ကိုပူဖောင်း
သူတို့ကမ္ဘာမှာ လူတွေဟာ သေဆုံးသွားရင် အငွေ့ပျံ ပြီး ပူဖောင်းလေးတွေ ဖြစ်သွားသတဲ့။လောလောဆယ် သူရဲ့Brain tumor အခြေအနေ ဟာ အငွေ့ပျံ ခါ နီးအနေအထား မှာရှိနေ တယ်။ အိပ်နေတဲ့ခုတင် ခြေရင်းက သူ့ခြေထောက်တွေ မှာ အမြှုပ်သေးသေးလေး တွေထွက်လာနေ
ကြပြီ။သူချစ်တဲ့ လူတွေလည်း သူ့ကိုငေးငိုင်လို့ ကြည့်နေကြ ပါလား။ ဟော....ပြောရင်းဆိုရင်း
သူ့ခါးအောက်ပိုင်း တစ်လျှောက်က ပူဖောင်း မြှုပ်တွေ ဖြစ်လာကြပါလား။
ကိုယ်အထက်ပိုင်းတစ်လျှောက် လည်ပင်း ပြီးတော့ ခေါင်း ....။
ရုတ်တရက် တိုက်လိုက်တဲ့လေ အရှိန်ကြောင့်
ကိုပူဖောင်းဟာ လေထဲကို မျောပါသွားရတယ်
အားလုံးပဲ ကျွန်တော် သွားပါပြီ ကျွန်တော့် ဖြစ်
တည်မှု မရှိတော့ပါဘူး ပုံပြင်တွေလည်း မရှိ
တော့ ပါဘူး အားလုံးပဲ နှုတ်ဆက်ခဲ့ပါတယ်
နော်။ကိုယ်ပူဖောင်းဟာ ပူဖောင်းထဲက လက်
လှမ်းပြ နေတယ်။ကိုပူဖောင်း နှုတ်ဆက်လို့
မဆုံးခင် မှာပဲ ကလေးတစ်ယောက် ပူဖောင်း
ကို ဆူးနဲ့ ဖောက်လိုက်တယ်။
သူ မရှိတော့ပြီ......။
ဒိုဒို
4.7.2017

Comments
Post a Comment