Fairytale
တစ်ခါတုံးက ပုံပြင်တစ်ပုဒ်မှာ
ပိုလာဝက်ဝံ တစ်ကောင်ရှိခဲ့တယ်။
သူ့မိတ်ဆွေ ဆယ်လမွန်ငါးတွေ
အနားက ဖြတ်သွားတိုင်းလည်း တစ်ချိန်မှာ
ပြန်ရောက်လာမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့
ဆယ်လမွန် တွေ ကို
သူ နံပါတ်စဉ်( ၁)( ၂ )တပ်လေ့ရှိတယ်။
ကျနော်လည်း နံပါတ်စဉ်တပ်ခဲ့တယ်
ဖေဖေဟာ ဆယ်လမွန်(၁)
ဘွားဘွားဟာ ဆယ်လမွန်(၂)
ငယ်သူငယ်ချင်းမလေးဟာ ဆယ်လမွန်(၃)
ကျနော် ပုံပြင်ပြောပြ နေကျ
ကလေးမလေးက ဆယ်လမွန်(၄) ပေါ့
နံပါတ်စဉ် တပ် ဆယ်လမွန်အရေအတွက်သာ
များလာခဲ့တယ် အချစ်ရယ်
ဆယ်လမွန် တစ်ကောင်တစ်လေ မှ
ပိုလာဝက်ဝံ လေးဆီပြန်မရောက်လာခဲ့ဘူးတဲ့
ဒိုဒို
ပိုလာဝက်ဝံ တစ်ကောင်ရှိခဲ့တယ်။
သူ့မိတ်ဆွေ ဆယ်လမွန်ငါးတွေ
အနားက ဖြတ်သွားတိုင်းလည်း တစ်ချိန်မှာ
ပြန်ရောက်လာမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့
ဆယ်လမွန် တွေ ကို
သူ နံပါတ်စဉ်( ၁)( ၂ )တပ်လေ့ရှိတယ်။
ကျနော်လည်း နံပါတ်စဉ်တပ်ခဲ့တယ်
ဖေဖေဟာ ဆယ်လမွန်(၁)
ဘွားဘွားဟာ ဆယ်လမွန်(၂)
ငယ်သူငယ်ချင်းမလေးဟာ ဆယ်လမွန်(၃)
ကျနော် ပုံပြင်ပြောပြ နေကျ
ကလေးမလေးက ဆယ်လမွန်(၄) ပေါ့
နံပါတ်စဉ် တပ် ဆယ်လမွန်အရေအတွက်သာ
များလာခဲ့တယ် အချစ်ရယ်
ဆယ်လမွန် တစ်ကောင်တစ်လေ မှ
ပိုလာဝက်ဝံ လေးဆီပြန်မရောက်လာခဲ့ဘူးတဲ့
ဒိုဒို
Comments
Post a Comment