သို့ Chester

ကျွန်မတို့ ဟာ
ဆေးပူဖောင်းလေးတွေပဲ Chester
တစ်ချို့ ဆေးပူဖောင်းက မာတယ်
လေဒဏ် ရေဒဏ် လောကဒဏ် ကို ခံနိုင်တယ်
ပူဖောင်း အချို့က မခံစား နိုင်ကြဘူး
ပျောက်ကွယ် သွားဖို့ရာ
အမြဲ စိတ်​ကူးယဉ်​ တက်ကြတာ
ကျွန်မတို့ သွားရာ အမှောင်ထု
လမ်းတစ်လျှောက် မှာ
ရှင့်လို (မြတ်နိုးသဘောကျရ သူတွေ)
(ရင်းနှီးသည် ဖြစ်စေ၊အဝေးက သဘောကျ
ရသူ ဖြစ်စေ)
 တစ်စ တစ်စ လွင့်ပါး ပျောက်ကွယ် သွားမှာ
စိုးရိမ် စိတ်ကြီးနဲ့ ကျွန်မအမြဲအသက်ရှင်ခဲ့တာ
In the end ဟာ သဘောကျ စရာပဲ
suicide ကို သဘောကျခဲ့ လို့လားမသိ
ရှင်ရဲ့ အဆုံးသတ်​ ဟာ
သူရဲကောင်းဆန်သလို ခံစား ရတယ်
ဒါ ကျွန်မရဲ့ စိတ်ခံစားမှု သက်သက်ပါ
"Chester"ဆိုတဲ့ ဆေးပူဖောင်းဟာ
လေနဲ့ မျောပါသွားရင်း လောကဒဏ် ရဲ့
ဖောက်ထုတ်ခြင်း ကို ခံလိုက်ရတယ်
စိတ်ကျရောဂါ ဟာ စိတ်ပျက်စရာ ပဲ
ရေးလက်စ ပုံပြင်စာအုပ်ကို
ပိတ်လိုက်ပါတယ် Chester
ဖတ်နေကျ suicide ကဖီး စာအုပ်ထဲကို
စိတ်နဲ့ မှန်းပြီး ရှင်ဆိုတဲ့ အနုပညာရှင်ကို
ထည့် သွင်းလိုက်ပါတယ်

(ကျွန်မလည်း အများကြီး မရေးရဲပါဘူး
တစ်စုံတစ်ယောက် ရဲ့သေခြင်းကို နှမျောတသ
လွမ်းဆွတ်​ စာ ရေးရင်တောင် သောက်ဖောင်း
ထု မယ့် ကမ္ဘာမှာ ကျွန်မတို့ နေထိုင်ရပါတယ်
Chester )

Reset in peace ပါ Chester

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား