ပိုးစုန်းကြူး

တို့် များ ပိုးစုန်းကြူးတွေ မဖမ်းကြရတာတောင်အတော်ကြာပြီနော်။
လယ်ကွင်းတွေ ညဘက်တွေဆို
သူတို့ တလက်လက် လင်းလက်လို့
အိမ်မက် ယောင်တဲ့ အခါမျိုး ဆို
ပိုးစုန်းကြူး လိုက်ဖမ်းနေမိတယ်။

ပိုးစုန်းကြူးနောက် လိုက်သွားရင်း
Wonderland တစ်ခု ရောက်သွားနိုင်လို့
ယုံကြည်နေမိတဲ့ စိတ်။

ပိုးစုန်းကြူး တွေ
လက်ကလေးနဲ့ ဖော့ဖော့လေးဖမ်း
ပြီးရင် ပုလင်းထဲထည့်

တို့တွေ ရဲ့ ပုံစံခွက် ကြီးထဲ နေရတဲ့
ဘဝ ဟာ
ပိုးစုန်းကြူးတွေ ဖန်ပုလင်းထဲထည့်ခဲ့တဲ့
အကျိုးဆက်ပဲ လို့
ရှင်မေးမယ်မို့လား။

တစ်ချို့ ပိုးစုန်းကြူး တွေက
လွတ်မြောက်သွားရင်တောင်
ပုလင်းထဲ ပြန်လာနေကြတုန်း
ကျွန်တော့်လိုပေါ့
အတိတ်ထဲ တဝဲလည်လည်နဲ့ ရယ်။

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား