မင်းသားလေးနဲ့ နှင်းဆီဖြူ

ရေငုပ်သမား တစ်ယောက်ဟာ ပင်လယ်ရေ
ငုပ်ရင်း အတန်ငယ်ကြီးတဲ့ ပုလဲတစ်လုံး
ရလာခဲ့တယ်။သူဟာ ပင်ပန်းနွမ်းနယ် နေတာကြောင့် ငါးစွပ်ပြုတ် ပြုတ်သောက်
ဖို့ ပြင်တယ်။ သူတို့တိုင်းပြည်ရဲ့မင်းသားလေး က ခပ်ဝေးဝေးမှာလမ်းလျှောက်လာနေရာ
ကနေ ရေငုပ်သမားကို တွေ့တော့ ဒေါသအလွန် ထွက်သွားတယ်။ တိုင်းပြည်ရဲ့သတ်မှတ်ထားတဲ့
ဥပုသ် နေ့ဖြစ်တာ ကြောင့်အသားငါး မစား
ရဘူး လို့ အမိန့်ထုတ်ထား ခဲ့တာလေ။ ရေငုပ်
သမားကြီးဟာ မင်းသားလေးကို တောင်းပန်လို့ သူရလာတဲ့ ပုလဲကို ပေးလိုက်တယ်။
မင်းသားလေးလည်း စိတ်ပြေသွားပြီး နန်းတော်ကို ပြန်လာခဲ့တယ်။

မင်းသားလေး နန်းတော် ပြန်ရောက်လာတဲ့
အခါ သင်းပျံ့တဲ့ နှင်းဆီ ရနံ့တွေ ရတယ်။
နှင်းဆီ နံ့တွေဟာ ပုလဲကလေးဆီကလာပြီး
ပုလဲကလေးကို သူအမြတ်တနိုး နမ်းရိုက်လိုက်တယ် ဆိုရင်ပဲ ပုလဲထဲက နှင်းဆီပွင့်ချပ်လေး လိုဖြူဖွေးလှပတဲ့ မင်းသမီးကလေး ထွက်လာတာပေါ့။မင်းသားလေးက နှင်းဆီပွင့် မိန်းကလေးကို လက်ထပ်ဖို့ အခွင့်တောင်းတယ်။
မိန်းကလေးက မင်းသားလေးကို မေးတယ်
"ကျွန်မပေါ် စိတ်ကောင်းထားနိုင်ပါ့မလား
ဘယ် အခြေနေပဲ ရောက်ရောက်ပေါ့"။
မင်းသားလေးက သဘောတူ ကတိပေးလိုက်
ပြီး ရွှေနန်းတော်မှာ ပျော်ရွှင်စွာနဲ့ နေထိုင်ကြ
တာပေါ့။ တစ်နေ့မှာ မင်းသမီးကလေး
ကိုယ်ဝန် နေလစေ့ အခြေနေကြောင့်
ဗိုက်နာ စပြုလာတယ်။

မင်းသမီးလေးက ကလေး မွေးဖွားလိုက်တယ်။
ဒါပေမယ့် အများထင်သလို မဟုတ်ပဲ သူမမွေးခဲ့တာ နှင်းဆီပွင့်အဖြူ တွေ
ဖြစ်လို့နေတယ်။မင်းသမီးလေးဆီကနေ နှင်းဆီဖြူ ထောင်ပေါင်းများစွာ မွေးဖွားခဲ့
တာသာ ဖြစ်တယ်။မင်းသားလေးဟာဒေါသ
အလွန် ထွက်လာရာက မင်းသမီးလေးကို
စွပ်​စွဲပြောဆို တော့တယ်။ မင်းသမီးလေး
က မျက်ရည်တွေစီးကျ နေရာက "ရှင်ဟာ ကတိ မတည်တဲ့သူပဲ "လို့ ပြောတယ်။
မင်းသမီးလေးဟာ မျက်ရည်တွေ စီးကျလာရာက အဖြူ ရောင်ဧရာမ နှင်းဆီပွင့် တစ်ပွင့် ဖြစ်သွားရတာ ပေါ့ကွယ်။

နှင်းဆီ ထောင်ပေါင်းများစွာ ရဲ့ ရနံ့တွေဟာ ရွှေနန်းတော် တစ်ခုလုံး ဖုံးလွှမ်း သွားပြီး
လေတိုက်ရာကနေ နှင်းဆီနံ့တွေဟာ
တစ်တိုင်းပြည်လုံးကို ပျံ နှံ့သွားတော့တယ်။
တိုင်းသူပြည် သားတွေဟာ နှင်းဆီပန်းရနံ့တွေ
ကြောင့် အိပ်မောကျ နေကြပြီး ရွှေနန်းတော်
တစ်ခု လုံးလည်း တိတ်ဆိတ်လို့ မင်းသား
လေးနဲ့ နှင်းဆီ ပွင့်တွေသာ ရှိတယ်။
မင်းသားလေးဟာ တိုင်းပြည်တစ်ခုလုံး
မှာ နှင်းဆီရနံ့တွေကြောင့် အိပ်မောမကျတဲ့
တစ်ဦးတည်းသော သူသာ ဖြစ်တယ်။
ဒါပေမယ့် သူအိပ်မောကျ ဖို့ မျှော်လင့်နေရတယ်။ဝမ်းနည်းစရာတွေကို မေ့ပျောက်နိုင်ဖို့ နှစ်ရှည်လများစွာ သူ အိပ်မော ကျချင်ခဲ့တာ
တစ်နေ့တော့ သူ့ ဆန္ဒအတိုင်း သူအိပ်မော
ကျနေခဲ့တယ်။

မနိုးသော အိပ်ခြင်းနဲ့ နှစ်နှစ်ချိုက်ချိုက်ကို
အိပ်မော ကျနေခဲ့တာ..
သူ့ရဲ့မျက်နှာဟာ ပီဘိကလေးငယ်တစ်ယောက်
လို နှင်းဆီတွေကို ပွေ့ဖက်နမ်းရှိုက်ပြီး မျက်နှာမှာလည်း ပြုံးလို့...။

ဒိုဒို
23.6.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား