လွတ်လပ်တဲ့ကမ္ဘာငယ်

ရာနာ အပန်း​ဖြေ ခရီးထွက်လာတာ ခုဆို ၂ပတ်ကျော် လို့ ၃ပတ်လောက်ရှိခဲ့ ပြီ။ မိဘတွေ မရှိကတည်းက သူမ အိမ်မှာ မနေချင်တော့ ။စိတ်သိပ် အားငယ်ရပြီး သူမတို့ မြို့က လူတွေ ဟာ ရှေးရိုး ဆွဲ တွေ ဓ​လေ့ထုံးစံတွေနဲ့ခပ်ရိုင်းရိုင်း ပြောရရင် ယဉ်ကျေး ယောင်ဆောင် ထားတဲ့ လူ့အဖွဲ့အစည်းကြီးပဲ။သူတို့မှာမနာလိုစိတ်တွေ သူများပေါ် လွှမ်းမိုး လိုစိတ်တွေ သိပ်များတယ်။ တစ်ဦးတစ်ယောက်ရဲ့ခံစားချက်တွေထက်ဓလေ့ထုံးစံဟာပိုအရေးကြီးတယ်လို့ထင်နေ တဲ့ပုံပါပဲ။

အချင်းချင်း အဆိပ်တွေ လက်ဆင့်ကမ်း လာ ကြ တယ်လို့ပြောရမယ်။ရာနာကခံစားလွယ်သူ
ဆိုတော့မြင်ရတွေ့ရသမျှ အားလုံးဟာ စိတ်ထွက်
မရှိအလုံပိတ်နေသလိုမျိုးခံစားနေရတာကြာခဲ့ပြီ။ သူမခုရောက် နေတဲ့ နယ်မြို့လေးမှာ ကျ အိမ်ခြေသိပ်နည်းပြီး အေးချမ်းတယ်ပြောရမယ်။
သစ်လုံးအိမ်လေးနဲ့ဆိုတော့တောင်တွေဘက်က
လေတွေတိုက်လာတဲ့အခါမျိုးဆိုရင်တော့အအေးဓာတ်ခံစားရတယ်။

ဒီနေ့တော့ဖြင့်လေကလည်းအေးတာနဲ့သူမရောက်တက်ရာ ရာ စဉ်းစားနေဖြစ်ခဲ့။
ရာနာတို့ အိမ်နဲ့ မနီးမဝေးမှာနှစ်ထပ်အိမ်ပုလေး
တစ်လုံးရှိတယ်။အဲ့ဒီ အိမ်လေးက သိပ်ထူးဆန်း  တာ အချိန်တော်တော် များများ မှာတံခါး ပိတ်ထား တက်တယ်။အိမ်တစ်လုံး နဲ့ တစ်လုံး ခပ်ဝေးဝေးဆောက်ထားကြတယ်။
ရာနာ အဲ့ဒီ အိမ်နားက ဖြတ်သွားတဲ့ ရာနာနဲ့ အသက်မတိမ်း မယိမ်း ကွာတဲ့ ကောင်မလေး တစ်ယောက်ကို တွေ့ရတယ်။ ရာနာ ဖြတ်သွား
တိုင်းလည်း ပြတင်းမှန်ထဲ ကငေးကြည့် နေသလိုပဲ။တစ်ခါတလေတော့ငိုသံတွေ ကြားရ
တယ်။ခုဆိုရာနာ့အိမ်မှာထူးဆန်းတာတွေဖြစ်
သလို ခံစားရတယ်။အိမ်မက်တွေ မှာပဲ ဖြစ် ဖြစ် ကောင်မလေးတစ်ယောက်ရဲ့အကူအညီတောင်းသံ ကိုကြားနေရသလို မျိုး။ ညဘက်တွေ တစ်
ယောက်တည်းရှိနေတဲ့အခါပဲမျိုးလမ်းလျှောက်ထွက်တဲ့ အချိန်တွေဆို ရာနာ့နောက်မှာ အရိပ်မဲ
တွေ လိုက်နေသလို မျိုး ခံစားရ။ တစ်ညကမီးလင်းဖိုနားထိုင်နေတုန်း ရုတ်တရက် အမှောင်ကျသွားသလို တစ်ခန်းလုံး ရုတ်တရက် မှောင်သွားတာ မျိုးတွေ။
ဟိုတလောကဆိုသူမ ရုတ်တရက် စိတ်အကြီး အကျယ်ထိခိုက်သလိုဖြစ်လာပြီးရင်တစ်ခုလုံးလေးလံ လို့နေပြီး အင်အားမဲ့ လို့နေတယ်။
သူမကခါတိုင်း အဲ့သည်လို ခံစားရတာမျိုး နည်း
တယ်။ခုလိုမျိုးမဖြစ်တာ ဝမ်းနည်းသလို မခံစား
ရတာတောင် အတော်ကြာခဲ့ပြီလေ။အိမ်အ
ပြောင်းအလဲကြောင့်ပဲ ထင်ရ၊အပန်းဖြေ ခရီးဆို
ပေမယ့်သူမဒီနယ်မှာကြာကြာနေဖြစ်မယ် စိတ်
ကူး တယ်။ ရွာ မြောက်ဘက်ခပ်စူးစူး ကို သွားရင် တောအုပ်လေးတစ်ခု ရှိတယ်တဲ့ ။သူမယုန်တွေ သွားကြည့်ဖို့ စိတ်ကူး ထားတယ်။ ပြီးတော့သူမကိုအိမ်ပေါ်ကလှမ်းလှမ်းကြည့်နေတဲ့ ကောင်မလေးနဲ့ မိတ်ဆွေ ဖွဲ့ ကြည့်ရမယ်။ သူမပုံစံကြည့်ရတာ ခင်ဖို့ ကောင်းမယ့်ပုံပဲ။

