ယုန်

စိတ်ပျက်စရာ သိပ်ကောင်းတယ်။
အဲ့ဒီ အရိုးခေါင်းဆံထိုးနဲ့ အဘွားပေါ့။
သူ့ ခြံထဲ မှာ စအလုပ်လုပ်ထဲ က
စိုက်ခင်းစိုက်ရ ရေလောင်းပေါင်းသင်ရနဲ့
ခြံနောက်ဘက် ယုန်တွင်း တွေမှာ
ယုန်တွေ ခုန်ပေါက်ဆူညံလို့
မုန်လာဥနီ သီး ချိန်ဆို သူတို့လာကြပြီ။

စိုက်ခင်းထဲ ဝင်လာကြတဲ့ယုန်တွေ
ခေါင်းဖြတ် အရေခွံဆုတ်
ခြေထောက်ဖျက် အခြောက်လှမ်းနဲ့
သိပ်ရွံ့တာပဲ ။
လူတစ်ချို့ ကံကောင်းဖို့အတွက်နဲ့
ယုန်တွေမှာ တစ်သက်တာ ကံဆိုးကြရတယ်။

အခြေနေတစ်ခုက လွတ်မြောက်ချင်တာနဲ့
ကျွန်မလည်း ယုန်တွင်းထဲ ခုန်ဆင်းသွားလိုက်တယ်။

အဲ့ဒီကမ္ဘာကလေ သိပ်မှောင်တာပဲ ။
ပိုလို့ဆိုးတာ က ကျွန်မဟာ
alice မဟုတ်ခဲ့ဘူး။

မလှမ်းမကမ်း မှာ ယုန်ဦးခေါင်းနဲ့
လူတစ်ယောက်ဟာ လွှသွားကို ကိုင်လို့
လွှသွားပေါ် ကသွေးတွေ ဟာ
မြေပေါ် တစ်စက်ချင်း ကျနေတယ်။

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား