စတော်ဘယ်ရီ
မြို့တစ်မြို့ရဲ့  နာရီစင်အောက်မှာကောင်မလေး တစ်ယောက်ထိုင်နေတယ်။
သူတစ်ယောက် ယောက်ကိုစောင့်နေတာ
ဖြစ် လိမ့်မယ်။ ခဏကြာတော့ ကောင်လေး
ရောက်လာတယ်။ လက်ထဲမှာလည်း
စတော်ဘယ်ရီ သုံးလုံး ကိုင်လို့။
ကောင်လေးက ခေါင်းမော့ပြီးပြောတယ်
"ကျွန်တော်ဟာ စတော်ဘယ်ရီပဲ
အနီရောင် ရှိတဲ့ စတော်ဘယ်ရီ
ပန်းခြံထဲက စတော်ဘယ်ရီ
ကလေးတွေ ချစ်ကြတဲ့ စတော်ဘယ်ရီ
မြတ်နိုးစရာ ချဉ်ပြုံးပြုံးအရသာနဲ့စတော်ဘယ်ရီ
ပျို တိုင်းကြိုက်တဲ့ စတော်ဘယ်ရီ "
ကောင်မလေး _"စတော်ဘယ်ရီ တွေဟာ ဒီ
မှာ မရှိသင့်ဘူး။ ပန်းခြံထဲမှာပဲ ရှိသင့်တယ်
နာရီစင်အောက်မှာ မရှိသင့်ဘူး။
စတော်ဘယ်ရီက ကျွန်မနဲ့ အတူမရှိရဘူး။
ကျွန်မနဲ့ စကားမပြောရဘူး။
ကုန်ကုန် ပြောရင် ရင်းရင်းနှီးနှီး ကိုမနေရဘူး။
ကောင်မလေး စိတ်ဆိုး သွားကြောင်း
ကောင်လေး သိလိုက်တယ်။
"စတာပါ အချစ်ရယ် ကိုယ်စောစောက
နောက်လိုက်မိတာပါ"
သူရှင်းပြဖို့ ကြိုးစားရတယ်
နောက်တော့ယောင်ပြီး သူ့လက်ထဲက
စတော်ဘယ်ရီ တွေ လွှတ်ချမိတာပဲ
ဒါပေမယ့် သူ့ကောင်မလေး ပြန်ပြောတာက
"အိမ်ရောက်ရင် သူငယ်ချင်းတွေနဲ့ ဖျော်ရည်ဖျော်သောက်ရမယ်
စတော်ဘယ်ရီ သီးလေးလုံးပါလား"
ဒိုဒို
(မောင်ဒေး အရုပ်လုပ်သူထဲ က ဆောင်းဦးကို
သဘောကျလို့ frame ယူမိ)
သူတစ်ယောက် ယောက်ကိုစောင့်နေတာ
ဖြစ် လိမ့်မယ်။ ခဏကြာတော့ ကောင်လေး
ရောက်လာတယ်။ လက်ထဲမှာလည်း
စတော်ဘယ်ရီ သုံးလုံး ကိုင်လို့။
ကောင်လေးက ခေါင်းမော့ပြီးပြောတယ်
"ကျွန်တော်ဟာ စတော်ဘယ်ရီပဲ
အနီရောင် ရှိတဲ့ စတော်ဘယ်ရီ
ပန်းခြံထဲက စတော်ဘယ်ရီ
ကလေးတွေ ချစ်ကြတဲ့ စတော်ဘယ်ရီ
မြတ်နိုးစရာ ချဉ်ပြုံးပြုံးအရသာနဲ့စတော်ဘယ်ရီ
ပျို တိုင်းကြိုက်တဲ့ စတော်ဘယ်ရီ "
ကောင်မလေး _"စတော်ဘယ်ရီ တွေဟာ ဒီ
မှာ မရှိသင့်ဘူး။ ပန်းခြံထဲမှာပဲ ရှိသင့်တယ်
နာရီစင်အောက်မှာ မရှိသင့်ဘူး။
စတော်ဘယ်ရီက ကျွန်မနဲ့ အတူမရှိရဘူး။
ကျွန်မနဲ့ စကားမပြောရဘူး။
ကုန်ကုန် ပြောရင် ရင်းရင်းနှီးနှီး ကိုမနေရဘူး။
ကောင်မလေး စိတ်ဆိုး သွားကြောင်း
ကောင်လေး သိလိုက်တယ်။
"စတာပါ အချစ်ရယ် ကိုယ်စောစောက
နောက်လိုက်မိတာပါ"
သူရှင်းပြဖို့ ကြိုးစားရတယ်
နောက်တော့ယောင်ပြီး သူ့လက်ထဲက
စတော်ဘယ်ရီ တွေ လွှတ်ချမိတာပဲ
ဒါပေမယ့် သူ့ကောင်မလေး ပြန်ပြောတာက
"အိမ်ရောက်ရင် သူငယ်ချင်းတွေနဲ့ ဖျော်ရည်ဖျော်သောက်ရမယ်
စတော်ဘယ်ရီ သီးလေးလုံးပါလား"
ဒိုဒို
(မောင်ဒေး အရုပ်လုပ်သူထဲ က ဆောင်းဦးကို
သဘောကျလို့ frame ယူမိ)
Comments
Post a Comment