ခရမ်းငွေ့တန်း ဂလက်စီ
အနက်ရောင် အကြောင်းကို သူငယ်ချင်း ဖြစ်သူနဲ့ လေးလေးနက်နက် ပြောခဲ့ဖူးတာ ဘယ်
အချိန်က နောက်ဆုံးဖြစ်မလဲ ကျွန်မ စဉ်းစား
နေခဲ့မိတယ်။ ကျွန်မတို့ ပြောနေခဲ့တာ အနက်ရောင် အဝတ်အစားတွေရဲ့ လှပပုံ
အကြောင်းကို ပြောနေခဲ့တာ မဟုတ်ပါဘူး
အနက်ရောင် နဲ့ ပက်သက်ပြီး အစပျိုးခဲ့တာ
ကျွန်မ တို့ အိမ်ပဲ ။ ကျွန်မရဲ့ အိမ်မှာ
အမေရယ် အစ်မရယ် ညီမလေးနဲ့ အတူနေ
ပါတယ်။ ညီမလေးက မကြာခဏ ကျွန်မ
အခန်းမှာ လာအိပ်တက်တယ်။ ကျွန်မတို့
အခန်းက မြေညီထပ်ဖြစ်ပြီး အပြင်မျက်နှာ
စာမှာ ပွဲတော်ရက်ဖြစ်လို့ မီးပုံတစ်ချို့ကို ချိတ်
ဆွဲထားတယ်။ ကျွန်မတို့ရဲ့ အပေါ်ထပ်ကို အိမ်ရှေ့လမ်းမကနေ မော်ကြည့်လိုက်ရင် အဘွားဖြစ်သူ အခန်းကို မြင်နိုင်ပါတယ်။ သူ
မတို့အခန်းက သေးငယ်လှတဲ့ မီးသီးကလေး
တွေ တစ်တန်းတည်းချီထားတဲ့ မီးကြိုးပေါင်း
ဆယ့်နှစ်ခုကျော်လောက်ကို ချိတ်ဆွဲထား
တယ်။ တစ်ချိန်တည်း မှာတွေးမိတယ်။ မီး
ကြိုးလေးတွေဟာ ဆံပင်ရှည်တွေဖြစ်သွားပြီး
ရယ်ပန်ဇယ်ဟာ သူမရဲ့ဆံပင်ရှည်တွေကို
နန်းတော်အောက်ခြေအထိ ဖြန့်ခင်းထားသ
လို မျိုးပေါ့။ တစ်ခုတည်းသော မီးကြိုးကလေး
ရဲ့ အောက်ခြေအဖျားကလေးက မီးပုံး
တွေနဲ့ တစ်တန်းတည်းရှိနေခဲ့တယ်။ အမေ
က အမြဲတမ်း အိပ်ခါနီးအချိန်တွေမှာ မီးပုံး
တွေရဲ့ အတွင်းကလင်းနေတဲ့ မီးလုံးတွေကို
မှိတ်ပြီးမှ အိပ်တက်တယ်။ ကျွန်မတို့အိမ်ရဲ့
သံတံခါးက အတွင်းအပြင် ပစ္စည်းတစ်ခုခု
ကမ်းပေးလိုက်ဖို့ရာ သေးငယ်တဲ့ အပေါက်ပုံ
စံ ပါရှိပြီး အဲ့ဒီနေရာလေးက ကြည့်ခဲ့ရင်
အပြင်ဘက်က ဘွားတို့အိမ်က တွဲကျလာတဲ့ တစ်ခုတည်းသော မီးကြိုးကလေးကို လှမ်း
မြင်ရပါတယ်။ အဲ့ဒီနောက်မှာ အပြင်လော
ကနဲ့အဆက်အသွယ် ဖြတ်ဖို့ လိုက်ကာတစ်
ခုကိုတပ်ဆင်ကြရတယ်။ ကျွန်မက ညတွေ
မှာတော်တော်နဲ့ မအိပ်ဖြစ်ခဲ့ဘူး။ အခွေ
ကြည့်တယ်။ အခွေကြည့်ဖို့ စိတ်မပါတော့
ရင်အမြဲအရှေ့ခန်းမှာ စာအုပ်ဖတ်နေခဲ့
တယ်။ခန္ဓာကိုယ်က လုံးဝအနားပေးလိုက်ဖို့ သေချာနေမှ အိပ်ယာဝင်တဲ့လူမျိုးပါ။ ညီမလေးကအမြဲတမ်း အိပ်မောကျနေခဲ့တ
ယ်။မှိတ်သွားတဲ့ မီးပုံးတွေရှိရာ မျက်နှာစာဆီ
