခွက်နဲ့
ချောကလက် စာအုပ်တွေတူတူဖတ်မယ်
ချောကလက် တံထားပေါ်မှာ
ချောကလက် တယောထိုးပြီး
ချောကလက် အကြောင်းပြောကြ၊
ချောကလက် ဥယာဉ်ထဲမှာလေ
ချောကလက် သတိုးသမီး ဝတ်စုံဝတ်လို့
ချောကလက် အရံတွေနဲ့
ချောကလက် ကိတ်မုန့်တွေခွဲပြီး
ချောကလက် ရေခဲမုန့်ကျွေးလို့
ချောကလက် ပါဆယ်တွေလက်ခံမယ်။
ချောကလက်တွေ
ပြန်ဝေပေးအုံးမယ်လည်း ပြောခဲ့တယ်။
ခုတော့လည်း
ချောကလက်တစ်ယောက် တစ်ချောင်းစီ
ဝယ်စားရင်း ပျော်ပျော်ကြီး
လမ်းခွဲခဲ့ကြ။
.
ကက်သရင်း.(၃)
ပုံပြင်တွေဆို သိပ်သဘောကျတယ်
သူတို့ရဲ့ စိတ်ကူးယဉ်ဆန်ခြင်း ထက်
ကံတူအကျိုးပေး သဘောကို
ကိုယ်ပိုနှစ်သက်မိတယ်..ကက်သရင်း.
အပြင်လောကမှာဆို
ဗီလိန်တွေ အမြဲနိုင်ပြီး
စိတ်ထားကောင်းတဲ့ လူတွေပဲ
အမြဲရှုံးနေကြရတာလေ။
.
ကက်သရင်း.(၄)
ကြယ်တွေဟာ နေ့ဘက်ထွက်ခဲ့လေသလား
ညဘက်မှ ပေါ်ပေါက်လာခြင်း မျိုးလား။
ငါ၏ မသိ ဆိုးရွားနိုင် ခြင်း များ။
တို့တွေဟာ ကြယ်ကလေးတွေပဲကက်သရင်း
ကြယ်တစ်ခုစီ မှာ တေးသီချင်း တစ်ပုဒ်စီ
ရှိသတဲ့။
ကိုယ့်စီ မှာ လည်း ရှိ ခဲ့တယ်
"ကိုယ်ဟာ မင်းကို ချစ်လျက်ပါ
ချစ်လျက်ပါ ချစ်လျက်ပါ"
ကိုယ့် ကြယ် လေးက အဲ့လို ဆိုတယ်။
(ခင်ဝမ်းရဲ့ အချစ်ကိုရင်း၍)
.
ကက်သရင်း.(၅)
အရင်လို စိတ်ညစ်တိုင်း
မိုးရေထဲ လျောက်သွား မနေနဲ့အုံး
နင်မှာလည်း နမိုးနီးယားရောဂါနဲ့
ပြောခဲ့ဖူးတယ်နော်
ဘဝမှာ မြင်းစီးသမား လေးယောက်ကိုမတွေ့ချင်ဘူး လို့လေ။
တော်ကြာ တွေ့နေ့ရမှ ဖြင့်ကွယ်။
.
ကက်သရင်း.(၆)
ပစ္စုန်ပ္ပန် မှာသစ်ပင်တစ်ပင်ရဲ့
ရှင်သန်ခြင်းအကြောင်း မင်း တွေးတောနေတုံး
ကိုယ်က အပင်လေး သေဆုံးဖို့ရက်ကို
အသင့်စောင့်ဆိုင်းနေခဲ့တာ။
ကိစ္စတိုင်းကို မတည်မြဲခြင်း လို့ ပဲ
မှတ်ယူတက် ခဲ့ လို့ ထင်ရဲ့
အရာရာတိုင်း ဟာ မစခင်ကပဲ ဆုံးခဲ့ပါတယ်။
.
ကက်သရင်း(၇)
မင်းသားလေး ပြောသလိုပေါ့
တို့တစ်တွေ ဟာ ဂဏန်းလက္ခဏာ
ပေါင်းဖို့အတွက်ပဲ မွေးဖွား လာခဲ့ကြတာ မှမဟုတ်ပဲ
အပေါင်း အနှုတ် အမြှောက် အစား များတဲ့
ကမ္ဘာကြီးထဲ ပစ်ပစ် လဲ မနေပါနဲ့
တို့်တွေဟာ မှိုပွင့်လေးတွေ မှမဟုတ်ပဲလေ။
.
ကက်သရင်း.(၈)
ကိုယ်လည်း
ပေါ်လီယာနာ ကစားနည်းကို
နာကျင်မှုတွေ ကြားက ဘယ်ကစား ချင်ပါ့မလဲ
မင်းသာ
ယုဇနပင်မှာ ဖဲ ကြိုးဝါ တွေ ချည်နိုင် ခဲ့ရင်
အခုလေ
ဖဲ ကြိုးဝါ လေးတွေ ဝယ်လာတယ်
ယုဇန ပင်မှာ ချည် ပေးနိုင်မလား။
.
ကက်သရင်း(၉)
မင်းပြောသမျှ ကိုယ်ယုံခဲ့တယ်
ကြယ်ကလေး တွေဟာ ဂြိုလ်လေးတွေဆိုတာ
မင်းသားလေးဟာ ကြယ်တစ်လုံးမှာ
ရှိနေမယ်လို့ ကိုယ်ထင်နေခဲ့တာ
နှစ်လိုဖွယ်ကောင်းတဲ့
ကြယ်တစ်လုံး ကို ကိုယ်တွေ့ခဲ့တယ်
မင်းသားလေး ရှိမယ်အထင်နဲ့
ပြုံးပြ လိုက်တာပဲ
တကယ်တမ်း တော့ မင်းသားလေးကို
ကိုယ်မတွေ့ မိပါဘူး
ကိုယ်ဟာလေ အဲ့သည်လို
မင်းပြောသမျှ အရာရာတိုင်းကို
စိတ်နဲ့ လှည့်စားယုံတက်ခဲ့တာ
အခုလည်း ကြယ်ကလေး မှာလေ
မင်းသားလေး ရှိနေတယ်။
.
ကက်သရင်း(၁၀)
ဒဏ္ဍာရီဟောင်းလေး
အသက်ဝင်လာတဲ့အခါ အလွမ်းတွေလည်း နိုးထလာခဲ့တယ်.. ကက်သရင်း...
တစ်ဖက်သတ် ဆိုတဲ့အရာမျိုးက
လူတစ်ဖက်သားကို တော်တော်လေးလည်း
သတ်နိုင်ပါရဲ့
အခုလို မိုးတဖွဲဖွဲကျတဲ့အခါမျိုး
ဆယ်စုနှစ်လောက်က ထီးတစ်ချောင်း နဲ့ကတ္ထီပါ ဖိနပ်အညိုလေးတို့ဟာ
ဒီဘက်ကမ္ဘာကို အမှောင်ကျသွားစေတယ်
မင်းနာမည်ပါတဲ့
WUTHERING HEIGHTS
ဝထ္ထုကို အလွမ်းနဲ့ ဖတ်ကြည့်ပါရဲ့
ကိုယ်ကံဆိုးခဲ့ပါတယ်
ဝထ္ထုလေး ထဲမှာတောင်
ဟိကလစ်နဲ့ ကက်သရင်းဟာ
Happy endingနဲ့ အဆုံး မသတ်ခဲ့ရှာဘူး။
.
ကက်သရင်း(၁၁)
ခိုတွေကို အစာကျွေးနေရင်း
သူတို့ရဲ့ နီးကပ်လာမှု
တဖျက်ဖျက် ခတ်နေတဲ့
အတောင် ပံတွေ
လက်ထဲမှာ
ဘေးမှာ
ခပ်ရဲရဲ သူတို့ ပျံလာကြတဲ့အခါ
ထိတ်လန့် ရွံ့
ကြောက်လို့
အစာခွက်ကို ချ
ထွက်ပြေးမိပြန်တယ်
အစွန်းရောက်တဲ့
စိတ်အခြေအနေကြောင့်
အားလုံး ကို
အားနာရပါရဲ့..ကက်သရင်း ရယ်။
.
ကက်သရင်း(၁၂)
မင်းသားလေး ပြောတဲ့အတိုင်းဆို
မင်းဟာ မှိုပွင့်ကလေးပဲ. .ကက်သရင်း
အပေါင်း အနှုတ် အမြှောက် အစားများတဲ့
ကမ္ဘာကြီးထဲ ပစ်ပစ်လဲ နေတက်တာလေ
ခရမ်းရောင် မှိုတွေက
Game ထဲမှာ ဆိုရင်လေ poisonလို့ခေါ်တယ်။
အဆိပ်ကို အဆိပ်နဲ့မြှားပြီး ပြန်သတ်ရတယ်
ကိုယ့်မှာ အဆိပ်တစ်ပုလင်းရှိခဲ့တယ်။
Game ဆော့ရင်တောင်လေ
အဆိပ်မသုံးခဲ့မိဘူး။
အဲ့ဒီညနေလေးမှာ
ကိုယ့်အသက် ၅သတ်လုံးဆုံးရှုံးခဲ့ရ၊
အပြင်လောကမှာ
အသက်ရှင်နိုင်မဲ့ အခွင့်အရေး ဆိုတာ
၁ခုတည်းပဲရှိတယ်. ...ကက်သရင်း
မင်းမသေရင်.ကိုယ်သေမှာပဲ။
ဒါပေမယ့် ကိုယ် အဆိပ်မလောင်းခဲ့ဘူး။
မှိုပွင့် ကလေးကို စားပြီး
ဂြိုလ်ကလေးပေါ်မှာပဲ
နေဝင်ချိန် ကို တိတ်တဆိတ် ထိုင်ကြည့်နေခဲ့ မိတယ်။
.
ကက်သရင်း(၁၃)
ချစ်ခြင်းမေတ္တာဆိုတာ
မင့်ပခုံးပေါ်မှာ
ဖြတ်ပျံ သွားတဲ့..သစ်ရွက်အညို လေးပဲ
ကက်သရင်း..
အသေအချာ ကတ္ထီပါဘူးလေးထဲ
ကိုယ်ထည့်သိမ်းထား မိတော့
အိမ်အပြန်မှာ.အငယ်ကောင်ဟာ
ဖယောင်း နဲ့ ..မီးရှို့
ချစ်ခြင်းမေတ္တာဟာ မီးပုံထဲမယ် ရှုံ့တွကျန်ရစ်ရ။
.
ကက်သရင်း(၁၄)
ကိုယ်ရဲ့
မင်းသားလေးကို သဘောကျ မိခြင်းဟာ
သူရဲ့သဘောကောင်းမှု
နှစ်လိုဖွယ် ကောင်းမှု တွေ ကြောင့်မဟုတ်ပဲ
အထီးကျန်ဆန် ခြင်းနဲ့
ဆိုးဆိုးဝါးဝါး ခံစား ရရင်
နေဝင်ဆည်းဆာ ငေးကြည့်ခြင်းပဲဖြစ်တဲ့အကြောင်း
သိလာရတဲ့ အချိန်မှာ
ကိုယ် သိမ်ငယ်ရပါတယ်..ကက်သရင်း ။
.
ကက်သရင်း (၁၅)
စကားတစ်ခွန်းမပြောပဲ
အေးအေးဆေးဆေးလေး
ထိုင်နေလို့ ရတဲ့ ကမ္ဘာတွေ
ခုတလော လေ နှစ်သက်ရ။
ပုံပြင်တံခါးကို ဖွင့်
ရှိစုမဲ့စု စိတ်အင်အားလေးနဲ့
တံထားထိုးပြီ ဂြိုလ်တစ်ခု ဆီသွားနိုင်ခဲ့ရင်
မင်းသားလေးနဲ့
အပေးအယူ လုပ်ဖြစ်ကြမယ် ထင်တယ်။
မင်းသားလေးရေ
မင်းနှစ်သက်တဲ့ နှင်းဆီပင်တွေ
တို့ခြံထဲမယ် အများကြီးရယ်
ဂြိုလ်ကလေးဆီက နှင်းဆီပွင့်လေးတွက်
ပန်းအိုး နေရာလွတ်တွေ လည်းရှိ။
မင်းဂြိုလ်ကလေးမှာ နေခွင့်ပေးပါ။
ကုလားထိုင်ပေါ်မှာထိုင်
ရှေ့နောက် လှည့်ပြောင်းထိုင်ရင်း
နေဝင်ဆည်းဆာ ကိုကြည့်ပြီး
မင်းသားလေး လို ရေရွတ်မယ်။
ဂြို်လ်ကလေးဟာ အပိတ်ဂြိုလ်တစ်ခုဆိုရင်
ကိုယ်ရဲ့ အထီးကျန်မှုတွေ ရောင်ပြန်ဟပ်လာကြလိမ့်မယ်။
"လူဟာ ဆိုးဆိုးရွားရွား ခံစားရရင်
နေဝင်ဆည်းဆာ တွေကို သဘောကျ လာကြတော့တာပဲ။"
လေယဉ်မှူး မရှိဘူး
မင်းသားလေး လည်း မရှိဘူး
သိုးတစ်ကောင်တလေ မရှိဘူး။
အဲ့ဒီ ဂြိုလ်လေးမှာ ကိုယ်ပဲ ရှိတယ်။
အဲ့ဒီ ဂြိုလ်လေးမှာလေ
အထီးကျန် သိုးမဲ တစ်ကောင်ပဲ ရှိတယ်။
နာဖျား နေတဲ့ သိုးတစ်ကောင် ပဲရှိတယ်။
သူ စတင်ပြီး ရေရွတ်နေတယ်
လူဟာ ဆိုးဆိုးရွားရွား ခံစားရရင်
လူ ဆိုးဆိုးရွားရွားခံစားရရင်
ဆိုးဆိုးရွားရွားခံစားရရင်
ဆိုးဆိုးရွားရွား
ခံစားရရင်
လေ။
နေဝင်ဆည်းဆာ တွေကို သဘောကျလာကျ
နေဝင်ဆည်းဆာ တွေ သဘောကျလာ
နေဝင်ဆည်းဆာ တွေ သဘောကျ
နေဝင်ဆည်းဆာ သဘောကျ။
ကိုယ်ရဲ့ ရောင်ပြန် အသံတွေပေါ့ 
ကက်သရင်း ရယ်။
ကိုယ် အထီးကျန် နေပါတယ်။
အထီးကျန် နေပါတယ်။
ကိုယ် အထီးကျန်
ကိုယ်လေ အထီးကျန်လွန်း
အထီးကျန် လွန်း
အထီးကျန် လွန်းခဲ့ ပါတယ်။
(မင်းသားလေး ဝထ္ထုပါ အကြောင်းအရာ ဖြစ်ပါသည်။😁)
.
ကက်သရင်း (၁၆)
အနည်းဆုံးတော့
ကိုယ်တို့နောက်မှာ
ယုန် ဖြူ ဖြူ တွေ
မြက်ခင်းစိမ်းစိမ်းတွေ
ကျန်နေသေးတယ်ဆိုတဲ့ စိတ်နဲ့
ကျေနပ်ရ ပါတယ်..ကက်သရင်း
ဘဝဟာ ပုံပြင်လေးတွေ ထဲ
အသက်ရှူ ချောင် နိုင်ပါသေးတယ်။
.
ကက်သရင်း(၁၇)
ဟိုးအရင်က
တစ်ယောက်ထဲ နေတဲ့သူတွေ
အုပ်စုဖွဲ့ အနိုင်ကျင့်ခံရတာမြင်ရင်
hero ဝင် လုပ်တဲ့သူဟာ
ကိုယ်ဆိုတာတောင် မယုံနိုင်တော့
ခုတော့
psycho ဝင်နေတဲ့ ယုန်တစ်ကောင်လို
အရာအားလုံး ဆီက ထွက်ပြေးလို့
ကိုယ်ကြောက်တယ် ကက်သရင်း
လူတွေ ကို
အားလုံးကို အရာရာတိုင်းကို
ကော်ဖီတွေကို စိတ်ကျရောဂါတွေ
ပြန်မလာတော့တဲ့ လခြမ်းတွေ
ထုတ်ချင်တိုင်း ထုတ်ပြန်နေကြတဲ့
စည်းမျဉ်း စည်းကမ်းတွေ
အရေပြား ဆန်မှုတွေ
ငါကိုယ်တိုင်ရဲ့ စိတ်ဗလာဖြစ်မှုတွေ
စိတ္တဇတွေ ပုလင်းထဲထည့်ပြီး
မျောပစ်လိုက်တာပဲ။
ကိုယ်စီပဲ ပြန်ရောက်ရောက်လာတယ်။
ခုလေ ကိုယ့်မှာ
ဖြေးညင်းစွာ ပခုံးပုတ် အားပေးမယ့်
လက်ဖဝါး တစ်ဖက်လိုတယ်။
အဲ့ဒီ လက်ဖဝါးတွေ လည်း
ကိုယ်ပဲ ပစ်ပယ်ခဲ့တာပဲ
သူတို့ဟာ အနည်းဆုံးတော့
ပျော်ရွှင်မှုနဲ့ ထိုက်တန်တယ်လို့ ထင်ပါရဲ့။
ကိုယ်သည် လိုပဲတွေးပါတယ်
ဒိုဒို
Comments
Post a Comment