အရသာ ရှိတဲ့ ငှက်သိုက်မုန့်တွေ

မြို့လေးတစ်မြို့မှာ ငှက်သိုက်မုန့်ဆိုင်တစ်ဆိုင်
ရှိတယ်။ ငှက်သိုက်မုန့် ဆိုင်ဟာ တဖြေးဖြေး
နာမည်ကြီး လာရပြီး ဆိုင်ခန်းတွေတိုးချဲ့လာ
ခဲ့ရာက မြိုကလူတွေ တိုးကြိတ်ဝယ်ရတဲ့ အထိပဲတဲ့။ကြီးမားလှတဲ့ မုန့်ပုံးကြီးတွေထဲက
ငှက်သိုက်မုန့် တွေ အရစ်လိုက် ထွက်လာ
အောင် ဆိုင်ဝန်ထမ်းတွေဟာ ပုံးတွေကို
ဘယ်ညာ လှည့်ပေးရတယ်။ဆိုင်က ငှက်
သိုက်မုန့်တွေ ဟာ အရောင်စုံပါသတဲ့ ။ဆိုင်
ဝန်ထမ်းတွေက အငွေ့ဖျန်းတဲ့ ကိရိယာ တစ်
ခုကို သုံးပြီး ပန်းရောင်ငှက်သိုက်မုန့်လိုချင်
ရင် စတော်ဘယ်ရီ အရည်ဆမ်းပေးတယ်။
ခရမ်းရောင် လိုချင်ရင် lavender အမွှေးဆီ
လေး ဆမ်းပေးလိုက်တယ်။ဆိုင်ဝန်ထမ်းတွေ
ဟာ အနက်ရောင်ဝတ်စုံ ရှည်တွေဝတ်လို့
မျက်နှာ ဖုံးကိုယ်စီနဲ့ ဆိုင်ရဲ့ အပြင်အဆင်
ထူးခြား တာကြောင့်လည်း ကလေးတွေသာမ
က လူကြီးတွေပါ ငှက်သိုက်မုန့်ဆိုင်ကို ရောက်
လာကြတယ်။အရသာ ဟာအစမှာမွှေးပြီး
နူးညံလွန်းတဲ့ ငှက်သိုက်မုန့် တွေဟာ လူတွေရဲ
ပါးစပ်ထဲ အရစ်လိုက်တိုးဝင်လို့ အရသာတွေ
ရဲ့ အဆုံးမှာ "ဖောက်ခနဲ"တထုတ်ထုတ် မြည်
လို့ စားချင်စရာပဲတဲ့။မြို့ရဲ့ ငှက်သိုက်မုန့်စား
သူ အရေအတွက်ဟာ တဖြေးဖြေး မြင့်တက်
လာရတယ်။လူတွေဟာ တစ်နေ့တခြားငှက်
သိုက်မုန့်ကို ပိုနှစ်ခြိုက်လာကြတယ်။ရက်ပေါင်းများစွာ ကြာတဲ့အခါ ငှက်သိုက်မုန့်
ဆိုင်ရှေ့မှာ မြောက်မြားစွာသော လူတွေ စု
ဝေးနေကြတယ်။ ဆိုင်ပိုင်ရှင်က ငှက်သိုက်မုန့်
ထုတ်လုပ်ဖို့ အတွက် ကုန်ကြမ်းကုန်နေ
ကြောင်း ရှင်းပြတောင်းပန်တယ်။ငှက်သိုက်
မုန့်မစားရတဲ့ အတွက် မကျေမနပ် ဖြစ်နေသူ
တွေဟာ ဆိုင်ထဲကို ဝင်ရောက်လာကြရင်း
နောက်ဆုံးလက်ကျန် ထုတ်နေဆဲဖြစ်တဲ့ စက်
တစ်ခု နားကို ရောက်သွားသတဲ့။စက်အဖုံးကို
ဖွင့်လိုက်တဲ့ အခါ အရှိန်နဲ့ လည်နေတဲ့လူ ဦး
နှောက် ဟာ ဖိုထဲမှာ ခုန်ဆွခုန်ဆွ ဖြစ်နေတော့
တာပေါ့။သူတို့ရှေ့ ထွက်ကြလာတဲ့ ငှက်သိုက်
မုန့် အရစ်တွေကို တိုးဝှေ့စားသောက်ကြတယ်
ရူးသွပ်နေကြသူတွေဟာ ဆိုင်ထဲက အလုံး
အရင်း ထွက်လာကြပြီး ငှက်သိုက်မုန့်တွေ
ရဖို့ ဦးနှောက်အရှာ ထွက်ကြတယ်။ ရူးသွပ်
နေသူ တစ်ယောက်ဟာ ဦးနှောက်ကို ဖောက်
ထုတ် လိုက်ရင်း ဘေးကတစ်ယောက်ဆီ
ဦးနှောက် အလုံးကြီးကို လက်ဆင့်ကမ်း လိုက်
တယ်။ ရူးသွပ်နေသူ လူတန်းရှည်ကြီးဟာ မြို့
မှာ ထင်ထင်ရှားရှား တွေ့နိုင်တယ်။

အဖြူ အစိမ်း နဲ့ကလေးတစ်ယောက် ဟာ လမ်း
ဘေး မှာ နေတဲ့ အဘိုးကြီး ဆီက ဘာဂျာမှုတ်
သင်ရင်းက အိမ်ပြန်လာနေတယ်။  အိမ်ပြန်
လာရင်းက နာရီစင်အောက်မှာ ခဏနားတယ်
သူဘေးကို အနီရောင် ပြစ်ပြစ် အရည်တွေ
စီး လာတယ်။ သူက သွေးတွေ လို့ပဲ ထင်တယ်
ကြောက်လန့်နေရင်းက အခြေအနေ ကိုအကဲ
ခတ် ဖို့ နာရီ စင်ထိပ်ကို ကြိုးစား တက်ယူ
ရတယ်။ အပေါ်စီးက ကြည့်တဲ့အခါ ပြို
ကျ ပျက်စီးနေတဲ့ ဘုရားကျောင်း လူနေအ
ဆောက်အအုံ တွေနဲ့ ရူးသွပ်နေတဲ့ လူတန်း
ရှည် ကြီးကို တွေ့ရတယ်။ လူအုပ်ကြီးဟာ သူ
ရှိတဲ့ နာရီစင်ကို ဦးတည်ပြီး လာနေကြတာ
မျိုး ဖြစ်တယ်။

ဒိုဒို
29.6.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား