Mary and Max(2009)movie

ခင်မင်မှုက စတဲ့ပုံပြင်တွေဘယ်လောက်
ခပ်များများ ကျနော်တို့ ရင်းနှီးကြ
မလဲ။တစ်ချို့ပုံပြင်တွေက ရင်းနှီး
မှုကစကြတယ်။ဟုတ်ပါတယ် ပုံပြင်ကလေးက ဒေသမတူတဲ့ အထီးကျန် လူနှစ်ယောက် ကစခဲ့တယ်။သြစတေးလျ ရဲ့နီညိုရောင် အိမ်ကလေးမှာ ဖဲကြိုးနီနဲ့ ချစ်စဖွယ် ကောင်မလေးတစ်ယောက်ရှိခဲ့တယ်။တနင်္ဂနွေတွေမှာ သူမဟာ ဖြတ်သွား ဖြတ်လာလူတွေ ကိုပြတင်းပေါက်
ကငေးကြည့်နေတက်တယ်။ တစ်ခါတလေ
တော့လည်း homophobia လို့ခေါ်တဲ့အပြင်
ထွက်ရမှာကြောက်တဲ့ ရောဂါဖြစ်နေတဲ့ ဘေး
အိမ်ကအဘွားကို ပြုံးပြတက်ပြန်တယ်။ သူမရဲ့တနင်္ဂနွေတွေဟာသိပ်အထီးကျန်ပါတယ်။မေရီဟာ သူမနဲ့အတူ ကုန်းပိုးကစား
ဖို့ သူငယ်ချင်းတစ်ယောက် ယောက်ချင်ခဲ့
တယ်။မေရီရဲ့ ခံစားချက်ပြ လက်စွပ်ကလေး
ဟာအညိုရောင် ပြောင်းလို့နေတယ်။ ဆိုလို
ချင်တာကမေရီဟာ လတ်တလော ခံစားချက် ပြင်းပြပြီး ဆာလည်း ဆာလောင်နေပါတယ်။
သူမ မှာ သူငယ်ချင်းတွေ အများအပြား ရှိပါတယ်။ သူတို့တွေကတော့ နော့ဘလက်
လေးတွေ ပါပဲ။ နော့ဘလက်ကလေးတွေကို
ဈေးဆိုင်မှာ ဝယ်လို့မရနိုင်ပါဘူး။သူမကိုယ်
တိုင် ခရုခွံကလေးတွေ ဘောလုံးကလေးတွေ
ကြက်ရိုးကလေးတွေကိုသုံးပြီးပြုလုပ်ထားတဲ့အရုပ်ကလေးတွေပါ။သူမအနှစ်သက်ဆုံး
ကတော့ သူမကိုယ်တိုင် အာလူးချောင်းကြော်
ထည့်ဖို့ ပြုလုပ်ထားတဲ့ အိတ်ကလေးတွေပါပဲ
မေရီရဲ့ အဖေကတော့ စက်ရုံမှာ လက်ဖက်
ခြောက်ထုတ်တွေ ကြိုးနဲ့ချည်ရတဲ့ အလုပ်
လုပ်ပါတယ်။သူမအကြိုက်ဆုံး လက်ဖက်
ခြောက်ထုတ်ကတော့Earl Greyပါပဲ။သူမဟာ တစ်နေ့မှာ Earl Greyလို့ခေါ်တဲ့လူ
တစ်ယောက်နဲ့ လက်ထပ်ချင်ခဲ့တယ်။
Earl Greyနဲ့ လက်ထပ်ပြီး ကလေးကိုး
ယောက် ဘဲနှစ်ကောင် ကယ်ဗင်လို့ခေါ်တဲ့
ခွေးကလေး နဲ့အတူ နန်းတော်မှာနေကြမယ်
သူမအဖေရဲ့ ဝါသနာကတော့ သစ်သားထိုင်
ခုံမှာ ထိုင်ပြီး ဘေလီအိုင်ရစ် ခရင်သောက်
ခြင်းနဲ့ လမ်းပေါ်က ငှက်အသေကောင်တွေ
ကို ရုပ်လုံးသွင်းရတာပါပဲ။ မေရီကတော့သူ
မ အဖေကို ငှက်အသေကောင်တွေ ထက်
သူမကို အဖော်ပြု ပေးစေချင်ခဲ့ပါတယ်။
သူမဟာ ညီအကို မောင်နှမတွေ လည်းရှိချင်
ခဲ့တယ်။အိမ်နီးချင်း အဘိုးတစ်ယောက်ပြော
တာတော့ကလေးတွေဟာသူတို့အဖေတွေက ဘီယာခွက်ထဲ ကနေရှာတွေ့ကြတာတဲ့ မေရီ တွေးနေမိတယ်။သူလည်း မကြာခင်
မှာ ဆုံးသွားတာပဲ။ မေရီကတော့ သူ့ကိုလွမ်း
တယ်။ အဘိုးရဲ့ အုတ်ဂူရှေ့ ကဗျာရွတ်ပြ
လေ့ရှိတယ်။သူမနဲ့ အကျွမ်းတဝင်ရှိသူ
တစ်ယောက်ရှိပါသေးတယ်။အဲ့ဒါကတော့
သူမရဲ့အမေပါ။ မေရီရဲ့ အမေဟာ မုန့်ဖုတ်
နေရင်း ခရစ်ကတ် သတင်းနားထောင်ရတာ
နှစ်သက်သူပဲ။ သူမအဓိက သဘောကျတဲ့
အရာကတော့ ရှယ်ရီဝိုင်ပဲ။မေရီဟာ သူမအမေ ဘာကြောင့် ခဏခဏချေးငှါးနေရ
သလဲ ဆိုတာနားမလည်ခဲ့ဘူး။ ပြီးတော့ ဈေး
ဆိုင်တွေမှာ ပစ္စည်းတွေကို သူမအကျီင်္ထဲဖွက်
ယူတက်သေးတယ်။ အမေကတော့ plastic
တွေ ချွေတာတာလို့ ပြောတာပဲ မေရီတစ်
ယောက် နားမလည်ခဲ့ဘူး။ မေရီဟာ အတွေး
စကို ဖျက်လိုက်တယ်။ မိုးရေထဲက သူမရဲ့
ကြက်ဖကလေး ကို အိမ်ထဲသွင်းတယ်။ ကြက်ဖကလေးက သားသတ်ကားပေါ်က
လိမ့်ကျ လာတာကို သူမအဖေရှာတွေ့ခဲ့တာ
လေ။ ပြီးတော့ နော့ဘလက် ကာတွန်းကား
ကြည့်တယ်။ နော့ဘလက်တွေက ရေနွေး
အိုအညိုရောင်ထဲမှာရှိကြပြီးသဘောအကျဆုံး အချက်ကတော့ နော့ဘလက်တွေမှာ သူ
ငယ်ချင်း အများအပြား ရှိကြတယ်။ သူမလို
အထီးမကျန်ကြဘူးလေ။ သူမဟာ ခေါင်မိုး
ပေါ်က မိုးစက်တွေအသံကြားရတာ
ရေစိုနေတဲ့ ကြက်ဖကလေးရဲ့ အနံကိုရတာ
နို့ဆီဘူး ထဲကအရသာကို ခံစားရတာ
လောက်ဘယ်အရာမှမကောင်းဘူးလို့ထင်တယ်။

နယူးရောက်မှ စိတ်ရောဂါသည် အဘိုးအို

ဒီအချိန်မှ Max ဆိုတဲ့ အမည်ရှိတဲ့လူတစ်
ယောက်ဟာလည်း နော့ဘလက် ကာတွန်း
အစီအစဉ်​ ကြည့်နေပါတယ်။Maxမှာ တီဗီ
နှစ်လုံးရှိတယ်။ တီဗီသေးလေး ကရုပ်မြင်ရပြီ
းအသံ မကြားရဘူး။ တီဗီအကြီး ကအသံ
ကြားရပြီး ရုပ်မမြင်ရဘူး။သူ့အသက်ဟာ လေးဆယ့်လေးနှစ် ရှိပြီးနော့လက်တွေကို
သဘောကျတယ်။ ဘာလို့လဲဆိုတော့
နော့ဘလက်တွေ ဟာနားလည်ရလွယ်ပြီး
သူငယ်ချင်း အများကြီးလည်းရှိတယ်လေ။
Maxမှာ  အိပ်မပျော်တဲ့ရောဂါ ရှိတယ်။အဲ့ဒါ
ကြောင့် သူဟာညဘက်တွေမှာ တီဗီကြည့်
ရင်း ငါးစာဖမ်းရင်း အချိန်ဖြုံးရတယ်။ညဘက်ချိန်တွေ ဆို သူစိတ်ထဲကသိုးကောင်
ရေတွေ ရေတွက်မလားလို့ စိတ်ကူးတယ်။.
ဒါမှမဟုတ် ချောကလက်ဟော့ဒေါ့ စားရင်
ကောင်းမလား လို့ ပေါ့။ဒါပေမယ့် လည်း
နှစ်ခုစလုံး မလုပ်ဖြစ်တာ များခဲ့ပါတယ်။
Maxမှာ ဟင်နရီ အမည်နဲ့ ငါးတွေရှိခဲ့တယ်။
အခုသူမွေးထားတဲ့က ကိုးယောင်မြောက်
ဟင်နရီပဲ။ ဟင်နရီတစ်ကောင် ပြီးတစ်
ကောက် သေဆုံးခြင်းကလည်း Maxကို
စိတ်ထိခိုက်စေတယ်။

ဈေးဝယ်ထွက်တဲ့ နေ့တစ်နေ့ပါပဲ
မေရီတစ်ယောက် သူမအမေနဲ့ထွက်လာခဲ့
တယ်။သူမအမေဟာသည်လိုပဲစာအိတ်တွေ
ငှါးနေကျ၊(တကယ်တော့ မေရီရဲ့အမေဟာ
ဈေးဆိုင်ကပစ္စည်းတွေအကျီင်္ထဲဖွက်နေတာပါ)မေရီ ကတော့မသိပါဘူး။ ဘေးနားက
စာအုပ်တွေ ဟိုဒီလျှောက်ကြည့်နေမိတယ်။
သူမထောင့် တစ်နေရာ မှာနယူးရောက်လို့
ရေးထားတဲ့ စာအုပ်တစ်အုပ်ကိုတွေ့တယ်။
ဖုန်းနံပါတ်တွေ အများကြီး ရှိတဲ့ ဖုန်းစာအုပ်
တစ်အုပ်ပါပဲ။ နယူးရောက်ကလူတွေဟာ
နာမည်အထူးအဆန်းတွေ ပေးကြတယ်လို့
သူမတွေးနေမိတယ်။ သူတို့ရဲ့နာမည်နဲ့
သူတို့ရဲ့ပုံသဏ္ဍာန်တွေမှန်းစကြည့်နေမိတယ်။ အမေရိကန်က ကလေးတွေ ဘယ်က
လာကြသလဲ။ သူတို့ဟာ ကိုကာကိုလာ
သောက်တာ များကြတော့ ကိုကာကိုလာ
ဘူးတွေထဲ ကလာတယ်လို့ သူမထင်တယ်။
အမေရိကန် တစ်ယောက်ဆီ စာရေးပြီးက
လေးတွေ ဘယ်ကလာသလဲ မေးရမယ်လို့
သူမ စိတ်ကူးတယ်။အဲ့ဒီညမှာပဲ သူမစာ
ရေးတယ်။

ချစ်လှစွာသော Max ကျွန်မနာမည်က
Mary Daisy Dinkle
ကျွန်မအသက်ကတော့ ရှစ်နှစ်သုံးလနဲ့ ကိုးရက်ပါ။ ကျွန်မအကြိုက်ဆုံးအရောင်က
အညိုရောင်ပါ။ ကျွန်မအနှစ်သက်ဆုံးအစား
အစာက ချိုမြတဲ့ နို့ဆီဖြစ်ပြီးချောကလက်တွေ
လည်း တော်တော်လေကြိုက်ပါတယ်။ကျွန်မ
မှာ အီသယ်လို့ခေါ်တဲ့ ကြက်တစ်ကောင်ရှိ
ပါတယ်။ သူဥ မအုပါဘူး ဒါပေမယ့် သူတစ်
နေ့ဥ လာလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။
အဖေကတော့ သူရဲ့ တဲအိမ်လေးထဲမှာငှက်
အသေတွေနဲ့ ကစားရတာနှစ်သက်ပါတယ်။
အမေရိကန်ရဲ့ ကလေးတွေဟာ ဘယ်က
လာကြပါသလဲ သူတို့ဟာ ကိုကာကိုလာဘူး
ထဲကလာကြ သလား။ သြစတျေးလျမှာတော့
ကလေးတွေဟာ ကိုကာကိုလာ ဘူးထဲကလာ
ကြပါတယ်။ ကျွန်မရဲ့ ပုံဆွဲလိုက်ပါတယ်။
ကျွန်မ နားရွက်တွေတော့ ကောင်းကောင်း
မဆွဲတက်ပါဘူး။ ဒါပေမယ့်သွားတွေတော့
တော်တော်လေးတူအောင်ဆွဲနိုင်ပါတယ်။
သင်ကျွန်မကို စာပြန်ပြီး ကျွန်မရဲ့သူငယ်
ချင်း ဖြစ်လာနိုင်ရင်ကောင်းမှာပါ။

သင်၏ ချစ်လှစွာသော
                                   Mary Daisy Dinkle
စာကြွင်း။ သင်ချောကလက်တွေ ကြိုက်မယ်
လို့ထင်ပါတယ်။ ချောကလက်တစ်ချောင်း
ကျွန်မ ထည့်ပြီးပို့ လိုက်မယ်။ cherry wipeလို့ခေါ်တယ်။

Max ဟာ ကြာသပတေးနေ့တွေ မုန်းပါတယ်
သူဟာ တစ်ခုခု အသစ်အဆန်း ကြုံလာတိုင်း
ပြင်းပြင်းထန်ထန် ခံစားရလေ့ရှိတယ်။
ခုဆိုရင် သူရဲ့ ညတွေဟာ ပိုလို့ဆန်းကြယ်
လာတော့မယ်။ သူဟာမေရီရဲ့စာကို
လေးကြိမ်တိုင် ဖတ်လိုက်ရတယ်။
Maxရဲ့ စိတ်ရှုပ်ထွေးလွယ်တဲ် အခြေအနေ
ဟာမေရီရဲ့ စာကြောင့် ပိုပြီးရှုပ်ထွေးလာ
ရတယ်။ သူဟာ စိတ်ငြိမ်သွားအောင် ပြတင်း
ပေါက် ကို ၁၈နာရီကြာငေးကြည့်လိုက်ရ
တယ်။
စိတ်ငြိမ်သွားပြီးနောက် သူစာတစ်စောင်
ပြန်ရေးလိုက်တယ်။

မေရီ မင်းဆွဲထားတာ မင်းရဲ့ပုံတူ ဖြစ်မယ်
ထင်တယ်။ ငါသြစတျေးက တစ်ယောက်နဲ့
မှ စကားမပြောဖြစ်ခဲ့ဖူးဘူး။ပထမဆုံးမင်း
ရဲ့ မေးခွန်းကို ဖြေပါရစေ။ကလေးတွေဟာ
ကိုကာကိုလာ ဘူးထဲက ထွက်လာကြတာ
မဟုတ်ပါဘူး၊ဒီလိုမေးခွန်းမျိုး ငါလေးနှစ်
လောက်တုံးက အမေ့ကိုမေးခဲ့ဖူးတယ်။
ဂျူး ကလေးတွေဟာ ဂျူး ဘုန်းကြီးတွေရဲ့
ဥက ပေါက်ဖွားလာကြတာပြောတယ်။
မင်းက ဂျူးမဟုတ်တော့ ခရစ်​ယာန်​သီလရှင်
ဆီက ပေါက်ဖွားလာတာ ဖြစ်လိမ့်မယ်။
ကျုပ်ရဲ့ အိမ်မှာ ငါးတစ်ကောင်ရယ် ခရု
ကလေးတွေ ရယ် ကြက်တူရွေးရယ် Hal
လို့ခေါ်တဲ့ ကြောင်တစ်ကောင်နဲ့အတူ နေတယ်။Halitosis ဆိုတာ သူခံစားရ
တဲ့ အဖြစ်အပျက်ရဲ့ အတိုကောက်ပါပဲ။
မင့်မှာ အိမ်မွေး သားပိုက်ကောင်ရှိလား။
ကျုပ်အဖေက ကျုပ်နဲ့ကျုပ်အမေကို အစ္စရေး
လယ်တော တစ်ခုမှာ ပစ်ထားခဲ့တာ။
ကျုပ်ခြောက်နှစ်သားလောက်မှာ အမေက
ဦးလေး သေနတ်နဲ့ ကိုယ့်ကိုကိုယ် အဆုံးစွ
ရင်သွားခဲ့တယ်လေ။အဲ့ဒါနဲ့ ကျုပ်လည်း
Mr Ravoliလို့ ခေါ်တဲ့ စိတ်ကူးယဉ်သူငယ်ချင်
းတစ်ယောက်ကို ဖန်တီးထားတယ်။
ကျုပ်ရဲ့ စိတ်ရောဂါကုဆရာဝန်ကတော့ ကျုပ်သူ့ကို မလို အပ်တော့ဘူးလို့ ပြောတယ်။
အဲ့ဒီတော့ သူထောင့်မှာပဲ ရပ်နေရတာပေါ့။
လွန်ခဲ့တဲ့ အပတ်က ကျုပ်ဆေးလိပ်ဖင်စီခံ
၁၂၈ခု ကောက်ရတယ်။ လူတွေဘာလို့
ဒါလောက် အမှိုက်ပစ်ကြလဲ ကျုပ်နားမလည်
ဘူး။ ကျုပ်ထီထိုးရတာ ကြိုက်တယ်။ ကိုးနှစ်
ကြာ ဂဏန်းတူတူ ပဲထိုးခဲ့တယ်။ဒါပေမယ့်
လည်းခုထိ ထီမပေါက်သေးဘူး။
ကျုပ်ရဲ့ပထမဆုံးအလုပ်က
မြေအောက်ဘူတာမှာ ရထားလက်မှတ်
သိမ်းရတာ ဒုတိယအလုပ်က အစားအစာ
ထုတ်လိုက်ရေးမှာ ကျုပ်က ဂျူးတစ်ယောက်
ဖြစ်ပြီးတော့ ဘုရားသခင်ကို ယုံကြည်ခဲ့ဖူး
တယ်။ဒါပေမယ့် ကျုပ်စာအုပ်တွေ အများကြီး
ဖတ်ပြီး ကတည်းက ဘုရားသခင်ဆိုတာ
စိတ်ကူးသက်သက် ဆိုတာသေချာစေခဲ့
တယ်။ လူတွေဝါ ဘုရားသခင်ကို ယုံကြည်
ချင်ကြတယ်။ သူတို့ရဲ့ ခက်ခဲတဲ့ ပြသနာ
တွေကို ဖြေရှင်းပေးစေချင် ကြတယ်။
ကျုပ်က ဘာသာမဲ့ ဖြစ်ပေမယ့် ဂျူးဦးထုပ်ကို
ဆောင်းဆဲပါပဲ ဘာလို့လဲဆိုတော့ ခေါင်းနွေး
စေတယ်လေ။ကျူပ်ရဲ့တတိယအလုပ်ကတော့ ပစ္စည်းသစ်
တံဆိပ်​ ထုတ်တဲ့ ကုမ္ပဏီမှာပဲ လူတွေတစ်
ယောက်နဲ့ တစ်ယောက်ပစ်ဆော့ ကြတဲ့
ပလတ်​စတစ်​ အဝိုင်းလေးတွေ။
ကျပ်ရဲ့ စတုတ္ထမြောက်အလုပ်ကတော့
ဂျူ ရီ အဖွဲ့ဝင်အဖြစ်ပေါ့။ နောက်တော့ ကျုပ်
ဟာစိတ်ရောဂါ သည်တစ်ယောက်ဆိုတာ
သိသွားကြတာနဲ့ အလုပ်ထုတ်လိုက်ကြတယ်
ကျုပ်ရဲ့ ပဉ္စမမြောက်အလုပ်ကတော့ အမှိုက်
ကောက်တဲ့ အလုပ်ပါပဲ။ကျုပ်လည်း ပျင်းတာနဲ့ တစ်ခါတလေ ကြယ်စင်စု စက်ရုပ်
လိုဟန်ဆောင်ကြည့်တယ်။ အဲ့သည်လိုနဲ့
တစ်ယောက်ကတွေ့သွားပြီး ကျုပ်ရဲစခန်း
ရောက်သွားရတယ်။ ရဲတွေက ကျုပ်ဟာ စိတ်
ဝေဒနာသည်တစ်ယောက်ဆိုတာ သိနေတာ
နဲ့ ကျုပ်ဟာ ကျုပ်ကိုယ်တိုင်ကလွဲရင်တစ်ခြား
သူကို ထိခိုက်အောင်မလုပ်နိုင်တာ သေချာ
တာနဲ့ပဲ လွှတ်ပေးလိုက်တယ်။ကျုပ်ရဲ့
ဆဋ္ဌမမြောက်အလုပ်ကတော့ အမေရိကန်
စစ်တပ် အတွက်ပါပဲ။ကျုပ်ဟာ ဂဏန်းတွက်
တော်တဲ့အတွက် အမေရိကန်စစ်တပ်အ
တွက် လိုအပ်တဲ့ဘောပင်အရေအတွက်ကို
တွက်ချက်ပေးရတယ်။ နောက်တော့ ကျုပ်ကို
လျှို့ ဝှက်အဖွဲ့ တစ်ခုရဲ့ အဖွဲ့ဝင်ထင်ကြတာ
နဲ့ စစ်မေးကြပြန်ရော။ကျုပ်ဟာ ကွန်မြူ နစ်
အဖွဲ့ဝင် ဖြစ်ခဲ့ဖူးကြောင်း မပြောခဲ့ပေမယ့်
အဖွဲ့ကနေ ထွက်ခဲ့ရပြန်တယ်။ကျီးကန်အဆိတ်ခံရဖူးလား။ ကျုပ်ကိုးနှစ်သားတုန်းက ကျီးကန်းဆိတ်တာ
ခံရတာနဲ့ ခေါင်းမှာ အစင်းရာသုံးခုရခဲ့တယ်။
ကျုပ်အပြင်ထွက်တာနဲ့ မျက်လုံးပုံ အဝိုင်းပါ
တဲ့ ဦးထုပ်အနက်ကို ဆောင်းသွားလေ့ရှိ
တယ်။ စင်စစ်တော့ ရယ်စရာကောင်းတယ်
မထင်မိပါဘူး။ ဒါပေမယ့် လူတော်တော် များ
များအတွက် ကျုပ်ဟာ ရယ်စရာဖြစ်ခဲ့တယ်။
ဝိတ်ချဖို့အကြံဥာဏ်တွေရဖူးလား။ ကျုပ်ရဲ့
စိတ်ရောဂါဆရာဝန်ကတော့ ဝိတ်
ချဖို့အကြံပေးတယ်။ဝတဲ့နတ်သူငယ်
တွေက သွားနတ်သမီးတွေလိုပဲ အဆီတွေ
စုက်ယူသွားဖို့အတွက် မျှော်လင့်ရတာပါပဲ။ကျုက်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။
သူ့နာမည်ကအီဗီလို့ခေါ်တယ်။ သူကမျက်
လုံးမကောင်းဖူး ဒါပေမယ့်ကျုပ်အနံ့ကို
တော့သေချာမှတ်မိတယ်။မင်းလေ လည်
ဖူးသလား။ ကျုပ်တော့လေလည်ဖူးတယ်။
ဓာတ်လှေကားပေါ်မှာပေါ့။လူတွေကကျုပ်.
ကိုရိုင်းစိုင်းတယ်လို့ထင်ကြတယ်။ ကျုပ်
နားမလည်တာက ဘာနှယ့်ကြောင့်ရိုးသား
ခြင်းဟာ မသင့်တော်ရပါသလဲ။ထားပါ
တော့ ဒါတွေဟာ ကျုပ်တစ်သက်လုံးနား
မလာခဲ့တဲ့ ညီမျှခြင်းတွေပါပဲ။အဲ့ဒါကြောက့်လည်း ကျုပ်မှာသူငယ်ချင်း
မရှိတာ ဖြစ်နိုင်ပါတယ်။
အမှန်ပဲ မင်းကလွဲလို့ပေါ့။ စစ်မှန်တဲ့သူငယ်
ချင်းဆိုတာ ကျုပ်ရည်မှန်းချင်တွေထဲ ကတစ်
ခုအပါအဝင်ပဲ။ အခြား၂ခုကတော့
နော့ဘလက်တွေအာလုံးပိုင်ဆိုင်ဖို့နဲ့
တစ်သက်တာချောကလက်တွေ ပိုင်ဆိုင်ချင်
တာပါပဲ။ကျုပ်မှာသင့်ကိုပြေားရာကုန်နေပြီ
ကျေးဇူးပြုပြီး စာပြန်ပါ
အ​မေရိကန်က သင်၏မိတ်ဆွေ
Max Jerry Horowitz
စာကြွင်း။မပြုံးတက်တာအတွက် မစိုးရိမ်ပါနဲ့
ကျုပ်နှုတ်ခမ်းတွေလည်း ပြုံးခဲပါတယ်။
ဒါပေမယ့် ဦးနှောက်ထဲမှာ မပြုံးနေတာတော့
ဘယ်ဟုတ်ပါ့မလဲ။ချောကလက်တွေကို
မင်းကိုလာနဲ့တွဲစားသင့်တယ်။ ကြယ်လိပ်တစ်ကောင်ရဲ့ပုံကိုလည်းထည့်ပေးလိုက်တယ်။ ကြယ်လိပ်တွေဟာ ဖင်နဲ့
လည်းအသက်ရှူ လို့ရတယ်ဆိုတာ သင်သိပါသလား ။ကျုပ်မမွေးနေ့မှာ အမေ
ကကိတ်မုန့်ဖုတ်ပေးတယ်။ အဖေကတော့
ကင်မရာတစ်လုံးဝယ်ပေးတယ်။ ပထမပုံက
အိမ်ကကြက်ကလေး အီသယ်ရဲ့ပုံပဲ။
ဒုတိယပုံကကျွန်မပုံ။ တတိယပုံကအိမ်
နီးချင်း ဘွားရဲ့ပုံ။နောက်ဆုံးပုံကတော့
ဘေးအိမ်က ကျွန်မသဘောကျတဲ့ ဂရိ
ကောင်လေးရဲ့ ပုံပါပဲ။သူဟာအမွေးဆီနံ့နံ
ပြီးအသားရည်ချောမွေ့တယ်လို့ထင်တယ်။
အမေပြောတာတော့ သူကစကားထစ်
တယ်တဲ့သူ့ဆီက စကားပြောလာစေချင်
ရင် သူ့ခေါင်းကိုရိုက်ဖို့လိုတယ်တဲ့။
ကျွန်မသူနဲ့ ချစ်သူဖြစ်ချင်တယ်။လက်ထပ်
ပြီးကလေးလေးတွေ လည်းလိုချင်တယ်။
ဒါပေမယ့် လက်တွေ့မှာ ကျွန်မဘီယာ
မသောက်တက်ဘူး။ သြစတျေးလျကကလေး
တွေက ဘီယာခွက်ထဲကနေထွက်လာကြ
တာမဟုတ်လား။ ကျွန်မတို့များများသောက်
တက်ဖို့တော့ လိုလိမ့်ထင်တယ်။ရည်းစား
ထားဖူးလား Max ချစ်သူများနေ့လာတော့
မယ်နော်။ ကျွန်မကတော့သူ့ကိုလက်ဆောင်
ပေးချင်ပါတယ်။
မေရီရဲ့စာဟာ maxအတွက်ဆိုးရိမ်စရာ
တွေဆက်တိုက်ပြောလို့ထားပါတယ်။
Maxဟာ အချစ်ကိုမသိပါဘူး။သူ့အတွကိ
ရေအောက်ဒိုင်ဘင် ထိုးခြင်းအစိမ်းသက်
သက်ပါပဲ။ ပြီးတော့ Maxမှာ ဝမ်းနည်းစရာ
အချစ်ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။မစခင်
ဆုံးတဲ့ ဇာတ်လမ်းပါပဲ။ကြည်နူးစရာ
နဲ့အချစ်ဆိုတာ ဆန်းကြယ်လွန်းလို့
Maxအရှုံးပေးထားရတဲ့ ဘာသာရပ်တစ်ခုပါ။
သူဘယ်လောက်ပဲ အချစ်ကိုလေ့လာ
ရလဒ်ကတော့ အနှုတ်ဘက်ပါပဲ။အချစ်
ရဲ့သဘောတရားဟာ သူ့အတွက် အရွက်သုပ်စင်းဒရစ်လို့ မရင်းနှီးဘူး။
နားမလည်ခြင်းတွေက maxကိုအနိုင်ယူ
သွားတယ်။ သူကစိတ်ဓာတ်ပြင်းပြင်းထန်
ထန်ကြခဲ့ပြီး ရှစ်လလောက်ဆေးကုသ
မှုခံယူလိုက်ရတယ်။အဲ့ဒီအချိန်မှာမေရီဟာ
တွေးရင်းနဲ့ maxရဲ့စာတွေကို စောင့်နေပါ
တယ်။မေရီကလည်း သူ့ရဲ့သိမ်ငယ်စိတ်
ကအနိုင်ယူသွားတယ်။ သူမဟာရုပ်ဆိုး
လို့စာမရေးချင်တော့ဘူးလို့ထင်တယ်။
ဒေါသတွေ သိမ်ငယ်စိတ်တွေအဆုံးမှာ
အနိုင်ယူသွားပြီး Maxရဲ့စာအိတ်တွေ မီးရှို့
ပစ်လိုက်တယ်။Maxကလည်းမေရီကိုသ
တိကနေတယ်။
မေရီဟာ မိုးရွာတဲ့ရက်တွေမှာ ပိုက်ဆံစုဖို့
သူမဘာသာ့ ရုန်းကန်နေရတယ်။Maxရဲ့
ရေဒီယိုခပ်ကြီးကြီးတစ်လုံးက တိုက်ပေါ်က
နေ သရုပ်ဆောင်တစ်ယောက်ရဲ့ ဦးခေါင်း
ပေါ် ပြုတ်ကျလို့။ Maxဟာ လူ့သတ်မှုနဲ့တရား
ဆွဲ ခြင်းခံရတယ်။ ကံကောင်းလို့ Maxရဲ့.
စိတ်ရောဂါ အခြေအနေကြောင့်သာ Maxကို
လွှတ်ပေးခဲ့တယ်။အဲ့ဒီအချိန်ကစပြီး Max
ဝါသူ့ကိုယ်သူ တည်ငြိမ်အေးဆေးအောင်
ကြိုးစားတယ်။ ဒါပေမယ့်လည်း အဲ့ဒီညက
ထီမှာ Maxထိုးမေကျ ဂဏန်းပေါက်သွား
တယ်လေ။ Maxဟာ ရင်ခုန်လွန်းလို့ စိတ်
ဂယောက်ဂယက်ဖြစ်ပြီး ချွေးစေးတွေကျ
လို့ အတော်စိတ်တည်ငြိမ်အောင် ကြိုးစား
ယူရတယ်။Maxဟာ သူ့ရည်ရွယ်ချက်အတိုင်
းချောကလက်တွေ တစ်သက်စာ ဝယ်လိုက်ပြီ
း နော့ဘလက်တွေလည်း ဝယ်လို့။ ပိုနေတဲ့
ပိုက်ဆံအားလုံးကို အီဗီကိုပေးလိုက်တယ်။
အီဗီက Maxရဲ့ ပိုက်ဆံတွေနဲ့ လကမ္ဘာကို ခ
ရီးသွားဖို့ ပြင်တယ်။ လေယာဉ် ပျက်ကြ
တာကြောင့် အီဗီဆုံးသွားတယ်။ ခုဆို
Maxတစ်ယောကိတည်းပဲ ကျန်တော့ပေ
မယ့် Maxဝါ Maryကိုသတိရနေဆဲပဲ။ မိတ်
ဆွေ စစ်တစ်ယောက်ရဲ့ တန်ဖိုးကို သူပိုနား
လည်လို့ လာတယ်။မေရီကတော့ Max
ဆီသွားဖို့ အတွက်ငွေမစုတော့ပဲ အခြား
အကြောင်းအရာတွေ အတွက်ပဲ ငွေစုလို့နေ
တယ်။Maxဟာမေရီဆီကိုသူ့အကြောင်း ရေးထားတဲ့ စာတစ်စောင်ရေးတယ်။ စိတ်
ရောဂါ ကုဆရာဝန်ကလည်း မေရီဆီစာ
ရေးဖို့အကြံပေးတယ်လေ။

ချစ်လှစွာသော Mary Daisy Dinkle
ကျုပ်မှာ မင်းဆီကိုပြောစရာစကားရှိပါတယ်။
ကျုပ်မင်းဆီကို ဘာကြောင့်စာမရေးဖြစ်သလဲ
ဆိုတာပေါ့။ကျုပ်မင်းဆီက စာတစ်စောင်
ရောက်တိုင်း ပြင်းပြင်းထန်ထန်စိုးရိမ်မှုကို
ခံစားရတယ်။အဲ့ဒါကြောင့်ပဲ မကြာခင်က
စိတ်ရောဂါ ကုသမှုကို ခံယူခဲ့ရတယ်။သူတို့
စစ်ဆေးချက်အရ ကျုပ်မှာ Aspergerအဖျား
လို့ခေါ်တဲ့ရောဂါ အသစ်ပဲ။အဲ့ဒါက အာရုံ
ကြောနဲ့ ဆိုင်တဲ့ ဖွံ့ဖြိုးမှုချို့တဲ့ တဲ့ရောဂါပေါ့။
ကျုပ်စာရင်စ လုပ်ထားတယ်။
No.1ရှုပ်ထွေးတဲ့ ကမ္ဘာတွေကိုရှာတယ်။
2.ကျုပ်လူတွေရဲ့ မျက်နှာအမူအရာတွေနား
မလည်ဘူး။ငယ်ငယ်က ကျုပ်စိတ်ရှုပ်ထွေး
လာရင် အကူအညီရဖို့ မျက်နှာအမူအရာ
ကလေးတွေ ကိုစာအုပ်တစ်အုပ်ထဲ ဆွဲထား
ဖြစ်တယ်။ဒါပေမယ့်လည်း လူတွေနဲ့ အဆင်
မပြေခဲ့ပါဘူး။ No.3 ကျုပ်လက်ရေးဆိုးတယ်
သိပ်ပြီးလည်း ခံစားလွယ်လွန်းတယ်။ပေါ့
ဆတယ်။ အရမ်းလည်းစိုးရိမ်တက်တယ်။
No.4 ပြသနာဖြေရှင်းရတာတွေ ကြိုက်တယ်
အီဗီ ပြောတာကတော့ အဲ့အကျင့်ကကောင်း
တယ်တဲ့။No.5ကျုပ်ရဲ့ ခံစားမှုတွေကို နား
လည်အောင်ဖော်မပြနိုင်ဘူး။ ဒေါက်တာ
ကတော့ အဲ့ဒါဦးနှောက်ပြသနာကြောင့် လို့
ပြောတယ်။ကျုပ်ပြောင်းလဲချင်တာ တစ်ခု
ရှိတယ်။ ကျုပ်ငိုချင်တယ်။ကျုပ်မျက်ရည်တွေ
ကိုညစ်ထုတ် ညစ်ထုတ်တယ်။ ဒါပေမယ့်
ဘယ်လိုမှ ထွက်မလာဘူး။ကြက်သွန်လှီးရင်
တော့ မျက်ရည်ထွက်တာပေါ့လေ။ဒါပေမယ့်
အဲ့ဒါက အရေးမှမကြီးပဲ။ မင်းမှာအသံထွက်
ရတာကြိုက်တဲ့ English စာလုံးတွေရှိလား။
ကျုပ်အကြိုက်ဆုံးငါးခုက
ointment,bumblebee,viavidostik,
Banana,and testicle
ကျုပ် စကားလုံးတစ်ချို့ တည်ထွင်ထားတယ်။
"ရှုပ်ထွေးပဟေဠိ"တစ်ချိန်တည်း မှာရှုပ်
လည်း ပ​ဟေဠိ လည်းဖြစ်နေတယ်လေ။
"နှုန် "နှင်းနဲ့ ဖုန်နဲ့ကြား ကစကားလုံး။
အောက်ဖို့ အဘိဓာန် ကလူတွေကို ကျုပ်ရဲ့
စာလုံးကို ပေးပို့သေးတယ်။ဒါပေမယ့် ဘာ
မှပြန်မကြားရပါဘူး။
"ကျုပ်သွားစရာ ရှိသေးလို့"

မင်းရဲ့ အမေရိကန်က မိတ်ဆွေ
Max Jerry Horowitz
စာကြွင်း။ နောက်ဆုံးတစ်ခေါက်က ဘာမှ
မဖြစ်ပါဘူး။ကျုပ်အပေါ် လူသက်မှုနဲ့စွပ်ဆွဲ
တာ အီဗီ သေသွားတာ ထီပေါက်တာကလွဲ
လို့ပေါ့။

မေရီက စာပြန်ရလို့ ပျော်သွားပြီး ရုတ်တရက်
ကောက်ခါငင်ကာ အကြံတစ်ခုရသတဲ့။
မေရီဟာ ပုလင်းလွတ်တစ်ခုကို ယူပြီး သူရဲ့
ဝမ်းနည်းစရာ အဖြစ်အပျက်တွေကို တွေးလိုက် ပြီးနောက် ကျလာတဲ့မျက်ရည်တွ
ကိုပုလင်း ထဲထည့်လိုက်တယ်။ပြီးတော့
Maxဆီ ပို့လိုက်တယ်။Max အတွက်မေရီ
ရဲ့ မျက်ရည်တွေဟာ အကောင်းဆုံး လက်
ဆောင်ပါပဲ။ မေရီရဲ့ မျက်ရည်ကလေးတွေ.
အနည်းငယ် ယူလို့ မျက်လုံးနားနဲ့ ပါးတစ်
ဝှိုက်ကို တက်လိုက်ရင် သူအခုဆိုငိုနိုင်သွား
ပြီလေ။မေရီခေါင်းထဲမှာတော့ သူမဦးနှောက်
ဟာ ပြုံးလို့နေပါတယ်။အလွန်ထူးဆန်းတဲ့
ချောကလက်တွေ အများကြီး သူတို့ရဲ့စာ
တွေ တိုက်ကြီးတွေ ကြားမှာ ကူးလူးပြေးလွှား
နေတယ်။
Maxကတော့mary ရဲ့စာတွေ သတိနဲ့ဖတ်
ဖို့ပြင်ထားတယ်။ ပြီးတော့ စိတ်ထိခိုက်ခံစား
လာရရင် စာဖတ်နေတာ ရပ်လိုက်တယ်။
တရားထိုင်တယ် ဆေးသောက်ပြီး သူ့အာရုံ
တွေ ငြိမ်သက်အောင်လုပ်တယ်။စာတိုင်းကို
သူမီးပူတိုက် အဖုံးပြန့်အောင်လုပ်ပြီး အထူး
နေရာမှာ တွဲသိမ်းထားလေ့ရှိတယ်။အဲ့ဒါ
လည်း သူ့အာရုံကြောတွေ ကိုငြိမ်သက်စေ
တယ်လေ။သူဟာမေရီရဲ့ မေးခွန်းတွေကို
ဖြေရတာ။ သူမရဲ့ ပဟေဠိတွေ ဖြေရတာကို
ပျော်တယ်။
မိုးရွာရင် သိုးတွေအေးလို့ ကျုံ့သွားသလား?
ဘာကြောင့် လူကြီးတွေဟာ ဘောင်းဘီရှည်
ကြီးတွေ ဝတ်ရသလဲ?
ဘဲငန်းတွေဟာ အချင်းချင်းတိုက်မိကြလား
အပ်ချည်ကြိုး တွေဟာ ဘာကြောင့် အပြာ
ရောင် ရှိနေတာလဲ?
မင်းသားလေး ဟာ ဘာလို့ အထီးကျန်​ ဂြိုလ်တစ်ခု မှာတစ်ယောက်တည်း ရှိနေတာ
လဲ?သူမိဘတွေကရေယ သူဘယ်လိုမွေးလာ
သလဲ?ကောင်းကင်ဘုံ မှာနော့ဘလက်တွေ
ရှိသလား? အငှါးယဉ်က နောက်ပြန်ဆုတ်ရင်
ပိုက်ဆံ ပြန်အမ်းပေးမှာလား?
Maxကလည်း အစာလမ်းညွှန်အသစ်တည်
ထွင်တယ်။ ဒီတစ်ပတ်သူ့ ရဲ့အစာလမ်းညွှန်
ဟာ ကြက်သားနဲ့ ကိုကာကိုလာ ချက်တာဖြစ်
တယ်။
တစ်ယောက်ကို တစ်ယောက်ခွန်အား ဖြည့်
ပေးကြရင်း မေရီဟာ အရပ်ရှည်လာသလို
Maxဟာလည်း သိသိသာသာ ဝလို့လာတယ်
သူတို့ရဲ့ ခင်မင်မှုကလည်း မေရီနော့ဘ
လက်တွေ စွဲလန်းတာထက် ပိုခိုင်မာလာခဲ့
တယ်။
Maxကလည်း ရှုပ်ထွေးနေဆဲ ကမ္ဘာကြီးကို
အဖြေရှာနေတုံးပဲ။အိန္ဒိယမှယ ကလေးတွေ
ငတ်ပြတ်နေချိန် သူတို့ဘာလို့အစာတွေ လွှတ်ပစ်ကြတာလဲ။သူတို့ အောက်စီဂျင်
လိုအပ်နေချိန်မှာ ဘာကြောင့်မိုးသစ်တော
တွေ ရှင်းလင်းပစ်ရတာလဲ။ပြီးတော့ ဘာကြောင့် ဘတ်စကားတွေ အချိန်မှီမပြေး
စွဲပြီး ဘာကြောင့် အချိန့်စာရင်းတွေ လုပ်ထား
ကြတာလဲ။Maxက မေရီကို အဆင်ပြေ
စေနိုင်ခဲ့ပေမယ့်လည်း တစ်ဖက်မှာမေရီမှာ
အခက်​အခဲ တွေရှ်နေတုန်းပါပဲ။အချစ်ဟာ
သူမကို လည်မျို ကနေဆုပ်ကိုင်ထားတုန်းပဲ။
အချိန်တိုင်း သူမမှာသိမ်ငယ်မှုကိုပဲ ခံစား
ရတယ်။ သူမဘဝမှာ အလွဲတွေ များလှတယ်
သူမအဖေဟာလည်း နှစ်လေးဆယ်ကြာ
လက်ဖက်ခြောက်အိတ်ပေါင်း သန်းလေး
ဆယ်လောက်ချည်ပြီး နောက်အလုပ်မှ အနားယူခဲ့တယ်လေ။ သူသဘောကျတဲ့
ငှက်အသေကောင်တွေ ကိုလည်း စွန့်လွှတ်
ခဲ့တယ်။ သူမအဖေက သတ္တုရှာဖွေရေးဖက်
ကို စူးစမ်း​လေ့လာခဲ့တယ်။ ခရီးသွားရင်း ပင်
လယ်ထဲ ဆုံးပါးသွားခဲ့တယ်။သူမအမေဟာ
သူမအတွက် တက္ကသိုလ်တက်ဖို့ ငွေကြေးအ
လုံအလောက် ချန်ထားခဲ့ပါတယ်။သူမဟာ
တက္ကသိုလ်မှာ စိတ်ကစဉ်ကလျား ရောဂါတွေ
ကို Maxအတွက် ရယ်ရွယ်ပြီး အထူးပြုလေ့
လာခဲ့တယ်။
မေရီလည်း ပုံစံပြောင်းကြည့်တယ်။ ဒါ
ပေမယ့်လည်း သူမရဲ့ တလွဲတ​ချော်​ ပုံစံ
နဲ့ အဆင်မပြေခဲ့ဘူး။ မေရီသဘောကျတဲ့
ကောင်လေးရှိ တလွဲတ​ချော်​ တွေဖြစ်ခဲ့တယ်
လေ။ နောက်နော့သူမအရင်လိုပဲ နေတော့
တယ်။

Dear Max
ကျွန်မဟာ ငတုံးပါ။ ကျွန်မပိုက်ဆံနွေ အား
လုံးကို ရယ်ရွယ်ချက်မဲ့ ဖြုံးတီးခဲ့ပါတယ်။ ရှင့်.ကိုလာတွေ့ ဖို့ကြိုးစားသင့်တဲ့ အချိန်မှာ။
ရှင့်ဟာ အချစ်အကြောင်းပြောတာမကြိုကိ
တဲ့ အတွက် ကျွန်မဘာမှ မပြောတော့ပါဘူး
ကျွန်မပြောချင်တာက အချစ်ဟာ ကျွန်မ
အတွက် မဟုတ်တာ ထင်ရှားတယ်။ကျန်းမာ
နေပြီး ကျွန်မထည့်ပေးတဲ့ ချောကလက်
စီးကရက်ကိုသင်ကြိုက်လိမ့်မယ်လို့ မျှော်
လင့်ပါတယ်၊
ချစ်လှစွာသော Mary
Maxစာဖတ်နေတဲ့ အချိန်မှာ ကလေးတစ်
ယောက်လည်း သူ့ဘေးနားက ကားမှတ်
တိုင်မှာ ရှိနေပါတယ်။ ကလေးက ချောက
လက်ကလေး သူ့ကိုလှမ်းပေးတယ်။ Max
ယူကြည့်လိုက်တော့
အသည်းပုံ ချောကလက်လေးပေါ်မှာ
Love yourself first ဆိုတဲ့ စာတန်းကလေး
တွေ့တယ်။maxလည်း သူ့ချောကလက်စီး
ကရက်တွေ ကလေးကို ပြန်ကျွေးပါတယ်၊
ဒါပေမယ့် ကလေးရဲ့ မိဘက Maxကိုရှက်
သင့်တယ်လို့ ကြိမ်းမောင်းသွားတယ်။Max
လည်း မေရီဆီ ကလေးဆီကရလာတဲ့
ချောကလက်လေး လှမ်းပို့လိုက်တယ်။

Maryရဲ့ အမေဟာ သူ့ခင်ပွန်းသေရခြင်း
အပေါ် အပြစ်မကင်းသလို တမြေ့မြေ့ခံစား
လို့နေရတယ်။သူစိတ်အကြီးထိခိုက်လာပြီး
နောက်ဆုံးမှာ ကိုယ့်ကိုကိုယ်အဆိပ်သောက်
သက်သေ သွားခဲ့တယ်။နောက်ပိုင်းမှာ မေ
ရီလည်း အိမ်ထောင်ကျသွားတယ်။သူ့သ
ဘောကျတဲ့ ကောင်လေးနဲ့ပေါ့။

ချစ်လှစွာသော Max
ကျွန်မတို့နှစ်ယောက် ရဲ့ မင်္ဂလာဆောင်ဟာ
ကျွန်မတစ်လျှောက်လုံး မျှော်လင့်အိမ်မက်
မက်ခဲ့သလိုပါပဲ။ကျွန်မကြုံခဲ့တဲ့ ဆိုးရွားတဲ့
နှစ်တစ်နှစ်စာကို တောင်ပြန်ရနိုင်လောက်
တယ်။သူဟာ ကျွန်မအတွက် သတိုးသမီး.
ဝတ်စုံ ချုပ်ပေးတယ်၊ ခုကျွန်မတို့ ဂရိနိုင်ငံ
ကကျွန်းတစ်ကျွန်းကို ပျားရည်စမ်းခရီးထွက်
လာကြတယ်။သူနဲ့ ကျွန်မတူတာကသူမှာ
လည်းစာပေးစာယူသူငယ်ချင်းတစ်ယောက်
ရှိခဲ့တယ်။ နယူးဇီလန် သိုးခြံထဲက။
ဘေးအိမ်ကဘွားဟာလည်းအပြင်ထွက်ရမှာကြောက်တဲ့ရောဂါနဲ့တိုက်ခိုက်နေရတုံးပါပဲ။

မေရီဟာ တဖြေးဖြေး ကိုယ်ကိုယုံကြည်မှု
ရှိလာတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုကို
အသုံးချပြီး သူမရဲ့စိတ်ရောဂါကို ကုသခဲ့
တယ်။ ဘွဲ့တစ်ခုလည်းရခဲ့တယ်။သူမဟာ
Aspergerရောဂါ ကိုသုတသနစာရင်းပြု
လုပ်ခဲ့တယ်။ပြီးတော့ Maxကိုသုတေသန
လေ့လာတဲ့ နေရာမှာ အသုံးချခဲ့တယ်။
သူမရဲ့ ဆရာတွေကလည်း သူမကိုအထင်
ကြီးလေးစားကြတယ်။သူမရဲ့ စာအရေးအ
သားဟာလည်း အကြီးအကျယ် ချီးမြှောက်
ခြင်းခံရတယ်။စာပေထုတ်လုပ်သူတွေဟာ
သူမရဲ့ သိမြင်ထူးခြားမှုတွေ ထုတ်လုပ်ဖို့
တန်းစီနေကြတာပေါ့။ပြီးတော့ သူမရဲ့ ၂၅
နှစ်မြောက်မွေးနေ့မှာ မိတ္တူ  ကူးထားတဲ့ စာ
အုပ်တွေဟာ သဘောင်္နဲ့ တင်ပို့ဖို့ အသင့်ဖြစ်
နေခဲ့ပြီလေ။
Dear Max
ကျွန်မအရမ်း ဂုဏ်ယူတယ်။ရောဂါအ
ကြောင်းနဲ့ အဲ့ဒီရောဂါပျောက်ကင်းဖို့ မျှော်
လင့်ချက်တွေ အကြောင်းတွေ သင့်ကိုပထမ
ဆုံးပေးရမှာကိုလေ။
ပိုပြီး စိတ်ဝင်စားစရာ ကနောက်တစ်ပတ်ဆို
ရှင့်ကို လာတွေ့နိုင်တော့မယ်။ကျွန်မရှင့်
ကိုစာအုပ်ရောင်းလို့ ရတဲ့ငွေတစ်ဝက်ပေး
မယ်။
ချစ်လှစွာသော သူငယ်ချင်းMary
စာကြွင်းချောကလက်အုပ်ထားတဲ့ဆွစ်ဇာ
လန် ဗာဒန်စေ့တွေကို ယူလိုက်ပါ။

Maxဟာ နာကျင်ရလွန်းလို့ မေရီလက်
ဆောင်ကို ပြတင်းပေါက်မှန်ဆီ ပစ်ပေါက်
ခွဲလိုက်တယ်၊Maxအရမ်း စိတ်တိုနေပါတယ်
သူဟာ သူ့အကြောင်းအခုလို ရေးထားတာ
ကို တကယ်သဘောမကျပါဘူး။

Dear Mary Daisy Dinkle
လောလောဆယ် ကျုပ်ဘယ်လိုခံစားနေရ
လည်းဆိုတာ ရှင်းရှင်းလင်းလင်း မဖော်ပြ
နိုင်သေးဘူး။ဒါပေမယ့် ကျုပ်ရဲ့ အပြင်းထန်
ဆုံး ခံစားချက်တွေကို စာရင်းပြုစုထားတယ်
နာကျင်တယ်။ စိတ်ရှုပ်ထွေးတယ်။
 သစ္စာဖောက်ခံရခြင်း။ မသက်မသာဖြစ်
တယ်။စိတ်ဆင်းရဲတယ်။ အသက်ရှူ
ရတာတောင်ခက်တယ်။
နောက်ဆုံးတစ်ခုကတော့ ခံစားချက်မဟုတ်
ဘူး၊ဒါပေမယ့် အနည်းနှင့် အများတော့မင်း
သိသင့်မယ်ထင်လို့။
Maxဟာ စိတ်ရှုပ်ထွေးမှုကိုအကြီးအကျယ်
ပြန်ခံစားလို့နေရတယ်။

Maryစာလက်ခံရတဲ့ အခါ အကြီးအကျယ်
စိတ်မကောင်းဖြစ်သွားရပါတယ်။ Maxထည့်
ပေးလိုက်တဲ့ စာရိုက်စက်ရဲ့ ကြိယာတစ်
ခုလည်းတွေ့တယ်။ သူမဆီ တစ်သက်
လုံးသာမရေးတော့ဘူးလို့ ဆိုလိုလိုက်တာ
ပဲမဟုတ်လား။ မေရီဟာ စိတ်ထိခိုက်လာ
ပြီးသူမတို့မြို့ရဲ့စက်ရုံကအရည်ကြိတ်စက်
တစ်ခုမှာ Maxအကြောင်း မထုတ်ဝေရသေး
တဲ့ စာအုပ်တွေ ကိုဖျက်ဆီးပစ်လိုက်ပါတယ်

မေရီဟာ စိတ်ဓာတ်ကျမှုတွေ ကိုယ့်ကိုကိုယ်
မကျေနပ်မှု တွေကို ရှယ်ရီဝိုင်ထဲနစ်မြုက်
လိုက်တော့တယ်။တစ်ခုတည်းသော
ကျန်တဲ့အရာကနော့ သူမချစ်တဲ့ သူမရဲ့
ခင်ပွန်းပါပဲ။သူမခင်ပွန်းဟာလည်းလက်
တစ်ကမ်းအကွာမှာ ရှိပေမယ့် လနဲ့ဝေးသလို
ခံစားနေရတယ်။ သူမဟာ တစ်ကမ္ဘာလုံးကို
လည်းစိတ်မဝင်စား။သူမကိုယ်တိုင်ကို
လည်း စိတ်မဝင်စားတော့ပဲ။နော့ဘလက်
ကြည့်ခြင်းနဲ့ ရှယ်ရီဝိုင်မှာ သူမဘဝကို
စုံးစုံးနစ်မြှုပ်လိုက်တယ်၊သူမညတွေမှာ
သိုးမွှေးဘောလုံး လုပ်ရင်းအချိန်ဖြုံးတယ်။
နှစ်မိနစ်စာ အသင့်လုပ်ပြီးသားခေါက်ဆွဲ
တွေစားတယ်။သူမ ပြိုလဲနေပါတယ်။
လက်ကျန်အင်အားလေးနဲ့ စာတိုက်​ပုံး ဆီ
တစ်ရွေ့ရွေ့လျှောက်သွားရင်းMaxဆီ
ပုလင်းကလေး ပို့လိုက်တယ်။ပုလင်းအဖုံး
ပေါ်မှာ SORRYလို့ရေးပြီးတော့ပေါ့။
နေ့တိုင်း ရှက်ရွံမှုနဲ့ မေရီဟာ မျှော်လင့်ချက်
ကလေးနဲ့ စာတိုက်​ပုံး ဆီဖြေးညှင်းစွာ
လျှောက်တယ်။ရှက်ရွံခြင်းတွေနဲ့ ဖြေးညှင်း
စွာ ပြန်လှည့်ဖို့သက်သက်ပါပဲ။
Maryဟာ သူမအမျိုးသားဆီကရက်ပိုင်းအ
တွင်းမှာ စာတစ်စောင်ရတယ်။သူမရဲ့ အမျိုး
သားဟာ ဆွစ်ဇာလန်က စာပေးစာယူနေ
တဲ့ သူငယ်ချင်းရှိရာကို လိုက်သွားပြီဆို
တာ သိလိုက်တဲ့အခါ သူမသတိမေ့လဲကျ
သွားပါတော့တယ်။သူမကို ထားခဲ့ပါပြီ။
အားလုံးထားရစ်ခဲ့ကျပြီသူမဟာနောက်ဆုံးပုံးခိုစရာ အရိပ်ကလေးတစ်ခုတောင်မှ မကျန်
ခဲ့တော့ပါဘူး။
ဒီအသိ ဒီစိတ် အထီးတည်းကျန်မှု
အခွံလွတ်ဆန်တဲ့သူမဖြစ်တည်မှုအကြောင်း
သူမသတိထား မိလာတဲ့အခါ စိတ်ထိခိုက်
ခံစားလို့လာပြီး သူမအသက်ရှူ ကျပ်စပြု
လာတယ်။ ဘဝမှာ ခင်တွယ်စရာ ချည်တစ်
မျှင်တောင် မရှိတဲ့ဘဝမှာ သူမကဘာတွေကို
ဖက်တွယ်ထားရအုံးမှာတဲ့လဲ။
အဲ့ဒီအချိန်မှာ နယူးရောက်ကMaxဟာ
မေရီအတွက် စာတစ်စောင်ရေးနေပါတယ်

မေရီဘက်မှာတော့ စိတ်ထိလိုက်ခံစားရ
ခြင်းဟာ အဆုံးစွန်အခြအနေကို ရောက်
လို့လာတယ်။ သူမဟာတွင်းနက်ထဲ
အမှောင်ထု ထဲရောက်နေသလို ခံစားရတယ်
သူမမှာ မှီတွယ်အားထားစရာ တစ်ယောက်
တစ်လေမှ မကျန်တော့တဲ့အခါ ကြိုးတစ်
ချောင်းနဲ့ ပန်ကာပေါ်မှာ ချည်လို့ သတ်သေ
ဖို့ ကြိုးစားပါတော့တယ်။အီသယ်ဟာ သူ့
သခင်မအတွက် စိုးရိမ်ပူပန်နေပုံပေါ်တယ်
အဲ့ဒီအခါ တံခါးခေါက်သံ ကြားလိုက်ရတယ်။
မေရီ တံခါးဆီသွားတဲ့ အခါ ဘေးအိမ်ကဘွား
ကိုတွေ့ရတယ်။ ဘွားဟာအပြင်ထွက်ရမှာ
ကြောက်တဲ့ ရောဂါကို အောင်နိုင်ခဲ့ပါပြီ။
ဘွားရောဂါ ကအဆင်ပြေသွားခဲ့ပြီ။
မေရီဝမ်းသာပါတယ်လေ။ဘွားကသူမဆီ
Maxပို့လိုက်တဲ့ သေတ္တာကလေးကို လာပေး
တာပဲ။သူမဟာ စာရောက်လာတာ အံ့သြလို့
နေတယ်။

Dear Mary ကျုပ်ရဲ့ နော့လက်အစုအဝေး
အားလုံးကို ယူသွားပါ။ငါမင်းကိုခွင့်လွှတ်
တဲ့ အနေနဲ့လေ။ ကျုပ်မင်းရဲ့ စာအုပ်ကို
လက်ခံရရှိတုံးက ခံစားချက်တွေ အများကြီး
ပါပဲ။ခုတော့ အဆင်ပြေလို့သွားခဲ့ပါပြီ။
ကျုပ်မင်းကို ခွင့်လွှတ်ရခြင်း အကြောင်း
ကတော့ မင်းလည်းအရာအာလုံး ပြည့်စုံ
သူမဟုတ်လို့ပဲ။မင်းလည်းမပြည့်စုံဘူး။
ကျုပ်လည်း မပြည့်စုံဘူး။လူသားအားလုံး
မပြည့်စုံကြဘူး။ကျုပ်ငယ်ငယ်တုံးက
ထင်ရှားတဲ့ လူတစ်ယောက် ဖြစ်ချင်တာ။
ဒါပေမယ့် ကျုပ်ဟာ ကျုပ်ပါပဲ။ကျုပ်မိတ်ဆွေ
တစ်ယောက် ပြောတာတော့ အဆိုးပြစ်တွေ
အပါအဝင် ကိုယ့်ကိုကိုယ်လက်ခံရမယ်တဲ့။
ပြီးတော့ ကျုပ်တို့ရဲ့ အဆိုးအပြစ်တွေ ရွေး
ချယ်ယူလို မရဘူး။ သူတို့ဟာလည်း ကျုပ်
တို့ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ ကျုပ်တို့သူ
တို့နဲ့ နေကျင့်ရမှာပဲလေ။ဘာပဲဖြစ်ဖြစ်
ကျုပ်တို့သူငယ်ချင်း တွေတော့ရွေးချယ်လို့.
ရပါတယ်။ ကျုပ်မင်းကို ရွေးချယ်ခဲ့တဲ့ အတွက်လည်း ဝမ်းသာတယ်။ကျုပ်ရဲ့
ဒေါက်တာပြောဖူးတယ်။ လူတိုင်းရဲ့ဘဝတွေ
ဟာလမ်း အရှည်ကြီးတွေလိုပဲတဲ့တစ်ချို့
ကတော့ သေချာလုပ်ထားတယ်။ တစ်ချို့ကတော့ ကျုပ်လိုပဲအက်ကွဲတာတွေ
ရှိတယ် ငှက်ပျောသီးအခွံတွေ စီးကရက်ဖင်စီ
ခံတွေ ရှိတယ်။မင်းရဲ့ လမ်းဟာလည်း ကျုပ်
လိုပါပဲ။ ဒါပေမယ့် အက်ကွဲကြောင်းတွေ
အများကြီး ရှိလိမ့်မယ်လို့ မထင်ပါဘူး။တစ်
နေ့မှာတော့ ကျုပ်တို့ရဲ့ လမ်းကြောင်းတွေ
ဆုံတွေ့မယ်လို့ မျှော်လင့်ပါတယ်။အဲ့ဒီအခါ
ကျုပ်တို့ နိုဆီဘူးတွေ ဝေမျှတာပေါ့။
မင်းဟာ ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းပါ
မင်းဟာငါ့ရဲ့တစ်ဦးတည်းသောသူငယ်ချင်းပါ။

ONE YEAR LATER
Taxi ကားလေးတစ်စီး နယူးရောက်ရဲ့သိပ်
မထူးခြားတဲ့ မီးခိုးရောင်တိုက်တစ်လုံးရှေ့
မှာထိုး ရပ်သွားတယ်။ ကားပေါ်ကနေ
ဖဲကြိုးနီနဲ့ ကောင်မလေးတစ်ယောက် ဆင်း.
လို့လာတယ်။သေချာကြည့်မှ သူမနောက်မှာ
ကလေးတစ်ယောက်ပါလာမှန်း သိရတယ်။
ဟုတ်ပါတယ် သူမဟာ Maryပါ။ သူမနောက်
ကျောမှာ ချီပိုးထားတာတော့ တစ်နှစ်အရွယ်
သူ့သားကလေးပါပဲ။ဓာတ်လှေကားနဲ့ အပေါ်
တက်သွားပြီးတိုက်ခန်းနံပါတ်၉၆မှာ သူမရပ်
နေပါတယ်။ အခန်းကတိတ်ဆိတ်နေတော့
Maxအိပ်ပျော်နေတယ်ထင်ပါတယ်။ တံခါး
ကိုအသာဟပြီး သူမဝင်လာခဲ့တယ်။

"Max ငါတို့ပါ ငါတို့ဒီမှာ"
"Max!!"

Maxဒီမနက်မှာ ပဲငြိမ်းငြိမ်းချမ်းချမ်း သေသွား
ပါတယ်။သူ့ရဲ့ နောက်ဆုံး နို့ဆီဘူးကို စား
ပြီးနောက်။

Maryဟာ လက်နှိပ်စက်ကလေးမှာ သူ့ရဲ့
မူလကြိယာကိုပြန်ထည့်ထားပေးလိုက်တယ်
Maxရဲ့ လက်ကိုကိုင်ထားမိတယ်
မိတ်ဆွေ တစ်ယောက်ရဲ့ လက်ဟာဘယ်
လိုအခြေအနေမှာပဲ ဖြစ်ဖြစ်နွေးတယ်လေ။
သူမပေးထားတဲ့မျက်ရည်ပုလင်းလေးပေါ်ကမျက်နှာကြတ်ကမှန်မှာသူမပုံကပ်ထားတာတွေ့တယ်။မျက်လုံးကိုဝှေ့ရမ်းကြည့်မိတဲ့
အခါ သူမအတွက်ရုပ်ပုံကလေးတွေ အပါ
အဝင် စာတွေပါအပြည့်ကပ်ထားတဲ့ ပေ
နှစ်ဆယ်ကျော် နံရံတစ်ခုကိုတွေ့ရတယ်။
သူမလေ ပျော်လိုက်တာ။ တစ်ချိန်တည်း
မှာပဲ လှိုက်ခနဲဝမ်းနည်း။ ဝမ်းနည်းဝမ်းသာ
ဆိုတာ ဒါမျိုးပဲထင်ပါရဲ့။

"မင်းဟာ ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းပါ
မင်းဟာငါ့ရဲ့တစ်ဦးတည်းသောသူငယ်ချင်းပါ"
နံရံကစာတွေ က သက်သေပြနေသယောင်

Maxဟာ အပင်မြစ်နံ့နဲ့ စာအုပ်ဟောင်းနံ့
နံတယ်လို့ သူမဘာသာတွေးတယ်။
သူမမျက်လုံးထဲကမျက်ရည်တွေကျလာနေတုံးမှာ။

ဒိုဒို

Comments

Popular posts from this blog

၂၁ရာစု စင်ဒရဲလား