ကျွန်တော့်ရဲ့ သံပတ်ရုပ်မလေး

ပုံပြင်တစ်ပုဒ်လို ဆိုကြပါတော့။

ကျွန်တော်ဟာသူမကိုလက်ထပ်ခဲ့တယ်။သူမဟာ နယ်မြို့ကလေးက လာခဲ့တာ။သူမတို့မြို့ကလေးရဲ့နာရီစင်အောက်မှာငယ်ငယ်တုံးက ကျွန်တော် သူမကို တွေ့ခဲ့တာ။
အဲ့ဒီတုန်းကသူမကသံပတ်အရုပ်ကလေးကိုကိုင်လို့ တရှုံ့ရှုံ့ ငိုနေခဲ့တာပဲ။ကျွန်တော်လည်း သူ့အနားသွားလို့လက်ကိုင်ပဝါသွားပေးခဲ့ဖူးတယ်။
သူမဟာအေးတိအေးစက်နိုင်ပေမယ့်စိတ်ထားကောင်းတာတော့ ကျွန်တော်သိတယ်။

မဟာသိမိတ်ဆွေတွေပေါ်မှာလည်းသိပ်ခင်တွယ်လွန်းသူပဲအမြဲတမ်းမုန့်အပိုယူလာတက်တယ်။သိပ်ပြီးလည်း ကြင်နာသနားတက်တာစာက
လေးတွေ အတွက်နေ့တိုင်း အချိန်မှန်အစာ
ကျွေးတက်တယ်။

ငါးကလေးတွေမြို့လေးရဲ့အိမ်ခြေရာမဲ့တွေအတွက်လည်းသူမမုန့်ဖိုးထဲကအငတ်ခံပြီးကျွေးတက်သူပါပဲ။အရုပ်ကလေးတွေက အစသူမဟာ သက်ရှိလူသားတစ်ယောက်လို ကူညီတက်သူ
ပါ။တစ်ခုပါပဲသူမမျက်လုံးတွေမှာဝမ်းနည်းရိပ်သန်း
 နေတက်တက်တယ်၊
လူတိုင်းရဲ့ခံစားချက်တွေ နားလည်ပြီး အမြဲတမ်း
အားပေးကူညီတက်သူတစ်ယောက်ပါ။

ကျွန်တော်ဟာသူမကိုရှာဖွေဖို့အတွက်နဲ့
ကျွန်တော့်မွေးရပ်မြေကနေ သည်နေရာလေးကိုပြန်ရောက်လာခဲ့ရပါတယ်။
သူမကိုတွေ့ဖို့ရှာနေရင်းကသူမပျောက်ဆုံးသွားခဲ့ကြောင့်သတင်းကြားခဲ့ရတယ်။
သူမကမိထွေးနဲ့နေရတယ်ဆိုတော့လည်းမိထွေးကလည်းကြိုးစားပြီးရှာမနေတော့ဘူးလို့ပြောကြတယ်။

စိတ်ခြင်းဆက်နေကြလို့ပဲလားကျွန်တော့်ရဲ့.စိတ်ဟာသူမဆီမှာပဲရှိနေတက်ခဲ့လို့ထင်တယ်။

တစ်ညမှာကျွန်တော် အိမ်မက်မက်တယ်။
သစ်တောကလေးပဲဗျ..သစ်ရွက်ခြောက်တွေကြွေနေကြသလို..ပိုးစိမ်းကောင်နံ့လည်းရတယ်။အသံတွေဟာ တိတ်ဆိတ်လွန်း နေပြီးငှက်ဆိုး
တစ်ကောင်ရဲ့အော်သံကိုလည်းပီပီသသကြားခဲ့ရတယ်။ကျွန်တော် အရှေ့မှာသံပတ်ရုပ်လေး
တစ်ရုပ်..အရုပ်ကလေးဟာသူမပါပဲ..ခါးမှာလည်းသံပတ်နဲ့..ကျွန်တော် လန့်နိုးလာတော့..။
ပတ်ဝန်းကျင်မှာမြူတွေဆိုင်းလို့...။

အိမ်မက်ထဲကသစ်တောကိုကျွန်တော်သိတယ်။ငယ်ငယ်ကကျွန်တော့်အဖေနဲ့တူတူရောက်ဖြစ်ခဲ့တာ။အဲ့ဒီသစ်တောဟာခြောက်ခြားစရာလည်းကောင်းပြီး လူသွားလူလာနည်းတယ်.။ငယ်ငယ်ကနတ်ဆရာတွေတန်ခိုးကြီးထွားတဲ့အချိန်တုံးကအဲ့နေရာလေးမှာနေခဲ့ကြတယ်လို့ကြားဖူးတယ်။

အမှန်တိုင်းပြောရရင်သူမဟာကျွန်တော်သူငယ်ချင်းပါပဲ။ကျွန်တော်ကသဘောကျနေခဲ့တာကလွဲရင်ပေါ့။ သူမမှာမိသားစုအရင်းအချာမရှိသလိုကျွန်တော်လည်းလွန်ခဲ့တဲ့နှစ်တွေကမှမိဘတွေဆုံးပါးသွားတာလေ။
သူမဟာ..ကျွန်တော်ရဲ့ တစ်ခုတည်းသော
တွယ်ဆက်ထားတဲ့ နံရိုးလေး တစ်ချောင်းပါပဲ။
မြူ တွေ မဆိုင်းခင်ပဲ တောအုပ်ဆီကိုကျွန်တော် ထွက်လာဖြစ်ခဲ့တယ်။တောအုပ်ကခြောက်ခြားစရာတိတ်ဆိတ်နေပါတယ်။
အစင်းသုံးခုနဲ့ သစ်ပင်ကကျွန်တော်သူမကိုအိမ်
မက်ထဲ မှာတွေ့ခဲ့တာပဲ။မြူ တွေနဲ့မို့ဝေဝေဝါးဝါးပဲ မြင်ရတယ်။ရုတ်တရက်ငှက်ဆိုးတစ်အုပ်ဟာ ကျွန်တော့်ရှေ့ကဖြတ်ပျံကြတယ်။ မြူ တွေကြား ကျွန်တော်တဖြေးဖြေးတိုးဝင်လာရင်းနဲ့သစ်ပင်နားမှာသူမကိုတွေ့လိုက်ရတယ်။သူမဟာသစ်ပင်ကိုမှီလို့။
ကျွန်တော့်မှာလည်းမျက်ရည်ဝဲရတယ်။
အဘွားအိုတစ်ယောက်သူ့မနားမှာရှိနေတယ်။အရိုးခေါင်းဆံထိုးနဲ့ အဖေပြောပြတဲ့နတ်ဆရာ တွဆိုတာထင်ပါရဲ့ဗျာ..အဲ့ဒီအဘွားကအနားကထွက်သွားတယ်။
"အလင်းနဲ့အမှောင်တစ်ထပ်တည်းကျတဲ့နေ့မှာ ကျိန်စာတွေလည်းပြယ်လိမ့်မယ်တဲ့သူပြောသွားတာပဲ။ကျွန်တော်နားမလည်ခဲ့ဘူး။

ကျွန်တော်နားလည်တာက ကျွန်တော့်သူငယ်ချင်းကို အိမ်ပြန်ခေါ်သွားရမယ်
သူမဟာအခုအချိန်မှာအရေးကြီးဆုံးပဲ။

သူမလက်တွေဟာလေ အးစက်နေတာပဲ။သူမကို မြင်းပေါ်တင်ဖို့ ကျွန်တော်မှာကြိုးစား
ရတယ်။ ကျွန်တော့်လှမ်းအပွေ့သတိထားမိ
တာဟာ.သူမရဲ့ခါးမှာ သံပတ်တစ်ခုတွေ့တယ်။
သူမဟာသံပတ်ရုပ်တစ်ရုပ်ဖြစ်နေခဲ့တယ်။ကျွန်တော့်မှာ ဘာဆက်လုပ်သင့်လဲမသိတော့။

ကြံရာမရတာနဲ့ သူမခါးကသံပတ်ကို
လှည့်လိုက်မိတယ်။တစ်ရစ်ပြီးတစ်ရစ်။ သူမလှုပ်ရှားလာတယ်ကျွန်တော့်ကိုတွေ့တော့သူမမှတ်မိသွားတယ်သူကျွန်တော့်ကိုပြုံးပြရှာတယ်။
ကျွန်တော်ရဲ့သူမနာမည်ကကက်သရင်းပါ။

ကက်သရင်းပြောပြခဲ့တာက တစ်နေ့မှာသူမမှိုရှာရင်းနဲ့တောအုပ်လေးဘက်ကိုရောက်လာဖြစ်ခဲ့တယ်။
အရုပ်လေးတစ်ရုပ်တွေ့တာနဲ့(သူမကကလေးဘဝတည်းကအရုပ်တွေဆိုပြုပြင်ပေးတက်တာ)
ကြည့်လိုက်မိတော့ အပ်ချောင်းတစ်ချို့တွေ့တာနဲ့ သူမ ဆွဲနှုတ်ပစ်လိုက်ခဲ့တယ်။

နောက်တော့သူမကိုကျွန်တော်တွေ့ခဲ့တဲ့အဘွားအို ကအခုလိုဖြစ်အောင်ကျိန်စာတိုက်ခဲ့တာပါပဲ။

ချစ်ခြင်းမေတ္တာဟာ သူမရဲ့ကျိန်စာတွေကို
ဖြေဖျောက်ပေးနိုင်မယ်လို့ပြောခဲ့တယ်တဲ့။

ကျွန်တော်သူမကိုချစ်ပါတယ်။ဒါပေမယ့်သူမကဘာလို့ကျိန်စာမပြယ်ခဲ့ပါသလဲ။
ကျွန်တော်တို့ အိမ်ပြန်လို့ မရတာသတိထားမိတ ယ်။
သူမတို့မြို့ကလူတွေသူမကိုတအံ့တသြကြည့်ကြလိမ့်မယ်။
သူမကိုအကျိုးအကြောင်းပြောပြီးကျွန်တော်မြင်းကလေးနဲ့ ဆက်လက်ထွက်ခွာခဲ့တယ်။
မြို့အသစ်မှာဆိုသူမကိုသတိမထားမိကြလောက်ဘူး။
ကျွန်တော်ရဲ့မွေးရပ်မြေပေမယ့် ကျွန်တော်ဟာ အိမ်နီးချင်းတွေနဲ့ ခပ်စိမ်းစိမ်လရှိ ခဲ့တာပါ။
ကျွန်တော့်ဝတ်လာခဲ့တဲ့ ကုတ်အကျီင်္နဲ့ဆို သူမခါးက သံပတ်ကိုလည်း မမြင်နိုင်တော့ဘူး။

လမ်းရောက်တော့
ကျွန်တော်စဉ်းစားမိတယ်။ "ဒီအတိုင်းဆက်သွားနေလေအချိန်ကြာလာရင်
လူ့ပတ်ဝန်းကျင်က ဘယ်လိုမြင်ကြမလဲ" ပြီးတော့ကျိန်စာပြေစေမယ့်ချစ်ခြင်းမေတ္တာဆိုတာကျွန်တော်ကလွဲပြီးဘယ်သူမှမဖြစ်နိုင်ဘူးလေ။
ကျွန်တော် မြင်းပေါ်ကဆင်းပြီးသူမကို လက်ထပ်ခွင့်တောင်းခဲ့တယ်

"မင်းကိုယ့်ကို ချစ်နိုင်မလား ကက်သရင်း"

"ကိုယ့်ကိုလက်ထပ်နိုင်မလား"။သူမခေါင်းခါတယ်။
ဒါပေမယ့်ကျွန်တော်ခံစားရတာကသူမကျွန်တော့်ကို အားနာနေတာပါ။

သံပတ်ရုပ်ကိုလက်ထပ်ရမည့်လူတစ်ယောက်
အားနာနေခဲ့ တာပဲ။

"မင်းကိုယ့်ကို သံယောဇဉ်မထားနိုင်ဘူးလား" ကက်သရင်း. အဲ့သည်လိုဆိုမှနားခဲ့ သူမခေါင်းညိမ့်ခဲ့တယ်။

ကျွန်တော်နဲ့သူမလက်ထပ်ပွဲဟာခမ်းနားခဲ့ပါတယ်။
 ကျွန်တော့်သူငယ်ချင်းတွေကိုတိုင်ပြီးထူးထူးဆန်းဆန်းတွေေ
တယ်။ဝတ်ရုံတွေ မျက်နှာဖုံးတွေ ကျွန်တော်က
လည်း Vampireတစ်ကောင်အတိုင်းဝတ်စုံ အပြည့်စုံနဲ့ပေါ့။ဖုတ်ကောင်လိုဝတ်စားလာတဲ့သူ
တွေ သူရဲကောင်းဝတ်စုံတွေနဲ့သူမရဲ့ ခါးကသံပတ်ကိုလည်းလူတွေကအဆန်းထွင်ထားတယ်ပဲ ထင်ကြတော့တယ်။သူမနဲ့ကျွန်တော်ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။
မနက်မိုးသောက်တာနဲ့သူမကိုသံပတ်ပေးရတယ်။
တစ်ခါတလေးသံပတ်ကုန်လို့ထမင်းစားရင်ရပ်သွားတာနဲ့ကျွန်တော့်သံပတ်သွားပေးနေရင်း
ကနှစ်ယောက်သား ရယ်ဖြစ်ခဲ့ကြသေးတယ်။
တစ်ခါကဆို သူမပြတင်းပေါက်နားမှာ စာဖတ်
နေရင်းကျွန်တော်သူမကို သံပတ်ပေးဖို့ မေ့ပြီး အိပ်ပျော်သွားခဲ့တယ်။မနက်မိုးလင်းတော့သူမနှင်းတွေထဲ လဲလို့ နောက်နေ့ကျအပျင်းဖျားတော့တာပဲလေ။
နောက်တော့ကျွန်တော် .သံပတ်မှန်မှန်ပေးဖို့ကိုပိုပြီးသတိထားလာခဲ့တယ်။
သူမကလည်း အိမ်မှုကိစ္စတွေဝိုင်းကူလုပ်ပေး တက်ပါတယ်။ဒါပေမယ့်ကျွန်တော်အမြဲတမ်း သတိထားပြီး သံပတ်ပေးရတယ်။
ခရီးထွက်တဲ့အခါမျိုးဆို သူကကုတ်အကျီင်္ရှည်နဲ့
သွားလာ တက်နေပြီ။ဒါပေမယ့်သူမကိုလက်တွေနာကျင်လောက်အောင်သံသံပတ်ကြာကြာပေးရတယ်။
ကျွန်တော်တို့ မနက်ခင်းတွေဆိုနှင်းလူရုပ်လုပ်
တမ်းကစားကျတယ်။စွန်အတူ လွှတ်ကျတယ်။
ငါးတူတူဖမ်းကျတယ်။
ူသူမဟာလည်း..မနက်တိုင်းကော်ဖီအချိန်မှန်ဖျော်ပေးတက်ခဲ့ပြီ။
ပန်းချီကားလေးတွေလည်းသူမဆွဲတက်လာတယ်။ များသောအားဖြင့်သူမဟာ ကာတွန်းရုပ်ပုံလေးတွေ ဆွဲတာပိုများခဲ့တယ်။