က လိုက်ကာတစ်ခု ကာလို့ စာဖတ်ခန်း
တစ်ခုပြီးနောက် လိုက်ကာတစ်ခု ထပ်ကာရံ
ထားတယ်။ အားလုံးကို ကျော်လွန်ပြီးကာမှ ကျွန်မ အိပ်စက်ရာ အခန်းကို ရောက်တယ်။
ပုံမှန်အိပ်နေတဲ့အချိန်တွေမှာတောင်မြောက်
လျှောက်စားတက်တယ်။ အဲ့ဒီနေ့က ထူးထူြး
ခားခြား လိုက်ကာရှိရာ လမ်းမဘက်အခြမ်း
ကို ငေးကြည့်နေခဲ့တာ။ အနက်ရောင် လွင်
ပြင်ကျယ်ကြီးထဲ ကျွန်မတို့ မိသားစုတွေလဲ
လျောင်းနေကြတယ်။အားလုံးက အိပ်မော
ကျလို့ ။ သူတို့ရဲ့ အိပ်မောကျမှုကို ဟောက်
သံပေးလို့ စနစ်တကျ သက်သေထူနေခဲ့ ကျ
တယ်။ ဒီအမှောင်ထုထဲ မျက်စိပွင့်လျက်လဲ
လျောင်းနေသူဟာ ကျွန်မတစ်ဦးထဲပါလား
လို့ တွေးမိလိုက်တဲ့ အချိန်မှာ ချက်ချင်းဆို
သလို အထီးကျန်စိတ်ကို ခံစားလာရတယ်။
ဒါမှမဟုတ် ကြောက်စိတ်က ကူးပြောင်းလာ
တဲ့ သိမ်ငယ်စိတ်အသေးစားတစ်ခုလည်း ဖြစ်ပါလိမ့်မယ်။ အမှောင်ကို ကြောက်တာ
ထက် မြင်နေရတဲ့ အမှောင်ထဲက ခရမ်း
ရောင်ကို ကြောက်မိတာ။ ကျွန်မ သူငယ်ချင်း
ပြောတာ ကြားခဲ့ဖူးတယ်။ အမှောင်ဟာ မျိုး
စုံသော အရောင်တွေပေါင်းစည်းထားတာ
ဖြစ်တယ်တဲ့။ များသောအားဖြင့် အရောင်
သီအိုတွေဟာ ပုံသေအနေအထားအတိုင်း ပဲ
အမြဲလိုလို မှန်ကန်နေတက်တယ်။အဲ့ဒီနေ့
က အဖြူ ခရမ်းရောင်နဲ့ အနီအရောင်တစ်
ခုခြင်းစီနဲ့ အမဲရောင်ကို ရောစပ်ကြည့်ခဲ့
တယ်။ အမဲရောင်က အားလုံးကို ဝါးမြိုသွားခဲ့
တယ်။ ရေများရေနိုင် မီးများမီးနိုင်သဘော
အရ အမဲရောင်ထက် ပိုပမာဏများတဲ့ အခြားအရောင်တစ်ခုနဲ့ ပေါင်းစပ်ကြည့်ပေ
မယ့် အဆုံးမှာ အမဲရောင်ရဲ့ လွှမ်းမိုးမှုကို
သာ ခံခဲ့ကြရတာများပါတယ်။ အဝါနဲ့ အပြာ
ရောင် ရောစပ်ရင် အစိမ်းရောင်။ အဝါနဲ့
အနီရောင်ရောစပ်ရဲ့ လိမ္မော်ရောင်။ အနက်
နဲ့ အဖြူ နဲ့ရောရင် မီးခိုး စသည်ဖြင့် ပုံသေ
အရောင်အတိုင်း ရှိနေခဲ့ပါတယ်။ ကျွန်မအ
ရှေ့မှာ မြင်နေရတဲ့ခရမ်းရောင်ဟာ အမှောင်
ထု အတွင်းမှာ တစ်မူထူးခြားစွာလင်းလက်
နေတာမျိုး။ ကျွန်မ သူငယ်ချင်းရဲ့ သီအိုရီ အရအမဲရောင်ဟာ အခြားအရာဝထ္ထုတွေအ
ပေါ်မှာလွှမ်းမိုးတိုက်စားမှု ရှိပါသတဲ့။ အမှောင်ဟာ ဒီအချက်ကိုသွေဖယ်တဲ့အရာ
လို့ခံစားမိတယ်။ ကျွန်မတို့ လက်နှိပ်ဓာတ်မီး
ထွန်းလိုက်တဲ့အခါ အမှောင်ပျောက်ပြီးအလ
င်းရောက် လာတယ် မဟုတ်လား။ နေထွက်
လာသလို မျိုး အမှောင်ကို အလင်းက ထိုး
ဖောက်ထွက်သွားခဲ့တယ်။ခရမ်းရောင် အလင်းတွေက လည်းဒီအတိုင်းဖြစ်ပါလိမ့်
မယ်။ ဒါပေမယ့် ကျွန်မစိုးထိတ်မိနေတယ်။
အထူးသဖြင့် မရှေးမနှောင်းမှာ ပေါ်လာတဲ့
သံခေါင်ယံ ခွေးအူသံတွေ ကြားရတဲ့ အခါမျိုး
မှာပေါ့။ အဲ့ဒီနေ့ ညက ကြောက်မိတယ်။
ကြောက်မိတဲ့ အကြောင်းကို ပန်းချီဆွဲတဲ့
သူငယ်ချင်း ကို အသေအချာ ရှင်းပြနေမိ
တယ်။ သူကတော့ အလင်းရောင်ကို စောင့်
ကြည့်ဖို့ ပြောလိုက်တယ်။ အတွေးတစ်ခုလုံး
က အမှောင်ထဲမှာပဲ စပြီး အမှောင်ထဲမှာပဲ
ဆုံးသွားရတယ်။ ခရမ်းရောင် အလင်းတွေ
ရှိအုံးမလား လမ်းမဘက်ကို ငေးကြည့်နေမိ
တယ်။ အမှန်တကယ် လိုက်ကာကာထား
ရာက အပေါ်ဘက် သေးငယ်တဲ့ လေဟာ
နယ် တစ်ခုကြားက ဖြေးညင်းစွာ ဝင်လာတဲ့
ခရမ်းရောင် အလင်းတွေကို တွေ့လိုက်ရ
တယ်။ ခရမ်းရောင်ကို သာမာန်အားဖြင့်
နှစ်သက်တယ်။ ဒါပေမယ့် အမှောင်ထုထဲ
မှာ ဖြာထွက်နေတဲ့ ခရမ်းရောင်ကိုတော့
မနှစ်သက်ဘူး။
အထူးသဖြင့် ကျွန်မအရှေ့မှာ ကခုန်နေတဲ့
ခရမ်းရောင် အလင်းကို မနှစ်သက်လှဘူး။
ခရမ်းရောင် အလင်းက မီးချောင်းတစ်ခု
က လာတာ လဲ ဖြစ်နိုင်ပါတယ်။ကျွန်မတို့ အိမ်ရဲ့ မီးလုံးတွေဟာ ညလက်တွေဆို ပိတ်
ထားတက်တယ်။ ဒါ့အပြင် တစ်နေ့က အလင်းရောင် က မီးသီးတွေကြောင့်လို့ သံ
သယ ရှိခဲ့တာကြောင့် မီးလုံးအားလုံးကို ချွတ်
ထားခဲ့မိတယ်။ မီးပုံးတွေရဲ့ အတွင်းမှာ မီး
ခလုတ်ဖွင့်ရင်တောင် လုံးဝမလင်းနိုင်တော့
တဲ့ မီးကြိုးစတွေပဲ ရှိပါတယ်။ ဒုတိယ ထူး
ဆန်းတာက မီးအလင်းရောင်ရဲ့ သွားနှုန်းပါ
သာမာန်အားဖြင့် မီးသီး၊ မီးချောင်းတွေဟာ
1000 watt ;1500 watt စသည်ဖြင့် သူတို့
အလင်းရောင် ပေးနိုင်တဲ့ အတိုင်းအတာ
တစ်ခု ထိပဲ ရှိကြပါတယ်။ အလင်းရောင်က
တစ်ပြေးတည်း ဖြစ်နေပြီး ထွန်းကာစမှာ
ငါးပေပတ်လည် လင်းခဲ့ရင် အမြဲလိုလို ငါးပေ
ပတ်လည်လင်းနေမှာ ပဲ ဖြစ်ပါတယ်။ အခု
ခရမ်းရောင် အလင်းက အဲ့အချက်တွေနဲ့
လုံးလုံးသွေဖယ်နေခဲ့တယ်။ ကျွန်မမြင်နေရ
တဲ့ လိုက်ကာစ ပေါ်က ခရမ်းရောင် အလင်း
တန်းက ပထမရက်မှာ ဒီအတိုင်းသာ လှမ်း
မြင်ရပြီး နောက်တစ်နေ့မှာတော့ အိမ်ရှေ့ခန်းတစ်ခု လုံးလင်းနေခဲ့ပါတယ်။
တတိယနေ့မှာတော့ ကျွန်မ သူငယ်ချင်းရဲ့
စေခိုင်းချက်အရ ဘွားရဲ့ တွဲလောင်းကျနေ
တဲ့ အရှေ့ဘက်မျက်နှာစာ မီးကြိုးတစ်ချောင်း
ကို အသေအချာ ကြည့်ရှူ့ နေမိတယ်။ ဒီနေ့
တော့ အိမ်သားတွေနဲ့ အတူ စောစီးစွာ အိပ်
ယာဝင်လိုက်တယ်။ ခရမ်းရောင် အလင်း
ထွက်ပေါ်ရာ အရပ်ကို ဦးတည်နေမိပြန်
တယ်။ ကျွန်မ ထင်တာသာ မမှားခဲ့ရင် ခရမ်း
ရောင် အလင်းက အစမှာ သေးသေးမှိန်မှိန်
နဲ့ အပြင်ဘက်မှာ လင်းနေခဲ့ရာက တဖြေး
ဖြေး လိုက်ကာနောက်က ကျွန်မ စာဖတ်
ရာ အခန်းဘက်ကို ရောက်လာခဲ့တယ် ။ တစ်ခန်းလုံး နီးပါး အလင်းရောင်ကြောင့်
ဖြာ ခနဲလင်းထွက်သွားလိုက်တာ။ အလင်း
ရောင်တွေက လှပါတယ်။ ကျွန်မမှာ လှပတဲ့
ခရမ်းရောင် အလင်းကြောင့် လှပခြင်း ကို
ကောင်းချီး ပေးရမည့်အစား အလင်းရောင်
နဲ့ အတူ ကြောက်စိတ်တွေက ဖြာထွက်လာ
နေလိုက်တာ ကျွန်မကိုယ်ရဲ့ အရောင်တွေ
က အပြင်ကို ဖြာထွက် ပြီး ကျွန်မကိုယ်တွင်း
က အရောင်တွေ မရှိတော့တဲ့အချိန်မှာ ကျွန်
မပါ အခွံလွတ် တစ်ခုဖြစ်လို့ တဖြေးဖြေး ဖြူ
ဖျော့လာပြီး သေဆုံးသွားရမယ်လို့ ခံစားလာ
ရမိတယ်။အလင်းရောင်ကလိုက်ကာနောက်
ကို တဖြေးဖြေး တိုးဝင်လို့ ကျွန်မရှိတဲ့ အိပ်ခ
န်းမျက်နှာပြင်မှာ စနစ်တကျ ကခုန်ပြီး အိပ်
ယာရဲ့ အမိုးပေါ် ပက်လက်အနေအထားနဲ့ မျက်နှာချင်းဆိုင် ရှိခဲ့တဲ့ အချိန်မှာပေါ့။
အဘွားရဲ့ မီးကြိုးတွေမှာ သေးငယ်လှတဲ့ မီး
သီးပေါင်းများစွာရှိပါတယ် ။ ခုလောက်များတဲ့
အလင်းပမာဏာကို မီးကြိုးတစ်ခုတည်းက
ထုတ်လွှတ်နိုင်ဖို့က ဖြစ်နိုင်ချေ သိပ်နည်း
လွန်းလှတယ်။ ဘွားရဲ့ မီးကြိုးအဖျားကလေး
တစ်ခုသာ အိမ်ရှေ့မျက်နှာစာ ပေါ်တဲတဲ
လေး ကျနေတဲ့အတွက် သေးငယ်တဲ့ မီးသီး
ငါးလုံးလောက်သာ ကျွန်မတို့ အိမ်နဲ့ မျက်နှာ
မူပြီး တည်ရှိနေတာ။ မီးသီးတွေက အပြာနဲ့
အနီနဲ့ တစ်လှည့်စီ လင်းတယ်။ အပြာရောင်
လင်းလို့ တစ်အောင့်ကြာမှ အနီလင်းပြီး အပြာလင်းနေတဲ့ အချိန် အနီရောင် မီးသီးတွေ အလုပ်မလုပ်ပဲ အနီရောင် မီးသီး
တွေလင်းတဲ့အချိန် အပြာမီးသီးတွေက အိပ်
မောကျနေခဲ့ပါတယ်။ ကျွန်မတို့အိမ်က မီးပုံး
တွေရဲ့ အရောင်က အဝါတွေသာ ဖြစ်ပြီး
အကယ်၍ များ အပြာနဲ့ မီးပုံးအရောင် ထိတွေ့မိခဲ့ရင် အစိမ်းလင်းရမှာဖြစ်ပြီး အနီနဲ့
မီးပုံးအရောင် ထိတွေခဲ့ရင် လိမ္မော်ရောင် ဖြစ်လာမှာ ဖြစ်တယ်။ ဒါ့အပြင် မီးသီးတွေရဲ့
အလင်းဟာ တစ်နေရာနဲ့ တစ်နေရာ သတ္တဝါ
တစ်ကောင် လို သွားလာနိုင်ဖို့ မရှိပါဘူး။ ဒါ့
အပြင် ကျွန်မ အနီးကပ်မြင်နေရတဲ့ ခရမ်း
ရောင် အလင်းနဲ့ တွဲလျက်သားရှိနေတဲ့ ငွေ
ရောင်အလင်းမှုန်တစ်ချို့လည်း ရှိလိမ့်မှာ
မဟုတ်ဘူး။ကိုယ်ကြောက်လန့်ရတဲ့ အရာ
တစ်ခု အနားကပ်လာတဲ့ အချိန်မှာ ယုတိရှိမှုဗေဒ တစ်ခုကို ကျွန်မ ဘာ
ကြောင့် အသည်းအသန် ကြိုးစားရှာဖွေနေခဲ့
တာလဲ ။ တကယ်တော့ ကျွန်မ ကာကွယ်ဖို့
အကြောင်းကို တစ်နည်းနည်း နဲ့ စဉ်းစားနေ
ခဲ့သင့်တာ မဟုတ်လား။
အဲ့ဒီအလင်းက ကျွန်မနဲ့ ညီမလေးရဲ့ ဇာခြည်ထောင်စ ကို ဖောက်ဝင်လို့ တဖြေးဖြေး နိမ့်ဆင်းလာပြီး သူ့ရဲ့
ဦးတည်ရာက ကျွန်မရှိရာကို ဖြစ်နေခဲ့တယ်
ခြေလက်တွေဟာ အကြောသေနေသူ တစ်
ယောက်လို့ လုံးဝလှုပ်ရှားလို့မရပဲအနီးအနား
က ညီမလေးကို လှမ်းနှိုးလိုက်ဖို့ရာ အသံအိုး
ရှိရာ လေပြွန်တစ်လျောက် အလုပ်မလုပ်တာ
ကို ကြောက်ခမန်းလိလိ လက်ခံလိုက်ရတဲ့
အချိန်မှာတော့ ခရမ်းရောင် အလင်းကြီးဟာ အရိပ်သဏ္ဍာန် လက်ခြေတွေပေါ်ထွက်လာ
ပြီး ကျွန်မရဲ့ အာခေါင်ကို ဖြဲလို့ သူရဲ့ အရိပ်
သဏ္ဍာန် ဦးခေါင်းကြီးကို အထဲဝင်ဖို့ ကြိုးစား
နေတော့တယ်။ ကျွန်မရဲ့ လည်ချောင်းထဲ
ကို သူ့ဦးခေါင်း၊ မေးစေ့ ပြီးတဲ့နောက် လည်
ပင်းနေရာ ပခုံး၊ ခြေလက်နဲ့ အဆုံးထိ တဖြေးဖြေး တိုးဝင်နေခဲ့ပါတယ်။
ကျွန်မဟာ ကြောက်လန့်မှုတွေကြား က
စိတ်ရဲ့အမှောင်ထုတစ်နေရာမှာ ဖွဖွလေး
ရပ်လို့အရောင်တွေရောထွေးနေတဲ့ ကျွန်မ
ခန္ဓာကိုယ်ကို တစ်ဖန် ပြန်ငေးကြည့်ရင်း
အန္တရယ်လို့ စိတ်ခံစားမိတဲ့ အရာတစ်ခုခု
နီးကပ်လာချိန်မှာ ယုတိဗေဒ ဆန်မှုကို
စနစ်တကျ ဖော်ထုတ်စဉ်းစားနေခဲ့မိပြီး
ခရမ်းရောင်အရိပ်ကြီး တစ်ခုလုံး ဝင်လုဆဲ
ဆဲ ဖြစ်နေတဲ့ ရုပ်ခန္ဓာတစ်ခုကို ငေးကြည့်နေ
ခဲ့ရပါတယ်
14.11.2017
ဒိုဒို

Comments
Post a Comment