မနှင်းဖြူ ဟာ လူပုတွေကို ကြိုးချည်ပြီးထွက်လာ

အဲ့ဒီ ညကပုံပြင် ပြောသူဟာနာရီလက်တံ
တွေကို သတိမထားပဲပြောင်း ပြန်လှည့်မိခဲ့
တယ်။အချိန်က ဘုရင်မဟာ မနှင်းဖြူ  ကို
အဆိပ်​ခတ်​ ဖို့ ပန်းသီး ပြု လုပ်နေချိန်ဖြစ်
တယ်။ အချိန်တွေ နောက်ပြန်ဆုတ်တဲ့ အခါ
သူတို့ ပြောနေတဲ့ ပုံပြင်ရဲ့ ဖြစ်စဉ်တစ်ချို့
လည်း ကမောက်ကမ ဖြစ်သွားတယ်။သမား
ရိုးကျ ပုံပြင်မှာစုန်းတစ်ယောက်လည်း ဖြစ်တဲ့ ဘုရင်မဟာမနှင်းဖြူ ကို အိပ်ပျော်နေစေမယ့်
ပန်းသီး ပြု လုပ်ဖို့ အနက်ရောင်စာအုပ်က
လေးရှာနေတာဖြစ်တယ်။ ပုံပြင်နဲ့ အတူ
ဖြစ်စဉ်တွေ ပါပြောင်းလဲ သွားရပြီး ဘုရင်
မဟာ စာအုပ်စင်မှာ အနက်ရောင် စာအုပ်
ရှာနေတုန်း ခလုတ်တိုက်လဲကျတယ်။လဲ
နေရာက မတ်တပ်ရပ် လိုက်ရင်း သူရှေ့မှာ
ပြုတ် ကျနေတဲ့ အညိုရောင် စာအုပ်တစ်အုပ်
ကိုတွေ့တယ်။ စာအုပ်ကို တွေ့ပြီးသူမ
တစ်ချက်ပြုံး လိုက်တယ်။ သူ့မစိတ်ကြိုက် ဆေးရည် တွေ ဖော်စပ်ပြီးနောက် ပန်းသီးကို ဆေးရည် ထဲ နှစ်လိုက်တယ်။ ပန်းသီးဟာ အစမှာညိုပြီးတဖြေးဖြေးနီရဲရဲပန်းသီးတစ်လုံးဖြစ်လာတယ်။ မနှင်းဖြူ အိမ်ရှေ့ ရပ်နေရင်းတံခါး ခေါက်လိုက်တယ်။ ရေတောင်းသောက်ရင်း မနှင်းဖြူ ကို ပန်းသီးလေးပေးခဲ့ရင်းက သူမ
နန်းတော်ကို ခပ်အေးအေးပြန်လာလိုက်တယ်။

မနှင်းဖြူ ဆီ အဘွားအို အယောင်ဆောင် စုန်း
မကြီး ရောက်လာတဲ့အခါသူမဟာပန်းသီး
မုန့် ပြု လုပ် နေချိန် ဖြစ်တယ်။ပန်းသီး
မုန့်အတွက် ဂျုံတွေ အလုံအလောက်ရှိနေ
ပေမယ့်လူပုခုနှစ်ယောက်နဲ့ သူ့အတွက် မုန့်
ထဲ ထည့်ရမယ့် ပန်းသီးပမာဏာကတော့
မလုံလောက်ခဲ့ပါဘူး။ စေတနာနဲ့ ပေးသွား
တဲ့ အဘွားအို ကို စိတ်ထဲက လှိုက်လှိုက်လှဲ
လှဲ ကျေးဇူးတင်ပြီးနောက် အဘွားအိုပေးတဲ့
ပန်းသီးကို ပါ မုန့်ထဲထည့်ဖုတ်လိုက်တယ်။

ညစာစား ကျတဲ့ အခါ လူပုတွေရော မနှင်းဖြူ
ပါ ဗိုက်ဆာ နေတာကြောင့် ပန်းသီးမုန့်တွေ
ကိုအားပါးတရ စားကြတယ်။

လူပုကလေး မောင်ရှက် တစ်ယောက်ခုံ
ပေါ်က ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြီး
နောက် ခြေလက်တွေ ကွေးကောက်လို့ ပါးစပ်ကလည်း"တဂစ်ဂစ်"အော်နေတယ်အားလုံး အံ့သြနေတုန်းမောင်ရှက်ဆီ
မှာသွား အချွန်တွေ ထွက်လာတယ်။ မနှင်းဖြူ
ရဲ့ မျက်လုံးတွေလည်း အနက်ရောင်ပြောင်း
လာ ပြီးလူပုလေးတွေ အားလုံး အစွယ်တွေ
ကိုယ်စီ ထွက်လာကျ။မနှင်းဖြူ ဟာ လူပုလေးတွေကိုကြိုး ချည်လိုက်ပြီး ကြိုး ခုနှစ်ချောင်းလုံးကိုသူလက်မှာ အသေအချာ ချည်ထားလိုက်တယ်။

 အားလုံးအိမ်အပြင် ထွက်လာကြတယ်။

ခုဆိုရင် မနှင်းဖြူ နဲ့ လူပုလေးတွေဟာ လှည်းပိုင်ရှင်နဲ့ ဇောင်းက လွတ်လာ
တဲ့ မြင်းတွေလို တဟုန်ထိုး ပြေးထွက်လာ
ကြပြီး နောက်  မြင်တွေ့ရသမျှ လူတွေကို ကိုက်ဖြတ်စားသောက် ကြတော့မှာ ဖြစ်
တယ်။ လူသွေးတွေများဆို သူတို့ရဲ့ သွားအစွယ်ဖွေးဖွေးတွေ ကြား. ရဲခနဲ.။

ဒိုဒို
2.7.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား