ပုတီးစေ့တွေ
ဂူကြီးက မှောင်လိုက်တာ ကွာ
ဂူကြီးက မှောင်လိုက်တာ ကွာ
ဂူကြီးက မှောင်လိုက်တာ ကွာ
ယောင်ပြန် အသံတွေ ထွက်တဲ့ ဂူတစ်လုံး
ထဲ သူရပ်နေတယ်။
ကျောက်ဖြာ တစ်ချပ်ပေါ်မှာ စာရွက်တွေ
ပြန့်ကျဲ လို့နေတယ်။
"ဤ စကားလုံးကို အကြိမ်တစ်ထောင် ထက်
ပို၍ ပုတီးမဆိတ်ရ"ဆိုတာ တွေ့တယ်
သူက အရွဲ့တိုက်ရေး သမားပဲ
ပုတီးထိုင် စိတ်နေလိုက်တယ်
အကြိမ် သုံးရာမှာ သူဘေးမှာ အဖြူ ငွေ့တွေ
ရစ် သိုင်းလာသလိုပဲ
၅၀၀ ပြည့်တော့ မနှစ်မြို့ စရာ အငွေ့တန်း
တွေ သူ့ကိုယ်ထဲ ဖောက်ဝင်သွားကြတယ်
၇၀၀ မှာ ခြေသံခပ် ကျယ်ကျယ်ကြားရတယ်
ကြိမ်ရေ ၁၀၀၀ရောက်တဲ့ အခါ
ခြေသံ ကပိုပီသ လာတယ်
အသံတွေ ကြားရတယ်
သူရှေ့ ခပ်လှမ်းလှမ်းမှာ မိန်းမခပ်ကြီးကြီး
တစ်ယောက်က ဇွန်းခွက်မဲကြီးနဲ့
ရာဝင်အိုး တစ်လုံးကို မွှေနေတယ်
အောက်ဘက်မှာ လည်း မီးတွေ တရှဲရှဲ
မိန်းမကြီး ခပ်လိုက်တဲ့ ဇွန်းခွက်ထဲမှာ
ခြေထောက် ပြတ်တစ်ချောင်းတွေ့ရတယ်
သူပုတီးဆက် ဆိတ်လို့နေတယ်
ယောက်ျားဖြစ်သူ ဝင်လာတယ်
မိန်းမကြီးက ဝင်လာတဲ့ ယော်ျားဖြစ်သူကို
ဇွန်းခွက်နဲ့ လှမ်းခေါက်တယ်
ရှင့်ကို ကျွန်မ ရှာခိုင်းလိုက်တဲ့ နေ့လည်စာ
မပါ လာပါ့လား
"ကိစ္စမရှိပါဘူး ကွာ
ဟိုက ကောင်လေးကို စွပ်ပြုတ် လုပ်သောက်ကြတာပေါ့"
လာ လာ ချည်သေး သူက ဘုရားတရား
သမားပဲ သူ့ကို များ စွပ်ပြုတ် လုပ်သောက်ကြမတဲ့ ကောင်လေးတွေးနေတယ်
ယောက်ျားကြီး က ဆက်ပြောတယ်
"ခါတိုင်း အမြဲတမ်း တို့နေရာမှာ ပုတီးလာ
စိတ်တဲ့ ချာတိတ်တွေလည်း စွပ်ပြုတ် လုပ်
သောက် နေကြပဲကို"
ဒိုဒို
9.6.2017
ဂူကြီးက မှောင်လိုက်တာ ကွာ
ဂူကြီးက မှောင်လိုက်တာ ကွာ
ယောင်ပြန် အသံတွေ ထွက်တဲ့ ဂူတစ်လုံး
ထဲ သူရပ်နေတယ်။
ကျောက်ဖြာ တစ်ချပ်ပေါ်မှာ စာရွက်တွေ
ပြန့်ကျဲ လို့နေတယ်။
"ဤ စကားလုံးကို အကြိမ်တစ်ထောင် ထက်
ပို၍ ပုတီးမဆိတ်ရ"ဆိုတာ တွေ့တယ်
သူက အရွဲ့တိုက်ရေး သမားပဲ
ပုတီးထိုင် စိတ်နေလိုက်တယ်
အကြိမ် သုံးရာမှာ သူဘေးမှာ အဖြူ ငွေ့တွေ
ရစ် သိုင်းလာသလိုပဲ
၅၀၀ ပြည့်တော့ မနှစ်မြို့ စရာ အငွေ့တန်း
တွေ သူ့ကိုယ်ထဲ ဖောက်ဝင်သွားကြတယ်
၇၀၀ မှာ ခြေသံခပ် ကျယ်ကျယ်ကြားရတယ်
ကြိမ်ရေ ၁၀၀၀ရောက်တဲ့ အခါ
ခြေသံ ကပိုပီသ လာတယ်
အသံတွေ ကြားရတယ်
သူရှေ့ ခပ်လှမ်းလှမ်းမှာ မိန်းမခပ်ကြီးကြီး
တစ်ယောက်က ဇွန်းခွက်မဲကြီးနဲ့
ရာဝင်အိုး တစ်လုံးကို မွှေနေတယ်
အောက်ဘက်မှာ လည်း မီးတွေ တရှဲရှဲ
မိန်းမကြီး ခပ်လိုက်တဲ့ ဇွန်းခွက်ထဲမှာ
ခြေထောက် ပြတ်တစ်ချောင်းတွေ့ရတယ်
သူပုတီးဆက် ဆိတ်လို့နေတယ်
ယောက်ျားဖြစ်သူ ဝင်လာတယ်
မိန်းမကြီးက ဝင်လာတဲ့ ယော်ျားဖြစ်သူကို
ဇွန်းခွက်နဲ့ လှမ်းခေါက်တယ်
ရှင့်ကို ကျွန်မ ရှာခိုင်းလိုက်တဲ့ နေ့လည်စာ
မပါ လာပါ့လား
"ကိစ္စမရှိပါဘူး ကွာ
ဟိုက ကောင်လေးကို စွပ်ပြုတ် လုပ်သောက်ကြတာပေါ့"
လာ လာ ချည်သေး သူက ဘုရားတရား
သမားပဲ သူ့ကို များ စွပ်ပြုတ် လုပ်သောက်ကြမတဲ့ ကောင်လေးတွေးနေတယ်
ယောက်ျားကြီး က ဆက်ပြောတယ်
"ခါတိုင်း အမြဲတမ်း တို့နေရာမှာ ပုတီးလာ
စိတ်တဲ့ ချာတိတ်တွေလည်း စွပ်ပြုတ် လုပ်
သောက် နေကြပဲကို"
ဒိုဒို
9.6.2017
Comments
Post a Comment