သစ်ရွက်ခြောက်တွေ
တစ်ရွက်ပြီး တစ်ရွက်ကြွေလို့
ဆောင်းအကုန်နွေအကူး ဆယ်စုနှစ်ကျော်အကြာ
တစ်ခုသောနွေဦးရဲ့နေ့လည်ခင်း
ဥယျာဉ်ကလေးတစ်ခုထဲမှာသူမဟာကျွန်တော့်ကို ထားရစ်ခဲ့ဖို့ပြောပါတော့တယ်။

ကျွန်တော် မသိအောင်သူမ ငိုနေပါတယ်။
သူမဟာ ကျွန်တော့်အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်
မှာပိုပြီးဆိုးရိမ်လို့လာတာ ကျွန်တော်သိတယ်။

ကျိန်စာပြေဖို့ အတွက်လည်းမမျှော်လင့်တော့ ပုံပါပဲ။

ကျွန်တော် လွန်ခဲ့တဲ့၁၀စုနှစ်ကလိုပြန်မေးရပြန်တယ်။
မင်းကိုယ့်ကိုယ့်ကိုချစ်သလား.ကက်သရင်း
သူမကမျက်ရည်တွေနဲ့ ခေါင်းညိမ့်တယ်။

"အဲ့ဒါဆိုရင်ဘာများ လိုအပ်သေးသလဲကွယ်။"

ခုပုံပြင်ဖတ်နေတဲ့သူလည်းကက်သရင်း လူပြန်ဖြစ်လာစေဖို့ မမျှော်လင့်ပါနဲ့နော်။ကျွန်တော်အနူးအညွန့်တောင်းပန်ပါတယ်။

ကျွန်တောင်မှအဲ့လိုမျှော်လင့်မထားခဲ့ပဲ။

"သံပတ်ရုပ်ကလေးတွေဟာ
နှင်းဖန်လုံးလေးထဲမှာဆိုဘယ်လောက်တောင်
ချစ်စရာကောင်းလိုက်သလဲကွယ်..။"

"သေတ္တာကလေးကိုဖွင့်
သံပတ်ကလေးကို လှည့်လိုက်ရင် အရုပ်မကလေး ကနေတာဟာ
ဘယ်လောက်တောင်မှ စိတ်ချမ်းသာစရာ ကောင်းလိုက်သလဲ"

"တယာသံလေးနဲ့ဆိုပို့လို
့တောင်ချစ်စရာကောင်းလိမ့်မှာပေါ့။တစ်ခုပဲ။
သံပတ်လှည့်ပေးမယ့်သူလိုအပ်တယ်။

အဲ့ဒီလူဟာ ဒီမှာရှိနေပါပြီကော။"

ကျွန်တော်..သူမကို ထပ်မေးမိပြန်တယ်။
မင်းကိုယ့်ကို.ချစ်သလား..ကက်သရင်း။
သူမခေါင်း ညိမ့်လိုက်တယ်လို့ကျွန်တော်
ထင်ပါတယ်။

ပြီးတော့ ကျွန်တော် တယောထိုးတယ်။
သံပတ်ရုပ်မလေးဟာ..ဥယျာဉ်ကလေးထဲ
လှည့်ပတ်ကခုန်နေတော့တယ်။

ချစ်ခြင်းမေတ္တာကို ဦးညွှတ်၍ထင်
ဥယျာဉ်လေးရဲ့ ရေမထွက်တာ ကြာပြီဖြစ်တဲ့
ရေပန်းကလေးတွေကရေတွေ
တဖွားဖွားဖြာထွက်လို့လာတယ်။

မီးမလင်းတော့တဲ့
မီးတိုင်ပုပုသေးသေးလေးတွေကလည်း
အရောင်တွေလင်းလက်လို့။

(တစ်ချို့ အရာတွေက သူ့အတိုင်းရှိ နေခြင်းဟာ
ပိုလို့ ကောင်း မွန်ပါတယ်။)

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား