လူသားပေါက်ပေါက်

ပေါက်ပေါက်ဆုပ် စက်ထဲကို ကျနော် ငေးကြည့်နေခဲ့မိတယ်။
ကြိမ်ဖန်များစွာ ကြည့်ထားဖူးခဲ့တဲ့ အတိုင်း ပြောင်းဖူးစေ့တွေ ထည့်မယ်
စက်ထဲမှာ လှော်မယ်ပေါ့ ။
ပေါက်ပေါက်လှော်သူဟာ အလုံဖုံးထားတဲ့ အပြာရောင် ပုံးကြီးထဲ သူရဲ့ဇွန်းခွက်ကြီးကို ထည့်လိုက်တယ်။
သေးငယ်တဲ့ လူသေးလေးတွေ အကောင်နှစ်ဆယ်လောက် ဇွန်းခွက်ထဲ ပါလာတာ
တွေ့ရတယ်။ ပြောင်းဖူးနဲ့ အခြားပစ္စည်းတွေထည့်ပြီး ပေါက်ပေါက်လှော်သူဟာ လှော်မြဲ လှော်နေတယ်။
ကျနော်ဘေးက သူငယ်ချင်းကတော့ ပေါက်ပေါက်ဖြစ်စဉ်ကိုမသိပဲ အတွေးထဲ နစ်မြောနေတယ်။

ဘေးကသူငယ်ချင်း ဟာ ပေါက်ပေါက်ခွက်
ထဲကို လက်နှိုက်တယ်။ပေါက်ပေါက်တွေ ဟာ သူ့လက်ဖဝါးနဲ့အပြည့် ပါသွားကြ

ပုံစံပြောင်းသွားတဲ့ ပေါက်ပေါက်တွေကိုကြည့်ပြီး သူဟာ အခုဆိုရင် လူသေးလေးတွေရဲ့ ဘယ်အစိတ်အပိုင်း
ကို စားနေခဲ့ပြီလဲ တွေးမိတယ်

ကြက်သီးမွှေးညှင်းထလာခဲ့ပြီး
ပေါက်ပေါက်တွေကို လက်ဖဝါးနဲ့အပြည့်
ကျနော့် ပါးစပ်ထဲကို ထိုးသွင်းလိုက်တယ်

ဒိုဒို
16.12.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား