ဒီဇင်ဘာ ဒိုင်ယာရီ

1983 ခုနှစ် နိုဝင်ဘာ လမှာ ကျွန်မ သူ့ကိုတွေ့ရှိခဲ့ ပါတယ်။ လူတိုင်းဟာ ဘဝမှာ မမျှော်လင့်တဲ့ အရာတွေ ရှာတွေ့ခဲ့ကြလိမ့်မယ်။ အဆုံးမဲ့ မမျှော်လင့်ရဲခဲ့ တာတွေ အထူးသဖြင့် ကိုယ်နဲ့ ရုပ်သွင်က လွဲရင် အဆုံးမရှိ တူနေတာ မျိုးတွေ ပေါ့။ တစ်​စုံတစ်​ယောက်ကို တွေ့လိုက်ချည်းပဲ သူဟာ ကိုယ့်အတွက် miracle တစ်ခုဆိုတာ သေချာနေခဲ့ဖူးလား ။ လူတစ်ယောက်ကို မြင်လိုက်ရရင်ပဲ မှတ်ဥာဏ်တစ်ချို့မှာအလင်းရောင်တွေ ဖြာခနဲလင်းထွက်သွား တာမျိုး လူတိုင်းကြုံဖူးကြ ပါလိမ့်မယ်။သူဟာ ကိုယ်ရဲ့ "miracle လေး "ဆိုတာ သေချာနေတာ မျိုးကိုပေါ့။ တွေ့ဆုံပုံခြင်း တော့ မတူနိုင်ဘူး ပေါ့လေ။

အထူးသဖြင့် ကျွန်မ နဲ့ ပိုလို့တောင်မတူနိုင်ဘူး။ ဒါတော့ သေချာပြောရဲ ပါတယ်

ကျွန်မ သူ့ကို 1983 ခုနှစ် နိုဝင်ဘာလ လယ်လောက်မှာ အိပ်မက်မြို့တော်မှာ တွေ့ခဲ့တာ။

အဲ့ဒီအချိန်က ကျွန်မ သိပ်စိတ်ဓာတ်ကျ နေခဲ့တာပဲ ။ အိပ်မပျော်တဲ့ရောဂါ ကို သုံးနှစ်ဆက်တိုက် ခံစားခဲ့ရတဲ့ ကျွန်မဟာ ခန္ဓာကိုယ်ကို အနားမပေးမှုကြောင့် စိတ်အားကိုယ်အား ယုတ်လျော့လာတာ ဟာ အထူးအဆန်းတော့လည်း မဟုတ်ပါဘူး။ အခုကျွန်မ တစ်
ယောက်တည်းပဲ ။ အရင်က အဘွားနဲ့နေတယ်။ အဘွားမရှိတဲ့ နောက် ဘာလုပ်လဲ။အဲ့ဒါ မေးခွန်းကောင်းပဲ။ တစ်ညလုံး မအိပ်
ပဲ သီချင်းနားထောင်တာ ရယ် ညလုံး​ပေါက်​ စိတ္တဇ ဝထ္ထုတွေ ထိုင်ဖတ်နေဖြစ်တာပဲ။

စိတ်မကောင်းစရာပါပဲ ။ စိတ်ကျရောဂါ ဟာအိပ်မက်ရဲ့ ပြတင်းပေါက် နံရံတွေ တို့ထိသွားတယ်။ ခြေသံတစ်ချို့  ကြားတယ်။" စိတ်မကောင်းပါဘူး ။ ကျွန်မ ကမ္ဘာမှာ လူသစ်တွေ လက်မခံနိုင်ဘူး။ ဘယ်လူသစ်ကိုမှနွေးနွေးထွေးထွေး တံခါးမဖွင့်ပေးနိုင်ဘူး။
"ရှင်ပြန်ချင် ပြန်တော့ "ဒါလောက်ပါပဲ ။ ကျွန်မသူ့ကို ပြောခဲ့တဲ့ စကားက။
မျက်စိတွေ မှိတ်ထားလိုက်ပြီးနောက် ခရမ်းရောင် ရေကန်ကြီး ကိုတွေ့လိုက် ရတာပဲ။ ကျွန်မ ဘေးမှာ သူရပ်နေတယ် ။

"နာမည် ဘယ်လိုခေါ်လဲ"

"ဒရင်းမ် "

"ယော်ျားလေးတစ်ယောက် အနေနဲ့ ဒီနာ
မည်က မိန်းကလေး မဆန်လွန်းဖူးလား"

"မင်း နာမည်က ?"

"မေ့ခ်ျ (ပလူးမေ့ခ်ျ )"

"ဘွားကတော့ "မေ့ခ်ျ " လို့ခေါ်တာပဲ။

"ဟုတ်ပြီ plumage (ပလူးမေ့ခ်ျ )ဆိုတာ
ငှက်မွှေးတောင် တွေရဲ့ အမည်နာမပဲ။
ငှက်မွှေးတောင်တွေက Dream capture မှာ
တွဲလောင်းချ ထားတဲ့ အရာလေးတွေ ဆို
တော့ မင်းနာမည်က တွေးကြည့်ရင်ကို စိတ်
ကြည် နူးစရာ ပဲ။ မင်း မိဘတွေကို ကျေးဇူး
တင်သင့်တယ်။:"

"ငါ့နာမည်က ဒရင်းမ် ။ အိပ်မက်နဲ့ ငှက်မွှေးတောင် ဆက်စပ်မှုတော့ရှိသား ပဲ ။ ငါတို့တွေ သူငယ်ချင်းကောင်းတွေဖြစ်လာ
နိုင်တာပဲ"

ပြီးတဲ့နောက် သူပျောက်ကွယ်သွားပါတယ်။

.................................................................

1983 December

အိပ်မက်မက်ခြင်းရဲ့ ပုံရိပ်​ယောင် တစ်ချို့မှာ ကျွန်မဟာ သူရဲ့ ဝိညာဉ်ကလေး ဖြစ်ပြီး သူဟာ ကျွန်မ အတွက် ရုပ်သွင်ကလွဲရင် ခွဲမရ
အောင်တူတဲ့ အမြွှာပူး သူငယ်​ချင်း တစ်ယောက်ဖြစ်လာခဲ့ ပါတယ်။

အိုဟောင်းနေတာ ကြာပြီဖြစ်တဲ့ သစ်ပင်အိုကြီးကို ကျွန်မငေးမော ကြည့်နေတုံးကပေါ့။

"မေ့ခ်ျ မင်းဘာတွေ ညစ်နေတာလဲ"

"မဟုတ်ဘူးလေ ကျနေတာ ။ မညစ်ပါဘူး"

ဒရင်းမ်-" စိတ်ကျနေတာနဲ့ စိတ်ညစ်နေတာ
ကွာခြားမှု များရှိသလား ပဲ။ (ဒရင်းမ် က ပခုံး
နှစ်ဖက်ကို တွန့်လိုက်ရင်း ပြောလိုက်တယ်)

မေ့ခ်ျ -" ရှိတယ်လို့ ထင်တာပဲလေ။ စိတ်ညစ်
တာက စိတ်ရှုပ်ထွေးတာပဲ အဆုံးမှာ အလင်း
ရောင်တွေ့ နိုင်သေးတယ် မဟုတ်လား။
 ဒါမှမဟုတ် စိတ်ညစ်ခြင်းက အဆုံးမှာ ဒေါသဖောက်ခွဲထွက်မှု တစ်​စုံတစ်ရာ ရှိနိုင်
တာပဲ ။ စိတ်ကျတာနဲ့ မတူဘူး။ စိတ်
ကျတာက အဆုံးမှာ ကိုယ်ကလွဲပြီး ဘာမှမရှိ
တာ မျိုးပေါ့။ အဆုံးမှာ အမှောင်ကလွဲရင် ဘာ
မှမမြင်နိုင်တော့တာ။ စိတ်ကျတာက ...

ဒရင်းမ် -" အေးစက်မှောင်မဲ တဲ့ သွေးလှောင်
ကန်ကြီး ရဲ့ အဖုံးပေါ်မှာ တက်ထိုင်နေရတဲ့
သားကောင် တစ်ကောင်လို ပဲ မဟုတ်လား။
သူ အေးစက်တယ်။ ဒါပေမယ့် အဲ့ဒီနေရာ
က မခွာချင်ဘူး။မခွာရဲဘူး"

"အမှောင်ကလွဲရင် ငါတို့ရှေ့မှာ ဘာမှမမြင်
နိုင်တဲ့ နောက်မှာ ငါတို့ဟာ နေ့သစ်တွေ ကို ဘာလို့ မျှော်လင့်နေကြ တော့မှာတဲ့ လဲ။ ထိုင်
နေကျ နေရာမှာထိုင်လို့ သေခြင်းတရားကို သူ တစ်ပြန်ကိုယ်တစ်ပြန် ကြည့်ရင်း လက်
သတ်မွေးဖို့်က လွဲလို့ ဘာမှဖြစ်မလာခဲ့တော့
ဘူး။ မျှော်လင့်တာတွေ လည်း မရှိတော့ဘူး။
"
.................................................................

1983 December 24

မေ့ခ်ျ -" Hey နင်သိတယ် မဟုတ်လား။
ဒီနေ့က ခရစ်စမတ် နေ့လေ။ "

ဒရင်းမ်-" အင်း ငါသိတာပေါ့။ Christmas
ကို သိပ်ပြီး အယုံအကြည်မရှိ ဘူးလေ။
လိမ္မာတဲ့ ကလေးတွေ ဆီ ဆန်တာ လာလိမ့်
မယ်။ ဘာညာ"

မေ့ခ်ျ -" ခရစ်စမတ် ပေါ်မှာတော့ အယူအဆ
က ငါနဲ့ နင်မတူ ဘူးပဲ။ ဟုတ်တယ်လေ
တစ်ယောက်နဲ့ တစ်ယောက်က တစ်ရာရာ
ခိုင်နှုန်း တူနေဖို့ ဆိုတာမှ မဖြစ်နိုင်တာ။
အနည်းဆုံးတော့ ကိုးဆယ့်ကိုးရာခိုင်နှုန်း
လောက် တူရင်ကိုပဲ ရှာဖွေတွေ့ရှိခဲ့ တဲ့ လူ
ဟာ အများကြီး ကံကောင်းနေခဲ့ပြီ လေ"

ဒရင်းမ် -" နင့်ဆီမှာ ခရစ်စမတ် ဆုတောင်း
တွေ ရှိမယ်ဆိုတာ ငါသေချာပေါက် ပြောရဲ
တယ်။ "

မေ့ခ်ျ -" အင်း ခရစ်စမတ် ဆုတောင်း တွေ
ရှိတယ်။ သီချင်းဆိုတဲ့ ကလေးတစ်ချို့ နဲ့
အတူရှိနေချင်တယ်။
Jingle bell Jingle bell
jingle all the way
Oh what fun it is to ride
In a one horse open sleigh
Hey jingle bell jingle bell
အဲ့ဒီ သီချင်းကို သူတို့တွေနဲ့ အတူ ဆိုချင်
တယ်။  အဖြူ ရောင် ခရစ်စမတ် တစ်ခုလို
ချင်တယ်။ နှင်းလူရုပ် တစ်ရုပ်ဆောက်မယ်။
ပြီးတော့ နှင်းခဲတွေကြား အိပ်မောကျ သွား
မယ်။ ထာဝရ ပေါ့"

ဒရင်းမ်-" ဒါဆို ဘာလို့ အိပ်မက်ထဲမှာပဲ
ရှိနေရတာလဲ ။ခုချိန်ဆို နင် လက်တွေ့က
မ္ဘာမှာ ခရစ်စမတ် အတွက် ပြင်ဆင်သင့်နေ
ပြီ မဟုတ်လား"

မေ့ခ်ျ -" အဲ့ဒီမေးခွန်းပဲ ငါကြောက်တာ။ ငါ
ကြောက်ခဲ့တာ။ဒီမေးခွန်းမေးလာရင်
ငါဘာမှ မဖြေနိုင်တော့ဘူး။ အနည်းဆုံးတော့
ငါရဲ့ ပျော်ရွှင်မှုက အပြင်ကမ္ဘာနဲ့ မလုံလောက် ဘူးလေ။ ဒီဘက်ကမ္ဘာ မှာ
ငါစိတ်ငြိမ်တယ်။ လုံခြုံတယ်လို့ ခံစားရတယ်
"

ဒရင်းမ် -" ငါရောပဲ ။ စိတ်ကျရောဂါ က ပိုလို့
ဆိုးလာတယ်"

.................................................................

1984 February

ဒရင်းမ်-" မေ့ခ်ျ ဖေဖော်ဝါရီ တောင် ရောက်လာခဲ့ ပြီ။ရယ်ချင်မလား တော့ မသိဘူး။
နှင်းစက်ကလေးတွေ သစ်ရွက်တွေပေါ့ တပေါက်ပေါက်ကျနေတာ မြင်ရင် Fairy တွေရှိတယ် ဆိုတာ ယုံကြည်​လာမိတယ်။
အဲဒီအတွေးနဲ့ ကြည်နူးမိတယ်။ငါ ဒီအရွယ်ထိ Tinkerbell တွေ ကြည့်နေမိတုံးပဲ။
ငါ့ကို အဲ့လို မကြည့်ပါနဲ့ ။ ငါသိတယ် ။ဒါပေမယ့် ခုထိ Fairytale တွေကို မက်မောနေခဲ့တာ ထူးဆန်းနေတယ်​ "

မေ့ခ်ျ-" ဒရင်းက အသက်ဆယ့်ရှစ်နှစ် မဟုတ်လား ။ မေ့ခ်ျက ဆယ့်ခုနှစ် ။ ဒီအရွယ်က စိတ်ကူးယဉ်လို့ ရပါသေးတယ်။
ဘွားပြောတာ ကြားဖူးတယ်။ Fairytaleတွေအတွက်အိုမင်းတဲ့ အရွယ် ဆိုတာ မရှိဘူးတဲ့။
ဘွားက နောက်ဆုံးချိန်ထိ ပုံပြင်နားထောင်နေခဲ့ တာ။ အရင်က မေ့ခ်ျဖတ်ပြတယ်။
နောက်တော့ မေခ်ျ ဖန်တီးပြောတဲ့ ပုံပြင်တွေ ဘွားက ပိုကြိုက် လာတယ်။"

......... .......................................................

1983 March

မေ့ခ်ျ -" လွန်ခဲ့တဲ့ လက စကားဆက်မိပေမယ့် Tinkerbell အကြောင်း မပြောမိခဲ့ဘူး။
Fairy အားလုံးထဲမှာ Tinkerbell ကိုသဘောကျတာလား?"

ဒရင်းမ် -" Tinkerbell က ချစ်စရာအကောင်းဆုံး လို့ထင်တယ်။သူ့မှာ အနည်းဆုံးတော့
ဆန့်ကျင်တော်လှန်တဲ့ စိတ်ကလေးတွေ ရှိတာပဲ ။ ငါသဘောအကျဆုံးက အားလုံးထဲ
မှာ Fairy စည်းကမ်း အဖောက်ဆုံး ကသူပဲလေ"

မေ့ခ်ျ -" မေ့ခ်ျ တော့ ဖောင်ကို အချစ်ဆုံးပဲ။
တိရစ္ဆာန်​ နတ်​သမီး​လေးတွေဟာ ဘယ်
လောက်ချစ်စရာ ကောင်းလိုက်လဲ။သူတို့
ဘယ်လောက် စိတ်ရှည်ရသလဲ။ဆူးချောင်းလေးတွေက အစညင်ညင်သာသာ လေး ထုတ်ပေး ရတာ။ သူတို့မှာ တာဝန်ယူ မှုတွေ အများကြီးပဲ ။ မေ့ခ်ျ တော့ ဖောင်လို တိရစ္ဆာန်​ နတ်​သမီး​လေး ပဲ ဖြစ်ချင်တယ်"

ဒရင်းမ် -" ဓားခုတ်ကောင် တွေကြောက်တဲ့
ဖားပြုတ်တွေ ကြောက်တဲ့ ကြောင်တွေ
ကြောက်တဲ့ အံ့ဖွယ် တိရစ္ဆာန်နတ်သမီး
တစ်ယောက် ပါလား"

မေ့ခ်ျ -" ဘာပဲဖြစ်​ဖြစ်​" ဖောင်" ပဲ။

ဒရင်းမ် -" တင်ကာဘယ်လ်"

မေ့ခ်ျ -" ဖောင်"

ဒရင်းမ် -" Tinkerbell "

အဲ့လိုနဲ့ စကားများကြရင်း စကားမပြောမိတာတောင် တစ်လကျော်ကြာခဲ့ ပါပြီ။

ထူးဆန်းတာ ကကျွန်မတို့နှစ်ယောက် ကနှစ်ယောက်လုံး တွေ့ချင်စိတ် ဖြစ်ပေါ်လာမှဆုံတွေ့ခွင့်ရတယ်လို့ ထင်တယ်။
သူလည်း ပျောကိနေတယ်။
ကျွန်မလည်းအိပ်မက်ထဲမှာ တွေ့နေကျ နေရာကို မသွားဖြစ်တော့ဘူး ။

.................................................................

1984 May 31

အဲ့ဒီနေ့မှာ သူ့ကို ပြန်တွေ့ခဲ့ပါတယ်။ ကျွန်မအသိ တစ်ယောက်ရဲ့ ဥယာဉ်ခြံဟောင်း ကိုသွားလည် ရင်းနဲ့ပါ။ အစ တုံးကတော့ သူလို့
မထင်ခဲ့ဘူး။ဥယာဉ်ခြံ ပြင်တဲ့ လူတစ်ယောက် ရေပန်းတွေရဲ့ သော့ပေါက်တစ်ခု ကို ပြင်နေတယ် လို့ ထင်မှတ်ထားခဲ့ တာ။
ရေပန်းတွေက ပြင်လို့ ရသွားတဲ့ ပုံပဲ။ဥယျာဉ်ခြံ ကလေးရဲ့ တည်ဆောက်ပုံက ထူးခြားလှတယ်။ ရေပန်းကလေးနဲ့ အတူ နံဘေးက
သံပတ်ရုပ်တွေ နဲ့ ကြိုးသေးသေး လေးတွေ တစ်ပြိုင်တည်း ဆက်ထားတယ်။တဝီဝီလည်နေတဲ့ ရေပန်းကြီးက သူပြန်ကောင်းသွားပြီ ဖြစ်တဲ့ အကြောင်း အသိပေးနေသလိုပဲ ။ တစ်ဆက်တည်းမှာ သံပတ်တွေ လည်သွားကြတယ်။တဖြေးဖြေး နဲ့ သူ ကျွန်မ ဘက်ကို လှည့်လာတယ်။

