Cinderella (3)(Fairytale)

ပုံပြင် ပြောဖြစ်ကြတယ်
ကျွန်တော် တို့ တစ်တွေ ပုံပြင် ဖြစ်ခဲ့တယ်
လမ်းခွဲ ပုံပြင်ခေါင်းစဉ်နဲ့
အချို့ သော Fairytale တွေပေါ့။
ပုံပြင်ဆိုတာ ထက် ကာတွန်းဆို ပိုမှန်မယ်

Cinderella (3) အစမှာ သူမစူးစူးဝါးဝါးထအော်တယ်။
ကျွန်တော်လည်း ကျွန်တော် မှားသွားပြီထင်ခဲ့တာ။

သူမ Cinderella(3)ကို ပြောချင်ပုံပဲ
ကျွန်တော်လည်း လက်ခံလိုက်တယ်။

ဒီလိုနဲ့ သူမစပြောပါတော့တယ်။

ရှင်သိလား မိထွေးတွေ ကသိပ်တုံးတယ်။
သူတို့က ချောင်ခို မတိုက်ခိုက်တက်ဘူး
နှင်းဘွားဘွား ရဲ့ ကြယ်တုတ်တံ ကို
သူယူလိုက် ကတည်းက
တို့တစ်တွေက ပုံပြင်ဟာ အမှောင် ကျသွားပြီဆိုတာ သိကျတယ်မလား
မိ​ထွေး သားအမိဟာ
ဇာတ်​လမ်း ရဲ ဗီလိန်ဆိုတာ မှန်းတန်းသိကြတာပေါ့။
အပြင်လောကမှာ ဗီလိန်တွေ ဟာ အဲ့သည်လောက်မှာ မတုံးတာ။

သူမ ငိုရင်းဆက်ပြောတယ်။

တကယ်တော့ စင်ဒရဲလား တို့ အိမ်မှာ
မိထွေးတွေ ဖရုံသီး တစ်လုံးမှ မထားခဲ့ရင်
သူမ ကပွဲ ကို ဘယ်လိုသွားမလဲ။
ပြီးတော့ သန်းခေါင် ချိန်လည်း မရောက်နိုင်တော့ဘူး
တကယ်တမ်း ဗီလိန်ဆိုတာတွေဟာ
ပုံပြင်တွေ ထဲ ကလောက် မမြင့်မြတ်ကြဘူး၊
သူတို့် ချောင်ခို တိုက်တယ်။
တစ်ခွန်းသော နှစ်ခွန်းသော စကားလေးတွေ
သုံးလေး နှစ်ပုံမှန်ပြောသွားရုံနဲ့
စိတ်အားငယ် တဲ့ လူတွေဟာ
ယုံတက်ကြတာပဲ မဟုတ်လား။
အပြင်ကလူ ထဲ ကအေးဟာ
ကျွန်မ ပါလို့ ရှင်ပြော ချင်တာလား
အေး လည်း မဖြစ်ချင် သလို
Cinderella လည်း ကျွန်မမဖြစ်ချင်ဘူး။

ပုံပြင် ကို ဆက် ပြောကြစို့ရဲ့
Cinderella ဟာ ဖရုံသီး မရှိတာနဲ့
နန်းတော် ကပွဲ ကို အချိန်မှီမရောက်လိုက်ဘူး

ကပွဲ ပြီးသွားတယ်။
မင်းသားလေး ကိုသူတွေ့တယ်
သူ ပြန်လာတယ်(မကရသေးပဲ)။

မင်းသားလေး လည်း တစ်ခြားတစ်ယောက်နဲ့
စေ့စပ်သွားခဲ့တယ်။
ဇာတ်​သိမ်းအမှန်ကအဲ့သည်လိုဖြစ်သင့်ခဲ့တယ်။

စိတ်မကောင်း ပါဘူး။
လူတစ်ဦး တစ်ယောက်ရဲ့ ဝမ်းနည်းမှုနဲ့
ရှိပြီးသား ပုံပြင်တွေ အမှောင်ချ လိုက်တာ။

ပုံပြင် လည်း ပြီးသလို
မိုးလည်း တိတ်ပြီ
တစ်ယောက်က နန်းတော်ကို ပြန်သင့်သလို
တစ်ခြား တစ်ယောက်လည်း
ကိုယ့် အိမ် ကိုယ် ပြန်သင့်လှ ပြီ

ထူးထူးခြားခြား ဒီနေ့ရဲ့ နေဝင်ဆည်းဆာ ဟာ
သိပ်ကို လှတာပဲ။

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား