ငါးတွေနဲ့ ကြောင်တွေ

ကျွန်တော်ရှေ့က အနက်ရောင် ရေပြင်ကြယ်
ကြီးထဲ လမင်းဆီကနို့ရည်တွေတပေါက်ပေါက်
 ကျနေတယ်။ ချွန်မြမြ အစွယ်တွေနဲ့ ငါးဖြူ
တွေက ကျွန်တော့်ကို မျက်စောင်းထိုးတယ်
ယူလာတဲ့ ကြောင်အသေတွေထဲက တစ်
ကောင်ကို ရေထဲပစ်ချလိုက်တယ်၊နို့ရည်
စမ်းထားတဲ့ အမဲရောင်မြစ်ပေါ်မှာ ကြောင်
သွေးတွေ ရဲရဲ နီသွားတယ်။ မြစ်ကို မဖြတ်ရဲ
တာနဲ့ ကျွန်တော် သီချင်အော်ဆို မိတာ
ပါးစပ်ထဲ က စကားလုံးတွေ မြစ်ပေါ်ကို
တစ်လုံးချင်း ထွက်ကျ လာတယ်၊စကားလုံး
တွေက နင်းပြီး ကျွန်တော် ဟိုဘက်ကမ်း
ကို ကူးသွားတယ်။ဟိုဘက်ကမ်း က ကျွန်
တော်ထောင် ဖူးတဲ့ ပိုက်ကွန်မှာ ငါးတွေ
အများကြီး မိနေတယ်။

မြို့ကလေး ရဲ့ ကြောင်တံခါးစောင့်ကို ငါးတွေ လာဘ်ထိုး လိုက်တာ ကျွန်တော် မြို့ကို
ဝင်ခွင့် ရခဲ့တယ်။

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား