Depression ငှက်တွေ (Fairytale)

ဖန်ဆင်းခဲ့ခဲ့ရတာ
သတ္တဝါ အချို့ရဲ့ ဖြစ်တည်မှုနဲ့
ဖန်တီးထားခံရတာ
ကျွန် မစိတ်ညစ်လာရင်လေ
စိတ်ဓာတ်တွေ ကျလာတဲ့ အချိန်မျိုး ဆို
ခေါင်းပေါ်က ငှက်ဆိုးတစ်ကောင် တပျံသွားတာမျိုး။

ကျွန်မဘာ မှ မသိ။
ဘာဆို ဘာမှ မသိ။

မသိဘူး လို့ ပြောရမှန်းတောင် မသိ

ကျွန်မသိတာ
ကျွန်မဝမ်းနည်းလာရင်လေ
ဆံနွယ်တွေကြားက ငှက်ဆိုးတွေ ထပျံကြတယ်။

ကျွန်မရဲ့ ဆံနွယ်လာတွေကြားကလာတဲ့
စိတ်ဓာတ်ကျ(စိတ်ပျက်နေတဲ့)
Depression ငှက်တွေဟာ
ရောက်လေရာ ပရမ်းပတာပျံဝဲလို့
ကျွန် မတို့ မြို့လေးရဲ့
ခေါင်း လောင်း တွေ
ဆည်းလည်းတွေ ဝင်တိုက်လို့
ခေါင်းလောင်းသံ တွေ ပျက်စီးရတာလည်း
အကြိမ်ကြိမ်

ဟော
ခုလည်း
ငှက်ဆိုး တစ်ကောင် ကျွန်မဆီက
ပျံတက်သွားပြန်ပါပြီ။
ကျွန် မစိတ်ဓာတ် ကျနေပြီ ထင်ပါရဲ့။

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား