ပဲပြား မွေ့ယာ
အဖြူရောင် မွေ့ယာကို ငေးကြည့်နေတဲ့ကောင်လေး တစ်ယောက်ရှိတယ်။
မွေ့ယာကို ငေးကြည့်ရင်းက အိပ်ပျော်နေတဲ့ အစ်မဖြစ်သူကို
တွေတွေလေး ငေးကြည့်နေခဲ့တယ်
မွေ့ယာက တဖြေးဖြေး ဖောင်း ကြွလာတယ်
ကြည့်နေရင်းက မွေ့ယာဟာ
၁၀ပေပတ်လည်ကျော် ပဲပြားရှည်တစ်ချပ်
ဖြစ်လာပြီး အိပ်နေတဲ့ အစ်မဟာ အထဲကို
ကျွံ ဝင် နစ်မြုပ် သွားတယ်။
မနက်မိုးလင်းတဲ့ထိ သူအဲ့ဒီ အရာကိုပဲပြားလို့ ထင်နေတုံးပဲ။ လူကြီးတွေကတော့မွေ့ယာ လို့ပြောကြတယ်။
တကယ်လည်း သူ့အစ်မ ပျောက်သွားခဲ့တယ်
သူရဲ့ မြင်ကွင်းရှေ့က...
လူကြီးတွေရဲ့ မှတ်ဥာဏ်တွေ ထဲက
လူကြီးတွေက သူဟာ တစ်ဦးတည်း သောသား
ဖြစ်ကြောင်း ပြောတယ်။
ပဲပြား မွေ့ယာပေါ် အိပ်ခိုင်းတယ်။
ပဲပြားမွေ့ယာ ပေါ်မှာ လှဲနေရင်းက
သူတစ်ညလုံး အိပ်မပျော်တော့...။
ဒိုဒို
8.7.2017
မွေ့ယာကို ငေးကြည့်ရင်းက အိပ်ပျော်နေတဲ့ အစ်မဖြစ်သူကို
တွေတွေလေး ငေးကြည့်နေခဲ့တယ်
မွေ့ယာက တဖြေးဖြေး ဖောင်း ကြွလာတယ်
ကြည့်နေရင်းက မွေ့ယာဟာ
၁၀ပေပတ်လည်ကျော် ပဲပြားရှည်တစ်ချပ်
ဖြစ်လာပြီး အိပ်နေတဲ့ အစ်မဟာ အထဲကို
ကျွံ ဝင် နစ်မြုပ် သွားတယ်။
မနက်မိုးလင်းတဲ့ထိ သူအဲ့ဒီ အရာကိုပဲပြားလို့ ထင်နေတုံးပဲ။ လူကြီးတွေကတော့မွေ့ယာ လို့ပြောကြတယ်။
တကယ်လည်း သူ့အစ်မ ပျောက်သွားခဲ့တယ်
သူရဲ့ မြင်ကွင်းရှေ့က...
လူကြီးတွေရဲ့ မှတ်ဥာဏ်တွေ ထဲက
လူကြီးတွေက သူဟာ တစ်ဦးတည်း သောသား
ဖြစ်ကြောင်း ပြောတယ်။
ပဲပြား မွေ့ယာပေါ် အိပ်ခိုင်းတယ်။
ပဲပြားမွေ့ယာ ပေါ်မှာ လှဲနေရင်းက
သူတစ်ညလုံး အိပ်မပျော်တော့...။
ဒိုဒို
8.7.2017
Comments
Post a Comment