"ကျေးဇူးတင်ပါတယ် ငါရဲ့ ဒုတိယဝိညာဉ်ကလေး ရယ်"

ကျွန်မတို့ ချစ်သွားခဲ့ကြတယ်။ ကျွန်မတို့ဟာခွဲခြားမရအောင် တူလွန်းနေခဲ့တဲ့ အတွက်
သူဟာ ကျွန်မရဲ့ ဒုတိယ ဝိညာဉ်ကောင်လေးဖြစ်ပြီး ကျွန်မဟာ သူရဲ ဝိညာဉ်တစ်ခြမ်း ဖြစ်ခဲ့ တာကြောင့် ။
အံ့သြဖွယ်ကောင်းအောင် စိတ်ဟာ တိုက်ဆိုင်လွန်းနေခဲ့ တာကြောင့်။
ကျွန်မတို့ ပြသနာ မရှိခဲ့ကြပါဘူး ။

1985 ခုနှစ် ဇန်​န၀ါရီ လ ကုန်အထိပေါ့

ဖေဖော်ဝါရီမှာ
.................................................................

"ကိုယ်တို့ဟာ တူလွန်းနေခဲ့တဲ့ အတွက် သေးငယ်တဲ့ စိတ်ခံစားမှု တွေကို
သိပ်အလေးထား ခဲ့ကြလွန်းအတွက် နှစ်ဦးနှစ်ဖက် ထိခိုက်ခဲ့တယ်။
ဒါပေမယ့် ဒါဟာ အဓိကပြသနာ မဟုတ်ပြန်ဘူး။ နားလည်နိုင်တာပဲ ။ အဆုံးမှာ
ကိုယ်တို့ တစ်ဦးပေါ်တစ်ဦး ခွင့်လွှတ်နိုင်ကြသေးတာပဲ ။
ကိုယ်တို့ ဒဏ်ရာတွေကို ပွတ်သတ်ရင်း ပြုံးရယ်နိုင်ကြသေးတာပဲ။
ပြဿနာက " အသံတွေ တိတ်တိတ်​ဆိတ်​ သွားတယ်။

"ကျွန်မတို့ နှစ်ယောက်ဟာ သိပ်တူလွန်းတယ်။ တူလွန်းနေခဲ့တဲ့ အတွက်
တစ်ယောက် ဒဏ်ရာ ကို တစ်ယောက်ပြု စု ပျိုးထောင် ပေးနေသလိုပဲ။ အမှောင်ထုကို
လက်သတ်မွေးထား သလိုမျိုး။ တစ်ယောက်ဒဏ်ရာကို တစ်ယောက် ယုယ လို့ အိမ်ပြန်
ချိန်တွေကို မလိုချင်တော့တဲ့ အကြောင်း တိုးဖွဖွ ပြောလို့ တစ်ယောက်နဲ့ တစ်ယောက်
သောက်သုံးမကျ တဲ့ ကမ္ဘာအကြောင်းကို နေ့ရှိသရွေ့ ငြီးငွေ့ လာခဲ့ကြတာ။
ဒီနည်းနဲ့ ကျွန်မတို့ကြားက အမှောင်ထုဟာ ပိုလို့ ကြီးလာခဲ့တယ် မဟုတ်လား။
နှစ်ယောက်အတူ အေးစက်ဖို့က ဖြစ်နိုင်ပါတယ်။အခုလည်း ဖြစ်နေခဲ့တာပဲ။
ဒါပေမယ့် ပြီးပြည့်​စုံ တဲ့ သတ်သေမှုတွေ။ ရိတ်သိမ်းခံအမှန်တရားတွေ ကျွန်မ မလို ချင်တော့ ဘူး။
အနည်းဆုံးတော့ အဲ့ဒီ အဆုံးသတ်ဟာ ဒရင်းမ် အတွက် မဖြစ်စေချင်ဘူး။

"အဆုံးမှာ ပျောက်ကွယ်သွားတဲ့ လူက
ကိုယ်ပဲ ဖြစ်ချင်တယ်"

"ဟုတ်တယ် ကျွန်မ ရောပဲ။ တစ်ယောက်
တည်းပဲ ဖြစ်ချင်တယ်"

"ကိုယ်တို့နှစ်ယောက်ဟာ ပြီးပြည့်​စုံ လွန်းနေ
အောင် တစ်ယောက်ကို တစ်ယောက် နား
လည်လွန်းတဲ့ အတွက် ။ အမှောင်ထု မှာ
အရင်က ကိုယ်လည်း တစ်ယောက်တည်းပဲ
မင်းလည်း တစ်ယောက်တည်းပဲ ။ အနည်း
ဆုံးတော့ ကိုယ်တို့ ပြန်ထ ကြရအုံးမှာ
သောက်သုံးမကျတဲ့ အလင်းဖြစ်လည်း အဲ့
ဒီ အလင်းရှိရာကို ဘဝရှင်သန်မှု အတွက်
ကြိုးစားသွားရအုံး မယ် ဆိုတာ သိနေခဲ့တယ်
ကိုယ်တို့ဟာ တစ်ဦးဒဏ်ရာ တစ်ဦး သိနေခဲ့
တဲ့ အတွက် ပြီးပြည့်​စုံလွန်းအောင် နားလည်
နှစ်သိမိ့နိုင်ခဲ့ ကြတဲ့ အတွက် ကိုယ်တို့ကြား
က အမှောင်ထုဟာ ပိုကြီးလာခဲ့တာပဲ။ စိတ်
ကျရောဂါဟာ အစွန်းကို ရောက်လို့ နေပြီ။
စက္ကန့်မလပ် တိုးဝင်လို့လာတဲ့ အဲ့ဒီ suicide
ဝတ်မှုန်တွေဟာ သေခြင်းတရား ကွင်းပြင်
ကို ဖြတ်လို့ ကိုယ်ရှိတဲ့ နေရာကို တိုက်ခတ်
လာနေတယ်။"

"ပြီး ပြည့်စုံတဲ့ သတ်သေမှုတွေ ဆီက ကိုယ်တို့"

"ငါတို့ "

" ဒါပေမယ့် ကိုယ်တို့ နှစ်ယောက်ရဲ့တစ်ထပ်
တည်း ပြည့်စုံလွန်းနေမှု ဟာ တိုက်ဆိုင်မှု
တော့မဟုတ်ခဲ့ပါ ဘူး။ ကိုယ်တို့တွေ ပြန်တွေ
့ချင်ပါသေး တယ်။ ကိုယ်တို့တွေ ဆန့်ကျင်
ဘက်အရပ်ကို မျက်နှာမူလို့ နှုတ်ဆက်ကြရ
အောင်လား။အဆုံးမှာ ကံတရားအတိုင်းပေါ့။မင်းကို ပြန်တွေ့ခွင့် ရခဲ့ရင်လည်း ဒါဟာ ကံ တရား အတိုင်းပေါ့ ။ "

"အဲ့ဒီ အချိန်မှာ သေဆုံးခြင်းတရား ဟာ
ဘာပဲ ဖြစ်နေပါစေ။ ပြီးပြည့်​စုံလွန်းတဲ့ သတ်
သေမှုတွေ ဖြစ်ခဲ့ရင်တောင် "

"အဲ့ဒီ အချိန် ကျရင်
ဒရင်းမ် ကျွန်မလက်ကိုလွှတ်မချလိုက်ပါနဲ့
နော်"

.................................................................
အဲ့ဒီနောက်

အရာအားလုံး ကို နောက်ချန်ထားခဲ့ လို့အရာအားလုံး ကို
လွှတ်ချလိုက် ပြီးတဲ့နောက် ဘွားရဲ့ ဇာတိကို ပြန်သွားခဲ့ ပါတယ်

ဘွားရဲ့ ဇာတိမှာ မြက်ခင်းတွေ ရှိတယ်
ဘွားရဲ့ဇာတိမှာ သစ်တောရှိတယ်

စိတ်လိုလက်ရ ရှိတဲ့အခါ
တောအုပ်က ပန်းပွင့်တစ်ချို့ သွားခူးရင်း
တစ်ခါတရံ စာအုပ်ဖတ်ရင်း
တစ်စုံတစ်ယောက် ကို လွမ်းဆွတ်​ရင်းနဲ့

သစ်တောအုပ်ဆီက ဘွားအတွက်
ပန်းတစ်ပွင့် သွားခူးရင်း
နောက်ဆုံးမှတ်မိတာက တော့
ချစ်ခြင်းမေတ္တာကို မစမ်းသပ်သင့် ကြောင်း
နှင့် တစ်သက်စာ အိပ်မောကျ သွားရ ခြင်း
တွေပါပဲ
ပန်းပွင့်ကို ကိုင်ထားရင်း
လေးလံတွဲကျလာတဲ့ မျက်ခွံတွေကြားက
ပိုးစုန်းကြူး တစ်ကောင်မှ ရှာလို့မတွေ့ခဲ့ပါ
ဘူး။ပိုမိုသိပ်သည်းတဲ့ အမှောင်ထုတိမ်တွေ
တအိအိ အောက်ကို လိမ့်ဆင်းလာတာပဲ ရှိ
ခဲ့ပါတယ်။

အဲ့ဒီနေ့က
1985 December 26

.................................................................
မေ့ခ်ျဟာ ဘူတာရုံနား အမြဲဖြတ်ပြန်တက်
တဲ့ ခေါင်းငိုက်စိုက်ချလို့ တစ်​ခါတစ်​ရံ တစ်
ယောက်တည်း ဝါးလုံးကွဲရယ်တက်တဲ့ အူ
ကြောင်ကြောင် ကောင်မလေး တစ်ယောက်
အဖြစ် ပြန်ဝင်စားတယ်။

ဒိုရီမေ့ခ်ျ ဟာ အရင်မေ့ခ်ျထက်ဆံပင်ပိုလို့
ရှည် လာခဲ့ပါတယ်

2003 ခုနှစ် နိုဝင်ဘာ နှစ်ဆယ့်တစ် က ဒိုရီ
မေ့ခ်ျ  ရဲ့ ဆယ့်ရှစ်နှစ်မြောက် မွေးနေ့ပါ။
ဘဝသစ်မှာလည်း သူမက အထီးကျန်နေဆဲ
ပဲ။ အမြဲတမ်း အလုပ်တွေရှုပ်နေတက်တဲ့ အ
ဖေ့ကို အမြဲ နားလည်ပေးထားတက် သူပါပဲ။
သူမရဲ့ မွေးနေ့က အခြားနေ့တွေထက် ထူး
ပြီး မခြားနားသွားဘူးလို့ သူမ ထင်တယ်လေ

ဒါပေမယ့်
ဒီတစ်ခါမှာတော့ ထူးခြားရမယ်
သေချာပေါက် ထူးခြားရမှာပေါ့

မေ့ခ်ျ သူ့ကို ရဲရဲ မကြည့်ရဲခဲ့ဘူး။ အမြဲပဲ ပိုင်
ဆိုင်လိုခြင်း မဟုတ်ပဲ အလွတ်တမ်း ပျော်ရွှင်
မှု နဲ့ သူမရဲ့ အချစ်က အဲ့ဒီလူအပေါ် ဖြူ စင်
သန့်ရှင်းနေချင်ခဲ့ တာ။ အမြဲတမ်း လွတ်လပ်
ပေါ့ပါးနေစေချင် ခဲ့တာမျိုး။အဲ့ဒါကြောင့်ပဲ အမြဲတမ်းရဲရဲ မကြည့်ခဲ့တာပါ ။ သူမဟာ ပုံမှန်အားဖြင့် အမြဲလိုလို အတွေးလွန်နေ
တက် သူ တစ်ယောက်ပေါ့ ။ အဲ့ဒါကြောင့်ပဲ
သူနဲ့ မနီးစပ်ခဲ့ဘူး ထင်ပါတယ်။ တစ်နှစ်
ပြည့်ခဲ့ ပြီလေ။

ဒီနေ့တော့ မေ့ခ်ျ ပြုံးပြ ခဲ့ပါတယ်။ အတော်
အားယူ ပြုံးခဲ့ရတဲ့ ရေခဲရိုက်အပြုံးလေးနဲ့ ပေါ့

................................................................

2004 January 26

သူ့နာမည်က ဒရင်းမ်ပါ ။ဒရင်းမ်ကတက္က
သိုလ်​ မှာ tutor တစ်ယောက်ပဲ။ နှစ်လဆိုတဲ့
ကာလတစ်ခုမှာ မေ့ခ်ျဟာ ဒရင်းမ် အကြောင်
း တွေ ပိုလို့သိလာခဲ့ပါတယ်။ (ဒရင်းမ် က
လည်း မေ့ခ်ျအကြောင်းတွေ သိနေခဲ့တယ်။
မေ့ခ်ျက ပလူးမေ့ခ်ျနဲ့ တူလွန်းတယ် လေ။ )
ကြားကာလတွေမှာ မထူးခြားခဲ့ဘူး။ ဘူတာ
ရူံ ဟောင်းလေးကို မေ့ခ်ျ ဖြတ်လျှောက်တယ်
ဒရင်းမ် လည်းလျှောက်တယ်။ တစ်​ခါတစ်​ရံ
အတွေးတွေ ဆုံကြပုံ ရုတ်တရက် အိပ်မက်
က လန့်နိုးလာသလို တစ်ယောက်ကို တစ်
ယောက် ယောင်ယမ်းငေးမော မိတာက လွဲ
ရင် ထူးခြားမှု တစ်​စုံတစ်​ရာ မရှိခဲ့ပါဘူး

...............................................................

ဒီဇင်ဘာ 2 ရက်

ဒရင်းမ် က ဒီဇင်ဘာ ရောက်ရင် 38 နှစ်
ပြည့်တော့မှာ ။ မေ့ခ်ျတွေးမိတာ တစ်ခုရှိလာ
တယ်။ ဒရင်းမ် ဟာ မေ့ခ်ျကို ကလေးတစ်
ယောက် အပြင် ပိုလို့ သဘောထားလိမ့်မှာ မဟုတ်ဘူး ဆိုတာပါပဲ ။ နေ့တိုင်း မေ့ခ်ျ ဖြတ်လျှောက် ခဲ့တယ် အချိန်မှီပြေးဆွဲတဲ့ မီးရထား တွဲတွေကို မှတ်မိလောက်တဲ့ထိ ပဲ။

နာကျင်ရပြန် ပါတယ် လေ

.................................................................
2005 October 14

ဒရင်းမ် ရဲ့ အကြည့်တွေက ထူးခြားလာပါ
တယ်။ တစ်ခါတရံ ရှည်လျားဝေးလွန်းတဲ့ အ
တိတ်လိုအရာမျိုးကို မျှော်ငေးမောနေတဲ့ ပုံစံ
အတိုင်း ငေးမောကြည့်တက်တယ်။ နောက်
တော့ သံလမ်းအောက်ခြေတွေကို ငေးတယ်
သစ်ပင် စိမ်းတွေ တစ်​ခါတစ်​ရံ မိုးသားတွေ
ကို ကြည့်လိုက်ပြီး တိတ်ဆိတ်သွားပြန်ရော။
ဒရင်းမ် ဟာ မေ့ခ်ျကို ရင်းရင်းနှီးနှီး သိပုံပေါ်
ပါတယ်။ ဒါပေမယ့် ဘယ်တော့မှ စကားမ
ပြောခဲ့ဘူး။ သုံးနှစ်တာ အချိန်ကာလတစ်ခု
အထိ ဒရင်းမ် ဆီက စကားတစ်ခွန်းပြော
တာ မျိုးမကြားခဲ့ရပါဘူး။ မေ့ခ်ျ လည်း မပြော
ခဲ့ဘူး။ ကျောင်းမှာလည်း နှစ်ယောက်တိုက်
ဆိုင်တဲ့အခါ မျိုးဆို လွှဲသွားတက်ပါတယ်
ကျောင်းပိတ်ရက်နီးလို့ ကျောင်းပျော်ပွဲစား
ထွက်ချိန်တွေ အထိ ဒရင်းမ်ဟာ မေ့ခ်ျကို
စကားမပြောခဲ့ဘူး။ မေ့ခ်ျလည်း မပြောခဲ့ဘူး
တစ်ခါမှပေါ့လေ

.................................................................

2005 December 26

မေ့ခ်ျ ခါတိုင်းလိုပဲ သံလမ်းတွေပေါ် ဖြတ်
လျှောက်သွားတယ်။ ဒီနေ့မှာ ဒရင်းမ် ကို နှုတ်
ဆက်သင့်သလား ၊မနှုတ်ဆက်ပဲ နေရမ
လား ဝေခွဲမရခဲ့ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပတ်
လောက်က မေ့ခ်ျရဲ့ ဖေဖေက တခြားနေရာ
တစ်ခုကို ပြောင်းဖို့ စာကျလာခဲ့တယ်။
နောက်ထပ်သုံးရက်နေရင် မေ့ခ်ျတို့ သေချာ
ပေါက် ပြောင်းရပါတော့မယ်။ငယ်ငယ်က
လည်း မေ့ခ်ျတို့ ပြောင်းရွှေ့နေထိုင်ခဲ့ ရတာ
ပဲလေ။ ဒီနေရာကို ပြန်ရောက်လာ ဖို့တော့ အခွင့်နည်းတယ်လေ

ဒရင်းမ် ကို နှုတ်ဆက်ချင်မိတယ်။

သံလမ်းတွေ ကို အကြောင်းမဲ့ ငေးနေမိတုန်း
သေးငယ်တဲ့ အရာလေးတစ်ခုက သူမကို
လက်လှမ်းပြတယ် ။ အနီးကပ်​သွားကြည့်မိ
တော့ လူပုလေးတစ်ယောက်ပါ ။လူပုလေး
က "မင်းတို့အရင်က အကြောင်းတွေ မသိ
ချင်ဘူး လား"လို့ မေးလာတယ်။ "အချိန်ခ
ရီးသွားရင်တော့ အတိတ်ကို သိနိုင်ပါတယ်
တဲ့ "။ ဟိုအရင်က ဘာတွေဖြစ်ခဲ့သလဲ သိ
ချင်လာမိတယ်။ မေ့ခ်ျ အချိန်ခရီးသွားဖို့ အ
တွက် သဘောတူလိုက်တယ်။ "ဟေး နေဦး
လေ အရေးကြီးတဲ့ ကိစ္စတစ်ခု ကျန်သေး
တယ်"လို့ လူပုလေးက ပြောလာတယ်။

"မင်း အသက်ငါးနှစ်ကို အပေးအယူ သ
ဘောမျိုး ထားခဲ့ရမယ်" တဲ့။

မေ့ခ်ျက "တကယ်လို့ အတိတ်မှာ မနှစ်မြို့
ဖွယ် တစ်ခုခုကို တွေ့ကြုံခဲ့ရင်ရော?"

