ခိုယောက်ျား

တောနက်ထဲက အိမ်ကလေးတစ်အိမ် မှာ
မိသားစု တစ်စုနေတယ်။
မိန်းမကြီးဟာ
သူ့ယောက်ျားကို ခိုစာသွားကျွေးခိုင်းတယ်။

ပြောင်းဖူးတစ်စေ့ ကျွေးတယ်ဆိုရင်ပဲ ခိုဆီကနေဒင်္ဂါးတစ်ပြား ရတယ်။ ယောက်ျားဖြစ်သူဟာလောဘ တက်လာတယ်။

ခိုကိုသတ်ပြီး အထဲကို နှိုက်ကြည့်တဲ့အခါ သူထင်သလို ဒင်္ဂါးပြားတွေထွက် မလာပဲ ကလီစာတွေပဲ ထွက်လာတယ်။
သူဟာ စိတ်ညစ်ညစ်နဲ့ ခိုကို မီးကင်စားလိုက်တယ်။

နောက်တစ်နေ့မနက်မှာသူပြောင်းဖူး စားချင်လာတယ်။
အိမ်ရှေ့ မြေကွက်လပ်ကို ထွက် သူ့မိန်းမကျဲချ ထားတဲ့ပြောင်းဖူး စေ့တွေ တစ်စေ့ချင်းစားတယ်။
နောက်များမှာ သူ့ပါးစပ်ထဲက ဒင်္ဂါးပြား တစ်ပြား ပုံမှန်ထွက် ကျတယ်။
သူ့မိန်းမ ကနောက်ဖေးဝင်သွားပြီးကြိုးတစ်ချောင်းယူလာလို့ သူလည်ပင်းကို ကြိုးနဲ့ချည်လိုက်တယ်။

နောက်ရက်တွေမှာသူ့ကိုယ်ပေါ်မှာ
အမွှေးတွေ များလာတယ်။

နောက်များကြာတော့ မိန်းမကြီးတစ်ယောက်
ခိုကို  အစာလာကျွေးတယ်။ခိုယောက်ျားဟာ
မိန်းမကြီး အဖြစ်သာသိပြီး သူတို့ပတ်သက်မှု ကို လည်း နှစ်ဦးစလုံး မမှတ်မိတော့ဘူး။
မိန်းမကြီးသည်လည်း နေ့စဉ်အစာလာကျွေး တက်ပြီး ခိုယောက်ျားသည်လည်းနေ့စဉ်နှင့်အမျှ ဒင်္ဂါတစ်ပြား အန်ထုတ် ပေးလျက်ရှိသည်။

ဒိုဒို
3.7.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား