လူသေကောင်တွေ ကြိတ်စက်ထဲထည့် ကြိတ်လိုက်တဲ့အခါ လိပ်ပြာအချပ်ပြားတွေ ထွက်လာကြ
စုံထောက်တစ်ယောက် ဟာ အမှုလိုက်နေ
ခဲ့တယ်။ သူဟာ ပျောက်ဆုံးနေတဲ့ အလောင်းတွေ တရားခံ ရှာဖွေနေတာ ဖြစ်
ပြီး ရွာငယ်လေး တစ်ခုမှာ ကိုယ်ယောင်
ဖျောက်နေတယ်။ သူ အယောင်ဆောင်
နေထိုင်တဲ့ ရွာကလေးက အချိန်ပြည့်နီးပါး
ပျော်ရွှင်စရာ ပွဲ လန်းသဘင် တွေရှိတယ်
သူ့ကို စုံထောက်မှန်းဘယ်သူ မှမသိကြဘူး။
ကြာတော့ သူ့ကိုသူ လည်း မေ့လာတယ်
သူနေထိုင်တဲ့ ရွာအရှေ့ဘက်မှာ ဂျုံခင်းတွေ
နွေရာသီတွေမှာ လေယူရာယိမ်းနေတဲ့ နေ
ကြာ ခင်းတွေ အပြည့်။ ရွာရဲ့ အရှေ့ဘက်
ခြမ်းမှာ ကြိတ်စက်တစ်ခု ရှိတယ်။ အဲ့ဒီနေရာ
က ဂျုံတွေကြိတ်တဲ့ နေရာလေးပဲ။ ဂျုံကြိတ်
စက်မှာ မီးခိုးခေါင်းတိုင် တစ်ခု သူတွေ့တယ်
သူ အချိန်အားတဲ့ အခါ ခပ်ဝေးဝေးကနေ
မီးခိုးခေါင်း တိုင်ကို ရပ်ကြည့်တယ်။ အထဲက
လိပ်ပြာကလေး တွေ ပျံထွက်လာကြတာ
သိပ်လှတာပဲ။ဂျုံ ကြိတ်စက်ကို သွားလည်
ဖို့ သူစိတ်ကူးထားတယ်။ ကြိတ်စက်ရုံ ထဲ
သူဝင် သွားတယ် လိပ်ပြာနက်တွေ အချပ်
လိုက် သူခြေထောက်နားမှာ စုပုံလို့ ။ ပြားချပ်
နေတဲ့ လိပ်ပြာအသေတွေဟာ သူ့ကို ကွေ့
ပတ်ပြီး မီးခိုးခေါင်းတိုင် အပြင်ကို ပျံ
ထွက်သွားကြတယ်။ ရှည်လျားတဲ့ လိပ်ပြာ
တစ်အုပ်ကြီး ရဲ့နောက်မှာ ကြိတ်စက်တစ်
ခုလည် နေတယ်။လူပုလေး တစ်ယောက်
က အရာတစ်ခုကို ကောက်ယူ လိုက်ပြီး ကြိတ်စက်ထဲ လှမ်းထည့်နေတယ်။အဲ့ဒီအရာမှာခြေလက်တွေနဲ့ တဖြေးဖြေး လူတစ်ယောက်သဏ္ဍာန် ပေါ်လာတယ်။ သူ့အထင်မမှားဘူးဆိုရင် တစ်နေ့က ပျောက်သွားတဲ့ သူ့ မိတ်ဆွေ ရဲ့ အလောင်း
့ဖြစ်တယ်။
ကြိတ်စက်ထဲက လိပ်ပြာအချပ်ပြားတွေ လျှောခနဲလျှောခနဲ ထွက်လာတယ်။လိပ်ပြာ
နက်တွေ မီးခိုးခေါင်းတိုင် ရဲ့ အပြင်ကို ပျံ
ထွက်သွား ကြတယ်။
ကြည့်နေရင်း လူပုလေး ကိုင်ထားတဲ့အ
လောင်းက သူနဲ့ တူလာတယ်
သူ
သူ...
သူဟာ သေသွားခဲ့တာလား။
သူမသိ သူဘာဆို ဘာမှမသိ
ဘာကိုမှ ဝေခွဲမရဖြစ်နေတုန်း
လူပုလေးဟာ ကြိတ်စက်ထဲ သူ့အလောင်းကို
ထည့်လိုက်တယ်။
လိပ်ပြာနက်တွေ မီးခိုးခေါင်း တိုင်ဆီက ပျံ
ထွက်သွားကြတယ်။
ဒါဆို သူဘယ်လို ဆုံးသွားတာလဲ
သူက ဘယ်သူလဲ
သူ စဉ်းစားနေတုန်း ခပ်ဝေးဝေး က သူမြင်
နေကျ ရွာ ၊သူမနေ့က အချိန်ထိ နေထိုင်ခဲ့
တဲ့ ရွာဟာ ရှိမနေတော့ ဘူး
သူလှမ်းတွေ့ရတာ သုသာန် တစ်ခု သာ
ဒါဆို သူဟာ
ဘယ်သူ တွေနဲ့
နေထိုင်
ခဲ့
တာ
လဲ
သူ
က ရော
ဘယ်
သူ
လဲ
ဒိုဒို

Comments
Post a Comment