ဒီနေ့တော့ ယုန်လေးတွေ ကြည့်ချင်တာနဲ့ သူမ တောအုပ်ဘက် ကိုထွက်လာခဲ့တယ်။
ခုဆိုရာနာ့ကိုလှမ်းလှမ်းကြည့်နေတဲ့ကောင်မလေးရဲ့ အိမ်ရှေ့မှာ အော်သံတစ်ချို့ လည်းကြားရ
ရဲ့။ အိမ်ထဲကနေတရွှမ်းရွှမ်း အသံတွေ ကြား
တယ့်။ဓားပြတွေကနယ်တွေမှာ သောင်းကျန်း
တယ် ပြော ကြတယ်မဟုတ်လား။ခြံဝင်းက အလုံ ပိတ်ထားပေမယ့် ခွေးတိုးပေါက် တစ်ခုကို
တော့ တွေ့ရတယ်။ကြိုးစား ပြီး ခက်ခက်ခဲခဲ ခွေးတိုး ပေါက်ကနေဝင်ရတယ်။အသံတွေက အောက်ဘက်ကနေတစ်ဆင့်ကြားရပြန်တယ်။အိမ်မှာမြေအောက်ခန်းတစ်ခုရှိနိုင်တယ်လို့သူမ
ထင်တယ်။ အကယ်၍အိမ်ထဲမှာဓားပြတိုက်တာ မျိုး တွေ ရှိနေခဲ့ရင် သူ မရပ်ကြည့်မနေသင့်ဖူး လို့ ထင်ရဲ့ ။ပြတင်းပေါက်မှန်ကပ်ဘက်က နေကျော် ဝင် လိုက်ရတယ်။ ပြတင်းပေါက်ကနေ သူမ  ရောက်သွားတဲ့ အခန်းက သိပ်မှောင်တာပဲ ။ ကြောင်နက်တစ်ကောင် လည်းပဲ ရှိတယ်။
အသံတွေ ကြားရတဲ့ နေရာတွေ သူမနားစိုက်
ထောင်နေမိတယ်။ ခပ်ကြာကြာ လျှောက်ကြည့်
ပြီး မှ အိမ်အောက်ထပ်ကနေ အသံလာတယ်ဆို
တာ ပိုလို့ သေချာလာခဲ့ရ။လှေကားတစ်ခု ကို တွေ့လိုက်ရတယ်။ အောက်ဘက်ကို သွားနေတဲ့ လှေကား ပဲ။လှေ ကားတစ်ထစ် ဆင်းတိုင်း မှာ အမှောင်ထု ထဲ ပိုနစ်ဝင်သွား သလို မျိုးသူ မခံစား ရတယ်။ အဲ့ဒီ ချိန်မှာငို သံတစ်ချို့ပြန် ကြားရပြန်
တယ်။ သူမခပ်သွက်သွက် လျှောက်လာ လိုက်
လိုက်တာ  လှေကားအဆုံးမှာ အခန်း တစ်ခုတွေ့ လေရဲ့။ သူမလည်း ဝင်ပုန်း နေလိုက်တယ်။ ဖယောင်းတိုင်အလင်းရောင်ခပ်ဖျော့ဖျော့ကိုသူမ
လှမ်းတွေ့ရတယ်။မြင်ကွင်းကပိုပြီး ရှင်းလာ ပြီး
ပထမဆုံးမိန်းမကြီးတစ်ယောက်ကိုတွေ့ရတယ်။ပြီးတော့ကောင်မလေးတစ်ယောက်(အဲ့ဒီကောင်မလေးဟာသူ့ကိုအိမ်ရှေ့ကဖြတ်သွားတိုင်းလှမ်းကြည့်နေတက်တဲ့ ကောင်မလေးပဲ) ။
သူမကို ကျလက် ပြန်ကြိုးတုတ်ထားတယ်။ ကြိုးတုတ်ထားပြီး အဲ့ မိန်းမကြီး ကကြာပွတ်နဲ့ ရိုက်နေတယ်။ရှေ့မှာလည်း ဖယောင်းတိုင်တွေ ထွန်းထားပြီး မိန်းမကြီးကဆုတောင်း တာလား
့နှုတ်ကလည်းဂါထာလိုလို (ကျမ်းစာလို့ထင်)
 လက်အုပ်ချီတာပဲ လားမသိ အမူအ ရာ တစ်
ခုခု ရွတ်နေတယ်။ ခပ်ရေးရေးကြားလိုက်ရတာ
ကခွင့်လွှတ်ပေးဖို့တောင်းပန်တယ်ဆိုလား။(ဘယ်သူ ကဘာတွေ လုပ်လို့ ဘယ်သူက ခွင့်လွှတ်ရမှာလဲ ပဲ ?)။
 ရာနာ့ရင်ထဲပူလောင်လာသလိုခံစာခဏကြာရိုက်တာရပ်သွားတယ်။ကောင်မလေးကိုလည်း
ကြိုးဖြည်ပေးလိုက်ပြီး မိန်းမကြီးရဲ့ နှုတ်ဖျားက "အချစ်လေး"တဲ့။ကောင်မလေးက လည်း "အမေ "လို့ ခေါ်သံကြားတယ်။
"တို့တွေဟာ မွန်မြတ်တဲ့နေရာအထူးသဖြင့် ကောင်းကင်ဘုံ လိုမျိုး ကို ရောက်ချင် ကျတယ် မဟုတ်လား။သမီးမှာအပြစ်တွေသိပ်များနေရင်တို့တစ်
တွေ အားလုံးကောင်းကင် ဘုံဘယ်ရောက်
နိုင် မလဲကွယ်။ သမီးရဲ့ လုပ်ရပ်တွေက ကောင်းသလားကွယ် တလောက ရောက်
လာတဲ့ ကောင်လေးတစ်ယောက်ဆို နှလုံး
ရောဂါ နဲ့ သေ သွားရတယ်။ ည ည်း တစ် အိမ်ကျော် ကရာနာဆိုတဲ့ ကောင်မလေးကို
လည်း ချောင်း ကြည့်သေးတယ်။ သမီးရဲ့
မကောင်းတဲ့ စွမ်းအားကြီး ကိုမစွန့်လွှတ်နိုင်
ဘူးလားကွယ်။ "ရာနာ့ အထင်ကတော့
ကောင်မလေးရဲ့ မျက်နှာဟာ တကယ့်ကို
အဖြူ ရောင် ပါပဲ။ ဘယ်လိုလုပ် စေတန် ဝါ
ဒလို့ သူမ အမေ ထင်နေခဲ့ရသလဲပဲ။
"ည ည်းရဲ့ စွမ်းအင် တွေ ကို ဖျောက်ပစ်ပါ
အေ ညည်း ကြောင့် လူတွေ သေနေကျတာ
ည ည်းဟာ လေတကယ်ကို နတ်ဆိုးမပဲ:"
ကောင်မလေးရဲ့ မျက်နှာမှာ မျက်ရည်တွေ
စီးကျလို့နေတယ်။
"ကဲ မငိုနဲ့တော့ အပေါ်တက်လာခဲ့ ဖယောင်း
တိုင်တွေ ငြိမ်းပြီးသူ့နေရာသူပြန်ထားခဲ့ချေ။"
အဲ့သည်လိုပြောပြီးသူမအမေကလှေကားထစ်တွေ ပေါ် တက်သွားလေရဲ့။.အဲ့ ဒီ အချိန်
မှာ ဖယောင်းတိုင်က ဘေး ကိုသူ့ဘာသာ ရွှေ့
သွားတယ်(လေ လဲ မတိုက်ပဲ) ဖယောင်းတိုင်
ငါးချောင်းလောက် အဲ့သည်လို ရွှေ့သွားကြတဲ့
အခါ သူမ ယုံကြည်စပြုလာမိတယ်။ ပြီးတော့ ကောင်မလေးက လှေကားထစ်ပေါ်တက်
သွားတယ်။"ဖယောင်းတိုင် တွေ ငြိမ်းပါ"
အသံကြား ပြီးတာနဲ့ ဖယောင်းတိုင်တွေ
အားလုံး ငြိမ်းကုန်တယ်။ ရာနာ နားလည်
လာသလို တော့ရှိ။ကောင်မလေးဟာ စိတ်
စွမ်းအင် ရှင်တစ်ယောက်ပဲ။စိတ်စွမ်းအား
ရှင်တွေ တကယ်ရှိကြတယ်။ တစ်ချို့က
ကိုယ့်အစွမ်းကို ကောင်းကောင်းအသုံးချ
နိုင်ပြီး တစ်ချို့ ကတော့ ခက်ခက်ခဲခဲ ရုန်းကန်ကြရတယ်။

 သူမအမေရဲ့.ပုံစံဟာ ရှေးရိုးစွဲ နေတဲ့ ဟန်ပေါ်တယ်။ အရာရာ ကို ကျမ်းစာတွေ
အတိုင်းသတ်မှတ်ထား ပုံပဲ။ စိတ်စွမ်းအား ရှင်တစ်ဦးဆိုတာ ထက် စေတန်ဝါဒီ လို့ သတ်မှတ်ထားပုံပါပဲ။ ကောင်မလေးက
အိမ်ပြင်လည်း မထွက်ရတဲ့အခါ အိမ်က
လူတွေ ပြောသမျှ ယုံတော့တာပဲ။ အဲ့သည်
လို နဲ့ သူကိုယ့်သူ အဆိုး မြင်ပြီး လူသစ်
တွေ ရောက်လာခဲ့ရင် မသိစိတ်က သူ
မကို ကယ်တင်စေချင်နေတယ်။ စိတ်စွမ်း.အားသိပ်ကြီးတော့ သူကယ်တင်.
စေချင်တဲ့ လူတွေဟာ သူ့လို မျိုး ခံစားကြရ။
(စောစော က ရာနာ ဝမ်းနည်းလာသလို)
ဒီအတိုင်း သာဆက်သွားရင် အဆိုးတွေ
ပဲ ဖြစ်လာမယ်လို့ ထင်။ လှေကားထစ် ပေါ်
ပြန်တက်ရင်း အိမ်အောက်ထပ် အခန်းတစ်
ခုမှာ ပဲ သူမပုံးနေမိတယ်။ အချိန်တော်တော်
ကြာသွားတဲ့ အခါ ရယ်သံတစ်ချို့ကို လည်း
ကြားရတယ်။ မိန်းမကြီး ရဲ့ရယ်သံပဲ။
ပြီးတော့ ပြန်တိတ်သွားပြီး ဂါထာပြန်ရွတ်
လိုနေတယ်။ ခဏကြာတော့ ကောင်လေး
တစ်ယောက်နဲ့ ဦးလေးကြီး အထဲ ကိုဝင်
လာတယ်။ (သူတို့ ပုံစံကလည်း ပုံမှန်မဟုတ်
ကြဘူး။) မိန်းမကြီး ကနေ့လည်စာ တည်ခင်း
နေတယ်။ ကောင်မလေး ကတော့ ထမင်း
မစားသေးပဲထမင်းပန်းကန်ကိုပဲငေးနေတယ်။ တစ်အောင့်ကြာတော့ လူကြီးရဲ့ ပါး
စပ်ထဲ ကအမြှုပ်တွေ ထွက်လို့လာတယ်။
မိန်းမကြီးက ပြောတယ်။ :"တို့တွေ သိပ်
ပင်ပန်းနေကြပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကောင်း
ကင်ဘုံ တူတူသွားကြရအောင် သားလည်း
ထည့်စား သမီးရောပဲ"။ စားလေသားရဲ့
စားလိုက်ပါ "။အနေအထားကမလှ
ရာနာ ဝင်ပါရတော့တယ်။"
"မစားကြပါနဲ့ နှစ်ယောက်လုံး စိတ်ကို အရင်
လျှော့လိုက်ပါအေးဆေးဆွေးနွေးကြမယ်လေ"။ မိန်းမကြီးကရာနာ့ကိုဖမ်းချုပ်လိုက်တယ်။
ဘေးနား ကကက်ကြေးနဲ့ လည်း လှမ်း
ထောက်လိုက်တော့ရာနာငြိမ်ငြိမ်လေးနေရတယ်။တစ်ချိန်လုံး စကားမပြောတဲ့ ကောင်မလေးကစကားပြောလာတယ်။"ကိုကို့ ကို လွှတ်လိုက်ပါ ။ ပြီးတော့ အစ်မကိုလည်းလွှတ်ပေးပါ
ကိုကို မစားနဲ့ အဲ့ထမင်းတွေ:ကို"။သူမအကို
ဆက်မစားဖြစ်တော့ပေမယ့် စောစောက စား
ထားတဲ့ အစာထဲ ကအဆိပ်တွေ ကြောင့် လူ
ကပြာနှမ်းလာတယ်။ အိမ်တစ်ခုလုံး တုန်ခါ သွားသလို ခံစားရပြီး ရာနာ့ နား
မှာ အပူ လှိုင်းတွေ ဖြတ်စီးသွားသလိုပဲ။
ကောင်မလေးဟာ ကျားတစ်ကောင်လို
စူးစူး ရဲရဲ ဖြစ်လာတယ်။ ရာ့နာ့ကို ဖမ်းထားတဲ့သူ့အမေလက်တွေကတဖြေးဖြေး ပြေလျှော့လို့လာပြီး မျက်နှာတစ်ခုလုံး လည်းနီလို့ အသက်ရှူ ရကျပ်နေသလို မျိုး(ကောင်မလေး ရဲ့စိတ်.စွမ်းအင်ဟာအဆုံး စွန်အခြေနေကိုရောက်သွားပုံပဲ)သူမရဲ့အမေဟာကြမ်းပြင်ပေါ် မှာ လူးလိမ့်နေတယ်။ "သူတို့ကို ထားခဲ့လိုက်ပါ အစ်မတို့ ထွက်သွားကြမယ်လေစိတ်ကိုလျှော့ထားလိုက်နော် ဘာမှမလုပ်လိုက်နဲ့ ဒီအတိုင်းထားပြီး အစ်မတို့ထွက်သွားကြရ
အောင်ပါ။"သူမစိတ် ကို ဖြေလျှော့လိုက်
တယ်(အတော်လေး ခက်ခက်ခဲခဲနဲ့)။
သူမအကိုလည်း သေဆုံးနှင့်ပြီ။လောလောဆယ် အခြေနေရဆို သူနဲ့ ရာနာ ဟာ ပတ်ဝန်းကျင်အမြင်အရဆို တရားခံ ဖြစ်လာတော့မှာ။
သူမအမေ ကလည်း ကောင်မလေးက
တရားခံ ပဲ လို့ ပြောလိမ့်မှာပဲ။
"အစ်မတို့ ဒီအိမ်က သွားကြရအောင်နော်"
ကောင်မလေးရဲ့လက်ကိုဆွဲပြီးရာနာပြေးထွက်လာခဲ့တယ်။ ခပ်ဝေးဝေးခပ်ဝေးဝေးသူမနဲ့
လူတွေ ရဲ့အဝေးကို ပိုပြေးထွက်လာခဲ့ ကျ။
ဒီနေ့မှ ပဲကောင်မလေးရဲ့ နာမည်ကို သိ
ရတော့တယ်။ သူမရဲ့ နာမည်က တီရှာတဲ့
ဘာကြောင့်ပေး ထားမှန်းမသိပေမယ့် လှတယ် လို့ထင်မိရဲ့။နောက်တစ်နေ့ မနက်မှ ရွာရဲ့ ခပ်ဝေးဝေးကို စမ်းချောင်းရေ နဲ့မျက်နှာသစ်လိုက်ကြပြီးတွေ့သမျှအသီးတွေခူးစားရင်း သူမတို့ ခရီး ဆက်ကြတယ်။
လမ်းမှာ ငိုပင်နေတဲ့ သစ်ပင်တစ်ပင်ကို
တွေ့ရတယ်။ သစ်ပင်ရဲ့ ကိုယ်ပေါ်မှာ အဝိုင်း
ကွက်တွေ (အသေအချာ ကြည့်မှ ဒင်္ဂါပြား လေးတွေ ပဲအရင်ကလူတွေဟာ ကံဆိုးမှုတွေကို ဒင်္ဂါပြားအဖြစ်သစ်ပင်မှာစွန့်ပစ်ကြတဲ့အလေ့ရှိခဲ့ကြတယ်။ ဒင်္ဂါးသစ်ပင်ပေါ့။သစ်ပင်က တော်တော်လေးလေးလံနေတဲ့ ပုံပဲ။ ဒင်္ဂါပြားတွေရဲ့အလေးချိန်ကြောင့်တော်တော်လေးယိုင်နေရှာတယ်။ "ဒေသခံလူတွေကဒင်္ဂါပြားတွေထိရင်လည်း ကံဆိုးကြတယ်ပြောတယ်"
ဒါပေမယ့် ဒင်္ဂါးတွေမခွာလိုက်ရင်သစ်ပင်ကြီး မကြာခင်အလေးချိန်ကြောင့်သေဆုံးရတော့မယ်၊အပင်ပေါ်မှာ ရှိတဲ့ ဒင်္ဂါပြား တွေရာနာ ခွာချ ပေးလိုက်တယ်၊ဒင်္ဂါတော်တော်များများ ကွာထွက်သွားတဲ့အခါသစ်ပင်ကြီးပုံကြည့်ရတာ ပေါ့ပါးသွားသလိုပဲ ။ခွာချနေရင်းသစ်ခေါက်ထဲ ကနှုတ်ခမ်းနီ
တောင့် တစ်ခုတွေ့ရတယ်။ (တစ်ယောက်
ယောက် ကျန်ခဲ့တယ်ထင်ရ)ရာနာ တို့
နှစ်ယောက်နှုတ်ခမ်းနီ ဆိုးကြည့်ကြတယ်။.
နှုတ်ခမ်းနား တစ်ဝှိုက်က ငွေရောင်အမှုန်
လေးတွေ လက်သွားသလို မျိုး။ နှုတ်ခမ်းနီ
ဆိုးလိုက်တဲ့ အချိန်မှာ ပျော်ရွှင်မှုကိုခံစား ရတယ်။ တစ်ခါမှ မပျော်ဖူးတဲ့ ပျော်ရွှင်မှုမျိုး ပဲ
ရာနာ လည်း သစ်ပင်ကြီးကိုပါ ပျော်စေချင်
တာနဲ့နှုတ်ခမ်းနီဆိုးပေးလိုက်တယ်။ နှုတ်ခမ်းဆိုးဆေးထိမိတဲ့နေရာတွေကအလက်တွေဖြစ်လာပြီးအက်ကွဲကြောင်းသေးလေး ပေါ်လာတော့တယ်။ ရာနာလည်း လေး
ထောင့်ကွက်ပုံစံသစ်ပင်ပေါ်မှာဆွဲလိုက်တယ်။ လေးထောင့်ကွက်ကနေတဖြေးဖြေး
ဆက်လာပြီးအရောင်တွေဖြာထွက်လို့သစ်ပင်ပင်စည်မှာတံခါးပေါက်ပုံစံတစ်ခုပေါ်လို့လာတယ်။ တံခါးကို ခပ်ဟဟဖွင့်လိုက်တဲ့ အခါ နေရာအသစ်တစ်ခုကို တွေ့ရတယ်။
ရာနာတို့နှစ်ယောက် အတူ အထဲ ဝင်သွား
ကြတယ်။ အထဲ မှာ တော်တော်လေးမှောင်
နေတယ်။ လှိုဏ်ခေါင်း လိုမျိုး လုံးဝန်းတဲ့
အမိုး ပုံစံပဲ။ ခပ်ဝေးဝေး ကလည်း မီးရောင်
တွေ လှမ်းတွေ့ရတယ်။ သစ်ပင်ကိုင်းတွေ နောက်မှာ တစ်ခုခု ရှိနေသလိုမျိုး။ အသံတွေကသစ်ပင်တွေရဲ့အနောက်ဘက်ကနေလာတယ်။ တဖြေးဖြေး သွားနေရင်း သတိုးသမီးဝတ်စုံနဲ့မိန်းမတစ်ယောက်တွေရတယ်။ မင်္ဂလာပွဲ တစ်ခုထင်ပါရဲ့ ။သူကလွဲ ပြီး ကျန်တဲ့ လူတွေ က မင်္ဂလာပွဲအခမ်းအနား  ကျင်းပနေကျတာနဲ့ မတူပဲ မီးပုံပွဲ တစ်ခု ကျင်းပနေကြတာနဲ့ တူတယ်။ လူ ပျက်ဝတ်စုံနဲ့ လူတွေကမြေပေါ်မှာ လှည့်ပတ် ကျွမ်းထိုးကခုန်နေကြတယ်aliceဝတ်စုံတွေ
ယုန်တွေ မျက်နှာ ဖုံးကိုရို့်ကားရာတွေ နဲ့
စင်ဒရဲလား စနှိုး ဝှိုက် ဂါဝန်ရှည်ကြီးတွေ နဲ့ဟိုဒီလျှောက်ပြေးနေကြတာ။ အပေါစား
ဇာတ်အဝတ်အစား ဆိုပေမယ့် ကလေးဘဝ
ပြန်ရောက်သွားသလို မျိုး။ vampire ဝတ်စုံနဲ့
တစ်ယောက်ကလူတွေကိုသွေးလိုက်စုပ်နေတဲ့ပုံစံနဲ့လူတွေကသူလက်ထဲကပြေးရတယ်။ ပြေးရင်းချော် လဲ ဖုန်တွေ နဲ့ ပဲ ပြန်စော့။ ဂါဝန် တွေဖရိုဖရဲ ဝတ်စုံတွေ နဲ့ ပြေးနေတာ မြင်ရတော့ သူမတို့တောင်အပျော်ကူးစက်ရ။
အနားကသစ်ပင်ပေါ်မှာခပ်ရှည်ရှည်ဒန်းတွေလည်းတွေ့ရတယ်။ မိန်းမကြီးတွေကလေးတွေဒန်းစီး နေကြတယ်။သူတို့ မျက်နှာကပျော်ရွှင်မှုမျိုး ကို ရာနာ တစ်သက် တာမှာ မတွေ့ခဲ့ရဘူး။
ခပ်ဝေးဝေး မှာ ဖဲကစားနေကြတဲ့ လူတွေ လည်းတွေ့ ရတယ် ။ဖဲ ရှုံးတဲ့ လူရဲ့ မျက်နှာ
တွေ ကို အရောင်ဆေးမှုန့်တွေ နဲ့ သုတ်ကြ
တယ်။ မျက်နှာ တွေ လက်တွေ ဘောပင်တွေ
နဲ့ လျှောက်ခြစ်ကျနဲ့။တစ်ချို့ ကလည်းသစ်
ကိုင်းတစ်ခုနဲ့တစ်ခုမျောက်လွှဲကျော်လို့ကြိုးတစ်ချောင်းနဲ့ပြေးလွှားနေကြတယ်။ မီးပုံဘေးကလူတွေကဘင်ဂျိုတီးနေကြတယ်။ခပ်ကြမ်းကြမ်းတီးခိုက်လိုက်တဲ့ဗုံသံနဲ့အတူ ယော်ျားမိန်း မရွယ်တူ အစုံ ခုံပေါက် မြူး ကြွးကွနေကြပြီးခပ်ဝေးဝေးမှာမိန်းမနှစ်ယောက် ရန်ဖြစ်နေကြတယ်။မိန်းမကြီးတစ်ယောက်ကမိန်းမငယ်လေးရဲ့ ပါးကိုဖြောင်းခနဲရိုက်လိုက်ပြီးမိန်းမငယ်လေးက လည်း ဒေါသကြီးစွာနဲ့ ပြန်ရိုက်တယ်။
နောက်တော့ သူတို့ စိတ်ထဲ ပေါ့ပါးသွားသလို တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်လိုက်ကြပြီးအရိုအသေးပေးကြအပေါစားဇာတ်ဝင်ဇာတ်စားတွေနဲ့တကယ်ကိုလွတ်လပ်လပ်ရှိလှတယ်။သစ်ပင်ထောင့်မှာလူလတ်ပိုင်း
တွေ မဲ နှိုက်လိုက်ကြပြီး ပြဇာတ် ကတိုင်း ကစားနေကြတယ်။ အံ့သြဖွယ်ရာမှော်ဆရာ့
အော့ဇ် အတိုင်းကစားနေကြပုံပဲ။သစ်ပင်အတက်ပြိုင်နေတဲ့လူတွေလည်းတွေ့ရဆူညံနေတဲ့တီးလုံးတွေဆုံးခါနီးမရောက်မှာရှိသမျှလူတွေအားလုံးစုပုံကခုန်ကြတယ်။ယော်ျားမိန်းမအစုံကချင်သလိုကနေကြတာဟာလွတ်လွတ်လပ်လပ် ရှိလှတယ်။(ယော်ျား
မိန်းမ ကလေးလူကြီး ခွဲ ခြား မှုကို ဒီ နေရာမှာ
လုံး ဝမတွေ့ရ။ သူတို့ ရင်ထဲမှာ တမြေ့မြေ့
ပူဆွေး ဝမ်းနည်းမှုတွေ မတွေ့ရဘူး။)ရာနာ
တိုနှစ်ယောက်လည်းအုပ်စုထဲရောနေလိုက်ကြပြီး ဒန်းစီးကြတယ်။ ဒန်းကသစ်ကိုင်းတွေ နဲ့ လုပ်ထားပေမယ့် အတော်လည်းခိုင်ပြီး တစ်ခါ လွှဲ လိုက်ရင်အဝေးကြီးရောက်တယ်။ တစ်ခါမှာအရှိန်အတော်များပြီးမြေပေါ်ကိုအရှိန်ခပ်ပြင်းပြင်းနဲ့ကျတယ်။ သူမတို့ ခဏနား
လိုက်ပြီးဒန်းထပ်စီးကျတယ်ဘဝမှာ(သူမတို့ရဲ့ လူ့အဖွဲ့ အစည်းမှာ )တစ်ခါမှ မရခဲ့ဖူးတဲ့ ပျော်ရွှင်လွတ်လပ်မှုတွေ နဲ့။ တီရှာ လည်း အစကကြောက်လန့်နေပုံပေါ်ပေမယ့် သူရဲ့
ပျော်ရွှင်မှု ကို မျက်နှာမှာတွေ့ရတယ်။

နောက်နေ့တွေ မှာ ဒီနေရာလေးအကြောင်း.
သိလာကြတယ်။ ဒီနေရာ လေးမှာ နေရာ
အသီးသီး ကလွတ်လပ်လိုစိတ် ရှိတဲ့ လူတွေ
စုပေါင်း ပြီး လာနေကြတယ်။နေ့လည်ဘက်တွေမှာ စိုက်ခင်းစိုက်ဂျုံစိုက် စပါးစိုက်ကျတယ်။ တာဝန်ကိုယ်စီနဲ့ အမဲ လိုက်တဲ့ လူတွေ လည်းရှိတယ်။ညဘက်တွေ မှာ အားလုံးစုပေါင်းမီးပုံပွဲလုပ်ကြတယ်။
ကလေး တွေ ကိုတော့ လွတ်လပ်စွာ ကစား
နေစေတယ်။ ခပ်ဝေးဝေး ကတောင်တန်း
တွေ မြက်ခင်း စိမ်းစိမ်းပေါ် မှာ ဖြူ ဖွေးလှပတဲ့
မြင်းတွေ စီးနေကြတဲ့ ကလေးတွေ။ သူတို့ကို
ကြည့်ရတာ မင်းသားမင်းသမီး တွေ လိုပဲ။
ပေါင်မုန့်လုပ်တဲ့ နေရာ ဂျုံလုပ်တဲ့ နေရာတွေ
လည်း ရှိရဲ့။ တစ်နေ့တစ်မျိုး မတူအောင်
အလုပ်လုပ်ခွင့် ရှိကြတယ်။ ရာနာနဲ့ တီရှာတို့
ဒီနေ့ တော့ ရက်ကန်းစင်မှာ အလုပ်လုပ်ကြ
မယ်။ မနေ့ ကပေါင်မုန့် ရုံမှာ အလုပ်လုပ်ပြီး
နောက်နေ့ဆို တော်ထဲ ဟင်းသီးဟင်းရွက်
သွားခူး ကြမလားလို့။ နေ့လည် ခင်းတွေဆို
မြက်ဖျာခပ်ကြီး ကြီး တစ်ချပ်ခင်းလို့ ထမင်း အိုး ဟင်းအိုးခပ်ကြီး ကြီးတွေ ယူလာ စုပေါင်း ပြီး စားကြတယ်။ ဒီဘက်မှာတော့ ပိုက်ဆံ မလိုကြဘူး။ ပိုက်ဆံလည်း မသုံးကြပဲ။ အသုံးအဆောင်ပန်းကန်တွေကတော့သူတို့လာ ကတည်းကပါလာခဲ့ကြပုံပဲ။ပြီးတော့ သူတို့အရင်နေခဲ့တဲ့နေရာတွေကိုမပြန်ကြတော့တာ။အနောက်ဘက်မှာတောင်တန်း
တွေ တိမ်သားလှလှတွေ နဲ့တစ်ရေးတစ်မော အိပ်ကျတယ်။ နွား ခြံလေး နဲ့ပူတင်းစက်
ကိုကပ်လျက်စောင့်ထားတာလည်းတွေ့ရတယ်။အတော်စိတ်ချမ်းသာရပြီး ငှက်မွှေး
တောင်လို ပေါ့ပါး ရမယ့် နေရက်တွေပါပဲ။ အိပ်လိုက်စားလိုက် ကလိုက် ခုန်လိုက်နဲ့ ရာနာ ကတော့အရင်နေရာကိုမပြန်တော့ဘူး လို့ စိတ်ကူးတယ်။

