မျက်​နှာဖုံးတွေ အကြောင်း

ဇာပုဝါကို လှစ်ဟတဲ့ အခါ
အသားမပါတဲ့ သတို့သမီးမျက်နှာ ကိုတွေ့တယ်

သတို့သမီးက မေးတယ်
"ကျွန်မ မျက်နှာဟာ အရိုးခေါင်း ဖြစ်နေလည်း
ရှင် ကျွန်မ ကို ချစ်နိုင်ပါ့မလား"

သတို့သား က ဖြေတယ်
"ချစ်နိုင်တော့ပေါ့ အချစ်ရယ်
ဘယ်လို များ ပြောလိုက်တာလဲ"

သတို့ သမီး (ပြုံးရင်းက)
"ဟန်နီ ရှင့်ကို ကျွန်မ နောက်လိုက်တာပါ
အဲ့ဒါဟာ မျက်နှာဖုံး တစ်ခုပါ"

အတူနေ မိသားစု ကလေးမှာ
သတို့ သား အိပ်မောကျနေတယ်

သတို့ သမီး လည်းစားပွဲပေါ်က
သတို့သားရဲ့ ညာဘက်မေးရိုးပေါ်က အမာရွတ်ကလေး ဟာ
ချစ်စရာလေး ပါတဲ့
အမာရွတ်ကို ပွတ်သပ်မိတဲ့ အခါ
အချပ်ပြား တစ်ခုကိုတွေ့ တယ်

မျက်နှာဖုံးအောက်မှာ သတို့သားဟာ
အသားမရှိတဲ့ မျက်နှာတစ်ခု ဖြစ်နေခဲ့တယ်

သတို့သား နိုးလာတယ်
"ကိုယ့် မျက်နှာဟာ အရိုးခေါင်းတစ်ခုသာဆို
မင်းကိုယ့်ကို ချစ်နိုင်ပါ့မလား "
လို့ မေးတယ်

သတို့ သမီး ကဖြေတယ်
"မသိဘူး ရှင်ဘယ်ကကောင်လဲ
ဘာ့အတွက် ဒီအိမ်မှာ ရှိနေတာလဲ"

သတို့ သား-"ဟားဟား အချစ်ကတော့ နောက်ပြီ ကိုယ်ဟာ ကိုယ်ပါပဲ
ရက်ပိုင်းအတွင်း လက်ထပ်ခဲ့တဲ့
သတို့ သား ကလေးပါ နော်
ကိုယ်စနေ ခဲ့တာပါ"

မျက်​နှာဖုံး နောက်တစ်ထပ်ကို ချွတ်ပြတယ်
"ဒါဟာ သာမန်လူတွေရဲ့ ရုပ်မျိုးပေါ့"

"တော်သေးတာပေါ့ ရှင်ရယ်"
သတို့ သမီး ကပြုံးရင်း ပြောလိုက်တယ်

သတို့ သား-"နေပါဦး အချစ်ရဲ့ ကိုယ့်စကားမှ မဆုံးသေးတာ"

မျက်နှာဖုံး တစ်ခု ကြမ်းပြင်ကျ သွားတယ်
သတို့သားဟာ မျက်လုံးခေါင်းပေါက်နဲ့
အထဲမှာ လောက်တွေ တဖွားဖွား။

ဒိုဒို
19.7.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား