မျက်ရည်
လူတစ်ယောက်ဟာ မှန်ရှေ့မှာ ငိုနေတယ်။
သူ့မျက်ရည် က နေ သူ့ထက်ငယ်တဲ့ ကလေး
တစ်ယောက်မွေးတယ်။ထူးဆန်းတာက သူ့ဝိ
ညာဉ်ဟာ ကိုယ်ထဲကထွက်သွားပြီး ကလေးဆီ ရောက်သွားတယ်။ ကလေးရဲ့ ဝိညာဉ် က သူ့ကိုယ်ထဲ ဝင်သွားတယ်။ဖြစ်စဉ် တစ်ခု လုံးကို မေ့နေပြီး သူထပ်ငိုတယ်။ မျက်ရည်ကနေ ကလေးတစ်ယောက်ထပ် ထပ်မွေးတယ်။ ဒီလိုနဲ့ မွေးလာလိုက်တာ
ရှစ်ယောက်မြောက် မှာ သူဟာ လက်မအရွယ်အစားသာ ကျန်တော့တယ်။သူတို့အိမ် စားပွဲခုံ လေးပေါ်မှာ မြှားအသေးလေး တစ်ချောင်းရှိတယ်။ငယ်စဉ်ကြီးလိုက် သူ့သဏ္ဍာန် ခန္ဓာကိုယ်တွေ တစ်ထပ်တည်းကျ သွားတဲ့အခါ သူလေးတင်တယ်။လေးတင်နေရင်း
ဖြစ်ရပ်တစ်ခုလုံးကို သတိရသွားတယ်။ရှေ့ကလူတွေဟာ သူ့ကလေးတွေပဲ။
မျက်ရည်ကျ ပြန်တယ်။ သူ့နောက်မှာ နောက်တစ်ယောက်ပေါ် လာတယ်။
နောက်တစ်ယောက်က လေးတင်ပြီး
ပစ်လိုက်တယ်။ သူရော သူ့ကလေးတွေရော
မြှားတစ်စင်း တည်းနဲ့....။

ဒိုဒို
Comments
Post a Comment