တီရှာ ကတော့တစ်ခါတလေသူ့အမေကိုသ
တိရနေတဲ့ ပုံပေါ်တယ်။ ဒီနေ့တော့ သူအိမ်
ပြန်မယ် လို့်ပြောတယ်။

ဘာလိုလိုနဲ့တံခါးပေါက်နားတောင်ရောက်လာခဲ့ပြီပေါ့။ တီရှာကသူမကို မလိုက်စေချင် ပါဘူး။ နေခဲ့ ဖို့ပြောပါတယ်။ပြောမရတာနဲ့ တီရှာ့လည်း ကတိပေးလိုက်ရတယ်။

တီရှာ အိမ်ပြန်သွားတဲ့ခုနဲ့ ဆိုသုံးရက်ကျော်ခဲ့
ပြီနှုတ်ခမ်းနီကလည်းယူသွားတော့တံခါးပေါက် ကလည်းထွက်လို့မရ ရာနာ့ အကျပ်ရိုက်
တာပဲ။

သစ်ပင် ပင်စည်နားမှာထိုင်စောင့်နေဖြစ်တာ ခုဆို ငါးရက်တောင် ရှိပြီ။ တီရှာပြန်မလာတော့ ဘူးထင်ပါတယ်လေ။

ကြီ် !!

တံခါး ဖြင့္သံၾကားရ။

"တီ ရှာ ပြန် လာတယ်!!!"

"အင်း ပြီးတော့ လေ
တို့ပြန်မသွားတော့ဘူးဒီမှာပဲနေတော့မှာ"

တံခါးပေါက်နားမှာရပ်လျက် သူ့လက်ထဲက
နှုတ်ခမ်းနီ ကို ခပ်ဝေးဝေးကို အားကုန်လွှဲ ပစ်လိုက်တယ်။

ရာနာတို နှစ်ယောက် တစ်ယောက်ကို
တစ်ယောက် ပွေ့ဖက်လိုက်ကြတယ်။

ဒိုဒို

(တီရှာ တို့မိသားစုမှာ Supernatural မှ ဇာတ်
ဝင်ခန်း တစ်ခုသာ ဖြစ်ပါသည်။)

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား