မယ်ဘီစကစ်နှင့် မုန့်တိုင်းပြည်

(တကယ်တော့ ဇာတ်ကောင်က စားသောက်တဲ့
နေရာမှာ မလျှော့သောဇွဲ နဲ့စားနေတာက
ကိုယ့်အစ်မနဲ့ သွားဆင်တယ် တစ်နေ့နေ့
စားသောက်နေတာတွေ့ရလို့ ရေးမိတာလား
မဆိုနိုင်ဘူး😝😁အချိန်ရရင်တော့ဖတ်ပေါ့အစ်မရယ်😁)

တစ်ခါတုံးက မုန့်တိုင်းပြည်မှာ ဘုရင်ကြီးတစ်ပါး ရှိသတဲ့။သူတို့ရဲ့ မုန့်တိုင်းပြည်ကြီးက အတော်လေးလည်း ကြီးမားသလို ဘုရင့်အာဏာစက်ဟာ လည်းကြီးမားတယ်။
မနက်မိုးသောက် အလင်းရောက်တဲ့အခါ
တိုင်းပြည်ရဲ့အရှေ့ဘက်ကိုကြည့်လိုက်မယ်ဆိုရင် ရွှေဝါရောင်နေမင်း နဲ့အတူ ကြီးမားလှတဲ့ ပေါင်မုန့်အဆောင်အအုံတွေ ရှိတယ်။ ပေါင်မုန့်ဖိုကြီးတွေဆိုရင် လူနေအိမ်တွေရဲ့ သုံးဆလောက်ကို ကြီးမားသတဲ့လေ။
ပေါင်မုန့်တွေဆိုရင်ရွှေဝါရောင်ဖိတိဖိတ်တောင်ပြီးအနံ့ကလည်းထူးကဲစွာ မွှေးကြိုင်လို့
စားချင်စဖွယ်ပဲတဲ့။မြို့ရဲ့နာရီစင်တစ်ခုလုံးဟာ
ချောကလက်တွေနဲ့ပဲ ဆောက်ထားကြတယ်။
ခေတ်အဆက်ဆက်ပြုလုပ်ခဲ့ကြတဲ့ ချောကလက်အမျိုးအစားမျိုးစုံကို ချောကလက်ပြတိုက်မှာပြသထားကြတာပေါ့။
သူတို့တိုင်းပြည်လေးရဲ့ နေရောင်ခြည်ဟာ မပူလွန်းမအေးလွန်းတဲ့အတွက်ချောကလက်တွေရေခဲမုန့်တွေဟာအရည်မပျော်ကြဘူးတဲ့။
တံထားလေးတွေခုံတန်းရှည်လေးတွေကိုတော့သကြားလုံးလေးတွေနဲ့ ပြုလုပ်ကြတယ်။မုန့်တိုင်းပြည်ပေမယ့်လည်း
သန့်ရှင်းလွန်းတာကြောင့်ပိုးမှက်ယင်ကောင်တွေမရှိဘူးပေါ့။အဲ့သည်လို သာယာဝပြောလှတဲ့ တိုင်းပြည်ကိုအုပ်ချုပ်ရတဲ့ဘုရင်ကတော့ မောက်မာသတဲ့။ရွေနန်းတော်နဲ့မနီးမဝေးမှာ
ဘီစကစ်ရွာကလေးရှိတယ်။ရွာလေးရဲ့ အိမ်တစ်အိမ်မှာမောင်ဘီစကစ်နဲ့မယ်ဘီစကစ်လို့ခေါ်တဲ့ မောင်နှမနှစ်ယောက်ရှိတယ်။မောင်ဘီစကစ်ဟာအကြားအာရုံချို့တဲ့နေရှာတယ်။ တစ်နေ့ဘုရင်တိုင်းခန်း လှည့်လည်ပြီး မောင်ဘီစကစ်တို့ရွာ ကိုရောက်လာခဲ့တယ်။
မောင်ဘစ်စကစ်ဟာ အကြားအာရုံချို့တဲ့နေတဲ့ အတွက်ပတ်ဝန်းကျင်အခြေအနေကိုသတိမထားမိဘူးလေ။မောင်ဘီစကစ်ဟာ အရိုအသေမပေးမိဘဲလုပ်မြဲအလုပ်ကိုဆက်လုပ်နေမိတာပေါ့။မုန့်ဘုရင်ဟာဒေါသထွက်သွားပြီး
မောင်ဘီစကစ်ကို ရွှေနန်းတော်ရဲ့ ကျွန်အဖြစ် အမှူထမ်းတော်ထမ်းရွက်ရမယ်လို့
့အမိန့်တော်ချမှတ်လိုက်တယ်။၊တံခါးနောက်ကွယ်ကမယ်ဘီစကစ်လေးဟာ
သူ့အကိုအတွက်ဆိုးရိမ်သွားသတဲ့။ ရွှေနန်းတော်ရဲ့ကျွန်တွေဟာအတွင်းရေးပေါက်ကြားမှာမို့ လျာဖြတ်ထားခံကျရတယ်။
သူမဟာ အကိုအတွက်သိပ်ဆိုးရိမ်သွားပြီး တံခါးနောက်ကွယ်ကပြေးထွက်လာမိတယ်။
သူ့မအကိုအမှူတော်ထမ်းဖို့မဖြစ်နိုင်ကြောင်း
ဆိုးရိမ်တကြီး ပြောပြမိတဲ့အခါ ဘုရင်ဟာ
ဒေါသအကြီး အကြယ်ထွက်သွားတာပေါ့ကွယ်။မယ်ဘီစကစ်လေးကို မနက်ဖြန်မွန်းလွဲ မတိုင်မီ မုန့်တိုင်းပြည်ရဲ့ အနောက်ဘက်စွန်း
မှော်ရုံမုန့်တောအုပ်ကိုနှင်ဖို့အမိန့်ချမှတ်လိုက်တယ်။မှော်ရုံမုန့်တောအုပ်ဟာနာမည်နဲ့ လိုက်အောင် မုန့်အပင်တွေများပြားလှပါတယ်။ဘယ်လောက်များပြား သလဲဆိုရင် အလယ်မှာ လူတစ်ယောက်စာနေရာလေးပဲရှိပြီး ဘေးပတ်လည်မှာ မုန့်သစ်ပင်တွေကြီးပဲတဲ့။ ရေခဲမုန့်ပင်တွေဆို သိပ်ပြီးကြီးမားပြီး ခုတ်လှဲလို့ရရင်တောင် တော်တန်ရုံ
လူထွက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးတဲ့။သကြားလုံးပင်တွေဟာနွယ်ပင်တွေလိုရှက်နွယ်နေကြတယ်။ခေတ်အဆက်ဆက်ဘိုးဘွား
အချို့ကတော့ မှော်ရုံတော်က မုန့်တွေရဲ့အရသာဟာမုန့်တိုင်းပြည်ရဲ့မုန့်တွေထက်အဆတစ်ရာ တစ်ထောင်ပိုလို့ စားကောင်းသတဲ့။တစ်ချို့ကျတော့
ရေခဲမုန့်ပင်တွေဟာ ညဘက်ရောက်တဲ့အခါ
ရယ်တက်ကျပြီး မှော်ရုံတောက
ဘယ်သူမှထွက်မလာနိုင်ကြဘူးလို့ပြောကျတယ်တကယ်တော့ မှော်ရုံတောအုပ်ကိုမည်သူမှ
မသွားရဲကျသလို ရောက်လည်းမရောက်ဘူး ကျဘူး။သတင်းကြီးလှတဲ့ မှော်ရုံတောအုပ်
အကြောင်းကြားရတဲ့အခါမယ်ဘီစကစ်လေးဟာ စိတ်ပျက်အားငယ်မိတယ်။သည်လိုနဲ့ပဲ မှော်ရုံတောအုပ်ကိုသွားရတော့မည့်နေ့ကို
ရောက်လာခဲ့တယ်။ ဘုရင်ဟာ
မြင်းပျံတစ်ကောင်ကိုစီးလို့ မယ်ဘီစကစ်လေးကို ခေါ်သွားပြီး မှော်တောအုပ်ရဲ့အလယ်
လူတစ်ယောက်စာနေရာလေးမှာပစ်ချထားခဲ့တယ်။တစ်ယောက်စာပဲရှိတဲ့ နေရာလေးမှာ
ထိုင်ရင်း မယ်ဘီစကစ်လေးဟာ
ဝမ်းနည်းလာမိတယ်။သူမရဲ့အရှေ့မှာ သကြားနွယ်ပင်တွေ ရေခဲမုန့်ပင်တွေဟာ ပိတ်လှောင်နေလို့ အသက်ရှူ လို့တောင်မဝဘူးတဲ့။တောအုပ်ကထွက်ဖို့
အတွက်အပင်တွေကို ခုတ်လှဲရမှာ
ဖြစ်ပေမယ့်သူမမှာကိရိယာတန်ဆာပလာမှမရှိပဲလေ။သူမဟာအကြံတစ်ခုကိုစဉ်းစားမိတယ်။သူမဘေးကရေခဲမုန့်ပင်တွေကိုစစားကြည့်တယ်သိပ်ပြီးအရသာရှိတာပဲ။သူမတို့တိုင်းပြည်ကမုန့်တွေထက်
အဆတစ်ထောင်တစ်သောင်းလောက်ပိုပြီး အရသာရှိတာတွေ့ရတယ်။
ရေခဲမုန့်အပင်တစ်ပင်ကလှမ်းအော်ပြောတယ်။
"မင်းဟာသိပ်ရူးတယ်ဒါလောက်များတဲ့
အပင်တွေမင်းရဲ့လူ့သက်တမ်းသာကျော်သွားမယ် စားလို့ကုန်မှာမဟုတ်ဘူးတဲ့"
သူမက အဲ့ဒီ အယူအဆကိုလက်မခံဘူး။
"အရာအားလုံး ဟာ
တစ်ကပဲစကျရတယ်မဟုတ်လား"။သူမဟာရေခဲမုန့်ပင်တွေစားလိုက်
သကြားနွယ်ပင်တွေကိုက်ဝါးလိုက်
အအေးဘူးတွေခူးသောက်လိုက်နဲ့
တစ်ရက် ပြီးတစ်ရက် တစ်လပြီးတစ်လစားသောက်တယ်။စတော်ဘယ်ရီတွေလည်းသူမစားတာပဲ။
ပေါင်မုန့်တွေလည်းတစ်လုံးပြီးတစ်လုံးစားပစ်တယ်။ဘီစကစ်တွေလည်းစားတာပဲတဲ့။
သူမဟာ စားလိုက်အိပ်လိုက်နဲ့ပေါ့။
ညဘက်တွေမှာတော့ အပင်တွေ ကတောအုပ်ထဲကထွက်ဖို့ဆိုတာမဖြစ်နိုင် ကြောင်း သူမစိတ်ဓာတ်ကျအောင်
ထပ်တလဲလဲပြောတော့တာပဲ။
သူမဟာစိတ်ဓာတ်မကျပဲထပ်စားတယ်။အရင်ကပေါင်မုန့်တစ်လုံးကို
၁၀မိနစ်ကြာရင်အခုတော့
၅မိနစ်နဲ့အပြီးစားနိုင်လာခဲ့တယ်။
ချိုချဉ်တွေလည်းအလွတ်မပေးဘဲ
သူမဆက်စားခဲ့တယ်။ဟမ်ဘာဂါနဲ့ ပီဇာအပင်တွေ လည်း သူမစားတာပဲ။
သူမဟာမြန်သထက်မြန်ခပ်မြန်မြန်စားခဲ့တယ်အရင်ကသူမဟာတစိနေ့ကို၆နာရီအိပ်ခဲ့တယ်။အခုတော့သူမ၂နာရီပဲ အိပ်တော့တယ်။မျက်စိဖွင့်သမျှ ၂၂နာရီလုံးမှာသူမ မလျှော့သောဇွဲ နဲ့ မုန့်တွေဆက်စားခဲ့တယ်။
သူမဟာ မုန့်တွေ ကို အလှည့်ကျဆီစားတဲ့ အတွက် သူမအတွက် မုန့်တွေဟာ
မရိုးသွားဘူးတဲ့။  နောက်ပိုင်းမှာ သူမမအိပ်တော့ပဲ အချိန်ပြည့်စားနေတာပေါ့။

သည်လိုနဲ့ ဆယ်နှစ်ခန့်ကြာသွားပြီး
တစ်မနက်မှာတော့ အပင်တွေဟာ
သူမစားလိုက်တာကြောင့်ရှင်းလင်းသွားခဲ့ပြီ
ဖြစ်တယ်။မုန့်တောအုပ်ရဲ့ ထွက်ပေါက်ကို
တွေ့တော့တာပဲ။သူမသိပ်ပျော်သွားပြီး မုန့်တိုင်းပြည်လေးဆီပြန်လာခဲ့တယ်။
မုန့်တိုင်းပြည်ရဲ့ တစ်နေရာမှာ လူတွေဝိုင်းအုံနေတာတွေ့လိုက်ရတယ်။
သူမတို့တိုင်းပြည်ရဲ့ ဘုရင်ဟာ ကံတော်ကုန်သွားပြီး ဘုရင့်ဇာပနာပွဲ
ကျင်းပနေကျတာပေါ့။နန်းတင်မြှောက်ရမယ့်
လူမရှိတဲ့ အတွက်လည်း
အကျပ်ရိုက်နေကြတယ်။
အဲ့ဒီအခါမှာ အမတ်တွေထဲ ကတစ်ဦးဟာ မယ်ဘီစကစ်လေးကို တွေ့သွားတယ်။
မုန့်တောအုပ်က ထွက်လာနိုင်တဲ့ လူကိုသူတို့ဘယ်တုံးကမှ မကြားခဲ့မိဘူး။
မုန့်တောအုပ်ကထွက်လာနိုင်သူဟာ
သူရဲကောင်းပဲဆိုပြီးသူမကိုဘုရင်မအဖြစ်
တင်မြှောက်ကျတယ်။သူမလည်း
ရွာမှာကျန်ခဲ့တဲ့အကို ကို
စုံစမ်းကြည့်တဲ့အခါ ဆင်းဆင်းရဲရဲနဲ့
 အသက်ဆက်ရှင် နေရတာတွေ့ရတယ်။သူမအကိုကိုပါ ရွှေနန်းတော်ကို ခေါ်လိုက်ပြီး အိမ်ရှေ့စံအရာ အပ်နှင်းလိုက်တယ်။

သည်လိုနဲ့ပဲ သိပ်ချစ်ကျတဲ့ မောင်နှမနှစ်ဦးဟာ သက်ဆုံးတိုင်မုန့်တိုင်းပြည်လေးမှာ ပျော်ရွှင်စွာနေထိုင်သွားကျတာပေါ့ကွယ်။

ဒိုဒို


Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား