ရေသူမလေး ရဲ့ ဖန်ပုလင်း ကလေးတွေ
ရေအောက်သတ္တဝါ ပေါင်းစုံနေထိုင်တဲ့
ပင်လယ် ကြမ်းပြင်ဟာ စိမ်းစိုလျက်ရှိတယ်။
ကမာကောင် လေးတွေနဲ့ ညဘက်မှာ အလင်း ထွက်တဲ့ ရေခူကလေးတွေ ရေအောက် မှာ ဟိုဒီရွှေ့လျား သွားလာနေကြတာပေါ့ ။ ရေသူမလေးတစ်ယောက်ကတော့အိပ်မပျော်ဘူးတဲ့။
သည်လိုနဲ့ ရေပြင်ပေါ်ကူးခတ်လာတယ်။
သူမက ပုလင်းလေးတွေ စောင့်မျှော်နေတာ
ပါ။ တစ်နေ့က သူမပုလင်း ငါးလုံးရခဲ့သေး
တယ်။ပုလင်းကလေးထဲ မှာရေသူမလေး
အကြောင်း ရေးထားတဲ့ ကဗျာလေးတွေပါ
တယ်။ သူမသိပ်ပြီး နှစ်သက်ပါတယ်။
ပုလင်းတွေက မိုးပေါ်က ကျလာတာ လို့ သူမ
ထင်တယ်။ ကြယ်နတ်သား တစ်ယောက်
ရေးတဲ့ စာဖြစ်ပါလိမ့်မယ်။ ဒီလိုနဲ့ သူမ ဟာ
ညဘက်တိုင်း ရေပြင်ပေါ်ကူးခတ်လို့ ကျောက်ဆောင် ပေါ်မှာထိုင် ဖန်ပုလင်းက
လေးတွေ စောင့်မျှော်နေခဲ့တာပေါ့။ သူမမှာ
ပုလင်း ထောင်ပေါင်းများစွာ ရှိနေခဲ့ပြီ လေ။
သူမဆီ ကြယ်နတ်သားက စာတွေ လှမ်းပို့
တာ ဖြစ်ပါလိမ့်မယ်။
သူမက အဝေးက ကြယ်နတ်သားကို တဖြေးဖြေး နှစ်သက်လာမိတယ်။
ပုလင်းတွေ ရောက်လာတိုင်း ရေပြင်မှာ "တစ်ယောက်ယောက်ရှိပါသလား"လို့ပြောရင်းရှာနေတက်ခဲ့တာ။ နောက်နေ့တွေ မှာ ဖန်ပုလင်း လေးတွေကို မတွေ့ရတော့ဘူး တဲ့။
တစ်ညတော့ ပင်လယ်ကြမ်းပြင် ပေါ် အရင်
အချိန်တွေထက်စောစီးစွာရောက်လာခဲ့တယ်။
ထူးခြားစွာ ပိုးစုန်းကြူးထောင်ပေါင်းများစွာ ရဲ့
လင်းလက်မှုနဲ့ ညအမှောင်မှာ သူမအနားက
ကျောက်ဆောင် ဟာ လင်းထိန်လျက်ရှိနေပါ
တယ်။ပုလင်းကလေးတွေ မျောလာတာ တွေ့
ရတယ်။ အခွံလွတ် ပုလင်းကလေးတွေပါပဲ။
ကြယ်ကလေးတွေ ကြွေကျတယ်။ လှလိုက်
တာ။ သူမကြည့်နေမိရင်း သံစဉ်တစ်ချို့ကို
ကြားရတယ်။ ကြယ်တွေဟာ မျောပါလာတဲ့
ပုလင်းခွံ လွတ်ကလေးတွေ ထဲဝင်သွားတယ်
ပုလင်းတွေနဲ့ပင်လယ်ရေ ထိတွေ့လိုက်တဲ့အ
ခါစာရွက်ခေါက်ကလေးတစ်လိပ်ပေါ်လာတယ်။သူမ မင်သက်နေမိတယ်။
သူမရဲ့ ရေသူမဘွားပြောတာ ကြားဖူးတယ်။ ကြယ်တွေဟာကိုယ်ပိုင်သံစဉ် ရှိတယ်တဲ့။ ပြီးတော့ ကဗျာလေးတွေ လည်းရှိကြတယ်။ ရေသူမအကြောင်း ကဗျာ လူတွေ အကြောင်း
ကဗျာ စသည်ဖြင့် ကြယ်တစ်ခုစီ မှာ အဓိပ္ပါယ် တစ်ခုစီ ရှိတယ်တဲ့။ ကြယ်တွေရဲ့သံစဉ်ကို သူမ ကြားခဲ့ရပြီ။ အဲ့ဒါဆိုရင် စာတွေဟာ သက်ရှိထင်ရှား တစ်ယောက်ယောက်ဆီက
မဟုတ်ပဲ ရေမျက်နှာပြင်နဲ့ရေပေါင်းစပ်မှုက ရလာတာပေါ့။သူမအတွက် မဟုတ်ခဲ့ဘူးပဲ။
ရေသူမလေးရင်ထဲ နွမ်းလျ အားငယ်လို့ တဖြေးဖြေး ဖြူ လျဖျော့တော့ လာတယ်။ စိတ်နှလုံး ကြေကွဲမှုဟာ အမြင့်ဆုံး အခြေအနေကို ရောက် လာတယ်။ နှစ်ရှည်လများစွာ စောင့်ခဲ့ ရတဲ့ မျော်လင့်ချက်တစ်ခုဟာ တစ်ညထဲ
မှာ ရိုက်ချိုးခံလိုက်ရတာ။ ချစ်ခြင်းမေတ္တာ ဟာ
လည်းပင်လယ်ရေပေါ်အစိတ်စိတ်အမွှာမွှာ။
ပင်လယ်ရေ ပြင်ပေါ်သူမရဲ့ မျက်ရည်တွေ
က နေရာယူသွားတယ်။ ခပ်ဝေးဝေးက မီးပြတိုက်ကို တွေ့တယ်။ သူမဟာ သူမ ချစ်သူကြယ်နတ်သားရောက်လာခဲ့တဲ့အခါ မီးပြတိုက်ကလေး ကို ခေါ်သွားချင်ခဲ့တာ။
ကြယ်နတ်သားအတွက် သူမစပ်ထားတဲ့
ကဗျာတွေ ရွတ်ပြချင်ခဲ့တာ။ ကျောက်ဆောင်
ပေါ်မှာထိုင် ပိုးစုန်းကြူး တွေငေးရင်း အဆုံး
မရှိပင်လယ်ပြင် ကြီးအကြောင်း ရှင်းလင်း
ပြောပြချင်ခဲ့တာ။ ပင်လယ်ပုံပြင်တွေ အကြောင်း ပြောပြချင်ခဲ့တာ။ ခုတော့..ခုလေ
ရင်ထဲမှာ တစ်စို့ မောပန်းလည်ချောင်းတွေ ခြောက်လာ အသံတွေတိတ်ဆိတ်လာ ပြီး..နောက်ဆုံးမှာ ..သူမ..။
ဒိုဒို

Comments
Post a Comment