"အဲ့ဒီအတိတ်ကို ပြောင်းလဲနိုင်အောင် မင်း
ကြိုးစားရင် ပြောင်းလဲသွားမှာပေါ့။ အနာဂတ်
ကာလတွေပါ ပြောင်းလဲကုန်လိမ့်မယ်။ "

"ဒါပေမယ့် ပြောင်းလဲနိုင်ဖို့ ဆိုတာ ဖြစ်ခဲတဲ့
ကိစ္စတွေပါ"

"လက်ခံပါတယ် " သဘောတူလက်ခံလိုက်
ပြီးနောက် လူပုလေးက လက်ဖက်ရည်တစ်
ခွက် လှမ်းပေးတယ်။
"နေဦး ရှင်ပြောသလို ဘာမှမပြောင်းလဲခဲ့ရဘူး"

"မသွားပါနဲ့ ဦး"

လူပုလေး-"မင်းအတင်နိုင်ဆုံး မကြိုးစားခဲ့
ဖူးလား"

"ကြိုးစားခဲ့ပါတယ် ဒါပေမယ့်
ထိန်းချုပ် ရခက်တယ်
နောက်တစ်ခေါက် သွားလို့ ရနိုင်မလား?"

လူပုလေး-"အဲ့ဒါက မင်းဆုံးဖြတ်ရမှာလဲ"

"နောက်တစ်ခေါက်သွားပါရစေ
အသက်ငါးနှစ်ထားခဲ့ မယ်လေ"

လူပုလေး-"သဘောတူတယ်"

ဒိုရီမေ့ခ်ျဟာ
ပလူးမေ့ခ်ျ  ဥယျာဉ် ခြံထဲမှာ ထူးဆန်းတဲ့
ပန်းပွင့်ကို မနမ်းမိခင်အချိန်ကို ပြန်သွားတယ်။

ဒရင်းမ်နဲ့ လမ်းခွဲခဲ့တဲ့နေ့
သူမဟာ အတက်နိုင်ဆုံး တောင်းပန်ခဲ့တယ်
အချိန်ကာလတစ်ခုနဲ့ တစ်ခုကြား
လှိုင်းတွေလို မူးဝေခံစားရတာကို လျစ်လျူ  ရှူ့
ပြီး

မေ့ခ်ျထင်တာ မှန်တယ်။း
သူနဲ့ သူမနဲ့ အဲ့ဒီနေ့က လမ်းမခွဲပဲ အိပ်ပြန်
နိုင်ခဲ့တယ်။ မေ့ခ်ျဟာ စိတ်ကျေနပ်သွားပြီး
သစ်ပင်တစ်ပင် အောက် အနားယူနေခဲ့
တယ်။

လမ်းကြားမှားလာတာ ကုန်​တင်​ကား တစ်စီး
ဟာ အရှိနိပြင်းပြင်းနဲ့ သူမ ရှိရာ သစ်ပင်ကို

.................................................................

ဘာမှမပြောင်းလဲ သွားပဲ ပစ္စုန်​ပ္ပန်​ ကိုပြန်
ရောက်လာခဲ့တယ်။

"အဆင်မပြေ ဘူး
ကျွန်မ နောက်ထပ်သွားဖို့ လိုလိမ့်မယ်"

လူပုလေး-"မင်းအခု အသက်ဘယ်လောက်
လဲ"

"တစ်ဆယ့်ရှစ်"

လူပုလေး-" မင်းသိလား မင်းဟာ
အသက်သုံးဆယ့်သုံးမှာ
လူလောကမှာ ရှိတော့မှာမဟုတ်ဘူး
စွန့်စားလိုရဲ့လား
ဒီတစ်ခါမှာ ဂိမ်းက အောင်နိုင်မှာ
သေချာလား? "

"ဘယ်လိုပြောရမလဲ
ဖြစ်နိုင်တာပဲ "

"2020 ဒီဇင်ဘာ ၂၇ ဟာ မင်းရဲ့နှုတ်ဆက်
ရက်ပဲ ။ ကံကောင်းရင် ဒီဇင်ဘာ ၂၈ဖြစ်မယ်
မင်းအခု ရှုံးသွားခဲ့ရင်
မနက်ဖြန် သို့်မဟုတ် သန်​ဘက်​ခါ က
မင်းရဲ့ နှုတ်ဆက်ရက်ဖြစ်လာလိမ့်မယ်"

"ကြိုးစားချင်သေးတယ်"

မေ့ခ်ျဟာ အတိတ်​ ကိုပြန်သွားတယ်

"ပြောရရင် ရှင့်အနေနဲ့ မထူးဆန်းနေဘူး
လား? ။ ကျွန်မဟာအနာဂတ်က လာခဲ့တာ။ ရှင်နဲ့လမ်းခွဲပြီးတဲ့နောက် ကျွန်မသေသွား
ခဲ့တယ်။ ဒီကိစ္စကြီးတစ်ခုလုံးမှာ လမ်းခွဲခဲ့
တာက အရေးကြီးဆုံးဖြစ်ရပ်လို့ ထင်တယ်
ကျေးဇူးပြုပြီး ပြောင်းလဲပေးပါတယ်။ ကျွန်မ
ပြောခဲ့ဖူးတယ်လေ .ရှင်တို့မှတ်မိမှာ မဟုတ်
ဘူး။ အခု လမ်းခွဲဖြစ်ခဲ့ရင် အတိတ်မှာပြော
ခဲ့တဲ့အတိုင်း "ကံတရားအတိုင်း ပြန်တွေ့ခဲ့
ရင် ကိုယ့်လက်ကို လွှတ်မချဖို့ပါ"။

"ကိုယ့်အနေနဲ့ ဘာကိုယုံကြည်ရမလဲ
မသိတော့ဘူး။ ကိုယ် ထူးခြားဆန်းကျယ်တာ
တွေကို မယုံကြည်ဘူး"

"ဒါပေမယ့် ကိုယ်မင်းကို လက်ထပ်ပါရစေ"

"မနက်​ဖြန်​ မှာ လှလှလေး
ဝတ်လာခဲ့ပါ
ဘုရားကျောင်းကို တူတူသွားရအောင်"

"အင်း ​ကျေးဇူးပါပဲ "

ကျွန်မ ကစားပွဲမှာ နိုင်သွားခဲ့ပြီ ထင်ပါတယ်။
လက်ထပ်ဖြစ်ခဲ့ရင် အကုန်လုံး ပြောင်းလဲ
သွားလိမ့်မယ်။ ကျွန်မ ယုံကြည်နေပါတယ်။

စာအုပ်ဖတ်နေရင်း မနက်ဖြန် ရဲ့အတွက်
စိတ်ပူနေမိတယ်။ ကျွန်မ တီဗီကြေငြာပဲ
ဖြစ်ဖြစ် ကြည့်သင့်တယ် ထင်တယ်။ စိတ်
ပေါ့ပါးအောင်ပေါ့ ။သတင်းတွေက စိတ်
ပျက်စရာပါ ။ကြောင်တောင်တောင် လူ
တစ်ယောက်က supermarketမှာ တခြား
လူတစ်ယောက်ကို ဓားနဲ့လှမ်းထိုးလို့တဲ့။ သူ
တို့ကြည့်ရတာ သိပုံမပေါ်ဘူးလို့ ပြောတယ်
ဓားနဲ့ထိုးခံရတဲ့လူက အကျီင်္အပြာရောင် ဝတ်
ထားပြီး မိသားစုကို စုံစမ်းနေတဲ့အကြောင်း ပါလာတယ်။ ဒရင်းမ်လည်း အပြာရောင်
ကြိုက်တယ်။ ဘာရယ်မဟုတ် စို့နင့်သွားမိ
ပြီး ဖန်သားပြင်ကို သေချာကြည့်မိတယ်။

တစ်စက္ကန့်

နှစ်စက္ကန့်

ဘယ်လောက်ကြာအောင် ကျွန်မ စွန့်အသွား
မှာလဲ အသတ်ခံရတဲ့လူဟာ ဒရင်းမ်ပဲ။

ကျွန်မ စိတ်တွေ မငြိမ်တော့ဘူး။ ငြိမ်အောငိ
လည်း မထားနိုင်ဘူး။ ဘယ်ကမ္ဘာပဲ ရောက်
ရောက် ထူးပြီး ပြောင်းလဲမသွားဘူး။

စိတ်မတည်ငြိမ်တော့တဲ့ အခါ
ပစ္စုန်​ပ္ပန်​ ကို ပြန်ရောက်လာတယ်

လူပုလေးကတော့ ဝမ်းနည်းစွာနဲ့
ကျွန်မကို ငေးကြည့်နေတယ်

.................................................................

ဒီဇင်ဘာ ၂၇

ကျွန်မတို့ ကျောင်းတစ်ကျောင်းလုံး ဝမ်းနည်း
ပူဆွေးနေကြတယ်။ဒရင်းမ်ကိုsupermarket
မှာ သူစိမ်းတစ်ယောက်က ဓားနဲ့ထိုးသွားခဲ့
တယ်။ တစ်ချက်တည်း ပွဲအပြီး။ ကျောင်းက
ပြန်လာရင်း ဘူတာရုံနားရောက်တဲ့အခါ နှလုံးခုန်မြန်လာတယ်။ အရမ်းမောတယ်။
ထိုင်ခုံတွေပေါ်မှာ ခဏနားပေမယ့် ပိုဆိုးလာ
နေတယ်။ ဒီဇင်ဘာ ၂၇ ဟာ ကျွန်မရဲ့
နှုတ်ဆက်ရက်များလား
လူပုလေး ရောက်လာတယ်
မျက်ရည်တွေနဲ့ ကျွန်မကို ငေးကြည့်နေတယ်

ငှက်ဆိုးတစ်အုပ် ထပျံသွားတယ်

အဲ့ဒီနောက်မှာ

အမှောင်ကလွဲပြီး

.................................................................

နှစ်နှစ်ဆယ်ကြာ သွားတဲ့အခါ

မြို့ကလေးက လူတွေဟာ ခေတ်ရှေ့ပြေးခြင်း
ထက် ခေတ်အဟောင်းရဲ့ ပုံသဏ္ဍာန့တွေကို
နှစ်ချိုက်လာကြတယ်။ နာရီစင်တွေ ဆောက်
တယ်။ ပန်းဥယျာဉ်တွေ ပြန်ပြင်တယ်။

ဘယ်သူသိနိုင်မလဲနော်

နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့
လူတွေရဲ့ နာမည်တွေ တစ်ဖန်ပေါ်လာတယ်

မြို့ကလေးဟာ အိုဟောင်းတဲ့နာရီတွေ
တန်ဖိုးထားတယ်။ တစ်ချို့နာရီတွေဟာ
ပြောင်းပြန်လည်နေတယ်။

တစ်မြို့လုံးပြောနေကြတာကတော့
မိန်းကလေးတစ်ယောက် ဟာ
သူ့ကောင်ကလေးကို ကယ်ဖို့
အချိန် ခရီးသွားခဲ့တယ်တဲ့

မေ့ခ်ျ ဟာ မူမမှန်တဲ့ နာရီဟောင်းတွေကို
ပိုင်ဆိုင်တယ်။ အထက်အောက် ဝဲယာ လည်
ချင်တိုင်း လည်နေတော့တယ်။ အလုပ်မလု
ပဲ ရပ်နေတဲ့ နာရီတွေဟာ မေ့ခ်ျနောက်ကျော
နံရံမှာ အများကြီးပဲ။ သူတို့်ကို နေ့တိုင်း
အဓိပ္ပါယ်​ မရှိ ထိုင်ငေးနေရတာကို သူကြိုက်
တယ်။ ဒီလိုနဲ့ ရပ်နေတဲ့နာရီတွေ ပြန်လည်
လာတဲ့  နေ့ရောက်လာတယ်။သူမ မှာ အံ့သြ
ဝမ်းသာရတယ်။

တိုးဖွဖွ အသံကြားတယ်

"မဒမ်"

သူမ မျက်ရည်စတွေကြားက ပြန်ပြုံးပြလိုက်
တယ်၊

တစ်မြို့လုံးက
သူတို့နှစ်ယောက် ကို
Dream capture စုံတွဲလို့ ခေါ်ကြတယ်

ဒိုဒို
8.11.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား