အနက်ရောင် လိပ်ပြာတွေ ကို နမ်းပါ(Fairytale)

သဘာဝတရားကို သဘောကျကြောင်း
ရှင် ခဏခဏ ပြောတယ်။
သစ်ပင်တွေ အကြောင်းပြောတယ်။
ငှက်တွေ အကြောင်းပြောတယ်။
ဒါပေမယ့် လိပ်ပြာတွေ ကျတော့ ရှင်မနမ်းဘူး
လိပ်ပြာနက် တွေရှင် နမ်း ရင် ကျွန်မတို့လို ရှင်လည်း အနက်ရောင်
လူသားတွေ ဖြစ်လာမှာ
အနက်ရောင် လူသား တွေ က
စိတ်တံခါး ဖွင့်ထား ကြတယ်။
ရှင့်မှာ dark side မရှိဘူး ပြောမို့လား
ရှင် မှာလည်း ရှိတယ်
ကျွန်မဆီမှာလည်း ရှိတယ်။
လူတိုင်း မှာလည်း dark sideရှိတယ်။
လူတိုင်း မှာ ဒေမီယံ ရှိတယ်။
အနက်ရောင် သစ်ပင်တွေ နဲ့
အနက်ရောင် မြို့ ပျက်ကြီးထဲ
အဖြူ ရောင် ကြိုးစားသုတ်ထားတဲ့ အနက်ရောင် စိတ်ထားတွေကြား
ရှင် ဘာတွေ ကို ဖြူ ချင် နေရတာလဲ
ရှင့် ဘေးနားမှာ ကြည့်ပါအုံးလေ။
ရှင့် နောက်ဘက် မှာ
ဘယ်သူ ဖြူ ပြီး ကျန်ခဲ့သလဲ။
ဟုတ်ပြီ ရှင်နမ်း လိုက်ပါ
အဲ့ဒီ လိပ်ပြာ အနက်ကို ရှင်နမ်းလိုက်ပါ။

ခုဆို

ရှင်လည်း

ယုန်နက်တစ်ကောင်  ဖြစ်သွားပြီပေါ့ လေ။

ကျွန်မ ဝမ်းသာရပါတယ်။

ဒိုဒို
15.5.2017

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား