Dream catcher ထဲ ပိတ်မိခြင်း
ကျွန်တော် ငယ်ငယ် ကစာအုပ်တွေ ဖတ်ဖူးတယ်။ လူသားတွေ ကကျွန်တော်တို့
ကမ္ဘာနဲ့ တော်တော်လေး ဆင်တူကြတယ်။
ကျွန်တော်တို့ကို ကျတော့ သူတို့က တခြား
ကမ္ဘာက ဂြိုလ်သားလေး တွေ လို့ခေါ်တယ်။
ကျွန်တော်တို့ ကသူတို့တွေ ထက်နားရွက်
အနားငယ်ပို ရှည်တယ်။ ကျွန်တော်တို့ဂြိုလ်
မှာ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီး နှစ်ပိုင်းခွဲထားတယ်။ဂြိုလ်လေးရဲ့အရှေ့ပိုင်းက
နေအလင်းရောင်ရတဲ့ အတွက် နေ့နဲ့ ညရှိတယ်။ ဂြိုလ်လေးရဲ့အနောက်ဘက်မှာတော့ နေမရှိဘူး။
နေ့နဲ့ ညလည်းမရှိဘူးအမြဲတမ်းမှောင်တယ်။
ဘာသာစကား လူ့သုံးကုန်ပစ္စည်းတွေနဲ့
အစာချေပုံစနစ်က လူသားတွေတွေနဲ့ တူတူပဲ။
လူသားတွေ Dream catcherသုံးသလို
ကျွန်တော်လို့လည်း သုံးကျတယ်။
ကျွန်တော်တို့ရွာလေး ကအရှေ့ပိုင်းရဲ့ အစွန်အဖျား မှာရှိတယ်။အဘိုးက ရွာလေးရဲ့ တစ်ဦးတည်းသော ပန်းပုဆရာပဲ။
တစ် အိမ်ကျော် က ကျွန်တော့်သူငယ်ချင်း
ဂျီယရဲ့ အဘိုး ကလည်း ပန်းပဲဆရာ တစ်ယောက်ပါပဲ။သူ့အဘွားကတော့ မှော်တက်တယ်ဆိုလားပြောကြတာပဲ။
ကျွန်တော်နာမည်က ကီနိုပါ။
ကျွန်တော်တို့သဘောကျတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်..ခင်ဗျာ့။
သူ့နာမည်က ဆက်ဆု လို့ခေါ်တယ်။
သူ့ကို ကျွန်တော်ရော ကျွန်တော်သူငယ်ချင်းရောသဘောကျကျတယ်။
ဒါပေမယ့် ကျွန်တော်တို့မှာ တင်တောင်းစရာ ငွေအလုံအလာက်မရှိကျဘူး။
ဂြိုလ်လေးရဲ့ အနောက်ဘက်မှာ ကျောက်တွင်းတွေ ရှိတယ်ကြားဖူးတယ်။ ဂျီယနဲ့ ကျွန်တော် ကျောက်တွင်းတူးကြမယ်။ ဘယ်သူပဲတွေ့တွေ့ အညီအမျှ ယူ ငွေအလုံအလောက်ရခဲ့ရင် ကျွန်တော်တို့ရွာ
လေးကိုပြန်လာဖို့ စီစဉ်ကြတယ်။
အဘိုးကို ကန်တော့ပြီး
ကျွန်တော်ထွက်လာခဲ့တယ်။
အဘိုးကDream catcherနှစ်ခုပေးတယ်။ တစ်ခုကကျွန်တော့်အတွက်
တစ်ခုက ဂျီယအတွက်။
ကျွန်တော် နဲ့ ဂျီယ ခရီးစထွက်ကျတယ်။
နေ့တစ်ဝက်ကျော်မှ ကျွန်တော်တို့နေမယ့်
ကျောက်တွင်း ဘက်ကိုရောက်တယ်။
ခပ်လှမ်းလှမ်းအကွာမှာ တော့ မြစ်ကလေးတစ်ခုရှိလေရဲ့။
ဆန့် ကျင်ဘက် အရပ်ကို သွားရင်တော့
ဈေးတစ်ခုရှိတယ်။
ကျွန်တော်တို့ ကျောက်တွင်းနားကိုတော့ လူသွားလူလာနည်းတယ်။
ကျွန်တော်တို့ ကျောက်တွင်း နားမှာ
တဲ အိမ်လေးတစ်ခုဆောက် ပြီး နေကြတယ်။
Dream catcherလေးတွေ ကို ကျွန်တော်တို့
ကုတင်လေးတွေ ရဲ့ တိုင်တွေမှာ ချိတ်ထားလိုက်ကြတယ်။
နောက်နေ့တွေမှာ ကျွန်တော်တို့
ကျောက်တွင်း တူးကြတယ်။
တစ်ရက်ပြီး တစ်ရက်ကျောက်တူးကျပေမယ့် လည်း ကျွန်တော်တို့ မတွေ့ကြဘူး။
ဒီရက်ပိုင်းတွေ မှာပဲ ကျွန်တော်အရင် ကအိမ်မက်ဆိုးတွေ ပြန်မက်တယ်။
ကျွန်တော်တို့ မိသားစုကွဲ ကွာသွားခဲ့တဲ့အကြောင်းတွေ။
ဓားပြတွေ လက်ချက်နဲ့ ကျွန်တော့ရှေ့မှာ မိဘနှစ်ရောက်လုံးသေ သွားခဲ့တာတွေ။
ညဘက်တွေ ဆို ထူးဆန်းတဲ့ ဂမုန်းပင်တွေ
တောကြီး မှောင်မဲထဲ ကျွန်တော် လမ်းပျောက်ခဲ့တာတွေ။
ကျွန်တော့်ရဲ့အထီးကျန်လွန်းတဲ့ငယ်ဘဝပုံရိပ်တွေ။
ကျွန်တော် ရထားတွေ ကြောက်တယ်။
အိမ်မက်ဆိုး မက်လိုက်တိုင်း မီးခိုးရောင်ရထား တစ်စင်းဟာ ကျွန်တော့် ရှေ့ရောက်ရောက်လာတယ်။
အဲ့ သည်လိုနဲ့ မနက်ခင်းတွေရောက်ရောက်လာတာပဲ။
ဂျီယ ကနေ အပူ ဒဏ်ကြောင့်ရော စိတ်ဓာတ်ကျတာလည်း
ပါမယ်ထင်တယ်။ အပြင်းဖျားတော့တာပါပဲ။
ကျွန်တော်တို့မှာ ပိုက်ဆံလည်း မကျန်ကျတော့ဘူး။ ဘာဆက်လုပ်ရမလည်းမသိတာနဲ့
မြစ်ကမ်းနံဘေး လျှောက်လာခဲ့တော့တာပဲ။
ကျောက်တုံးလေးတွေ နားမှာ ငါးတစ်ကောင်
တွေ့တယ်။ကျွန်တော်လည်း ဂျီယအတွက်
စွပ်ပြုတ် တစ်ခွက် ချက်လို့ ရပြီဆိုပြီးဝမ်းသာသွားမိတယ်။ အနားရောက်မှ ငါးကသေနေတာပဲ။
ငါးရဲ့ ပါးဟပ်နားမှာ အရောင်တလက်လက်နဲ့
ကျောက်တစ်လုံး တွေ့တယ်။
လမ်းထဲ ကပန်းထိမ်ဆရာဆီမှာ ကျွန်တော်မြင်ဖူးတယ်။ ပတ္တမြားဆိုလားပဲ။
ကျွန်တော် ဈေးထဲ သွားရောင်းကြည့်တယ်။
ကျွန်တော်တို့ အိမ်ပြန်လောက်မယ့် အနေအထားလောက်အထိ ငွေအလုံအလောက်ရခဲ့တယ်။ ကျွန်တော်သူငယ်ချင်း ဂျီယကိုလည်းတစ်ဝက်ပေးမယ်။
သူ့အတွက်စားစရာတွေလည်းဝယ်လာခဲ့တယ်။
အိမ်ပြန်ရောက်တော့ ဂျီယတော်တော်လေးသက်သာနေပြီ။
သူ့ကိုအကြောင်းစုံပြောပြပြီး ဝယ်လာတဲ့ စားစရာတွေ ကျွေး ဆေးတိုက်ပြီးအိပ်ခိုင်းလိုက်တယ်။
နောက်တစ်နေ့မှာ သူသက်သာသွားတယ်။
နေ့လည်ခင်း လေးက
တကယ်ကို ချစ်စရာလေး
မနက်ဖြန်ဆိုရင် ကျွန်တော်တို့ အိမ်ပြန်ကျတော့မယ်။
ဂျီယ ဖျော်ပေးတဲ့
လက်ဖက်ရည်တစ်ခွက်သောက်ရင်းကျွန်တော့်အိမ်မက်ဆိုးတွေ အကြောင်းပြောပြဖြစ်တယ်။
ဂျီယက dream catcher အကြောင်းရှင်းပြတယ်။
dream catcherကို
အမေရိကန်ရှေးရိုးလူမျိုးစုOjibweလူနီရိုင်း
တွေဆီ ကပေါ်ပေါက်လာတာ။သူတို့အယူအဆက "အိပ်မက်တွေဆိုတာညရဲ့လေထုထဲမှာပြန့်ကျဲနေတက်တယ်တဲ့၊"
"ကောင်းမွန်တဲအိပ်မက်တွေဟာ သန့်ရှင်းတဲ့အတွက် Dream Catcher ရဲ့ကွန်ယက်မှာ
လမ်းကိုမြန်မြန်ရှာတွေ့သွားနိုင်ပြီး ငှက်မွှေးလေးတွေကနေတစ်ဆင့် အိပ်နေတဲ့သူဆီ စီးဆင်းသွားနိုင်တယ်။"
" ညဖက်တွေမှာ ငှက်မွှေးလေးတွေ ငြင်ငြင်သာသာ လှုပ်နေပြီ
ဆိုရင်လှပတဲ့အိပ်မက်တွေဟာအိပ်ပျော်နေတဲ့သူဆီ စီးဆင်းနေသတဲ့။"
"အိပ်မက်ဆိုးတွေကတော့သူတို့ကိုယ်တိုင်ကိုက ရှုပ်ထွေးလွန်းတာကြောင့် ပင့်ကူ
မျှင်ကွန်ယက်မှာ ရုန်းမထွက်နိုင်ပဲ ပိတ်မိကုန်တယ်တဲ့။"
dream catcherက
ခပ်ကြီးကြီးဆိုရင် အိမ်မက်တွေ ပိုဖမ်းနိုင်
မယ်လို့ သူထင်တဲ့ အကြောင်းဂျီယက ပြောတယ်။
ကျွန်တော်ကမယုံတဲ့ပုံစံနဲ့ဆိုတော့ ဂျီယက
သူ့dream catcherပေါ်ကို သူ့အဘွားဆီက ယူလာတဲ့ ဆေးရေ ဖျန်းပြတယ်။ သူပြောတာဟုတ်တယ်။
သူ့Dream catcherက
တဖြေးဖြေးကြီးထွားလာတယ်။
ကျွန်တော့်Dream catcher
ကိုလည်းသူဆေးရေဖြန်းတယ်။
ကျွန်တော့် dream catcherလည်း တဖြေးဖြေးကြီးထွားလာတယ်။
ခဏကြာတော့ ကျွန်တော်တဖြေးဖြေး အိပ်ငိုက်လာသလိုပဲ။
ဂျီယ ကလည်းစကားတွေပြောနေတယ်။
မနက်ခင်းနေရောင်ဖြန်းတဲ့အချိန်ရောက်တာနဲ့ Dream Catcher မှာ ကပ်ငြိပြီးကျန်ခဲ့တဲ့ အိပ်မက်ဆိုးတွေဟာ နေရောင်နဲ့ထိ ပြီး အကုန်ပျက်စီးရတယ် လို့သူဆက်ပြောတယ်။ဒါဆိုရင်ကျွန်တော်တို့အခုရောက်တဲ့ဒေသမှာနေရောင်မရှိဘူးဆိုတော့ အိမ်မက်ဆိုးတွေဟာ ကပ်ငြိပြီး ကျန်ခဲ့မှာပေါ့။ကျွန်တော် ဂျီယ ကိုမေးလိုက်တယ်။
ဂျီယ ကဟုတ်တယ်လို့ပြန်ပြောတယ်။
ပြီးတော့ ကျွန်တော်အရမ်းအိပ်ငိုက်လာတယ်။
မျက်ခွံတွေ မှေးစင်းလာရင်း ကျွန်တော်နောက်ဆုံးသတိထားမိတာက ကျွန်တော့်ရဲ့Dream catcherနဲ့ ကျွန်တော့ကိုဂျီယအုပ်မိုးလိုက်တာပဲ။
မျက်လုံးဖွင့်မိတော့ ကျွန်တော် ခရမ်းရောင်
တောအုပ်တစ်ခုကိုရောက်နေတယ်။
ခပ်ဝေးဝေး ကအိမ်လေးဟာ ကျွန်တော့အဖေနဲ့အမေအသက်ခံခဲ့ရတဲ့အိမ်။ သူတို့နှစ်ယောက်အသက်ခံရတာ ကျွန်တော်ငေးကြည့်နေခဲ့ရတဲ့ အိမ် ။
ကျွန်တော်ကြောက်တယ်။ပြေးထွက်လာခဲ့မိတယ်။
။ပြေးနေရင်းကျွန်တော် ရပ်လိုက်တဲ့အခါ မီးခိုရောင် ရထား တစ်စင်း
ကျွန်တော့်ရှေ့လာရပ်တယ်။
ကျွန်တော်ပြေးရင်း ပုန်းနေရင်းနဲ့ ဒီနားကိုပဲ ပြန်ပြန်ရောက်လာနေသလိုပဲ။
ကျွန်တော်ဟာ တစ်ကယ်တော့ ကမ္ဘာသေးသေးလေးရဲ့ ဝန်ရိုး ပေါ်မှာလျှောက်ပြေးနေတာပဲ။
နောက်ဆုံးဒီနေရာပဲ ပြန်ရောက်ရတယ်။
သစ်ပင်တစ်ပင်မှာ dream catcherတစ်ခု ချိတ်ဆွဲထားတယ်။
အဲ့ဒီ dream catcherကိုကျွန်တော်မြင်ဖူးတယ် ဘယ်မှာ မြင်ဖူးခဲ့လဲ။
အဲ့ဒါဟာ ကျွန်တော့်ရဲ့ dream catcherလေးပဲ ပြီးတော့ ကျွန်တော့် မှတ်မိတာ
ကျွန်တော်သူငယ်ချင်း ဂျီယ
အခုရောက်နေတာဟာ ကျွန်တော့်ရဲ့ အိမ်မက်ဆိုး။ ကျွန်တော့် အမြဲ ကြောက်လန့်ခဲ့တဲ့ အိမ်မက်ဆိုးပဲ။ ကျွန်တော်ဟာ dream catcherတစ်ခုနဲ့ အုပ်မိုးခံလိုက်ရတာ။
ဂျီယ ရဲ့ ဆေးဘူးမှာထူးဆန်းတဲ့ အရာတစ်ခုပါလိမ့်မယ်။
အကယ်၍ များ အိမ်မက်ဆိုးတွေဆီက မနိုးထလာနိုင်ခဲ့ဖူးဆိုရင်.
ကျွန်တော့်ဘဝဟာ လက်တွေ့ ကမ္ဘာကို ပြန်ရောက်မလာနိုင်တော့ဘူး။
ကျွန်တော်ဟာ အဖေနဲ့အမေကိုဆုံးရှုံးခဲ့တယ်။ အခုအိမ်မက်ဆိုးထဲမှာ ကျွန်တော့်ရှေ့
အသက်ခံရတာ ကြည့်နေရတယ်။
ဒါပေမယ့် ကျွန်တော်မကြောက်ရဘူး။လက်တွေ့ဘဝမှာ ကျွန်တော်ဟာသူတို့ကိုဆုံးရှုံးခဲ့နှင့်ပြီးသားပဲ။
ကျွန်တော် ရဲရဲကြည့်မယ်
အကြောက်တရားကိုကျွန်တော်ရင်ဆိုင်မယ်။ ကျွန်တော်အဲ့လို
ဆုံးဖြတ်ပြီးရင်ဆိုင်လိုက်တဲ့ အချိန်မျိုးမှာ
ထူးဆန်းစွာပဲလက်တွေ့ ကမ္ဘာကို ကျွန်တော်ပြန်ရောက်လာနိုင်ခဲ့တယ်။
ကျွန်တော်နိုးလာတော့ ဘေးနားမှာ ဂျီယ လည်း အိပ်ပျော်နေတယ်။
"ကျွန်တော့် ကိုတစ်သက်လုံး အိမ်မက်ဆိုး က မနိုးလောက်ဘူးလို့ ထင်နေခဲ့ပုံပဲ။"
လူတိုင်းမှာ အိမ်မက်ဆိုးရှိကြတယ်။ ကျွန်တော့်မှာလည်းရှိတယ်။ ဂျီယမှာလည်းရှိတယ်။ခင်ဗျားတို့တစ်တွေမှာလည်းရှိတယ်။
ကျွန်တော် ဂျီယရဲ့ dream catcherကို လှမ်းယူလိုက်တယ်။
ပြီးတော့ ဂျီယ ကို သူ့လုပ်ခဲ့တဲ့ အတိုင်း
dream catcherနဲ့ အုပ်မိုးလိုက်တယ်။
မင်းလည်း ငါ့လို အိမ်မက်ဆိုး ကထွက်လာနိုင်ခဲ့ရင် လွတ်မြောက်မှာပေါ့။
မထွက်လာ နိုင်ခဲ့ရင်တော့....။
ဒိုဒို
(ဂျီယ ကီနို ဆက်ဆု ဇာတ်ကောင်နာမည်တွေက
မဟာဒီလှိုင်း ဝထ္ထုထဲကပါ😁)

Comments
Post a Comment