အရုပ်ဆိုင်
ပျော်ရွှင်စရာခရစ်စမတ်ပါပဲ။ ကျနော်သိပ်ကို
ပျော်ရွှင်နေပါတယ်။ခုလိုကျောင်းပိတ်ရက်
တွေ ကျနော် လျှောက်သွားဖြစ်တယ်။
အဘွားအဘွားနဲ့ ကကျနော် လျှောက်သွားတဲ့
နေရာတိုင်းကိုတော့လိုက်ကြည့်မနေနိုင်ဘူးလေ
ကျနော်က ခုနှစ်နှစ်ပဲ ရှိသေးပေမယ့် အဘိုးနဲ့
အဘွားက ကျနော့်ကို စိတ်ချ ပါတယ်။
တစ်လမ်းကျော်ကကျနော့်သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာခရစ်စမတ်ပွဲရှိတာနဲ့
ကျ နော် မနက်စောစော ထွက်လာခဲ့တာ။ အရှေ့မှာနှင်းတွေ အများကြီး ကျနေတယ်။ လမ်းပေါ်မှာလည်း နှင်းတွေကြီးပဲအိမ်အပြန်
ကျရင်နှင်းလူရုပ်လုပ်တမ်းကစားဖို့ကျနော် စိတ်ကူးတယ်။ ဆွယ်တာအင်္ကျီနဲ့ကော်ဖီကြမ်း
တစ်ခွက်ကြောင့်သာခုလိုလမ်းလျှောက်နေနိုင်တာ။ လမ်းမှာ နံရံတစ်ခုတွေ့ရတယ်။နံရံတွေ့ရင် ပုံဆွဲတက်တဲ့အကျင့်ဆိုးကျနော့်ဆီမှာ ရှိတယ်။
လမ်းမှာမြေဖြူ တစ်ချောင်းကောက်ရတာနဲ
့ နံရံမှာ ကျနော်ပုံဆွဲဖို့ပြင်တယ်။ နံရံပေါ်ကလက်
မှတ်တွေ အများကြီး တွေ့ရတဲ့ အခါ ပုံမဆွဲချင်
တော့တာနဲ့လက်မှတ်လှလှလေးထိုးလိုက်တယ်။
နှင်းကျသံပဲလား
ကျနော့်နားထဲ ခေါင်းလောင်းလေး တွေ
မြည်သွားသလိုမျိုး ခံစားလိုက်ရတယ်။
ကျနော်နောက်လှည့်ကြည့်မိတော့
"အို "
ကျနော်မရေရွတ်ပဲကို မနေနိုင်တော့ဘူး။
ကျနော်နဲ့ တူတဲ့ အရုပ်ကလေး မျက်နှာချင်း
ဆိုင်က အရုပ်ဆိုင်မှာရှိနေတယ်။ ဆိုင်လေးက
တိတ်ဆိတ်နေပြီး ဆိုင်ရှင် ကအထဲမှာထင်ပါရဲ့။
ခပ်ဝေးဝေးက ကျနော့်သူငယ်ချင်း အိမ်ကိုတစ်
ချက်လှမ်းကြည့်မိတယ်။ ကျနော့် ဆိုင်ဘက်ပြန်
လှည့်ရင်းစောစောက အရုပ်ကလေးကို ပြန်ကြည့်မိတော့ မရှိတော့ပြန်ဘူး။ ကျနော်မျက်စိမှားတာပဲထင်ရဲ့။မျက်လုံးကို နှစ်ချက်လောက်ပွတ်ပြီးပြန်ကြည့်မိတယ်။
အရုပ်ကလေးက စောစော ကနေရာမှာရှိနေသေး
တယ်။
အရုပ်ကလေးကိုကျနော့်သိပ်လိုချင်နေပါပြီ။
အရုပ်ကလေးရဲ့ ဈေးနှုန်းကိုသွားမေးပြီး ဘွားနဲ့ဘိုးကို ပူဆာရမယ်လေ။တံခါးလက်ကိုင်ကို လှည့်လိုက်ပေမယ့်တံခါးက ပွင့်မလာဘူး။ ကျနော်လည်းစိတ်တိုသွားတာနဲ့ နှင်းတွေလုံးပြီးပစ်ပေါက်လိုက်တယ်။ဒါပေမယ့်လည်း တံခါးကမပွင့်ပြန်ပါဘူး။
ကျနော် စိတ်ဓာတ်ကျပြီး
တံခါးနားကထွက်လာခဲ့တော့တယ်။
"ကျွီ:"
"အို !!တံခါးပွင့်သွားပြီ"
ကျနော့်ဘဝမှာ ဒီအခိုက်အတန့်လေးဟာ
wonderland ထဲသွားရမယ့်ကလေးတစ်ယောက်
လိုပါပဲ။ ဆိုင်လေးထဲ စဝင်တော့ခေါင်းလောင်းသံ
လေးတွေကြားရတယ်။
"ချလွင် ချလွင် ချလွင်"
လေတိုက်တဲ့အခါ တွဲလောင်းချိတ်ထားတဲ့.
သံချောင်းကလေးတွေရဲ့မြည်သံ။အရုပ်ကလေးတွေ ကလည်း သိပ်လှတာပဲ။
ကျနော်နဲ့ တူတဲ့အရုပ်ကလေးက စောစောက
ခုန်ပေါ်မှာ ပဲ ရှိနေသေးတယ်။
အရုပ်ကလေးနားကိုကျတော်တိုးကပ်သွားရင်းက
"ဒုတ်"
"ကျွီ "
ခုန်နားမှာ ရှိနေတဲ့ စက်ဘီးစီးတဲ့ သံပတ်ရုပ်လေး
ကို ကျနော်တက်နင်းမိတာ။စက်ဘီးစီးတဲ့သံပတ်
ရုပ်လေးကိုအရှိန်နဲ့ သံပတ်ပေးလိုက်သလို ဖြစ်
ပြီး သံပတ်ရုပ်ဟာ ကော်ဇောပေါ်မှာ လှည့်
ပတ်စက်ဘီးစီးနေတော့တာပဲ။ သူစက်ဘီးစီးနေရင်းကျနော်ဝင်လာတဲ့တံခါးပေါက်ရောက်တော့ တံခါးပိတ်သွားတယ်။ စက်ဘီးက တံခါးကို အရှိန်နဲ့ သွားတိုက်မိတယ်။ အရှိန်နဲ့ တိုက်လိုက်ပြန်ခုန်ထွက်လာလိုက်ပြန်
တိုက်မိလိုက်နဲ့အသံတွေ ဆူညံနေတော့တယ်။
ကျနော့် အရုပ်လေးကို ပြန်ကြည့်မိတော့
သူ ခုန်ပေါ်မှာ မရှိတော့ပြန်ဘူး။ ဆိုင်တစ်
ခုလုံး လှည့်ပတ်ကြည့်နေမိရင်း တစ်ဆိုင်လုံး
မှာ အရုပ်တွေ အများကြီးတွေ့ရတယ်။
ကျနော်နဲ့တူတဲ့ အရုပ်ကလေးကိုဗီဒိုပေါ်မှာတွေ့ရပြန်တယ်။
"အို လှလိုက်တာ "
မျက်လုံးလေးတွေကလည်း ပြာလဲ့ လို့နေတယ်။ အရုပ်ကလေးဆီကိုကျနော်လက်လှမ်းလိုက်တယ်။ ကျနော်ဘယ်လိုဖြစ်တာပါလိမ့်။
ကြီးမားနက်ရှိုင်းတဲ့ ချောက်ကမ်းပါးတစ်ခု ကို ပြုတ်ကျ သွားသလိုမျိုး။
ခွဲ စိတ်ခန်းတစ်ခု က လူနာတွေ လို ကျနော်
ခံစားလိုက်ရတယ်။ကျနော် မျက်လုံးဖွင့်
ကြည့်လိုက်မိတော့ ကျနော့်ဘေးမှာ အရုပ်တွေ။
ကျနော့် ရှေ့က ကြေးမုံ ပေါ်မှာ
ကျနော် ဟာမျက်လုံးလေးတွေ ပြာလဲ့ ဝိုင်းစက်လို့
အရုပ်တစ်ရုပ် ဖြစ်လို့နေတယ်။
ရက်အတန်ကြာတော့
ကျနော် ကောင်မလေးတစ်ယောက်ကို
တွေ့တယ်။အသားဖြူ ဖြူ နှုတ်ခမ်းနီရဲရဲလေး
နဲ့ ကျနော့်တို့အရွယ် ကောင်မလေးပဲ။
သူဆိုင်ရှေ့ကနံရံပေါ်မှာလက်မှတ်ထိုးနေတယ်။
ခုမှပဲ ကျနော် သတိထား မိတယ်။
ဒီနေ့ ဆိုင်ရှေ့ခုန်ပေါ်က အရုပ်မလေးကလည်း ကျစ်ဆံမြီး လေးနဲ့ပဲလေ။
ဒိုဒို
(Video လေးထဲက အကြောင်းအရာ လေး
တွေးမိသလောက်ရေးမိ)

Comments
Post a Comment