စက်ဘီးစီးသူ
ပင်လယ်ကမ်းစပ် တစ်နေရာမှာ ငါးဖမ်းသွားမယ့်လှေသမားက
စက်ဘီးသမားကို သတိပေးတယ်
"ခင်ဗျား စက်ဘီး ဆက်မစီးပါနဲ့တော့ လားဗျာ"
"ကျနော်က စက်ဘီးစီးရခြင်းကို မြတ်နိုးလို့ပါ ဗျာ"
စက်ဘီးသမားက ဆက်လျှောက်လာတယ်
နှစ်မိုင်အလွန်မှာ ဂဏန်းဖမ်းနေတဲ့ ကောင်လေး တစ်ယောက် ကိုတွေ့တယ်
ကောင်လေးကပြောတယ်
"ဦးလေး အဲ့ဒီစက်ဘီးဆက်မစီးနဲ့ တော့တဲ့"
"ငါက စက်ဘီးစီးရတာကို သိပ်ကြိုက်တာကွ"လို့ ဦးလေးကြီးက ပြန်ဖြေတယ်
နောက်ထပ် မိုင်တွေအများကြီးလွန်သွားတဲ့အခါ
ဝတ်ရုံနက်နဲ့ လူတစ်ယောက်ရောက်လာတယ်
"ခင်ဗျား ဒီစက်ဘီးကို ဆက်စီးရင် ပျောက်ကွယ်သွားနိုင်တဲ့ ဗျ "တဲ့
စက်ဘီးသမားဟာ မရပ်ပဲ အရှေ့ကိုပဲ ဦးတည်ပြီး ဆက်သွားနေဆဲပဲ
"ခင်ဗျား အဆုံးမှာ ဘာရှိမလဲ ဆက်သွားမနေနဲ့ "
လို့ ဝတ်ရုံအနက်နဲ့ တစ်ယောက် ကပြောတယ်
"အဆုံးမှာ ဘာမှမရှိဘူး "
"အဆုံးမှာ ဘာမှမရှိဘူး" လို့လည်း သူ့ဘာသာ ရေရွတ်နေပါသေး
စက်ဘီးသမားဟာ ပတ်ဝန်းကျင်ကို သတိထားမိလာတယ်။
ပတ်ဝန်းကျင်မှာ အရင် သူခြေထောက်နဲ့ နင်းခဲ့တဲ့ ခရုခွံတွေဟာ
သူ့တစ်ရပ် ရှိလာနေတာ တွေ့ရတယ်
ဒါပေမယ့် စက်ဘီးသမားဟာ မာနသိပ်ကြီးတာ
အစတောင်ရှိသေးတာပဲ ကမ္ဘာကြီးရဲ့
အဆုံးသတ် ဆိုတာ ရှိရမယ်တဲ့
အဲ့သည်လိုနဲ့ ရှေ့ကို ဦးတည်ပြီး
ဆက်နင်းသွားလိုက်တာ
သူဟာ ခရုခွံကနေ ချောကလက်အရွယ်
ချောကလက်ကနေ ပီကေအရွယ်
ပီကေကနေ မှတစ်ဆင့်
ကလေးတွေ စားတဲ့သေးငယ်တဲ့ သကြားလုံးလေးတွေ
သကြားလုံးလေး အရွယ်ကနေ ပိုမိုသေးငယ်တဲ့
ကိတ်မုန့်အစိတ်အပိုင်းလေး တွေလို
သူဟာ တဖြေးဖြေးပါးလွှာလို့
နောက်ဆုံးမှာ ဆေးပူဖောင်းကလေးဖြစ်သွားရှာတယ်
အဆုံးမှာ လေထဲ ပျောက်ကွယ်သွားပါလေရောတဲ့
ဒိုဒို
3.1.2018

Comments
Post a Comment