သစ်လုံးအိမ် သူနဲ့သူမ

သူမ သူနဲ့ မတွေ့ခင်တုန်းက အိပ်မက်ရှည်
ကြီး မက်ခဲ့တယ်။ အိပ်မက်ထဲမှာသူဟာသူ
မနဲ့ ပုံပြင်အတူပြောကြတယ်တဲ့မိုးပျံပူဖောင်း
 စီးတယ်။ စွန်အတူ လွှတ်တယ်။ စက်ဘီးအတူ စီးရင်းရေခဲ မုန့်စားကြတယ်။အိမ်မက်ထဲမှာသူဟာတစ်ခါတလေတော့မှော်ဆရာဖြစ်သွားတယ်။ သုံးမြှောင့်ပုံ တြိဂံ ဦးထုပ်လေးနဲ့ ပြီးတော့ ချောက်ထဲ ခုန်ချတော့မယ် သူမကို လာကယ်တယ်။
သူမ မျက်လုံးတွေ မှာလည်း မျက်ရည်
တွေ စိုစွတ်လို့ အဆုံးစီရင် ဖို့များလား..အဲ့ဒီ
အိပ်မက် အဆုံးရောက်တိုင်း သူမအိပ်ယာ
က နိုးလာခဲ့တယ်။ အိမ်မက်တစ်ခုနဲ့ တစ်ခု
ကမတူ ပေမယ့်လည်း ချောက်ကမ်းပါးမှာ
ပဲ အဆုံးသတ် သွားကြတယ်။ အဲ့ဒီနေ့ကစ
လို့ သူမသူ့ ပုံတွေ ဆွဲတယ်။ သူ့ရဲ့ ပြုံးနေတဲ့
ဟန် ရေခဲမုန့်ကိုင်ထားတဲ့ သူ့မျက်နှာ စွန်
လွှတ်ရင်း စွန်ကလေးကို ငေးကြည့်နေ တဲ့
ဟန် တွေ။ ခုဆို သူမ သုံးနှစ်ရှိခဲ့ပြီ ။သူ့ကို
မမြင် ဖူးခဲ့။

တစ်နေ့မှာ သူ့နဲ့ သူမ တွေ့ဆုံကြတယ်။
 အကြောင်းတရား တိုက်ဆိုင်စွာနဲ့ပဲ နောက်တစ်ချိန်မှာ ရေခဲမုန့်အတူ စားခွင့် ပုံပြင်ပြောခွင့် စွန်အတူလွှတ်ခွင့်ရခဲ့တယ်။

သည်လိုနဲ့
တစ်ညမှာ ဘယ်တော့မှ မက်တော့မှာ မဟုတ်ဘူးလို့ သူမထင်ထားတဲ့ အိပ်​မက်
ကို ထပ်မက်တယ်။ အဲ့ဒီအချိန်တုန်းက သူမ
အမျိုးသား(အိမ်မက်ထဲကလူ)ဟာ အိမ်ရှေ့
စားပွဲ မှာ စာဖတ်နေခဲ့တာ။ အိပ်မက်ထဲမှာ သူမ ချောက်ကမ်းပါး ထိပ်မှာ ရပ်နေတုန်း
ခါတိုင်းလိုပဲ ကယ်ခဲ့မယ် ထင်ခဲ့တယ်။သူမ
လက်ကို အနောက်ဘက်ကနေ ပြုတ်မကျ
အောင် လှမ်းဆွဲထားတယ်။ ပြီးတော့ သူက
ရယ်ပြတယ်။ သွားတွေ မဟုတ်ပဲ ချွန်မြမြ
အစွယ်တွေ ..။

သူမ နိုးလာတော့ သူ့ကို မတွေ့တော့။
လိုက်ရှာ နေမိရင်း ခပ်ဝေးဝေးက ချောက်
ကမ်းပါး ထိပ်မှာ သူ့ကို တွေ့တယ်။ သူမ
ထိတ်လန့်စွာနဲ့ လက်ကို အသေချာ ဆုပ်ကိုင်
ထားရင်းက သူ မျက်ရည်တွေကြားက ပြုံးပြ
တယ်။

"မင်း မျက်လုံးတွေက လည်း နီနေပါ့လား"။

 "ကျွန်မ နေကောင်းပါတယ်"

"မင်းရဲ့သွားတွေကအချွန်တွေဖြစ်လို့ပါ့လား"

"အင်း ဟုတ်လား"

အဲ့ဒီ အချိန်မှာမှာ သူမ သူ့ကို ခုန်အုပ်
လိုက်တယ်။ ပြီးတော့ အဲ့အကြောင်းပြန်တွေး
ရင်း ယူကြုံးမရ ဖြစ်လို့ နောက်ဆုံးမှာ
သစ်လုံးအိမ်လေးထဲ သူမကိုယ်သူမ အဆုံး
စီရင် သွားခဲ့တယ်။

သည်လိုနဲ့ နှစ်အတော်ကြာ သစ်လုံးအိမ်လေးထဲ သံသရာလည်လို့
သူမ သူ့အကြောင်း အိပ်မက်မက်တယ်။
ပန်းချီ ဆွဲတယ်။ သူ့ကို နှစ်သက်လာတယ်။
ကြောက်လာ ပြန်တယ်။ချောက်ကမ်းပါး ထပ်မှာ သူသေ သွားတယ်။ သူမလည်း သေ
တယ်။ နောက်တော့ သစ်လုံးအိမ်လေးထဲ
အိမ်မက် ပြန်မက်...။

ဒိုဒို
18.6.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား