Fairytale of depression
တစ်ခါမှာပေါ့
စိမ်းစိုနေတဲ့ မြက်ခင်းတွေကို ကြည့်ရင်း
သမီးဖြစ်သူက ခုလို ပြောလိုက်တယ်
"ဖေဖေ ရေ"
"ဟေ ဘာလဲ ဖေဖေ့ သမီး
ဆားပုလင်းရယ်ပန်ဇယ်နှင်းမောင် ကြီးရဲ့"
(သမီးဖြစ်သူက တစ်ခါတလေ သူ့ကိုယ်သူ
ရယ်ပန်ဇယ် လို့ ထင်နေတက်ပြီး
အခန်းထဲမှာ ရောင်စုံခဲတံ စုတ်တံမျိုးစုံနဲ့
အလုပ်ရှုပ်နေတက်လာလေ။
တစ်ခါတလေ ကျတော့လည်း သူ့ဆီက
မှန်ဘီလူးတွေ မသိအောင် ယူသိမ်းထား
တက်တယ်။
ဒါလောက်နဲ့ လား မပြီးသေးဘူးဗျ။
အိမ်လာလည်တဲ့ ဧည့်သည်တွေရဲ့ ခြေရာ
တွေက အစ မျိုးစုံစုံစမ်းထောက်လှမ်းတော့
တာ။ဆံပင်ရှည်ကလေး နဲ့ ရယ်ပန်ဇယ်
စုံထောက်မလေး ပေါ့ကွာ။ အဖေဖြစ်သူက
တွေးရင်း ပြုံးမိသွားတယ်။ သိပ်ချစ်စရာကောင်းမှာ သမီးရ )
"ဟိုနားက မြက်ခင်းတွေမှာ ယုန်မဲတစ်
ကောင် ဖြတ်သွားတာ တွေ့လိုက်လား။ သမီး
ဖြစ်သူက မြက်ခင်းကျယ် ကို လက်ညှိုးညွှန်
ရင်း ပြောလိုက်တယ်"
"အင်း တွေ့လိုက်သလိုပဲ သမီးရဲ့"
"ဖေဖေ ပုံပြင်နားထောင်ချင်တယ် မဟုတ်
လား?။ ယုန်နက်တွေရဲ့ ပုံပြင်လေ ။"
"အင်း နားထောင်ချင်တာပေါ့"
"ဟိုးရှေးတုံးက စည်ကားလှတဲ့ မြို့ကြီးတစ်မြို
့ရဲ့ မထင်မရှား အိမ်နီးချင်း ရွာတစ်ရွာမှာ ပေါ့
အဲ့ဒီရွာကလေးမှာ မြက်ခင်းစိမ်းကြီး တွေ လေယူရာယိမ်းနွဲ့နေတဲ့ စပါးခင်းတွေနဲ့ ပြုံးပျော်ရွှင်နေတဲ့ စာခြောက်ရုပ်တွေ ကို တွေ့
နိုင်တယ်။ ကံကောင်းကြသူတွေဟာ
တစ်ခါတစ်ရံ Fairy ကလေးတွေရဲ့ ငွေခေါင်း
လောင်းသံကို သဲ့သဲ့ ကြားရမယ်တဲ့။ ရွာရဲ့
ကလေးတွေက များသောအားဖြင့် တော့
မြို့ကျောင်းသွားတက်ကြတဲ့ လူရှားတယ်။
သူတို့ဟာ သူတို့မိဘတွေ ကို ဝိုင်းကူလုပ်
ပေးရင်း စားလိုက်ကစားလိုက်နဲ့ ပျော်ရွှင်
နေကြတယ်။ ကလေးတွေဟာ ကျွဲတွေနွား
တွေနဲ့ စော့ကြတယ်။ တစ်ခါတစ်လေ ဆင်
အုပ်တွေနဲ့လည်း ကစားလေ့ရှိတယ်။ တစ်နေ့မှာ သူတို့ မိတ်ဆွေတစ်ချို့ ရလာခဲ့
တယ်။ "
"ဘယ်သူတွေများလဲ သမီးရဲ့"
"ယုန်မဲတွေပေါ့ ဖေဖေ။ ယုန်မဲခုနစ်ကောင်
နဲ့ သူတို့မိတ်ဆွေ ဖြစ်ခဲ့တာ။ ကလေးတွေရဲ့
သူငယ်ချင်းတွေဟာ မိဘအလုပ်ဝိုင်းကူ လုပ်
ပေးရတဲ့ လူတွေလည်း ဖြစ်တော့။ တစ်ခါ
တလေ သူတို့အထီးကျန်တက် ကြတယ်။
အဲ့ဒီအခါမှာ ယုန်မဲတွေက လာကစားပေး
တက် ကြတယ်။ သူတို့က အစတော့ ပြေးလွှားတိုင်းပဲ ကစားကြတာပေါ့။ တစ်နေ့
မှာ အထီးကျန်နေတဲ့ ကလေးလေး တစ်
ယောက် သူ့နာမည်ကို မောင်သိုးမဲ လို့ခေါ်
ကြတယ်။ သိုးမဲနဲ့ ယုန်မဲတွေဟာ စက်ဝိုင်း
သဏ္ဍာန်အဝိုင်းပတ် ပုံစံ ကစားကြတယ်။
ယုန်မဲခုနစ်ကောင် က သိုးမဲလေး ကို အဝိုင်း
ပတ်ပုံစံ ပတ်ပြီး ကစားကြတာပေါ့။
ယုန်မဲတွေ ၇ခေါက်စက်ဝိုင်းရစ် ပတ်လို့
အပြီးမှာ ကောင်လေးဟာ ခွေခေါက်လဲကျ
သွားတယ်။နောက်တော့ ရွာကလူတွေ က
လဲကျနေတဲ့ သိုးမဲလေးကို တွေ့ပြီး ပြန်ခေါ်
လာခဲ့တယ်။ ဒါပေမယ့် သူ့မှာ အသက်မရှိ
တော့ရှာဘူး ။ ရွာကလူတွေက ယုန်မဲတွေကို
သတိမထားမိ လိုက်ကြဘူး။ ယုန်မဲတွေက အဲ့ဒီကိစ္စဖြစ်ပြီးတဲ့ နောက်ရွာကို ပြန်မလာ
တော့ဘူး။
အချိန်တွေ ကြာသွားတဲ့ အခါ
ယုန်မဲတွေ နောက်တစ်ခါ ရွာပြန်လာတယ်။
ပထမ တစ်ခေါက်လိုပဲ ကလေးတစ်ယောက်
နဲ့ ကစားတယ်။အဲ့ဒီ ကလေးလည်း ဆုံးသွား
တယ်။ အဲ့လိုနဲ့ ခုနစ်ရောက်မြောက် ကလေး
သေသွားတဲ့ နေ့မှာ လူတွေဟာ သူတို့ကို သတိထား မိလာကြတယ်။ ဒါပေမယ့် လည်း ကြောက်ကြတယ်။
ဒီလိုနဲ့ သူတို့ရွာက နတ်ဆရာ ဆီမှာသွား
မေးကြတယ် ဖေဖေ။ နတ်ဆရာကယုန်မဲ
တွေကို လူတွေအများကြီး အဝိုင်းရစ်ပုံစံ
ခုနစ်ပတ် ပတ်ပြီးပြေးဖို့ ပြောလိုက်တယ်။
လူအုပ်စုကြီးဟာ ယုန်တွေရှိမယ် ထင်ရတဲ့
စိုက်ခင်းတွေ ဘက်ကို သွားကြတယ်။
အစားစားနေတဲ့ ယုန်မဲတွေကို မြင်တဲ့ အခါ
သူတို့ကို ကြိုးတစ်ကြိုးနဲ့ ပူးချည်လိုက်ပြီး အ
ဝိုင်းပတ် ပြေးကြတယ်။ သူတို့ပြေးလို့ ခုနစ်
ပတ်ပြည့်တဲ့အခါ ယုန်တွေဟာ မောပန်း
လာတယ်။ တဖြေးဖြေး နွမ်းလျဖျော့တော့ သွားကြတယ်။ ညိုှးငယ်နေတဲ့ ယုန်တွေကို
ကြည့်ပြီး လူတွေဟာ ပြုံးရွှင်လို့ အိမ်ပြန်လာ
ကြတယ်။ သူတို့ချည်ထားတဲ့ ကြိုးဟာ မခိုင်
လေတော့ ယုန်တွေ ရုံးလိုက်တဲ့အခါ ပျက်
သွာတော့တယ်။
နောက်တစ်နေ့မနက်မှာ ယုန်မဲတွေဟာ
တောထဲမှာ သတ်သေသွားကြတယ်။
သူတို့ကိုယ်တိုင်ရဲ့ လည်ပင်းကို သူတို့
ကြိုးကွင်း စွပ်ပြီးတော့ပေါ့။
မုဆိုးတွေရောက်လာတဲ့အခါ(ထောင်ချောက်
မှာမိနေတဲ့ ယုန်တွေ အမှတ်နဲ့) သူတို့ကို
ယူသွားကြတယ်။
မုဆိုးတွေဟာ အစကတော့ ချက်ပြုတ်စား
မလို့ပဲ။ သူတို့ရဲ့ အမွှေးအရောင်ဟာ ထူး
ခြားလေတော့ ယုန်သားရေ ကို အကျီင်္ချု ပ်
သူတွေကို ရောင်းလိုက်ကြတယ်။
ယုန်မွှေးနဲ့ လုပ်ထားတဲ့ အနွေးအကျီင်္ရှည်
ကလေးတွေဟာ သိပ်လှတာပဲတဲ့။
မင်းကတော်သုံးယောက်ဟာ သူတို့ရဲ့ သားသမီးတွေအတွက် ဝယ်သွားကြတယ်။
အကျီင်္တွေဟာ အစမှာ မထူးခြားဘူး။
နောက်များမှာ
အကျီင်္ဝတ်သူတွေဟာ စိတ်ထဲမှာ ဝမ်းနည်း
နာကျင်သလို ခံစားလာရတယ်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာကြပြီး တစ်ချို့
က ညဘက်တွေ အိပ်မပျော်တော့ဘူး။
အမှောင်ထဲမှာ ထိုင်နေတက်လာတယ်။
သူတို့ဟာ စိတ်ပိုင်းဆိုင်ရာ အေးစက်ခြောက်
ခြားမှုကို အပြင်းအထန် ခံစားလာကြရတယ်
ဒါပေမယ့် သူတို့ဟာ အဲ့ဒီ အကျီင်္ကို မချွတ်ချင်
ကြဘူး။ မင်းကတော်တစ်ယောက်ကတော့
သူရဲ့ ယုန်မွှေးအကျီင်္ကို သူဆင်းရဲ တစ်
ယောက်ကို ပေးလိုက်တယ်။ မကြာခင်မှာ
သူဆင်းရဲဟာ ထုတ်တန်းမှာ သူ့ကိုယ်သူ
သတ်သေသွားတယ်။ အဲ့လိုနဲ့ အကျီင်္ဟာ
လူတစ်ယောက်ဆီက နောက်တစ်ယောက်။
တစ်ယောက်ပြီးတစ်ယောက် ပြောင်းလာ
လိုက်တာ မြို့ပေါင်း ၅၇ ခုဟာ အကျီင်္ရဲ့ ဆိုး
ကျိုးဒဏ်ကို ခံကြရရှာတယ်။
ဒီလိုနဲ့ အကျီင်္ ဇာတ်သိမ်းမဲ့ နေ့ကို ရောက်လာ
တယ်။ နောက်ဆုံးရောက်သွားတဲ့
မြို့စားကြီးဟာမြို့ရဲ့ အကျီင်္ခုနစ်ထည်လုံးကို
မြို့လယ်မှာ မီးပုံရှို့လိုက်တယ်။ မီးနဲ့ထိတွေ့
လိုက်ရင်ပဲ ယုန်မွှေတွေးဟာ ထူးခြားတဲ့
အမဲနဲ့ခရမ်းရောင်စပ် အရောင်အဖြစ် ပြောင်းသွားတယ်။ ယုန်မွှေးတွေ မီးကြောင့်
ပြာမကျဘူး။ အမွှေးတစ်ခုချင်းစီ ဟာ ပြုတ်
ထွက်လာလိုက်တာ ပတ်ဝန်းကျင်မှာ
ယုန်မွှေးတွေ ဝဲလွင့်နေတယ်။ ယုန်မွှေးတွေ
ဟာ လေနဲ့အတူ ပြန်တက်သွားကြတယ်။
နေရာအနှံ့ မှာပေါ့။ အဲ့ဒီယုန်မွှေးတွေ ရောက်
ရှိသွားတဲ့ နေရာတိုင်းဟာ ဒီပရက်ရှင်ရဲ့
ဒဏ်ကို အပြင်းအထန် ခံစားကြရတယ်။
ဒီပရက်ရှင်ဟာ မြို့ထဲကို လှည့်လည်နေ
တယ်။ မြင်းနက်ကြီးကို စီးလို့ ကြီးမားလေး
လံတဲ့ အမှောင်ထုဟာ သူတို့ဂုတ်ပေါ် မှာ
တွဲလဲခိုနေတာ ကြောင့် သူတို့လေးလံလာကြ
တယ်။ဒီလိုနဲ့ သေဆုံးသွားကြတာပဲ။"
"တစ်ခု ပဲ
သမားရိုးကျ တော့ မဟုတ်ဘူးပေါ့။"
"ပုံပြင်က အဆုံးရောက်သွားပြီ ပေါ့ "
"မဟုတ်ဘူး ပုံပြင်ရဲ့အလယ်သာရောက်တာ "
"ယုန်မဲတွေ ဟာ ဘယ်လို ဖြစ်လာခဲ့သလဲ?။
ပုံပြင်တစ်ခု လုံးရဲ့ ဟာကွက်ပေါ့။
တကယ်တမ်းမှာ ယုန်မဲတွေဟာ လူဘဝမှာ
ချစ်စရာ ကောင်းတဲ့ ကလေးမလေး တွေပါ
ပုံပြင်ထဲမှာ နတ်ဆရာ တစ်ယောက်ပါတယ်
မဟုတ်လား"
"အင်း"
"နတ်ဆရာနဲ့ ကလေးမလေး ခုနှစ်ယောက်
ဟာ တစ်နေ့မှာ ပြသနာဖြစ်ကြတယ်။
တကယ်တော့ နတ်ဆရာက အမျိုးသမီးပဲ။
သူဟာ လူတွေကြားမှာအမျိုးသားဟန်ဆောင်
ပြီးနေတက်တာ ။ ယုန်မဲတွေနဲ့ ကလေးတွေ
ဝိုင်းပတ်ကစားတဲ့ အခါ ကလေးတွေသေ
သွားစေဖို့ ယုန်မဲတွေကို ကျိန်စာတိုက်ခဲ့ကြ
တာ။ ယုန်မဲတွေမှာ အပြစ်မရှိကြပါဘူး။
ဒါ့အပြင် ယုန်မဲတွေဟာ လူတွေရဲ့
စကားတွေကို နားလည်နိုင်ကြသေးတယ်။
လူတွေရဲ့ ပစ်တင်ပြောဆို သံ။ အော်ဟစ်
လှောင်ပြောင်သံ မျိုးစုံကြား သူတို့ဟာ ဖြူ ဖျော့
သွားကြတယ်။
"ယုန်မွှေးတစ်ချောင်းကို သမီးကောက်ရခဲ့
တယ်။ "သူမက လက်ဖဝါး ဖြန့်ပြတယ်။
အမဲနဲ့ ခရမ်းစပ် ယုန်မွှေးကလေးဟာ တောက်ပ စွာရှိနေတယ်။
"ပြီးတော့ ပတ်ဝန်းကျင် ကို ကြည့်လိုက်ပါ
ဖေဖေ"
"ယုန်မဲတွေ အများကြီး ဒီဘက်ကို လာနေ
ကြပါလား။ "
"ဟိုဘက်က ရွာရဲ့ အထိန်းအမှတ် ခေါငိး
လောင်းကို ကြည့်လိုက် ဘာဖြစ်နေသလဲ
ဖေဖေ "
"တဖြေးဖြေး အရည်ပျော်ကြနေကြပြီ"
"ပြီးတော့ ရွာရဲ့ အိမ်တွေဟာ ဘာဖြစ်နေသ
လဲ။"
အရောင်တွေ မဲနက်ပြီး တစ်ချို့ကဖယောင်း
တွေ အရည်ပျော်ကြ နေသလို မျိုး အိမ်တွေ
အရည်ပျော်ကြနေတယ်
"ဖေဖေ တို့ သွားမှ ဖြစ်တော့မယ်"
အဖေဖြစ်သူက အလွယ်တကူတွေ့ရတဲ့
စမ်းချောင်းနားက လှေကိုလှမ်းယူလိုက်ရင်း အသင့်လှော်ခတ်ဖို့ပြင်တယ်။
"ပုံပြင်အဆုံးက အခုမှ ရောက်တယ်ဖေဖေ"
"နတ်ဆရာမကလေး ဟာသမီးကိုယ်တိုင်ပါ"
"ဒီပရက်တွေဟာ အဆုံးစွန်ရောက်လာပြီး
သမီးကို ဒီနေရာက ထွက်ခွါခွင့် မပြုတော့ဘူး
ဘယ်ဘဝမှာ ရှိပါစေ။
လူဟာ ကိုယ်စိုက်ပျိုး ခဲ့သမျှကို ရိတ်သိမ်းရ
လေ့ ရှိတယ်။ ယုန်မဲတွေဟာ သမီးကို ရိတ်
သိမ်းဖို့ လာနေခဲ့ကြပြီ။
နှုတ်ဆက်တယ် ဖေဖေ"
သမီးဖြစ်သူ က နှုတ်ဆက်စကား ပြောရင်း
လှေကလေးကို လက်ကလေး နဲ့ ထိလိုက်
တယ်။
ယုန်တွေဘက်လှည့် လိုက်ရင်း
ယုန်မဲတွေ အလာကို စောင့်နေလိုက်တော့
တယ်။ မုတ်သုံလေ ဟာ ခါးတယ်။
အရှေ့မှာ တွေ့ရသမျှ မြင်ကွင်းတွေဟာ
အခါးတွေဘဲ မို့ သူမ မျက်စိကို စုံမှိတ်ထား
ပစ်လိုက်တယ်။
အဖေဖြစ်သူဟာ အိမ်မက်ဆန်ဆန် ရေပြင်
လွှာတစ်ခုကို ထိုးဖောက်ဝင်ရောက် သွား
ရင်း နံနက်ခင်းနေရောင် ခြည်ကြောင့်
နိုးလာတယ်။ သူဟာ သူတို့အိမ်ရဲ့ မြက်ခင်း
ပြင်မှာ အိပ်ပျော်နေခဲ့ တာဖြစ်တယ်။
သူရဲ့ ပါးပြင်မှာ မျက်ရည်တွေ စီးကျလာတယ်
သူ့သမီးဟာ မရှိတော့ပါဘူး။
ကောလဟာလတွေ အရ
လူတွေဟာ ဦးထုပ်ငိုက်စိုက် ဆောင်းပြီး
လွယ်အိတ်နီ တစ်လုံးကို လွယ်ထားတက်
တဲ့ စီးကရက်ကြိုက် သူ (ဖြတ်သွားဖြတ်လာ)
တစ်ယောက်ကို လယ်ကွင်းတွေမှာ တွေ့ရ
တက်ကြတယ်။ သူဟာ ဆံပင်ရှည်ရှည်
မှန်ဘီလူးဝိုင်း လေးနဲ့ ကောင်မလေး အ
ကြောင်းကို တောရွာတွေ ၊မြို့တွေမှာ မေးမြန်းတက်တယ်။ ခရမ်းနဲ့ အမဲရောင်စပ် ယုန်မွှေးတွေအကြောင်း လည်း မေးမြန်း
တက်တယ်။
လူတစ်ချို့  က သူ့ကို သူရူးလို့ ထင်ကြတယ်
ခင်ဗျားကတော့ သူ့ကို တွေ့ရင် သူရူးလို့ မသတ်မှတ်ပါဖို့ မျှော်လင့်တာပဲ။
မှာစရာရှိသေးတယ် ဗျ။
သူ့ကို တွေ့ရင်လေသူ့သမီးလေး အကြောင်း
မမေးပါနဲ့ ။ ယုန်တွေနဲ့ ပက်သက်ပြီးတော့
လည်း ပုံပြင်မပြောမိပါစေ နဲ့။ စီးကရက်
တစ်လိပ်သာ ပေးလိုက်ပါ။ စီးကရက်ငွေ့တွေ
ကြား သမီးဖြစ်သူကို သူ့ဘာသာ ပုံဖော်
ကြည့်ပါ စေလေ။
ခင်ဗျား သတိထားမိ လိမ့်မယ်ဗျ ။
စီးကရက် သောက်နေတဲ့ အချိန်တွေမှာ
သူပြုံးနေတက် တာကိုပေါ့။
ဒိုဒို
စိမ်းစိုနေတဲ့ မြက်ခင်းတွေကို ကြည့်ရင်း
သမီးဖြစ်သူက ခုလို ပြောလိုက်တယ်
"ဖေဖေ ရေ"
"ဟေ ဘာလဲ ဖေဖေ့ သမီး
ဆားပုလင်းရယ်ပန်ဇယ်နှင်းမောင် ကြီးရဲ့"
(သမီးဖြစ်သူက တစ်ခါတလေ သူ့ကိုယ်သူ
ရယ်ပန်ဇယ် လို့ ထင်နေတက်ပြီး
အခန်းထဲမှာ ရောင်စုံခဲတံ စုတ်တံမျိုးစုံနဲ့
အလုပ်ရှုပ်နေတက်လာလေ။
တစ်ခါတလေ ကျတော့လည်း သူ့ဆီက
မှန်ဘီလူးတွေ မသိအောင် ယူသိမ်းထား
တက်တယ်။
ဒါလောက်နဲ့ လား မပြီးသေးဘူးဗျ။
အိမ်လာလည်တဲ့ ဧည့်သည်တွေရဲ့ ခြေရာ
တွေက အစ မျိုးစုံစုံစမ်းထောက်လှမ်းတော့
တာ။ဆံပင်ရှည်ကလေး နဲ့ ရယ်ပန်ဇယ်
စုံထောက်မလေး ပေါ့ကွာ။ အဖေဖြစ်သူက
တွေးရင်း ပြုံးမိသွားတယ်။ သိပ်ချစ်စရာကောင်းမှာ သမီးရ )
"ဟိုနားက မြက်ခင်းတွေမှာ ယုန်မဲတစ်
ကောင် ဖြတ်သွားတာ တွေ့လိုက်လား။ သမီး
ဖြစ်သူက မြက်ခင်းကျယ် ကို လက်ညှိုးညွှန်
ရင်း ပြောလိုက်တယ်"
"အင်း တွေ့လိုက်သလိုပဲ သမီးရဲ့"
"ဖေဖေ ပုံပြင်နားထောင်ချင်တယ် မဟုတ်
လား?။ ယုန်နက်တွေရဲ့ ပုံပြင်လေ ။"
"အင်း နားထောင်ချင်တာပေါ့"
"ဟိုးရှေးတုံးက စည်ကားလှတဲ့ မြို့ကြီးတစ်မြို
့ရဲ့ မထင်မရှား အိမ်နီးချင်း ရွာတစ်ရွာမှာ ပေါ့
အဲ့ဒီရွာကလေးမှာ မြက်ခင်းစိမ်းကြီး တွေ လေယူရာယိမ်းနွဲ့နေတဲ့ စပါးခင်းတွေနဲ့ ပြုံးပျော်ရွှင်နေတဲ့ စာခြောက်ရုပ်တွေ ကို တွေ့
နိုင်တယ်။ ကံကောင်းကြသူတွေဟာ
တစ်ခါတစ်ရံ Fairy ကလေးတွေရဲ့ ငွေခေါင်း
လောင်းသံကို သဲ့သဲ့ ကြားရမယ်တဲ့။ ရွာရဲ့
ကလေးတွေက များသောအားဖြင့် တော့
မြို့ကျောင်းသွားတက်ကြတဲ့ လူရှားတယ်။
သူတို့ဟာ သူတို့မိဘတွေ ကို ဝိုင်းကူလုပ်
ပေးရင်း စားလိုက်ကစားလိုက်နဲ့ ပျော်ရွှင်
နေကြတယ်။ ကလေးတွေဟာ ကျွဲတွေနွား
တွေနဲ့ စော့ကြတယ်။ တစ်ခါတစ်လေ ဆင်
အုပ်တွေနဲ့လည်း ကစားလေ့ရှိတယ်။ တစ်နေ့မှာ သူတို့ မိတ်ဆွေတစ်ချို့ ရလာခဲ့
တယ်။ "
"ဘယ်သူတွေများလဲ သမီးရဲ့"
"ယုန်မဲတွေပေါ့ ဖေဖေ။ ယုန်မဲခုနစ်ကောင်
နဲ့ သူတို့မိတ်ဆွေ ဖြစ်ခဲ့တာ။ ကလေးတွေရဲ့
သူငယ်ချင်းတွေဟာ မိဘအလုပ်ဝိုင်းကူ လုပ်
ပေးရတဲ့ လူတွေလည်း ဖြစ်တော့။ တစ်ခါ
တလေ သူတို့အထီးကျန်တက် ကြတယ်။
အဲ့ဒီအခါမှာ ယုန်မဲတွေက လာကစားပေး
တက် ကြတယ်။ သူတို့က အစတော့ ပြေးလွှားတိုင်းပဲ ကစားကြတာပေါ့။ တစ်နေ့
မှာ အထီးကျန်နေတဲ့ ကလေးလေး တစ်
ယောက် သူ့နာမည်ကို မောင်သိုးမဲ လို့ခေါ်
ကြတယ်။ သိုးမဲနဲ့ ယုန်မဲတွေဟာ စက်ဝိုင်း
သဏ္ဍာန်အဝိုင်းပတ် ပုံစံ ကစားကြတယ်။
ယုန်မဲခုနစ်ကောင် က သိုးမဲလေး ကို အဝိုင်း
ပတ်ပုံစံ ပတ်ပြီး ကစားကြတာပေါ့။
ယုန်မဲတွေ ၇ခေါက်စက်ဝိုင်းရစ် ပတ်လို့
အပြီးမှာ ကောင်လေးဟာ ခွေခေါက်လဲကျ
သွားတယ်။နောက်တော့ ရွာကလူတွေ က
လဲကျနေတဲ့ သိုးမဲလေးကို တွေ့ပြီး ပြန်ခေါ်
လာခဲ့တယ်။ ဒါပေမယ့် သူ့မှာ အသက်မရှိ
တော့ရှာဘူး ။ ရွာကလူတွေက ယုန်မဲတွေကို
သတိမထားမိ လိုက်ကြဘူး။ ယုန်မဲတွေက အဲ့ဒီကိစ္စဖြစ်ပြီးတဲ့ နောက်ရွာကို ပြန်မလာ
တော့ဘူး။
အချိန်တွေ ကြာသွားတဲ့ အခါ
ယုန်မဲတွေ နောက်တစ်ခါ ရွာပြန်လာတယ်။
ပထမ တစ်ခေါက်လိုပဲ ကလေးတစ်ယောက်
နဲ့ ကစားတယ်။အဲ့ဒီ ကလေးလည်း ဆုံးသွား
တယ်။ အဲ့လိုနဲ့ ခုနစ်ရောက်မြောက် ကလေး
သေသွားတဲ့ နေ့မှာ လူတွေဟာ သူတို့ကို သတိထား မိလာကြတယ်။ ဒါပေမယ့် လည်း ကြောက်ကြတယ်။
ဒီလိုနဲ့ သူတို့ရွာက နတ်ဆရာ ဆီမှာသွား
မေးကြတယ် ဖေဖေ။ နတ်ဆရာကယုန်မဲ
တွေကို လူတွေအများကြီး အဝိုင်းရစ်ပုံစံ
ခုနစ်ပတ် ပတ်ပြီးပြေးဖို့ ပြောလိုက်တယ်။
လူအုပ်စုကြီးဟာ ယုန်တွေရှိမယ် ထင်ရတဲ့
စိုက်ခင်းတွေ ဘက်ကို သွားကြတယ်။
အစားစားနေတဲ့ ယုန်မဲတွေကို မြင်တဲ့ အခါ
သူတို့ကို ကြိုးတစ်ကြိုးနဲ့ ပူးချည်လိုက်ပြီး အ
ဝိုင်းပတ် ပြေးကြတယ်။ သူတို့ပြေးလို့ ခုနစ်
ပတ်ပြည့်တဲ့အခါ ယုန်တွေဟာ မောပန်း
လာတယ်။ တဖြေးဖြေး နွမ်းလျဖျော့တော့ သွားကြတယ်။ ညိုှးငယ်နေတဲ့ ယုန်တွေကို
ကြည့်ပြီး လူတွေဟာ ပြုံးရွှင်လို့ အိမ်ပြန်လာ
ကြတယ်။ သူတို့ချည်ထားတဲ့ ကြိုးဟာ မခိုင်
လေတော့ ယုန်တွေ ရုံးလိုက်တဲ့အခါ ပျက်
သွာတော့တယ်။
နောက်တစ်နေ့မနက်မှာ ယုန်မဲတွေဟာ
တောထဲမှာ သတ်သေသွားကြတယ်။
သူတို့ကိုယ်တိုင်ရဲ့ လည်ပင်းကို သူတို့
ကြိုးကွင်း စွပ်ပြီးတော့ပေါ့။
မုဆိုးတွေရောက်လာတဲ့အခါ(ထောင်ချောက်
မှာမိနေတဲ့ ယုန်တွေ အမှတ်နဲ့) သူတို့ကို
ယူသွားကြတယ်။
မုဆိုးတွေဟာ အစကတော့ ချက်ပြုတ်စား
မလို့ပဲ။ သူတို့ရဲ့ အမွှေးအရောင်ဟာ ထူး
ခြားလေတော့ ယုန်သားရေ ကို အကျီင်္ချု ပ်
သူတွေကို ရောင်းလိုက်ကြတယ်။
ယုန်မွှေးနဲ့ လုပ်ထားတဲ့ အနွေးအကျီင်္ရှည်
ကလေးတွေဟာ သိပ်လှတာပဲတဲ့။
မင်းကတော်သုံးယောက်ဟာ သူတို့ရဲ့ သားသမီးတွေအတွက် ဝယ်သွားကြတယ်။
အကျီင်္တွေဟာ အစမှာ မထူးခြားဘူး။
နောက်များမှာ
အကျီင်္ဝတ်သူတွေဟာ စိတ်ထဲမှာ ဝမ်းနည်း
နာကျင်သလို ခံစားလာရတယ်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာကြပြီး တစ်ချို့
က ညဘက်တွေ အိပ်မပျော်တော့ဘူး။
အမှောင်ထဲမှာ ထိုင်နေတက်လာတယ်။
သူတို့ဟာ စိတ်ပိုင်းဆိုင်ရာ အေးစက်ခြောက်
ခြားမှုကို အပြင်းအထန် ခံစားလာကြရတယ်
ဒါပေမယ့် သူတို့ဟာ အဲ့ဒီ အကျီင်္ကို မချွတ်ချင်
ကြဘူး။ မင်းကတော်တစ်ယောက်ကတော့
သူရဲ့ ယုန်မွှေးအကျီင်္ကို သူဆင်းရဲ တစ်
ယောက်ကို ပေးလိုက်တယ်။ မကြာခင်မှာ
သူဆင်းရဲဟာ ထုတ်တန်းမှာ သူ့ကိုယ်သူ
သတ်သေသွားတယ်။ အဲ့လိုနဲ့ အကျီင်္ဟာ
လူတစ်ယောက်ဆီက နောက်တစ်ယောက်။
တစ်ယောက်ပြီးတစ်ယောက် ပြောင်းလာ
လိုက်တာ မြို့ပေါင်း ၅၇ ခုဟာ အကျီင်္ရဲ့ ဆိုး
ကျိုးဒဏ်ကို ခံကြရရှာတယ်။
ဒီလိုနဲ့ အကျီင်္ ဇာတ်သိမ်းမဲ့ နေ့ကို ရောက်လာ
တယ်။ နောက်ဆုံးရောက်သွားတဲ့
မြို့စားကြီးဟာမြို့ရဲ့ အကျီင်္ခုနစ်ထည်လုံးကို
မြို့လယ်မှာ မီးပုံရှို့လိုက်တယ်။ မီးနဲ့ထိတွေ့
လိုက်ရင်ပဲ ယုန်မွှေတွေးဟာ ထူးခြားတဲ့
အမဲနဲ့ခရမ်းရောင်စပ် အရောင်အဖြစ် ပြောင်းသွားတယ်။ ယုန်မွှေးတွေ မီးကြောင့်
ပြာမကျဘူး။ အမွှေးတစ်ခုချင်းစီ ဟာ ပြုတ်
ထွက်လာလိုက်တာ ပတ်ဝန်းကျင်မှာ
ယုန်မွှေးတွေ ဝဲလွင့်နေတယ်။ ယုန်မွှေးတွေ
ဟာ လေနဲ့အတူ ပြန်တက်သွားကြတယ်။
နေရာအနှံ့ မှာပေါ့။ အဲ့ဒီယုန်မွှေးတွေ ရောက်
ရှိသွားတဲ့ နေရာတိုင်းဟာ ဒီပရက်ရှင်ရဲ့
ဒဏ်ကို အပြင်းအထန် ခံစားကြရတယ်။
ဒီပရက်ရှင်ဟာ မြို့ထဲကို လှည့်လည်နေ
တယ်။ မြင်းနက်ကြီးကို စီးလို့ ကြီးမားလေး
လံတဲ့ အမှောင်ထုဟာ သူတို့ဂုတ်ပေါ် မှာ
တွဲလဲခိုနေတာ ကြောင့် သူတို့လေးလံလာကြ
တယ်။ဒီလိုနဲ့ သေဆုံးသွားကြတာပဲ။"
"တစ်ခု ပဲ
သမားရိုးကျ တော့ မဟုတ်ဘူးပေါ့။"
"ပုံပြင်က အဆုံးရောက်သွားပြီ ပေါ့ "
"မဟုတ်ဘူး ပုံပြင်ရဲ့အလယ်သာရောက်တာ "
"ယုန်မဲတွေ ဟာ ဘယ်လို ဖြစ်လာခဲ့သလဲ?။
ပုံပြင်တစ်ခု လုံးရဲ့ ဟာကွက်ပေါ့။
တကယ်တမ်းမှာ ယုန်မဲတွေဟာ လူဘဝမှာ
ချစ်စရာ ကောင်းတဲ့ ကလေးမလေး တွေပါ
ပုံပြင်ထဲမှာ နတ်ဆရာ တစ်ယောက်ပါတယ်
မဟုတ်လား"
"အင်း"
"နတ်ဆရာနဲ့ ကလေးမလေး ခုနှစ်ယောက်
ဟာ တစ်နေ့မှာ ပြသနာဖြစ်ကြတယ်။
တကယ်တော့ နတ်ဆရာက အမျိုးသမီးပဲ။
သူဟာ လူတွေကြားမှာအမျိုးသားဟန်ဆောင်
ပြီးနေတက်တာ ။ ယုန်မဲတွေနဲ့ ကလေးတွေ
ဝိုင်းပတ်ကစားတဲ့ အခါ ကလေးတွေသေ
သွားစေဖို့ ယုန်မဲတွေကို ကျိန်စာတိုက်ခဲ့ကြ
တာ။ ယုန်မဲတွေမှာ အပြစ်မရှိကြပါဘူး။
ဒါ့အပြင် ယုန်မဲတွေဟာ လူတွေရဲ့
စကားတွေကို နားလည်နိုင်ကြသေးတယ်။
လူတွေရဲ့ ပစ်တင်ပြောဆို သံ။ အော်ဟစ်
လှောင်ပြောင်သံ မျိုးစုံကြား သူတို့ဟာ ဖြူ ဖျော့
သွားကြတယ်။
"ယုန်မွှေးတစ်ချောင်းကို သမီးကောက်ရခဲ့
တယ်။ "သူမက လက်ဖဝါး ဖြန့်ပြတယ်။
အမဲနဲ့ ခရမ်းစပ် ယုန်မွှေးကလေးဟာ တောက်ပ စွာရှိနေတယ်။
"ပြီးတော့ ပတ်ဝန်းကျင် ကို ကြည့်လိုက်ပါ
ဖေဖေ"
"ယုန်မဲတွေ အများကြီး ဒီဘက်ကို လာနေ
ကြပါလား။ "
"ဟိုဘက်က ရွာရဲ့ အထိန်းအမှတ် ခေါငိး
လောင်းကို ကြည့်လိုက် ဘာဖြစ်နေသလဲ
ဖေဖေ "
"တဖြေးဖြေး အရည်ပျော်ကြနေကြပြီ"
"ပြီးတော့ ရွာရဲ့ အိမ်တွေဟာ ဘာဖြစ်နေသ
လဲ။"
အရောင်တွေ မဲနက်ပြီး တစ်ချို့ကဖယောင်း
တွေ အရည်ပျော်ကြ နေသလို မျိုး အိမ်တွေ
အရည်ပျော်ကြနေတယ်
"ဖေဖေ တို့ သွားမှ ဖြစ်တော့မယ်"
အဖေဖြစ်သူက အလွယ်တကူတွေ့ရတဲ့
စမ်းချောင်းနားက လှေကိုလှမ်းယူလိုက်ရင်း အသင့်လှော်ခတ်ဖို့ပြင်တယ်။
"ပုံပြင်အဆုံးက အခုမှ ရောက်တယ်ဖေဖေ"
"နတ်ဆရာမကလေး ဟာသမီးကိုယ်တိုင်ပါ"
"ဒီပရက်တွေဟာ အဆုံးစွန်ရောက်လာပြီး
သမီးကို ဒီနေရာက ထွက်ခွါခွင့် မပြုတော့ဘူး
ဘယ်ဘဝမှာ ရှိပါစေ။
လူဟာ ကိုယ်စိုက်ပျိုး ခဲ့သမျှကို ရိတ်သိမ်းရ
လေ့ ရှိတယ်။ ယုန်မဲတွေဟာ သမီးကို ရိတ်
သိမ်းဖို့ လာနေခဲ့ကြပြီ။
နှုတ်ဆက်တယ် ဖေဖေ"
သမီးဖြစ်သူ က နှုတ်ဆက်စကား ပြောရင်း
လှေကလေးကို လက်ကလေး နဲ့ ထိလိုက်
တယ်။
ယုန်တွေဘက်လှည့် လိုက်ရင်း
ယုန်မဲတွေ အလာကို စောင့်နေလိုက်တော့
တယ်။ မုတ်သုံလေ ဟာ ခါးတယ်။
အရှေ့မှာ တွေ့ရသမျှ မြင်ကွင်းတွေဟာ
အခါးတွေဘဲ မို့ သူမ မျက်စိကို စုံမှိတ်ထား
ပစ်လိုက်တယ်။
အဖေဖြစ်သူဟာ အိမ်မက်ဆန်ဆန် ရေပြင်
လွှာတစ်ခုကို ထိုးဖောက်ဝင်ရောက် သွား
ရင်း နံနက်ခင်းနေရောင် ခြည်ကြောင့်
နိုးလာတယ်။ သူဟာ သူတို့အိမ်ရဲ့ မြက်ခင်း
ပြင်မှာ အိပ်ပျော်နေခဲ့ တာဖြစ်တယ်။
သူရဲ့ ပါးပြင်မှာ မျက်ရည်တွေ စီးကျလာတယ်
သူ့သမီးဟာ မရှိတော့ပါဘူး။
ကောလဟာလတွေ အရ
လူတွေဟာ ဦးထုပ်ငိုက်စိုက် ဆောင်းပြီး
လွယ်အိတ်နီ တစ်လုံးကို လွယ်ထားတက်
တဲ့ စီးကရက်ကြိုက် သူ (ဖြတ်သွားဖြတ်လာ)
တစ်ယောက်ကို လယ်ကွင်းတွေမှာ တွေ့ရ
တက်ကြတယ်။ သူဟာ ဆံပင်ရှည်ရှည်
မှန်ဘီလူးဝိုင်း လေးနဲ့ ကောင်မလေး အ
ကြောင်းကို တောရွာတွေ ၊မြို့တွေမှာ မေးမြန်းတက်တယ်။ ခရမ်းနဲ့ အမဲရောင်စပ် ယုန်မွှေးတွေအကြောင်း လည်း မေးမြန်း
တက်တယ်။
လူတစ်ချို့  က သူ့ကို သူရူးလို့ ထင်ကြတယ်
ခင်ဗျားကတော့ သူ့ကို တွေ့ရင် သူရူးလို့ မသတ်မှတ်ပါဖို့ မျှော်လင့်တာပဲ။
မှာစရာရှိသေးတယ် ဗျ။
သူ့ကို တွေ့ရင်လေသူ့သမီးလေး အကြောင်း
မမေးပါနဲ့ ။ ယုန်တွေနဲ့ ပက်သက်ပြီးတော့
လည်း ပုံပြင်မပြောမိပါစေ နဲ့။ စီးကရက်
တစ်လိပ်သာ ပေးလိုက်ပါ။ စီးကရက်ငွေ့တွေ
ကြား သမီးဖြစ်သူကို သူ့ဘာသာ ပုံဖော်
ကြည့်ပါ စေလေ။
ခင်ဗျား သတိထားမိ လိမ့်မယ်ဗျ ။
စီးကရက် သောက်နေတဲ့ အချိန်တွေမှာ
သူပြုံးနေတက် တာကိုပေါ့။
ဒိုဒို
Comments
Post a Comment