Halloween party (ဟောလိုးဝင်း ပွဲတော်)
အောက်တိုဘာလ ရဲ့ ညချမ်းတစ်ခုမှာ ရောင်းမကုန်သေးတဲ့ မီးရှူးမီးပန်းတွေ တယုတယ ပိုက်ပြီး အိမ်ပြန်ချိန် ကို စောင့်မျှော်နေ တဲ့ကောင်မလေးတစ်ယောက်
ရှိခဲ့တယ်။
ဝယ်သူမရှိတဲ့ အထီးကျန်မီးပန်းလေးတွေ
ကို စိုးရိမ်တကြီးထွေးပွေ့ထားရင်း နဲ့ပေါ့။
သူမဟာအဒေါ်နဲ့ နေရတာဖြစ်လေတော့ သူမအဒေါ် ဆန္ဒအရ ရောင်းမကုန်မချင်း အိမ်မပြန် ရရှာဘူး။ ရောင်းမကုန်ပဲအိမ်ပြန်ရင်
အရိုက်ခံ အပြောခံရပါတယ်။
သူမဟာ ဝယ်သူကို စောင့်မျှော်နေရင်း တဖြေးဖြေး ငိုက်မြည်းလာတယ်။
အိမ်တံခါးတွေလည်း တဖြေးဖြေးပိတ်သွား
ကြ။သူမရောက်နေတဲ့ ဥယာဉ်ခြံ အိမ်ယာရဲ့
တံခါးက လည်း သူ့အချိန်နဲ့ သူ အဖွင့်အပိတ်
လုပ်ကြတာ မို့ ကလေးမလေး အိမ်မပြန်ခင်
တံခါးဟာ ပိတ်သွားခဲ့တယ်။ ပိတ်သွားတဲ့ တံခါးကို ယူကြုံးမရစွာ ကြည့်ရင်း သူမဟာ စိတ်မကောင်း ကြီးစွာ ဖြစ်လို့နေတယ်။
သူမမှာ နေစရာ မရှိလေတော့ မြို့ပေါ်က
အိမ်တစ်အိမ်မှာ တည်းခိုအကူအညီ
တောင်းဖို့ ကြိုးစားရှာတယ်။
အချင်းနှီး ပါပဲ။ သူမ နဂို(မီးရှူး ရောင်းတဲ့)နေ
ရာကို ပြန်ရောက်တဲ့ အခါ အိမ်တံခါးတွေ
ပိတ်ထားကြတယ်။
နောက်ဆုံးသော အလှဆင်မီးလုံးကလေး တစ်လုံးကို မျှော်ကြည့်နေရင်း မီးလုံးကလေး ထပ်မပိတ်သွားဖို့ မျှော်လင့်နေရှာတယ်။
နောက်ဆုံးကျန်တဲ့ မီးပုံးကလေး မီးငြိမ်းသွား
တဲ့အခါ သူမတစ်ယောက်ထဲ အမှောင်ထုထဲ
မှာ အထီးကျန်စွာနဲ့ ပေါ့။သူမရောက်နေတဲ့
အနီးအနားမှာ ရေပန်းတစ်ခုရှိတယ်။ သူမ
အမှောင်ထုမှာ ဟိုဒီလျှောက်စမ်းရင်းရေပန်း
နဲ့ ကပ်နေတဲ့ မီးခြစ်ကလေးတစ်လုံးကို
တွေ့လိုက်ရတယ်။
မီးခြစ်ကလေးဟာသက်တမ်း
ကြာမြင့်ပုံ ပေါ်တာကြောင့် မီးခြစ်အသွားဘီး
လေးတွေကို ခက်ခက်ခဲခဲ ခြစ်ယူရတယ်။
မီးစကလေးဖွားခနဲ လင်းလာတဲ့
အခါ သူမပထမဆုံးတွေ့မြင်ရတာတော့
ကြီးကြယ်ခမ်းနားလှတဲ့ စားသောက်ဖွယ်ရာ
တွေ ခင်းကျင်းထားတဲ့ စားပွဲခုံရှည်တစ်ခုပါပဲ
စားပွဲရဲ့ အလည်တည့်တည့်က ပန်းအိုးက
လေးမှာတော့ စွတ်ပျံ့ဖွယ် အနံ့ရှိတဲ့ ခရမ်း
ရောင်ပန်းလေးတွေကို သပ်ရပ်စွာ အလှဆင်
ထားတယ်။သူမ မှင်သက်နေမိတုံး မီးပွားက
လေးက ပျောက်ကွယ်သွားတော့တယ်။
ပျောက်ဆုံးသွားတဲ့ စားသောက်ဖွယ်ရာ တွေ
ကို နှမျောတသ ဖြစ်စွာငေးကြည့်နေရင်းက
မီးခြစ်ကလေးကို နောက်တစ်ခါ ခြစ်ကြည့်ဖို့
ကြိုးစားကြည့်တယ်။ ဒုတိယအကြိမ် မီးပွား
ကလေး လင်းလက်သွားတဲ့အခါ သူမရှေ့မှာ
ရွှေရောင်ဖိတ်ဖိတ်တောက်နေတဲ့ အဝတ်ဗီ
ဒို တစ်လုံးကိုတွေ့လိုက်ရတယ်။ "လှလိုက်
တာ"သူမ ယောင်ယမ်းရေရွတ်မိတယ်။
သူမ ဘဝမှာ မမြင်ဖူးသေးတဲ့ အဝတ်အစား
ပုံစံတွေပေါ့။ ရွှေရောင်ဖိတ်ဖိတ်တောက်နေ
တဲ့ အကျီင်္ကလေးတွေ ။မီးခိုးရောင်ပိုးစ
အပေါ်မှာ နှင်းဆီပွင့်ရဲရဲလေးတွေ အစီအရီ
ကပ်ထားတဲ့ အကျီင်္ကလေးကို လှမ်းကိုင်
ကြည့်မိတယ်။
ဒုတိယအကြိမ်မီးစလေး
ပျောက်ကွယ်သွားတဲ့အခါ မီးအလင်းရောင်
တွေကတော့ မပျောက်ကွယ်သွားပါဘူး။
ဘာကြောင့်လည်းဆိုတော့သူမ မီးခြစ်ခြစ်
နေတုန်းမှာ ယောင်ယမ်းပြီး ကြယ်မီးပန်းလေး
တစ်ခုကို ကိုင်ထားမိလို့ပါ။
ကြယ်မီးပန်းကလေးရဲ့ အလင်းနဲ့အတူ မီးခိုရောင်အကျီင်္ကလေးကို သူမအနားဆွဲယူ ကပ်ကြည့်မိတဲ့အခါ အကျီင်္ကလေးဟာ အဆင်သင့်ဝတ်ပြီးသားဖြစ်သွားတော့တယ်။"ချစ်စရာ"သူမ နောက်တစ်ကြိမ် ရေရွတ်မိတာ
ပါပဲ။
ကြယ်မီးပန်းလေးရဲ့ အလင်းရောင်ဟာ
ပျောက်ကွယ်သွားပါတယ်။ အောက်တိုဘာလ
ရဲ့ အချမ်းဒဏ်ဟာ သူမဘေးနားမှာရစ်သိုင်း
လို့လာတယ်။ မြူ တွေကြားမှာ မီးအလင်းရောင်
တောင်မရှိတဲ့ သူမဘဝဟာ အထီးကျန်ခက်ခဲ
လှပါတယ်။
ဒီလိုနဲ့လက်ထဲက မီးခြစ်ကလေးကိုနောက်တ
စ်ကြိမ် ခြစ်မိပြန်တယ်လေ။ဒီတစ်ကြိမ်မှာ
တော့ အလင်းရောင်ဟာ ပျောက်ကွယ်မသွား
တော့ဘူး။ လင်းထိန်နေတဲ့ လှေကားထစ်
နံရံကြီးဆီက ကျယ်လောင်တဲ့ အသံကိုကြား
လိုက်ရတယ်။ "ဝင်လာပါ ကလေး ဒါဟာမင်း
အတွက် မီးခြစ်ကလေးရဲ့ နောက်ဆုံးအခွင့်
အရေးဖြစ်ပါလိမ့်မယ် ဝင်လာခဲ့ပါ။"
လှေကားထစ်တွေကို လှမ်းမြင်ရပေမယ့် သူမအရှေ့မှာခါးတစ်ဝက်မြင့်တဲ့ ခြံစည်းရိုး
ကလေးတစ်ခု ကာရံထားတယ်။
တစ္ဆေ တစ်ကောင်လို ဖြူ လွှလွှအသား
အရည်ရှိတဲ့ ကောင်လေးတစ်ယောက် လှေ
ကားထစ်တွေဆီက ဆင်းလာတယ်။ သူက
သူမထက်အရပ်ရှည်ပြီး အသက်အနည်း
ငယ်ပိုကြီးပုံပေါ်တယ်။ခြံစည်းရိုး တံခါးကို
လာဖွင့်ပြီးနောက် သူမကို လက်ကမ်းလိုက်
တယ်။ အဆင့်သင့်ကမ်းလာတဲ့ လက်ဖဝါး
ကို ဖွဖွကိုင်ရင်း ခြံစည်းရိုးအတွင်းကို ဝင်
လာခဲ့တယ်။ "ငါတစ်ခါမှ ဒီလိုနွေးထွေးပူ
နွေးမှုမျိုးကို မခံစားခဲ့ရဘူး။ ငါဟာ မိသားစု
နဲ့ အတူနေထိုင်ပေမယ့် ရေခဲပြင်ထဲမှာ
လဲလျောင်းနေခဲ့ရသလိုပဲ "ဒါကတော့ သူမ
တစ်ယောက်တည်း တွေးနေမိတဲ့ စိတ်ခံစား
မှုတွေပေါ့။
လှေကားထစ်ကို လှမ်းမြင်လိုက်ရတဲ့အခါ သူမ လမ်းမလျှောက်ရဲလောက်အောင်တွန့်ဆုတ်နေမိတယ်။ လှေကားထစ် အပေါ်ဆုံးအမြင့်
တစ်နေရာ အထိ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲချ ထားတဲ့ တလက်လက်တောက်ပနေတဲ့ သကြားလုံးလေးတွေ အပြည့်ပါပဲ။
သကြားလုံးတွေ ရဲ့အရောင်ဟာ
တောက်ပပြီး ချစ်စဖွယ်ကောင်းလွန်းလို့ သူမ
ခမျာ မနင်းရက်ရှာဘူးပေါ့။ အရပ်ရှည်ရှည်
ကောင်လေးက -"မင်းအတွက် တို့တွေပြင်
ဆင်ထားတာပါ ရဲရဲသာတက်ခဲ့ပါ" ။ သူမ လှေကားထစ်အဆုံးကို ရောက်သွားတဲ့အခါ
မီးရောင်မလင်းမဖျော့ ကပွဲကလေးတစ်ခု
ကိုတွေ့တယ်။ သမင်မှန်း ဒရယ်မှန်း ခွဲခြား
မရတဲ့ ဦးခေါင်းခွံနဲ့ လူခန္ဓာကိုယ် ဝတ်ရုံ
နတ်ဝတ်ဆင်ထားသူ တစ်ယောက်ကတော့
ပုလ္လင်ပေါ်မှာ ထိုင်နေတယ်။ ကလေးထိန်း
နေတဲ့ တစ္ဆေအမျိုးသမီး တစ်ယောက်ကို
လည်းတွေ့ရတယ်။ကလေးငယ်တစ်ယော
က်ကတော့ သူရဲ့ပျောက်ဆုံးနေတဲ့ မျက်လုံး
တစ်ဖက်ကို ပြန်ရှာနေတယ်။ ဝဖိုင့်ဖိုင့် မံမီ
ဗိုက်ပူတစ်ကောင်ကတော့ သူရဲ့စနေနဲ့ည
စာကို အားပါးတရစားနေပါတယ်။ သူမကို
လည်း လှမ်းခေါ်လိုက်ပြီး ထမင်းပန်းကန်းထဲ
ဟင်းတွေ ခပ်ထည့်ပေးတယ်။ သကြားလုံး
တစ္ဆေတစ်ယောက်ရှိတယ်။ သူ့ကို သကြား
လုံးတစ္တေ(သို့မဟုတ်)ရယ်မောဖို့လိုတဲ့
တစ္ဆေ လို့ခေါ်ကြတယ်။ ဗိုက်ပူမံမီကြီးဟာ
စင်မြင့်ပေါ် တက်သွားပြီး အပီအပြင်သီချင်း
ဆိုတော့မယ့် ပုံပေါ်တယ်။ "ကျနော်နဲ့ အတူ
Performance လုပ်ဖို့ မီးခြစ်ကောင်မလေး
ကို ဖိတ်ခေါ်ပါတယ်။ "
"ကျွန်မလား "သူမ ပြာတိပျာယာ မျက်ရိပ်
မျက်ကဲ ပြပြီးမေးလိုက်တယ်။ ဗိုက်ပူမံမီက
ခေါင်းညိမ့်ပြတယ်။သူမ စင်ပေါ်တက်သွား
တဲ့အခါ ပြုံးကြည့်နေတဲ့ အရပ်ရှည်ရှည်
ကောင်လေးကို လှမ်းတွေ့ရတယ်။
ဒီညမှာ အားလုံးကိုပျော်စေ့ချင်တယ် ။
အားလုံးဟာ မိသားစုဝင်တွေပဲ မဟုတ်လား။
"မိသားစု "ဒီစကားလုံးက သူမမိသားစုမှာ
တောင် အသုံးနည်းတဲ့ စကားလုံးပဲ။ ဘယ်လိုပဲဖြစ်စေမိသားစုဆိုတဲ့ စကားလုံးဟာ သူမအတွက် နှလုံးပူနွေးစေတာပဲ ။
ဗိုက်ပူမံမီ က"အားလုံးရလောက်
မယ်လို့ ထင်တယ်။ ပြီးတော့ ကျနော်တူ
လေးကို စင်မြင့်ပေါ်ကို ဖိတ်ခေါ်ပါတယ်။
ဗိုက်ပူမံမီရဲ့ တူလေးဆိုတာ အရပိရှညိရှည်
ကောင်လေးပါ ။(တကယ်တော့ သူတို့က
တူအရင်း ဟုတ်ချင်မှဟုတ်လိမ့်မယ်။ အား
လုံးက မိသားစုအရင်းတွေလို အချင်းချင်း
သဘောထားခဲ့ကြတာ။)
ဗိုက်ပူမံမီ-"One...Two ...Three..GO.."
သူတို့သုံးယောက်လုံး မိုက်ကရိုဖုန်းကိုကိုင်
ရင်း
"Because we all
We all are shooting star
I am the light in the dark
For everyone of you ;there is a song
From outer space above to your hearts
When you hold you head up height
And look up into the night
I'm falling out of the sky
I'm falling out of the sky
Cause we are shooting star
Light it up
Be who you are.."
ကချင်သလို ကခုန်နေကြတဲ့ တစ္တေတွေ
ကိုတွေ့ရတာ ပျော်စရာပါ။ သူမလည်း ပုံ
ဆိုးပန်းဆိုး ကခုန်နေပါတယ်။ zoombie
တစ်ကောင်ရဲ့ အကဆိုလား။ (ခေါင်းကို
ကုန်းပြီးလက်တွေကို လေးလေးကန်ကန်
အရှေ့ကို ပစ်ထားတာလေ။ )နာရီ အက
ဆိုတာ ရှိသေးတယ်။ Tick -top
Tick-Top သံပတ်နာရီ ရဲ့ အသံနဲ့ လိုက်
ကရတာ။
ရုတ်တရက်အသံတွေ တိတ်ဆိတ်သွားတယိ
ပုလ္လင်ပေါ်က ဝတ်ရုံနတ်နဲ့ သမင်ဦးခေါင်းက
လှမ်းပြောတယ်။ "မနက်မိုးသောက် အလင်း
ရောက်တော့မယ် မိန်းကလေး။ ဒါဟာ မင်း
ငါတို့ကို နောကိဆုံးတွေ့ရမယ့် အချိန်ပဲ။
မင်းအနေနဲ့ မီးခြစ်ကလေးရဲ့ နောက်ဆုံး
အကြိမ်အခွင့်အရေး ဖြစ်လို့ ငါတို့ဆီ ပြန်
လာနိုင်စရာအခွင့်အရေး မရှိတော့ဘူး။
မံမီဦးလေးကြီးက ငိုနေရင်းနဲ့ "ငါတို့ပြန်တွေ့
နိုင်စရာ မရှိတော့ဖူးပေါ့နော်"။
ဝတ်ရုံနက်က-"မိန်းကလေးရဲ့ ရွေးချယ်မှု
ပဲ ။ မင်းဒီမှာ တစ်သက်လုံးနေသွားလို့ ရ
တယ်။ ဒါပေမယ့် မင်းဟိုဘက်ကမ္ဘာကို
ပြန်သွားနိုင်ဖို့ မရှိတော့ဘူး။"
အမျိုးသမီး ငယ်လေးဟာ အစမှာ တုန်လှုပ်
သွားပါတယ်။ တဖြေးဖြေး သူမရဲ့ အထီးကျန်
ပျင်းရိဖွယ် အေးစက်စက်ရေခဲပြင် ဘဝ
ကို မြင်ယောင်လာတယ်။ မီးပန်းတွေ ရောင်း
မကုန်ရင် အရိုက်ခံရမယ်။ တစ်လျောက်လုံး
သူမဘဝဟာ အေးစက်စက်နဲ့ ရှင်သန်လာ
ခဲ့တာ။ မိသားစုဆိုတဲ့ အနက်အဓိပ္ပါယ် ကို
သူမဒီကမ္ဘာမှာသာ တို့ထိစမ်းသပ်ခွင့်ရခဲ့
တာ မဟုတ်လား။
များစွာသောအတွေးတွေ တွေးပြီးနောက်မှာ
"အာရုံတက်တော့မယ် မိန်းကလေး
မင်းမှာ မိနစ်အနည်းငယ်ပဲ လိုတော့တယ်။"
"ကျွန်မ ဒီဘက်ကမ္ဘာမှာပဲ နေသွားတော့မယ်
"
ဖြူ လွှလွှ ကောင်လေးနဲ့ မံမီဦးလေးကြီးကို
ပြုံးပြရင်းကသူမ လှမ်းပြောလိုက်တယ်
နောက်တစ်နေ့ရဲ့ မနက်ခင်းတစ်ခုမှာ
လူစည်ကားရာ ဥယျာဉ်ငယ်တစ်ခုမှာပေါ့
ရေပန်းကလေးရဲ့ အနီးနားမှာ
မီးခြစ်ကလေးကို ကိုင်ထားရင်း
မီးရှူးမီးပန်းတွေကို ထွေးပွေ့ထားတဲ့
နှင်းတွေကြားမှာ အေးခဲနေသော်လည်း
နွေးထွေးတဲ့ အပြုံးရှိတဲ့
ကလေးမလေးတစ်ယောက်ရဲ့
ရုပ်အလောင်းကို တွေ့ကြရမှာဖြစ်တယ်။
လူတွေကတော့ သူတို့ဝသီအတိုင်း
သနားသလိုလို ကဲ့ရဲ့သလိုလို ဘာလိုလို
ညာလိုလိုတွေ ဝေဖန်ပြောဆိုနေကြတာပါပဲ။
မိန်းကလေးဟာ အခြားကမ္ဘာငယ်လေးတစ်
ခုရဲ့ နွေးထွေးမှုတွေကြား
ချမ်းမြေ့ပျော်ရွှင်စွာ ရှိနေတဲ့ အကြောင်းကို
တော့ သူတို့ဘယ်တော့မှ သိလိမ့်မှာ
မဟုတ်ပါဘူး။
ဒိုဒို
31.10.2017
ရှိခဲ့တယ်။
ဝယ်သူမရှိတဲ့ အထီးကျန်မီးပန်းလေးတွေ
ကို စိုးရိမ်တကြီးထွေးပွေ့ထားရင်း နဲ့ပေါ့။
သူမဟာအဒေါ်နဲ့ နေရတာဖြစ်လေတော့ သူမအဒေါ် ဆန္ဒအရ ရောင်းမကုန်မချင်း အိမ်မပြန် ရရှာဘူး။ ရောင်းမကုန်ပဲအိမ်ပြန်ရင်
အရိုက်ခံ အပြောခံရပါတယ်။
သူမဟာ ဝယ်သူကို စောင့်မျှော်နေရင်း တဖြေးဖြေး ငိုက်မြည်းလာတယ်။
အိမ်တံခါးတွေလည်း တဖြေးဖြေးပိတ်သွား
ကြ။သူမရောက်နေတဲ့ ဥယာဉ်ခြံ အိမ်ယာရဲ့
တံခါးက လည်း သူ့အချိန်နဲ့ သူ အဖွင့်အပိတ်
လုပ်ကြတာ မို့ ကလေးမလေး အိမ်မပြန်ခင်
တံခါးဟာ ပိတ်သွားခဲ့တယ်။ ပိတ်သွားတဲ့ တံခါးကို ယူကြုံးမရစွာ ကြည့်ရင်း သူမဟာ စိတ်မကောင်း ကြီးစွာ ဖြစ်လို့နေတယ်။
သူမမှာ နေစရာ မရှိလေတော့ မြို့ပေါ်က
အိမ်တစ်အိမ်မှာ တည်းခိုအကူအညီ
တောင်းဖို့ ကြိုးစားရှာတယ်။
အချင်းနှီး ပါပဲ။ သူမ နဂို(မီးရှူး ရောင်းတဲ့)နေ
ရာကို ပြန်ရောက်တဲ့ အခါ အိမ်တံခါးတွေ
ပိတ်ထားကြတယ်။
နောက်ဆုံးသော အလှဆင်မီးလုံးကလေး တစ်လုံးကို မျှော်ကြည့်နေရင်း မီးလုံးကလေး ထပ်မပိတ်သွားဖို့ မျှော်လင့်နေရှာတယ်။
နောက်ဆုံးကျန်တဲ့ မီးပုံးကလေး မီးငြိမ်းသွား
တဲ့အခါ သူမတစ်ယောက်ထဲ အမှောင်ထုထဲ
မှာ အထီးကျန်စွာနဲ့ ပေါ့။သူမရောက်နေတဲ့
အနီးအနားမှာ ရေပန်းတစ်ခုရှိတယ်။ သူမ
အမှောင်ထုမှာ ဟိုဒီလျှောက်စမ်းရင်းရေပန်း
နဲ့ ကပ်နေတဲ့ မီးခြစ်ကလေးတစ်လုံးကို
တွေ့လိုက်ရတယ်။
မီးခြစ်ကလေးဟာသက်တမ်း
ကြာမြင့်ပုံ ပေါ်တာကြောင့် မီးခြစ်အသွားဘီး
လေးတွေကို ခက်ခက်ခဲခဲ ခြစ်ယူရတယ်။
မီးစကလေးဖွားခနဲ လင်းလာတဲ့
အခါ သူမပထမဆုံးတွေ့မြင်ရတာတော့
ကြီးကြယ်ခမ်းနားလှတဲ့ စားသောက်ဖွယ်ရာ
တွေ ခင်းကျင်းထားတဲ့ စားပွဲခုံရှည်တစ်ခုပါပဲ
စားပွဲရဲ့ အလည်တည့်တည့်က ပန်းအိုးက
လေးမှာတော့ စွတ်ပျံ့ဖွယ် အနံ့ရှိတဲ့ ခရမ်း
ရောင်ပန်းလေးတွေကို သပ်ရပ်စွာ အလှဆင်
ထားတယ်။သူမ မှင်သက်နေမိတုံး မီးပွားက
လေးက ပျောက်ကွယ်သွားတော့တယ်။
ပျောက်ဆုံးသွားတဲ့ စားသောက်ဖွယ်ရာ တွေ
ကို နှမျောတသ ဖြစ်စွာငေးကြည့်နေရင်းက
မီးခြစ်ကလေးကို နောက်တစ်ခါ ခြစ်ကြည့်ဖို့
ကြိုးစားကြည့်တယ်။ ဒုတိယအကြိမ် မီးပွား
ကလေး လင်းလက်သွားတဲ့အခါ သူမရှေ့မှာ
ရွှေရောင်ဖိတ်ဖိတ်တောက်နေတဲ့ အဝတ်ဗီ
ဒို တစ်လုံးကိုတွေ့လိုက်ရတယ်။ "လှလိုက်
တာ"သူမ ယောင်ယမ်းရေရွတ်မိတယ်။
သူမ ဘဝမှာ မမြင်ဖူးသေးတဲ့ အဝတ်အစား
ပုံစံတွေပေါ့။ ရွှေရောင်ဖိတ်ဖိတ်တောက်နေ
တဲ့ အကျီင်္ကလေးတွေ ။မီးခိုးရောင်ပိုးစ
အပေါ်မှာ နှင်းဆီပွင့်ရဲရဲလေးတွေ အစီအရီ
ကပ်ထားတဲ့ အကျီင်္ကလေးကို လှမ်းကိုင်
ကြည့်မိတယ်။
ဒုတိယအကြိမ်မီးစလေး
ပျောက်ကွယ်သွားတဲ့အခါ မီးအလင်းရောင်
တွေကတော့ မပျောက်ကွယ်သွားပါဘူး။
ဘာကြောင့်လည်းဆိုတော့သူမ မီးခြစ်ခြစ်
နေတုန်းမှာ ယောင်ယမ်းပြီး ကြယ်မီးပန်းလေး
တစ်ခုကို ကိုင်ထားမိလို့ပါ။
ကြယ်မီးပန်းကလေးရဲ့ အလင်းနဲ့အတူ မီးခိုရောင်အကျီင်္ကလေးကို သူမအနားဆွဲယူ ကပ်ကြည့်မိတဲ့အခါ အကျီင်္ကလေးဟာ အဆင်သင့်ဝတ်ပြီးသားဖြစ်သွားတော့တယ်။"ချစ်စရာ"သူမ နောက်တစ်ကြိမ် ရေရွတ်မိတာ
ပါပဲ။
ကြယ်မီးပန်းလေးရဲ့ အလင်းရောင်ဟာ
ပျောက်ကွယ်သွားပါတယ်။ အောက်တိုဘာလ
ရဲ့ အချမ်းဒဏ်ဟာ သူမဘေးနားမှာရစ်သိုင်း
လို့လာတယ်။ မြူ တွေကြားမှာ မီးအလင်းရောင်
တောင်မရှိတဲ့ သူမဘဝဟာ အထီးကျန်ခက်ခဲ
လှပါတယ်။
ဒီလိုနဲ့လက်ထဲက မီးခြစ်ကလေးကိုနောက်တ
စ်ကြိမ် ခြစ်မိပြန်တယ်လေ။ဒီတစ်ကြိမ်မှာ
တော့ အလင်းရောင်ဟာ ပျောက်ကွယ်မသွား
တော့ဘူး။ လင်းထိန်နေတဲ့ လှေကားထစ်
နံရံကြီးဆီက ကျယ်လောင်တဲ့ အသံကိုကြား
လိုက်ရတယ်။ "ဝင်လာပါ ကလေး ဒါဟာမင်း
အတွက် မီးခြစ်ကလေးရဲ့ နောက်ဆုံးအခွင့်
အရေးဖြစ်ပါလိမ့်မယ် ဝင်လာခဲ့ပါ။"
လှေကားထစ်တွေကို လှမ်းမြင်ရပေမယ့် သူမအရှေ့မှာခါးတစ်ဝက်မြင့်တဲ့ ခြံစည်းရိုး
ကလေးတစ်ခု ကာရံထားတယ်။
တစ္ဆေ တစ်ကောင်လို ဖြူ လွှလွှအသား
အရည်ရှိတဲ့ ကောင်လေးတစ်ယောက် လှေ
ကားထစ်တွေဆီက ဆင်းလာတယ်။ သူက
သူမထက်အရပ်ရှည်ပြီး အသက်အနည်း
ငယ်ပိုကြီးပုံပေါ်တယ်။ခြံစည်းရိုး တံခါးကို
လာဖွင့်ပြီးနောက် သူမကို လက်ကမ်းလိုက်
တယ်။ အဆင့်သင့်ကမ်းလာတဲ့ လက်ဖဝါး
ကို ဖွဖွကိုင်ရင်း ခြံစည်းရိုးအတွင်းကို ဝင်
လာခဲ့တယ်။ "ငါတစ်ခါမှ ဒီလိုနွေးထွေးပူ
နွေးမှုမျိုးကို မခံစားခဲ့ရဘူး။ ငါဟာ မိသားစု
နဲ့ အတူနေထိုင်ပေမယ့် ရေခဲပြင်ထဲမှာ
လဲလျောင်းနေခဲ့ရသလိုပဲ "ဒါကတော့ သူမ
တစ်ယောက်တည်း တွေးနေမိတဲ့ စိတ်ခံစား
မှုတွေပေါ့။
လှေကားထစ်ကို လှမ်းမြင်လိုက်ရတဲ့အခါ သူမ လမ်းမလျှောက်ရဲလောက်အောင်တွန့်ဆုတ်နေမိတယ်။ လှေကားထစ် အပေါ်ဆုံးအမြင့်
တစ်နေရာ အထိ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲချ ထားတဲ့ တလက်လက်တောက်ပနေတဲ့ သကြားလုံးလေးတွေ အပြည့်ပါပဲ။
သကြားလုံးတွေ ရဲ့အရောင်ဟာ
တောက်ပပြီး ချစ်စဖွယ်ကောင်းလွန်းလို့ သူမ
ခမျာ မနင်းရက်ရှာဘူးပေါ့။ အရပ်ရှည်ရှည်
ကောင်လေးက -"မင်းအတွက် တို့တွေပြင်
ဆင်ထားတာပါ ရဲရဲသာတက်ခဲ့ပါ" ။ သူမ လှေကားထစ်အဆုံးကို ရောက်သွားတဲ့အခါ
မီးရောင်မလင်းမဖျော့ ကပွဲကလေးတစ်ခု
ကိုတွေ့တယ်။ သမင်မှန်း ဒရယ်မှန်း ခွဲခြား
မရတဲ့ ဦးခေါင်းခွံနဲ့ လူခန္ဓာကိုယ် ဝတ်ရုံ
နတ်ဝတ်ဆင်ထားသူ တစ်ယောက်ကတော့
ပုလ္လင်ပေါ်မှာ ထိုင်နေတယ်။ ကလေးထိန်း
နေတဲ့ တစ္ဆေအမျိုးသမီး တစ်ယောက်ကို
လည်းတွေ့ရတယ်။ကလေးငယ်တစ်ယော
က်ကတော့ သူရဲ့ပျောက်ဆုံးနေတဲ့ မျက်လုံး
တစ်ဖက်ကို ပြန်ရှာနေတယ်။ ဝဖိုင့်ဖိုင့် မံမီ
ဗိုက်ပူတစ်ကောင်ကတော့ သူရဲ့စနေနဲ့ည
စာကို အားပါးတရစားနေပါတယ်။ သူမကို
လည်း လှမ်းခေါ်လိုက်ပြီး ထမင်းပန်းကန်းထဲ
ဟင်းတွေ ခပ်ထည့်ပေးတယ်။ သကြားလုံး
တစ္ဆေတစ်ယောက်ရှိတယ်။ သူ့ကို သကြား
လုံးတစ္တေ(သို့မဟုတ်)ရယ်မောဖို့လိုတဲ့
တစ္ဆေ လို့ခေါ်ကြတယ်။ ဗိုက်ပူမံမီကြီးဟာ
စင်မြင့်ပေါ် တက်သွားပြီး အပီအပြင်သီချင်း
ဆိုတော့မယ့် ပုံပေါ်တယ်။ "ကျနော်နဲ့ အတူ
Performance လုပ်ဖို့ မီးခြစ်ကောင်မလေး
ကို ဖိတ်ခေါ်ပါတယ်။ "
"ကျွန်မလား "သူမ ပြာတိပျာယာ မျက်ရိပ်
မျက်ကဲ ပြပြီးမေးလိုက်တယ်။ ဗိုက်ပူမံမီက
ခေါင်းညိမ့်ပြတယ်။သူမ စင်ပေါ်တက်သွား
တဲ့အခါ ပြုံးကြည့်နေတဲ့ အရပ်ရှည်ရှည်
ကောင်လေးကို လှမ်းတွေ့ရတယ်။
ဒီညမှာ အားလုံးကိုပျော်စေ့ချင်တယ် ။
အားလုံးဟာ မိသားစုဝင်တွေပဲ မဟုတ်လား။
"မိသားစု "ဒီစကားလုံးက သူမမိသားစုမှာ
တောင် အသုံးနည်းတဲ့ စကားလုံးပဲ။ ဘယ်လိုပဲဖြစ်စေမိသားစုဆိုတဲ့ စကားလုံးဟာ သူမအတွက် နှလုံးပူနွေးစေတာပဲ ။
ဗိုက်ပူမံမီ က"အားလုံးရလောက်
မယ်လို့ ထင်တယ်။ ပြီးတော့ ကျနော်တူ
လေးကို စင်မြင့်ပေါ်ကို ဖိတ်ခေါ်ပါတယ်။
ဗိုက်ပူမံမီရဲ့ တူလေးဆိုတာ အရပိရှညိရှည်
ကောင်လေးပါ ။(တကယ်တော့ သူတို့က
တူအရင်း ဟုတ်ချင်မှဟုတ်လိမ့်မယ်။ အား
လုံးက မိသားစုအရင်းတွေလို အချင်းချင်း
သဘောထားခဲ့ကြတာ။)
ဗိုက်ပူမံမီ-"One...Two ...Three..GO.."
သူတို့သုံးယောက်လုံး မိုက်ကရိုဖုန်းကိုကိုင်
ရင်း
"Because we all
We all are shooting star
I am the light in the dark
For everyone of you ;there is a song
From outer space above to your hearts
When you hold you head up height
And look up into the night
I'm falling out of the sky
I'm falling out of the sky
Cause we are shooting star
Light it up
Be who you are.."
ကချင်သလို ကခုန်နေကြတဲ့ တစ္တေတွေ
ကိုတွေ့ရတာ ပျော်စရာပါ။ သူမလည်း ပုံ
ဆိုးပန်းဆိုး ကခုန်နေပါတယ်။ zoombie
တစ်ကောင်ရဲ့ အကဆိုလား။ (ခေါင်းကို
ကုန်းပြီးလက်တွေကို လေးလေးကန်ကန်
အရှေ့ကို ပစ်ထားတာလေ။ )နာရီ အက
ဆိုတာ ရှိသေးတယ်။ Tick -top
Tick-Top သံပတ်နာရီ ရဲ့ အသံနဲ့ လိုက်
ကရတာ။
ရုတ်တရက်အသံတွေ တိတ်ဆိတ်သွားတယိ
ပုလ္လင်ပေါ်က ဝတ်ရုံနတ်နဲ့ သမင်ဦးခေါင်းက
လှမ်းပြောတယ်။ "မနက်မိုးသောက် အလင်း
ရောက်တော့မယ် မိန်းကလေး။ ဒါဟာ မင်း
ငါတို့ကို နောကိဆုံးတွေ့ရမယ့် အချိန်ပဲ။
မင်းအနေနဲ့ မီးခြစ်ကလေးရဲ့ နောက်ဆုံး
အကြိမ်အခွင့်အရေး ဖြစ်လို့ ငါတို့ဆီ ပြန်
လာနိုင်စရာအခွင့်အရေး မရှိတော့ဘူး။
မံမီဦးလေးကြီးက ငိုနေရင်းနဲ့ "ငါတို့ပြန်တွေ့
နိုင်စရာ မရှိတော့ဖူးပေါ့နော်"။
ဝတ်ရုံနက်က-"မိန်းကလေးရဲ့ ရွေးချယ်မှု
ပဲ ။ မင်းဒီမှာ တစ်သက်လုံးနေသွားလို့ ရ
တယ်။ ဒါပေမယ့် မင်းဟိုဘက်ကမ္ဘာကို
ပြန်သွားနိုင်ဖို့ မရှိတော့ဘူး။"
အမျိုးသမီး ငယ်လေးဟာ အစမှာ တုန်လှုပ်
သွားပါတယ်။ တဖြေးဖြေး သူမရဲ့ အထီးကျန်
ပျင်းရိဖွယ် အေးစက်စက်ရေခဲပြင် ဘဝ
ကို မြင်ယောင်လာတယ်။ မီးပန်းတွေ ရောင်း
မကုန်ရင် အရိုက်ခံရမယ်။ တစ်လျောက်လုံး
သူမဘဝဟာ အေးစက်စက်နဲ့ ရှင်သန်လာ
ခဲ့တာ။ မိသားစုဆိုတဲ့ အနက်အဓိပ္ပါယ် ကို
သူမဒီကမ္ဘာမှာသာ တို့ထိစမ်းသပ်ခွင့်ရခဲ့
တာ မဟုတ်လား။
များစွာသောအတွေးတွေ တွေးပြီးနောက်မှာ
"အာရုံတက်တော့မယ် မိန်းကလေး
မင်းမှာ မိနစ်အနည်းငယ်ပဲ လိုတော့တယ်။"
"ကျွန်မ ဒီဘက်ကမ္ဘာမှာပဲ နေသွားတော့မယ်
"
ဖြူ လွှလွှ ကောင်လေးနဲ့ မံမီဦးလေးကြီးကို
ပြုံးပြရင်းကသူမ လှမ်းပြောလိုက်တယ်
နောက်တစ်နေ့ရဲ့ မနက်ခင်းတစ်ခုမှာ
လူစည်ကားရာ ဥယျာဉ်ငယ်တစ်ခုမှာပေါ့
ရေပန်းကလေးရဲ့ အနီးနားမှာ
မီးခြစ်ကလေးကို ကိုင်ထားရင်း
မီးရှူးမီးပန်းတွေကို ထွေးပွေ့ထားတဲ့
နှင်းတွေကြားမှာ အေးခဲနေသော်လည်း
နွေးထွေးတဲ့ အပြုံးရှိတဲ့
ကလေးမလေးတစ်ယောက်ရဲ့
ရုပ်အလောင်းကို တွေ့ကြရမှာဖြစ်တယ်။
လူတွေကတော့ သူတို့ဝသီအတိုင်း
သနားသလိုလို ကဲ့ရဲ့သလိုလို ဘာလိုလို
ညာလိုလိုတွေ ဝေဖန်ပြောဆိုနေကြတာပါပဲ။
မိန်းကလေးဟာ အခြားကမ္ဘာငယ်လေးတစ်
ခုရဲ့ နွေးထွေးမှုတွေကြား
ချမ်းမြေ့ပျော်ရွှင်စွာ ရှိနေတဲ့ အကြောင်းကို
တော့ သူတို့ဘယ်တော့မှ သိလိမ့်မှာ
မဟုတ်ပါဘူး။
ဒိုဒို
31.10.2017
Comments
Post a Comment