လက်ဆောင်ပေးမယ့် အရုပ်တွေ

နှစ်ထပ်အိမ်ကြီးထဲ အဘိုးကြီး တစ်ယောက်
နဲ့ သူလုပ်ထားတဲ့ အရုပ်တွေ ရှိတယ်။ သူလက်ထပ်မယ့်မိန်းမကြီးကိုပေးဖို့အတွက်
နှစ်ရှည် လများအရုပ်လုပ် နေခဲ့တာ အရုပ်
ပေါင်း ၅၀၀ ပြည့်တဲ့ နေ့မှာ အားလုံးကို လက်
ဆောင် ပေးပစ်မယ်လို့ သူစိတ်ကူးတယ်။ သူမှာ မအိပ်မစားပဲ နေခဲ့ရာက ခုဆိုငါးရာ ပြည့်လုနီးပြီ။ သူလက်ထပ်မယ့် မိန်းမကြီးဟာ သူရူး တစ်ယောက် ဖြစ်ပြီး
အဲ့ဒီမိန်းမကြီးလိုချင်တဲ့ အရုပ်တွေလုပ်ဖို့ ကလေးတွေ အများကြီးဖမ်းခဲ့ရတာ။

အရုပ်လုပ်ရတာ တကယ်တမ်းသူ့အတွက်
 မလွယ်ကူဘူး။
သူကလေးတွေ မျက်နှာကို ရဲရဲ မကြည့်ရဲခဲ့ဘူး။ ကလေးတွေရဲ့အရေပြားတွေနဲ့ အရုပ်ပုံစံ မျိုးစုံ သူလုပ်ခဲ့တာ။ ခုတော့ ငါးရာပြည့်လို့ သူလည်း အနားယူသင့်ပြီ လေ။

ခါတိုင်း အိမ်ရှေ့မှာ စော့နေတဲ့ သားလေးကိုတောင် သူသတိရလာတယ်

သူ သားလေး ကို မေ့နေခဲ့တာ ကြာပြီပဲ။

ဗီဒိုစွန်းမှာ တင်ထားတဲ့ အရုပ်ကလေးဟာ
သူ့ သားလေးနဲ့ တူလိုက်တာ။

ဘုရား ရေ!!!
သားလေးကို သူ အရုပ်လုပ်ခဲ့ မိပြီ.. ထင်တယ်

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား