ပီကေ

မြစ်ကမ်းနံဘေးမှာ ကလေးမလေး ပီကေဝါး
နေတယ်။ ပီကေ ကို သစ်ပင်တစ်ခုရဲ့ ခေါင်း
ပွတစ်ခုက ရတယ်။ အခွံခွာပါးစပ် ထဲသွင်း
နှစ်ချက်လောက်ဝါးတယ်။ အာခေါင်တစ်လျှောက်
 ချို မြတဲ့ အရသာတွေဖြတ်သန်း စီးဆင်းလို့
့နေတယ်။ ပိုပြီးကြေညက်လို့နေအောင်အချို ကုန်သွား တဲ့အချိန်ထိ သူမပီကေဝါးနေဆဲပဲ။
မတင်းလွန်းမလျှော့လွန်း ခပ်ပျော့ပျော့အနေထား
ပူဖောင်းမှုတ်နိုင်တဲ့အခြေနေထိသူမထပ်ဝါးနေအုံး မှာပဲ ဖြစ်တယ်။ခပ်သေးသေးပူဖောင်း
တစ်ခုထွက်လာတယ်။ဖြေးဖြေးချင်း လေကို ပူဖောင်းလေးထဲ ကြိုး စားထည့်တယ်။ငါးလေးတစ်ကောင်ပေါ်လာတယ်။
သူမလိုချင်တာကစင်ဒရဲလားနဲ့ရွှေဖရုံသီးတွေလေ။ဖိနပ်တစ်ဖက်ပါရမယ်။
အရောင်တလက်လက်တလတ်လတ်ကြယ်တုတ်တံ တစ်ခုပါရမယ်။ အဘွားတစ်ယောက်လည်းလိုတယ်။ မျက်လုံးမှိတ်ပြီးသူပူဖောင်းမှုတ်နေဆဲပဲ။အာခေါင်တွေလည်းညောင်းပြီမို့ပူဖောင်းလေးကို တစ်ချက်ပြန်ကြည့်တယ်။ပူဖောင်းကအိမ်တစ်လုံးအရွယ်အစားလောက်
ကြီးနေတာ တွေ့ရတယ်။
အထဲမှာလည်း နန်းတော်ကပွဲနဲ့ စင်ဒရဲလား
ကိုမတွေ့ရဘူး။ အနီရောင်ဘုရင်မနဲ့ သူ့ရဲ့
ဖဲ ချပ်ရဲမက်တွေ။ ပါးစပ်ထဲက ပူဖောင်းကို
ချက်ချင်းထွေးထုတ်ပြီး မြို့လေးဆီကို ပြေးတယ်။ ပူဖောင်းက တဖြေးဖြေးကြီးလို့လာတယ်။ လူပုံသဏ္ဍာန်ဦးခေါင်းတစ်လုံးပြူထွက်လာတယ်။ ရဲရဲနီတဲ့ တပ်ဖွဲ့တွေဟာ ပူဖောင်းထဲက ဦးရေ
များစွာ ခပ်သွက်သွက်ထွက်လာကြတယ်။
တဖြေးဖြေး လူအင်အားများလာတယ်။
ရဲမက်အင်အား လက်နက်အင်အားကလည်း
များလာတယ်၊ ရဲမက်နီတွေတစ်မြို့လုံး ကို
တိုက်ခိုက်ကြတယ်။ တစ်မြို့လုံးသွေးချင်းချင်းနီသွားတယ်။
တစ်မြို့လုံးပျောက်ကွယ်သွားတယ်။
သူမလည်းပဲပျောက်ကွယ်သွားတယ်။

နေသာတဲ့ တစ်နေ့မှာပေါ့ မျက်နှာဝိုင်းဝိုင်း
ဆံပင်ဂုတ်ကွဲလေးနဲ ကလေးမလေးတစ်
ယောက် သစ်ပင်ရဲ့ခေါင်းပွကိုနှိုက်နေတယ်။

ပင်စည်ကထွက်လာတဲ့အရာဟာပီကေတစ်ခုပဲ ။သူမပီကေ ဝါးနေပါတယ်။
 ပီကေထဲမှာ ငါးပုံကလေး ပေါ်လာတယ်။

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား