လမ်းကျဉ်းလေး

ခပ်ကျဉ်းကျဉ်းလမ်းထဲ သူဝင်သွားတဲ့အခါ သူစိမ်းတစ်ယောက် နဲ့ ထိခိုက်မိတယ်။တောင်းပန်လိုက်ရင်း သူဆက်လျှောက်လာ
တယ်။ သူနားမှာ အရိပ်တွေ အများကြီး ဖြတ်
ပြေးနေကြတယ်။ လမ်းအချိုးအကွေ့ တစ်ခု
ရောက်လာတယ်။သစ်ပင်ထိုင်ခုံ ကလေးပေါ် သူထိုင်နေရင်း သူလက်ချောင်း
တွေ တဖြေးဖြေး ပျောက်ကွယ်စပြုလာတယ်။
သူ မြတ်နိုးခဲ့တဲ့ ပန်းချီဆွဲတဲ့ လက်တွေ နောက်ပြီးခြေထောက်တွေပျောက်ကုန်တယ်တဖြေးဖြေးပျောက်ကွယ်မှုဟာခန္ဓာကိုယ်အပေါ်ပိုင်းထိ တရွေ့ရွေ့တိုးလာတယ်။လည်ပင်းပိုင်း ပျောက်လာတယ်။
မျက်လုံးတွေ ပျောက်ရင်းနောက်တော့ ခေါင်းတစ်ခုလုံး
အေးမြမှုနဲ့အတူ တဖြေးဖြေး ပျောက်ဆုံး..။ပျောက်ဆုံး သွားလိုက်တာမှ နောက်ဆုံး သူ့ကိုယ်သူ မမှတ်မိ တော့တဲ့ အထိပဲ...။

ဒိုဒို
3.7.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား