တယောလူ

တ​ယောလူဟာ သူ့ခန္ဓာကိုယ်အနှံ့
သွယ်တန်းထားတဲ့ ကြိုးတွေ
တီးခတ်နေတယ်
တယောလူဟာ တယောမဖြစ်ခင်
နဂါးတိုင်းပြည်မှာနေတယ်
နဂါးကြီးဟာ မွေးကင်း စရေသူတွေရဲ့
ငိုသံကြားရင်နိုးတယ်တဲ့
တယောလူဟာ အချိန်အတော်ကြာ တီးခတ်ရတယ်

တယောလူဟာ ဖြစ်တည်မှုတစ်လျောက်
သွယ်တန်းထားတဲ့ ကြိုးတွေ တီးခတ်လို့နေတယ်
စိတ်ကျ သံစဉ်လည်း ဖြစ်ချင်ဖြစ်မယ်
တခြားကမ္ဘာကို အလည်အပတ်သွားရသလို
သံစဉ် မျိုးလည်း ဖြစ်နိုင်တယ်

သူမူးဝေလာတဲ့ အထိ
သူnerveကြောတွေ (တယောကြိုး)တွေ ပျက်သွားသည်အထိ
တီးခတ်နေဆဲ
တီးခတ်နေမြဲ

မိသားစု ဆိုတဲ့ ကြိုးပျက်သွားတယ်
လေးချောင်းတည်းနဲ့ သူတီးလို့နေဆဲ
စိတ်အဆောက်အအုံ
ချစ်ခြင်းမေတ္တာ
တွယ်တာစရာ
ကြိုးတွေ တစ်ကြိုး ပြီးတစ်ကြိုး
ပျက်ကျ သည်အထိ
သူဆက်ပြီး တီးခတ်နေခဲ့တယ်

 အသက်ဓာတ်တစ်ချောင်း ဟာ
နောက်ဆုံးသော လက်ကျန်ပဲ

တယောလူဟာ အမှောင်ထဲမှာ
တီးခတ်နေဆဲပဲ..
တစ်ချို့တွေ သူကြောင့် ဘဝခွန်အားရ
တစ်ချို့တွေ သူ့ကြောင့် အသစ်တစ်ဖန်မွေးဖွား

သူ အမှောင်ထဲမှာ တီးခတ်နေရင်း
အသက်ဓာတ်ဟာ လေထဲမှာ ဖောက်ခနဲ
အား ...........(ဒေါင်)
ကြိုးဟာ ပျက်သွားခဲ့

(တယောထိုးတယ်လို့ ပြောတာထက် ကြိယာ
တစ်ခုကိုတီးခတ်တယ်လို့ ပြောတာ ပိုသဘော
ကျမိ)
ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား